ညအချိန်မတော်ကြီးတွေမှာ အိမ်တံခါးတွေ လိုက်ခေါက်ပြီး ငိုတဲ့အမျိုးသမီးကြောင့် ထိတ်လန့်နေရတဲ့မြို့

Posted on

အင်္ဂလန်နို င်ငံ အနော က်မြောက်ပိုင်း Merseyside၊ လီဗာပူးမြို့ နဲ့ မလှမ်းမက မ်းမှာတ ည်ရှိတဲ့ Kirkby အမည်ရ ရှေးဟောင်းမြို့လေးဟာ ယခုနှစ်အစောပိုင်းတုန်းကအထိ အေးအေးချမ်းချမ်းနဲ့ နေပျော်စရာ မြို့ကလေး ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခ င်လအနည်းင ယ်အတွင်းမှာတော့ Kirkby မြို့သားတွေ ခြောက်ခြားတှုန်လှုပ်မှုတွေ စတင်ခဲ့ပါတယ်။

အကြောင်းကတော့ ညဘက်ဆိုရင် Kirkby မြို့အတွ င်းမှာ မည်သူမည် ဝါမှန်း မသိရတဲ့ အမျိုး သမီးတစ်ဦးဟာ အိမ်တံခါးတွေကို လိုက်ခေါက်ပြီး၊ စူးစူးဝါးဝါးအော်ငိုတဲ့ အသံကြောင့်ပါ။ အဆိုပါ အမျိုးသမီးဟာ နာနာဘာဝလား၊ စိတ်ရောဂါသည်တစ်ဦးလား၊ တမင်သက်သက် လိုက်ပြီး နှောက်ယှ က်နေသူလားဆိုတာ မြို့ခံရဲတပ်ဖွဲ့က မဖော်ထုတ်နိုင်သေးပါဘူး။

အဲဒီအမျိုးသမီး လှုပ်ရှားချိန်ဟာ အထူးသဖြင့် ညသန်းခေါင်နောက်ပိုင်းမှ ဖြစ်ပြီး၊ မနက်ပိုင်း 1 နာရီနဲ့ 2 နာရီကြား၊ လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန်မှာ ဖြစ်တတ်ပါတယ်။ သူမဟာ တစ်ခါတလေး တံခါးမေ ခါက်ဘဲ၊ ပေးစာထည့်သည့် အပေါက်ငယ် (Letterbox) မှ တစ်ဆင့် အိမ်အတွင်းကို စူးစူးဝါးဝါး လှမ်းအော်တာမျိုးတောင် ရှိတတ်ပါတယ်။

ဒေသခံရဲတပ်ဖွဲ့ကလည်း ဒီသတင်းကို အတည်ပြုထားပြီး၊ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ” Burnard Crescent အပိုင်းမှာ နေထိုင်ကြတဲ့သူတွေဆီက များပြားလှတဲ့ ဖုန်းခေါ်ဆိုမှုတွေကို ဇူလိုင်လ 15 ရက်ကနေ စပြီး လက်ခံရရှိခဲ့ပါတယ် … သူတို့ သတင်းပေးချက်အရတော့ မနက် 2 နာရီနဲ့ 5 နာရီကြားမှာ အမျိုးသမီးတစ်ယောက် အိမ်တွေရဲ့ Letterbox ကနေတဆင့် အော်ဟစ်ငိုယိုနေတ ယ်လို့ သိရပါတယ် “လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒေသခံတစ်ဦးကလည်း သူတို့ဟာ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး၊ အလွန်စိုးရိမ်နေကြောင်း၊ ဒါပေမယ့် မသမာတဲ့စိတ်နဲ့ ဒီလို ပြုမူတာဖြစ်နိုင်ပြီး၊ တစ်စုံတစ်ယောက်က တံခါးဖွင့်ပေးပါက အိမ်ရှင်ကိုရန်ပြုခြင်းနဲ့၊ ပစ္စည်းလုယက်ခြင်း ကျူးလွန်ခံရနိုင်ကြောင်း၊ နာနာဘာ၀ မဟုတ်ကြောင်း သူက ဆိုပါတယ်။

ဖော်ထုတ်နိုင်ြ ခင်းမရှိသေးတဲ့ အဆိုပါ အမျိုးသမီး အော်ဟစ်ငိုယိုတဲ့ စကား ကတော့ ” ကျမကို ကူညီပါ … ကျမကို ဝင်ခွင့်ပြုပါ .. ကျမမှာ သွားစရာ နေရာမရှိပါဘူး “လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတ စ်ဦးက ဆိုပါတယ်။ ဒါပေမယ့် သူမကတော့ အဲဒီအမျိုး သမီးကို လုံး၀ ဝင်ခွင့်မပေးခဲ့ဘူးလို့ ပြောပါတယ်။

Zawgyi Version

အဂၤလန္နို င္ငံ အေနာ က္ေျမာက္ပိုင္း Merseyside၊ လီဗာပူးၿမိဳ႕ နဲ႕ မလွမ္းမက မ္းမွာတ ည္ရွိတဲ့ Kirkby အမည္ရ ေရွးေဟာင္းၿမိဳ႕ေလးဟာ ယခုႏွစ္အေစာပိုင္းတုန္းကအထိ ေအးေအးခ်မ္းခ်မ္းနဲ႕ ေနေပ်ာ္စရာ ၿမိဳ႕ကေလး ျဖစ္ပါတယ္။ ဒါေပမယ့္ မၾကာေသးခ င္လအနည္းင ယ္အတြင္းမွာေတာ့ Kirkby ၿမိဳ႕သားေတြ ေျခာက္ျခားတႈန္လႈပ္မႈေတြ စတင္ခဲ့ပါတယ္။

အေၾကာင္းကေတာ့ ညဘက္ဆိုရင္ Kirkby ၿမိဳ႕အတြ င္းမွာ မည္သူမည္ ဝါမွန္း မသိရတဲ့ အမ်ိဳး သမီးတစ္ဦးဟာ အိမ္တံခါးေတြကို လိုက္ေခါက္ၿပီး၊ စူးစူးဝါးဝါးေအာ္ငိုတဲ့ အသံေၾကာင့္ပါ။ အဆိုပါ အမ်ိဳးသမီးဟာ နာနာဘာဝလား၊ စိတ္ေရာဂါသည္တစ္ဦးလား၊ တမင္သက္သက္ လိုက္ၿပီး ေႏွာက္ယွ က္ေနသူလားဆိုတာ ၿမိဳ႕ခံရဲတပ္ဖြဲ႕က မေဖာ္ထုတ္နိုင္ေသးပါဘူး။

အဲဒီအမ်ိဳးသမီး လႈပ္ရွားခ်ိန္ဟာ အထူးသျဖင့္ ညသန္းေခါင္ေနာက္ပိုင္းမွ ျဖစ္ၿပီး၊ မနက္ပိုင္း 1 နာရီနဲ႕ 2 နာရီၾကား၊ လူေတြ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနခ်ိန္မွာ ျဖစ္တတ္ပါတယ္။ သူမဟာ တစ္ခါတေလး တံခါးမေ ခါက္ဘဲ၊ ေပးစာထည့္သည့္ အေပါက္ငယ္ (Letterbox) မွ တစ္ဆင့္ အိမ္အတြင္းကို စူးစူးဝါးဝါး လွမ္းေအာ္တာမ်ိဳးေတာင္ ရွိတတ္ပါတယ္။

ေဒသခံရဲတပ္ဖြဲ ႕ကလည္း ဒီသတင္းကို အတည္ျပဳထားၿပီး၊ ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ” Burnard Crescent အပိုင္းမွာ ေနထိုင္ၾကတဲ့သူေတြဆီက မ်ားျပားလွတဲ့ ဖုန္းေခၚဆိုမႈေတြကို ဇူလိုင္လ 15 ရက္ကေန စၿပီး လက္ခံရရွိခဲ့ပါတယ္ … သူတို႔ သတင္းေပးခ်က္အရေတာ့ မနက္ 2 နာရီနဲ႕ 5 နာရီၾကားမွာ အမ်ိဳးသမီးတစ္ေယာက္ အိမ္ေတြရဲ႕ Letterbox ကေနတဆင့္ ေအာ္ဟစ္ငိုယိုေနတ ယ္လို႔ သိရပါတယ္ “လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ေဒသခံတစ္ဦးကလည္း သူတို႔ဟာ ယခုျဖစ္ရပ္နဲ႕ပတ္သက္ၿပီး၊ အလြန္စိုးရိမ္ေနေၾကာင္း၊ ဒါေပမယ့္ မသမာတဲ့စိတ္နဲ႕ ဒီလို ျပဳမူတာျဖစ္နိုင္ၿပီး၊ တစ္စုံတစ္ေယာက္က တံခါးဖြင့္ေပးပါက အိမ္ရွင္ကိုရန္ျပဳျခင္းနဲ႕၊ ပစၥည္းလုယက္ျခင္း က်ဴးလြန္ခံရနိုင္ေၾကာင္း၊ နာနာဘာ၀ မဟုတ္ေၾကာင္း သူက ဆိုပါတယ္။

ေဖာ္ထုတ္နိုင္ျ ခင္းမရွိေသးတဲ့ အဆိုပါ အမ်ိဳးသမီး ေအာ္ဟစ္ငိုယိုတဲ့ စကား ကေတာ့ ” က်မကို ကူညီပါ … က်မကို ဝင္ခြင့္ျပဳပါ .. က်မမွာ သြားစရာ ေနရာမရွိပါဘူး “လို႔ ကိုယ္တိုင္ ႀကဳံေတြ႕ခဲ့ရတဲ့ အမ်ိဳးသမီးတ စ္ဦးက ဆိုပါတယ္။ ဒါေပမယ့္ သူမကေတာ့ အဲဒီအမ်ိဳး သမီးကို လုံး၀ ဝင္ခြင့္မေပးခဲ့ဘူးလို႔ ေျပာပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *