တကယ့် လက်တွေ့ အချက်အလက်များပေါ် မူတည်တဲ့ သိပ္ပံပညာ အရ လူသားမျိုးနွယ်တွေကို မျိုးတုံး သွားစေနိုင်တဲ့ အကြောင်းရင်း ၇ ခု

Posted on

ကမ္ဘာကြီး ပျက်သုဉ်း မည့်နေ့ကို သိပ္ပံဝတ္ထု များထဲတွင် အမျိုးမျိုး ပုံဖော်ခဲ့ြ ကသည်။ ယခုအခါ သိပ္ပံပညာရှ င်များက စိတ်ကူးနှင့် မဟုတ်ဘဲ တကယ့် လက်တွေ့ အချက်အလက်များပေါ် မူတည် ကာ လူ သားထု ပျက်သုဉ်း သွားေ စနိုင်သည့် အန္တရာ ယ်ကြီး ခုနစ်သွယ်ကို တင်ြ ပလိုက်သည်။

ကမ္ဘာကြီးကို ဥက္ကာပံျခဲ ဝင်တို က်ခြင်း၊ ကူးစက်နှုန်း အလွန်ြ မန်သော ကပ်ရောဂါကြီးမျိုး ဖြစ်ပွားခြင်း စသော အချက်များ ပါဝင်သ ည်။

မဟာမီးေ တာင်ကြီး ပေါက်ကွဲမှုကြောင့်လည်း လူသားထု ပျက်သုဉ်း သွားနိုင်သည်ဟု သုတေသီ တို့က ဆိုလိုက် သည်။ သိပ္ပံပညာ ရှင်တို့၏ ခန့်မှန်းချက်များကို How It work မဂ္ဂဇင်းက စုစည်းတင်ပြလိုက်ခြင်း ဖြစ်သည်။

၁။ မဟာမီးတောင် ပေါက်ကွဲမှု

ယနေ့ မျက်ေ မှာက် သိပ္ပံပ ညာရှင်များ အနေဖြင့် မဟာမီးတောင် ပေါက်ကွဲမှုမျိုးကို မကြုံဖူးြ ကသော်လည်း သမိုင်း အချက်အလက် များကို ပြန်ကောက်ခြင်းဖြင့် မဟာမီးတောင် ပေါက်ကွဲမှု အကြောင်း ကို ကောင်းကောင်း သိထားကြပြီး ဖြစ်သည်။

မဟာမီးတောင် ပေါက်ကွဲမှုကြောင့် ချော်ရည် မီးခိုးမှုန်၊ ကျောက် ခဲများသည် မီးတောင်ဝန်းကျင် တစ်ဝိုက် ဥရောပ တစ်တိုက်စာလောက် ကျယ်သော မြေနေရာ အတွင်းသို့ ကျရောက်နိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။ မဟာမီးတောင် ပေါက်ကွဲနေစဉ် အတွင်း မီးခိုးမှု န်များသည် အာကာသ အစွန်ထိ ရောက်ရှိနိုင်သည်။

ဆာလဖာ ဓာတ် များပြားသော မီးခိုးမှုန် များသည် ကမ္ဘာ့လေထု လွှာထဲတွင် နှစ်ပေါင်း များစွာြ ကာအောင် ဖုံးလွှမ်းနေကာ ကမ္ဘာ့ရာသီဥ တုကို ဖောက်ပြန်စေလိမ့်မည်။ မီးခိုးများအုပ်ကာ နေရောင် မဝင်နိုင် သဖြင့် မြေပြ င်အပူချိန် ထိုးကျကာ စိုက်ပျိုးရေး လုပ်ငန်းများ ပျက်စီးပြီး စားနပ်ရိက္ခာ မလုံလောက်မှု များ ဖြစ်ပွားလာမည်။

အဆိုးဆုံး အခြေအနေ ဆိုပါက ရေခဲေ ခတ် ပုံစံမျိုးထိ ရောက်သွား နိုင်သည်ဟု ခန့်မှန်းထားကြသည်။ ကံကောင်းသည့် တစ်ချက်မှာ မဟာမီးတောင် ပေါက်ကွဲမှုမျိုးသည် အလွန်ရှားပါးပြီး အနီးစပ်ဆုံး အနေဖြင့် လွန်ခဲ့သော နှစ်ပေါင်း (၂၇၀၀၀) အချိန်က လက်ရှိ နယူးဇီလန် နိုင်ငံနေရာ တွင်သာ ပေါက်ကွဲခဲ့ဖူးသည်။

၂။ နျူကလီးယား ဆောင်းရာသီ

ကျောက် ခဲနှင့် မီးခိုးမှုန်(၂၄၀) ကုဗမို င်နှင့် အထက် လေထဲ မှုတ်ထု တ်နိုင်စွမ်း ရှိသော အကြီးစား မီးတောင်ပေါ က်ကွဲမှုမျိုးကို မဟာမီး တောင်ပေါက်ကွဲမှုဟု ခေါ်တွင်သည်။ ၁၉၈၀ ပြည့်နှစ်က အမေရိ ကန်နိုင်ငံ သမိုင်း၌ ဖျက်ဆီး မှု အပြင်းဆုံး စိန့်ဟယ်လင် မီးေ တာင် ပေါက်ကွဲမှုထက် အဆ တစ်ထောင်ကျော် ပိုပြင်းထန်လိမ့်မည်။

မြို့ပြများကို စက္ကန့်ပိုင်း အတွင်း ပြားချပ် သွားစေနိုင်သော နျူကလီး ယားဗုံးများ သည် လူသားတို့ တီထွင် ထားသမျှထဲတွင် ဖျက်အား အပြင်းဆုံး ဖြစ်သည်။ နျူကလီးယား ဗုံးကွဲစဉ်မှာ ချက်ချင်း သေသွားသူ များက ပိုကံကောင်း လိမ့်ဦးမည်ဟု ဆိုရမည်ကဲ့သို့ ဖြစ်နေသည်။

နောက်ဆက် တွဲ ဆိုးကျိုးများက ပိုပြင်းထန်သောေ ကြာင့်တည်း။ နျူကလီး ယားဗုံး ပေါက်ကွဲပြီးနောက် စထရာ တိုစပီးယား လေထုလွှာ ထဲတွင် မီးခိုးများ လှည့်ပတ် အုပ်ဆိုင်းနေနိုင်ပြီး နေရောင်ေြ မပြင် မရောက်သဖြင့် နျူကလီးယား ဆောင်းရာသီ ပေါ်ပေါက်လာ လိမ့်မည်။

အဆိုးဆုံး အနေအထား မျိုးတွင် နေရောင် (၉၉) ရာခိုင်နှုန်းထိ ကမ္ဘာေြ မပေါ် မကျရောက်နိုင်ဘဲ ဖြစ်နိုင်သည်။ ထိုအခါ အပင်များ နေရောင်ဖြင့် အစာချက်ခြင်း ဖြစ်စဉ် ကမောက်ကမ ဖြစ်ကာ နျူးကလီးယား ဆောင်းရာ သီ သက်ရောက်ရာ ဒေသများတွင် စားနပ်ရိက ္ခာ ပြတ်လပ်မှုများ ဖြစ်ပွားလာလိမ့်မည်။

မြေပြင် အပူချိန်သည်လည်း နေရောင် မရသဖြင့် ထိုးကျကာ အာတိတ် ရာသီဥ တုမျိုး ဖြစ်ပွားလာလိမ့်မည်။ အပင်၊ တိရစ္ဆာန်နှ င့် လူသားများသည် အမှောင်ထုထဲတွင် ပျက်စီးရလိမ့်မည်။

၃။ ဥက္ကာပျံ ဝင်တိုက်ခြင်း

နေအဖွဲ့အ စည်း အတွင်း လှည့်ပတ် သွားလာနေသော ကျောက်စိုင် ကျော က်သား ဥက္ကာခဲများ ထဲတွင် ကမ္ဘာကို ဝင်တိုက် နိုင်ခြေ ရှိသည့် ဥက္ကာခဲများ ရှိနေသည်။

ဒိုင်နိုဆောများ ကို မျိုးသုဉ်းေ စခဲ့သော (၆ ဒသမ ၂) မိုင်အချင်း ရှိသည့် ဥက္ကာခဲကြီးမျိုး ကမ္ဘာကြီး ကို ဝင်တိုက်နို င်ခြေသည် အလွန်ရှားေ သာ်လည်း ထို ဥက္ကာခဲ၏ ငါးပုံတစ်ပုံစာသာ ရှိသော ဥက္ကာခဲသည်ပင် လူသား ထုကို ပျက်သုဉ်းသွားအောင် လုပ်နိုင်စွမ်း ရှိနေသည်။

ထိုမျှသော ဥက္ကာခဲ ဝင်တိုက်ပြီး ထွက်လာေ သာ စွမ်းအင်သည်ပင် ဟီရိုရှီးမား အဏုမြူဗုံးထက် အဆ (၁၀) သန်း ပိုပြင်းထန်မည် ဖြစ်ပြီး ထိမှန်သည့် နေရာမှ (၁၈၆) မိုင် အဝန်းအဝိုင်း အတွင်း အားလုံး ပြားချ ပ်သွားမည် ဖြစ်သည်။

၄။ ဖန်လုံအိမ် အာနိသင်

ဖန်လုံ အိမ် အာနိသ င်သည် လူသားများ ဆက်လက် ရှင်သန် ရပ်တည်နို င်ရေး အတွက် မရှိမဖြစ် လိုအ ပ်သည်။ ကမ္ဘာကြီးထဲ ဝင်လာသော နေရောင် အပူဓာတ်များကို ဖန်လုံအိမ် အာနိသ င်က ထိန်းကာ သိုလှောင် ပေးထား သဖြင့် လူသားများသ ည် နွေးနွေးထွေးထွေး နေရကာ ရှင်သန်နိုင်ခြင်း ဖြစ်သည်။

ဖန်လုံအိမ် အာနိသင် သာ မရှိပါက လူသားများ သည် သွေးခဲ သေဆုံး သွားမည် ဖြစ်သည်။ သို့သော် တန်ဆေးလွန်ဘေး ဟူသော စကား နှင့်အ ညီ ဖန်လုံအိမ် အာနိသင်များလွန်းပြီး အပူတွေ ကို ထိန်းထားပါ များသွားပြန် လျှင်ကား ကမ္ဘာကြီး ပူနွေးကာ ရာသီဥတုများ ဖောက်ပြန်ရပြန်သည်။

(၁၉) ရာစုနှော င်းပိုင်း စက်မှု တော်လှန်ရေး ကာလေ နာက်ပိုင်း ကမ္ဘာကြီးတွင် ဖန်လုံအိမ် ဓာတ်ငွေ့များ တိုးပြီးရင်း တိုးလာေ နသည်။ ရလဒ်အဖြစ် ကမ္ဘာ့အပူချိန်များ တိုးလာကာ ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပွားပြီး လူသားထု တစ်ရပ်လုံးပါ ပျက်သုဉ်း သွားနိုင် သည့် အဆိုးလွန် ရာသီဥတု ချောက်ကမ်း ပါးထဲ လူသားများ ကျဆင်းသွားမည့် အန္တရာယ် ရှိနေသည်။

၅။ နေ သေဆုံးမှု

နေမင်း သည် ကမ္ဘာပေါ်က သက်ရှိတိုင်း ဆက်လက် ရှင်သန်ရေး အတွက် အသက် ဓာတ်ကို ပေးနေသည်။ အလင်း၊ အပူမှ အစလိုသမျှ စွမ်းအင်တိုင်းကို နေဆီက ရနေသည်။ အစရှိလျှင် အဆုံးရှိရ မည် ဟူသော စကားရပ်နှ င့်အညီ နေမင်း သည်လည်း တစ်ချိန်တွင် အဆုံးသတ်မည်သာ ဖြစ်သည်။

နေမင်း သေဆုံးမည့် အချိန် နားနီးလာပြီး စွမ်းအင် ကုန်ခမ်း လာပြီဆိုလျှင် လူသား တို့သ ည်လည်း နေဝင်ချိ န်နား ရောက်လာမည် ဖြစ်သည်။ နေမင်းသည် စွမ်းအင် ကျဆင်းသွားလျှင် အတွင်းအပြင် စွမ်းအင်မျှခြေ ပျက်ယွင်း သွားမည် ဖြစ်ပြီး၊ နေသည် အနီရောင် မီးလုံးကြီး အဖြစ် ပေါက်ကွဲ ကျယ်ပြန့် ထွက်လာမည် ဖြစ်သည်။

မာကျူရီ၊ ဗီးနပ်စ်ြ ဂိုလ်များကို ဝါးမျို သွားမည်ဖြစ်ပြီး၊ ကမ္ဘာကိုပါ ဝါးမျိုသွားဖွယ် ရှိနေကြောင်း ခန့်မှန်းထားကြသည်။ နောက် ဆုံးတွင် သေဆုံးခါနီး နေသည် အပူဓာတ် ကုန်ခမ်းကာ ကျစ်လျစ်သော အဖြူရောင် အလုံး အဖြစ်သာ ကျန်ရစ်လိမ့်မည်။

ထိုအချိန်ကို လူသားတို့တော့ မျက်မြင် ကိုယ်တွေ့ ကြုံခွင့်ရ လိမ့်မည် မဟုတ်။ နေ၏ ဇရာအချိန်ပို င်းမှာပင် လူသားတို့သည် လိုအပ်သည့် စွမ်းအင်လျော့ပါးကာ ပျက်သုဉ်းသွားကြမည် ဖြစ်သည်။

၆။ ဂမ္မာလှိုင်းများ ပေါက်ကွဲမှု

ဂမ္မာလှိုင်းများ ပေါက်ကွဲထွ က်မှုသည် စကြဝဠာထဲတွင် အလင်းရောင် အတောက်ဆုံး ပေါက်ကွဲမှု ဖြစ်သည်။ မဟာကြယ်ကြီးများ ပေါက်ကွဲမှုမှ ဂမ္မာအလင်းလှိုင်းများ ထွက်တတ်သည်။ ဂမ္မာအလင်းလှိုင်း များ ထွက်ရှိမှုသည် စက္ကန့် အနည်း ငယ်မှသည် နာရီပေါင်းများစွာ အထိ ကြာမြင့်နိုင်သည်။

ဂမ္မာပေါက် ကွဲမှုက ထွက်ရှိသည့် ဆယ်စက္က န့်စာ စွမ်းအင်သည်ပင် လူသားတို့ အားပြုေ နရသော နေ၏ သက်တမ်း တစ်လျှောက်လုံး ထုတ်လွှတ်ခဲ့သမျှ စွမ်းအင်ထက် ပိုများနေချေသေးသည်။ ကမ္ဘာကြီး ကံဆိုးပါက ဂမ္မာလှိုင်း ပေါက်ကွဲမှုထဲ ရောက် သွားနိုင်ပြီး လူသားထု တစ်ရပ်လုံး ပျက်သုဉ်းသွားမည် ဖြစ်သည်။

၇။ ကမ္ဘာလုံးချီ ကပ်ရောဂါ

ကပ်ရောဂါ ဆိုးကြီးများ ကမ္ဘာလုံးချီ ပျံ့နှံ့ပါက ကမ္ဘာ့လူသား ထု ဆက်လက် ရပ်တ ည်ရေးကိုပါ ထိခိုက်လာလိမ့်မည်။ က မ္ဘာ့လူသား သမိုင်းကို ပြန်ကြည့်လိုက်လျှင်လည်း ကပ်ရောဂါဆိုးများက တစ်ခုပြီး တစ်ခု ဝင်ရောက် ခဲ့သည်ကို တွေ့နိုင်သည်။

လူသားများ၏ ဆေးပညာ တိုးတက် လာသလို ကပ်ရောဂါဆိုးများ ၏ ထိုးနှက်ချက် ကလည်း ပြင်းထန် သထက် ပြင်းထန်လာနေသည်။

ယနေ့လူသားများ၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာသလို၊ ကျန်းမာရေး သုတေသန လုပ်ငန်းများ လည်း အဆင်မြင့်လာသဖြ င့် လူသားများ သည် ကပ်ရောဂါဆိုးကြီးများထက် ရှေ့တစ်လှမ်း ကြိုပြေး ထားနိုင်သော အနေအထားကို ရောက်နေသည့်တိုင် ကပ်ရောဂါဆိုးကြီးများက မကြာမကြာ ဆိုသလို အမီ လိုက်လာနိုင်သည့် အနေအထားများလည်း ရှိနေသည်သာ။

ကမ္ဘာတစ်ဝန်း ပို့ဆော င် ဆက်သွယ်ရေး မြန်ဆ န်ချောမွေ့လာခြင်း၊ မြို့ပြများ တွင် လူနေထူထပ် သထက် ထူထပ်လာခြင်း တို့ကြောင့်လည်း ကူးစက်ရောဂါများသည် ကပ်ရောဂါဆိုးကြီးများ အဖြစ်သို့ ရောက် ရှိသွားနိုင်သည်။

၂၀၀၃ ခုနှစ်တွင် ဆားစ်ရောဂါ သည် လပိုင်းအတွင်း ကမ္ဘာ့ တိုက်ကြီး ခြောက်တိုက်လုံးကို ပံျ့နံှ့ခဲ့သည်။ လူပေါင်း ရှစ်ထောင်ကျော်ကို ကူးစက်ခဲ့ပြီး (၇၅၀) နီးပါး သေဆုံးခဲ့သည်။ အထင်ရှား ဆုံး ဥပမာကား အီဘိုလာရောဂါ ဖြစ်သည်။

၂၀၁၄ ခုနှစ်က အနောက် အာ ဖရိကရှိ ဂီနီ၊ လိုင်ဘေးရီးယား၊ ဆီရာ ရာလီယွန် တို့တွင် အဓိကဖြစ် ပွားခဲ့ပြီး၊ လူ (၁၁၀၀၀) ကျော် သေဆုံးခဲ့ကာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်သည့် ကပ်ဆိုးကြီး အဖြစ်သို့ ရောက်ရှိခဲ့သည်။

အီဘိုလာကဲ့သို့ ကပ်ရောဂါ ကြီးများသည် နိုင်နင်းစွာ ထိန်းချုပ်နိုင်ခြင်း မရှိပါက လူသားထု အများစုကြီးကိုပါ ပျက်သုဉ်း သွားစေနိုင်သည့် အန္တရာယ်မျိုး ရှိနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *