ဉာဏ်ကောင်းလွန်းလို့ပျင်းတာလား ပျင်းလွန်းလို့ဉာဏ်ကောင်းသွားတာလား ဝေခွဲမရနိုင်တဲ့ အပျင်းပါရဂူတွေရဲ့ အခွီဓာတ်ပုံ (၂၈) ပုံ

Posted on

ကိစ္စတစ်ခုခုကို ဖြတ်ထိုးညဏ်သုံးပြီး လုပ်မှရတော့မယ်ဆိုရင် ပျင်းတတ်သူတစ်ယောက်ကို နည်းလမ်းမေးကြည့်လိုက်ပါ။ ကိုယ်မစဉ်းစားမိတဲ့ နည်းလမ်းနဲ့ ကိစ္စပြီးသွားစေမယ့် အကြံညဏ်တွေကို ပေးနိုင်ပါလိမ့်မယ်။ ဘာလို့ဆို ကိစ္စတွေမြန်မြန် ပြီးသွားစေဖို့ အကြံညဏ်ေ ကာင်းတွေကို ပျင်းရိလွန်းမှသာ ထုတ် တတ်ကြတာပါ။ အပျင်း မာစတာတို့ရဲ့ အခွီပုံရိပ်လေးတွေကို ဖော်ပြပေးလို က်ပါတယ်။

(၁)

အပျင်းပါရဂူတွေ

အလုပ်သွားရမှာပျင်းလို့ ကားတာယာ ပျက်နေသလိုမျိုးဖြစ်အောင် ဖိုတိုရှော့နဲ့ လုပ်ခဲ့တာတဲ့။ ပျင်းဖို့အတွက် ဉာဏ်ကောင်းဖို့လိုတယ်ဆိုတာ သူက သက်သေပါပဲနော်။

(၂)

အပျင်းပါရဂူတွေ

ကားလေးစီးရင်း သီချင်းကလည်း နားထောင်ချင်တယ်..ဒါပေမယ့် ဖုန်းကို ကိုင်မထားချင်ဘူးဆိုတော့ အစွမ်းအစတွေ ထုတ်သုံးရတော့တာပေါ့လေ

(၃)

အပျင်းပါရဂူတွေ

ကြည့်ပါအုံး ကလေးနို့တိုက်ဖို့ကိုတောင် အကွက်တွေ ထုတ်သုံးတဲ့အထိပါလား

(၄)

အပျင်းပါရဂူတွေ

Limited Edition ဖြစ်လွန်းတဲ့ ကားမှန်သုတ်နည်း

(၅)

အပျင်းပါရဂူတွေ

ကျောက်တုံး ၁ တုံးတည်းနဲ့ ဌက် ၂ ကောင်မိတာတို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုတဲ့ ဆိုရိုးစကားတွေက ဒီအတွက် ထားခဲ့တာများလား

(၆)

အပျင်းပါရဂူတွေ

ပီဇာကို အပူပြန်ပေးဖို့ မိုက်ခရိုဝေဗ့်ထဲက ထည့်မယ်ဆိုရင် အလုပ်တွေရှုပ်တယ်လေ..ဒီနည်းလမ်းကျတော့ အေးဆေးပဲ

(၇)

အပျင်းပါရဂူတွေ

တစ်ချိန်လုံးဖုန်းပြောနေရသူတွေဆိုရင် ဒီနည်းလမ်းကို အတုယူကြပါ။

(၈)

အပျင်းပါရဂူတွေ

အမှိုက်သွားပစ်ရမယ့်နေရာက နီးပေမယ့် သွားရမှာ အရမ်းပျင်းလို့ပါ။

(၉)

အပျင်းပါရဂူတွေ

ညဘက်တွေ အိပ်ရာကနေ အိမ်သာအထိ တကူးတက မသွားချင်တဲ့အပြင် သက်တောင့်သက်သာကလည်း ရှိချင်သေးတယ်ဆိုတော့…

(၁၀)

အပျင်းပါရဂူတွေ

အိမ်မှာ ထိုင်ခုံမရှိတာတော့မဟုတ်ပါဘူး။ ရှာရမှာ ပျင်းတာလေးတစ်ခုပဲ..

(၁၁)

အပျင်းပါရဂူတွေ

ကား AC ကို တကူးတက သွားမလဲချင်တော့လည်း ဉာဏ်သုံးတတ်ရတာပေါ့

(၁၂)

အပျင်းပါရဂူတွေ

ဘယ်နေရာသွားသွား စတိုင်ကျကျ ခပ်မိန့်မိန့်ကြီးဖြစ်တာပေါ့လေ

(၁၃)

အပျင်းပါရဂူတွေ

ပြောပါတယ်..အပျင်းကြီးတတ်သူတွေက တခြားသောသူတွေထက် ကိစ္စရပ်တွေ ဖြေရှင်းရာမှာ ဖြတ်ထိုးညဏ်ကောင်းကြပါတယ်လို့..

(၁၄)

အပျင်းပါရဂူတွေ

မိုက်ခရိုဝေဗ့်နဲ့ ပီဇာဖုတ်ထားတာ..အကျက်လွန်မလွန်ကို ခဏခဏ ထမကြည့်နိုင်ဘူးလေ.. အိုင်တီခေတ်ကြီးဆိုတော့ Video call ခေါ်ပြီး စောင့်ကြည့်နေလိုက်တယ်။

(၁၅)

အပျင်းပါရဂူတွေ

စားပဲစားချင်တာ ပန်းကန်မဆေးချင်ဘူးဆိုတဲ့ အပျင်းတစ်လေးတွေအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်..

(၁၆)

အပျင်းပါရဂူတွေ

“ဒီနေ့တစ်နေကုန် ဘာမှမလုပ်ချင်ပါဘူးဆိုမှ အခန်းထဲကို ဖုန်တွေဘာတွေ စုပ်ပြီး သန့်ရှင်းရေးလုပ်ပါဆိုပြီး အမေက ခိုင်းတယ်လေ.. ဒါနဲ့ပဲ ယူကျုပေါ်က ဖုန်စုပ်စက်အသံဆိုပြီး ရှာဖွင့်ထားလိုက်တယ်။ ကိုယ်က တော့ အိပ်ရာပေါ်မှာလှဲနေလိုက်တာပေါ့..” အမေကတော့ ငါ့သမီးလေး သန့်ရှင်းရေးလုပ်နေပြီဆိုပြီးထင်မှာပဲ..

(၁၇)

အပျင်းပါရဂူတွေ

ပျင်းတာတောင်မှ ဖြတ်ထိုးညဏ်ကောင်းကောင်းနဲ့ ပျင်းတဲ့ အပျင်းမာစတာတစ်ယောက်ပါ။

(၁၈)

အပျင်းပါရဂူတွေ

အားကစားလုပ်နေရင်း ဂိမ်းဆော့တာတဲ့နော်..စကေးက ကြမ်းသွားပြီ။

(၁၉)

အပျင်းပါရဂူတွေ

ရာသီဥတုပူပူလေးမှာ အိပ်ရာကနေလည်း မထချင်..အအေးကလည်း သောက်ချင်တယ်ဆိုရင်တော့ နည်းလမ်းကောင်းလေးပေါ့

(၂၀)

အပျင်းပါရဂူတွေ

လုံခြုံရေးမတ်တပ်ရပ်နေတဲ့ ဓာတ်ပုံရှိနေရင် လူရှိန်တယ်လေ..ကိုယ်ကတော့ ညက မအိပ်ရသေးလို့ ငိုက်နေပြီ။

(၂၁)

အပျင်းပါရဂူတွေ

လှေကားကနေ တစ်ထပ်လောက် ဆင်းပြီး ကောက်ရင် မောတယ်လေ…ညဏ်သုံးလိုက်တော့ အေးဆေးဖြစ်သွားတာပေါ့

(၂၂)

အပျင်းပါရဂူတွေ

အခန်းထဲ ဖုန်သုတ်ဖို့အတွက် နည်းလမ်းအသစ်

(၂၃)

အပျင်းပါရဂူတွေ

ဂိမ်းဆော့လိုက်ပြီဆိုရင် ဘယ်ကိုမှ မထချင်တော့လို အခုလို လုပ်နေကြသူတွေရှိလား

(၂၄)

အပျင်းပါရဂူတွေ

နှစ်ယောက်တည်း နေရတာ ပျင်းနေလို့ ခွေးလေးအဖော်ရမလားမွေးမိပါတယ်။ သူပါပျင်းနေလို့လေ..ပြီးရော

(၂၅)

အပျင်းပါရဂူတွေ

ပျင်းတဲ့ သူတွေက သက်တောင့်သက်သာဖြစ်အောင် အရမ်းညဏ်သုံးတတ်တာပဲနော်။

(၂၆)

အပျင်းပါရဂူတွေ

အမေက ဈေးဝယ်ခိုင်းလိုက်ပေမယ့် လမ်းလျှောက်ဖို့ပျင်းနေတော့လည်း ဒီနည်းလေးကို သုံးလိုက်တာပေါ့

(၂၇)

အပျင်းပါရဂူတွေ

ထိုင်ခုံကောင်းကောင်းတစ်လုံး ဝယ်လိုက်ပေမယ့် ထုတ်ဆင်ဖို့အတွက် ပျင်းတယ်လေ။ အဲ့ဒါကြောင့် ထိုင်ခုံဘာကင်ဘူးအပေါ်တက်ထိုင်နေတာပါ။

(၂၈)

အပျင်းပါရဂူတွေ

ရာသီဥတု ပူတယ်။ မလှုပ်ရှားချင်ဘူး..ဒီတော့ ရေကူးကန်ထဲမှာပဲ တစ်ရေးလောက် အိပ်လိုက်ကြတာပေါ့။

အပျင်း မာစတာတို့ရဲ့ ဖြတ်ထိုး ညဏ်ကတော့ ဘယ်သူမှ လိုက်မမှီလော က်ပါဘူးနော်…ပရိသတ်တွေရော ပျင်းတဲ့အချိန် မျိုးတွေမှာ ဘယ်လို ဖြတ် ထိုးညဏ်တွေ ထွက်ခဲ့ဖူးလဲ.. တစ်ယောက်တည်း အဲ့ဒီနည်းလမ်းကို အသုံးမ ချဘဲ တခြား သူတွေအ တွက်ပါ မျှဝေပေးခဲ့ပါအုံး

Ref:Birghtside

Leave a Reply

Your email address will not be published. Required fields are marked *