တကယ်လို့များ ငါ မနက်ဖြန်ဆိုတာ မရှိတော့ရင် … တွေးကြည့်ဖူးလား…?

Posted on

ကျနော်တို့တွေ ဘယ်တုန်း ကမှ မတွေးခဲ့ဖူး တဲ့အေ တွးလေးတစ်ခု စိတ်ကူးတောင်မယဉ်ကြည့်မိတဲ့ အရာတစ်ခု….ရှိတယ်။

(တကယ်လို့များ ငါ မနက်ဖြန်ဆိုတာမရှိတော့ရင်… ဆိုတာမျိုး ) တွေးကြည့်ဖူးလာ…?

မနက်ဖြန်မှာ တကယ်လို့…..ခင်ဗျားသာ မရှိတော့ရင် မိသားစုတွေ အပေါင်းသင်း သူငယ်ချင်း တွေအားလုံး ပြာပြာသလဲ ဖြစ်သွားကြမယ် ငိုတဲ့သူက ငိုကြမယ်… ချစ်သူခင်သူ အားလုံး ဝမ်းနည်းကြမယ်….

ချက်ချင်းကြီးဆိုသလို ခင်ဗျား Fb acc လေးမှာ RIP ဆိုပြီး စိတ်မကောင်းတဲ့ Status တွေ… tag post တွေတန်းစီကုန်မယ်….ခင်ဗျားအကြောင်းတွေပြောကြမယ်…. မနာလိုသူတွေကလဲ အနည်းဆုံး တော့အရင်လို မကောင်းပြောမှာတော့ မဟုတ်ဘူး….။

ခင်ဗျားရဲ့ချစ်ဖို့ကောင်းတဲ့ အကျင့်တွေပြန်ပြောကြမယ် ရှိနေတုန်းကဘယ်တော့မှ မကြားရတဲ့ တန်ဖိုးထားခြင်းတွေ ချီးမွမ်းခြင်းတွေ နဲ့ပြောနေကြမယ်… ဒါဟာ အကြာကြီးမဟုတ်ပါဘူး…. ရေထဲကို ပစ်ချလိုက်တဲ့ကျောက်ခဲလေး တစ်ခုလိုပါဘဲ လှိုင်းတွန့်လေးခဏထပြီး ငြိမ်သက်သွားမှာ….ဘယ်တော့မှ ပြန်ပေါ်မလာခြင်းနဲ့ပေါ့….

ခင်ဗျားနဲ့ပတ်သက်တဲ့ အမှတ်တရတွေကလဲ အ့လိုဘဲ…ခဏလေးအတွင်းမှာ အမှတ်တမဲ့ ကွယ်ပျောက်သွားကြမှာ…. တကယ်ကြီးစဉ်းစားကြည်ပါ မနက်ဖြန်မှာ ကိုယ်သာ တကယ်မရှိတော့ရင်….ဆိုတဲ့အတွေးကြီးက သွေးလန့်စရာကောင်းလွန်းပါတယ်….

ဘယ်အရာကိုမှပြန်မရတော့လောက်အောင် ပြီးဆုံးသွားမှာ… ချစ်ခြင်း မုန်းခြင်း နာကျင်ခြင်းတွေအားလုံး ပျောက်ကွယ်သွားမှာ…. အမြဲကြားနေရလို့ ငြီးငွေ့နေတဲ့ အမေ့ဓာတ်ပြားေ ဟာင်းတွေလဲ ကြားရတော့မှာမဟုတ်ဘူး…

မိသားစု ထမင်းဝိုင်းလေး ဆိုတာလဲ ရှိလာတော့မှာမဟုတ်ဘူး သူငယ်ချင်းတွေနဲ့ ကျောင်းတက်ခဲ့ကြတဲ့ အချိန်တွေ… လဲ မရှိတော့ဘူး လူတွေကိုမမြင်နိုင်လောက်အောင် ပေါခဲ့ကြတဲ့ အခိုက်တန့်တွေ့လဲ ပြန်ရတော့မှာမဟုတ်ဘူး….

ဓာတ်မတည့်တဲ့ ဘေးအိမ်ကလူတွေနဲ့လဲ တွေ့ရတော့မှာမဟုတ်သလို…. အဝေးက မိတ်ဆွေတွေ နဲ့လဲ ထပ်ဆုံနိုင်တော့မှာမဟုတ်ဘူး… အပြင်က သူငယ်ချင်းတွေရော Online သူငယ်ချင်းတွေနဲ့ပါ…. ဘယ်တော့မှ ထပ်ပြီးတွေ့နိုင်မှာမဟုတ်တော့ဘူး….

ခင်ဗျားရှာခဲ့တဲ့ ပိုက်ဆံတွေ…ဝယ်စုထားတဲ့ တန်ဖိုးကြီးပစ္စည်တွေ ချစ်တဲ့ခင်တဲ့သူအားလုံးကို ခင်ဗျားထားခဲ့ရတော့မှာ….မနက်ဖြန်သာ တကယ်မရှိတော့ရင်… ဒီနေ့ကြိုး စားထားသမျှတွေက အလကား ဖြစ်ကုန်ရော

တစ်ခါတစ်လေဆို ကျနော်တို့က မနက်ဖြန်ဆိုတာကိုတွေးပူပြီး ဒီနေ့လေးကို သေချာတန်ဖိုးမထားလိုက်မိဘူးရယ်….ဘယ်လိုကုန်လို့ကုန်သွားမှန်းမသိအောင်ကို တန်ဖိုးမဲ့ခဲ့ကြဖူးတယ်…. ။

လောဘ ဒေါသတွေနဲ့ ကျနော်တို့ ပတ်ချာရိုက်နေကြတယ်…တစ်နေ့အဆင်ပြေဖို့ အတွက်တွေးကြရင်း ဒီနေ့မှော မတရားတာတွေလဲ လုပ်မိကောင်းတယ် တစ်ကိုယ်ကောင်းလဲဆန်ကြဖူးမယ်…

“နေ့ရက်တိုင်းကို နောက်ဆုံးနေ့လို့ သဘောထား ” ဆိုတဲ့စကာက အရမ်းလေးနက်တာဘဲ…’ မနက်ဖြန်နဲ့ နောက်ဘဝ ‘ဆိုတဲ့ အထဲမှာ… နောက်ဘဝဆိုတာ နီးနီးလေးပါ မနက်ဖြန်ဆိုတာ အဝေးကြီးရယ် ….အချိန်မရွေး ဒီလောကကြီးကို good bye ပြသွားနိုင်တယ်….

ဒီနေ့ active now လေးပြနေပေမဲ့ မနက်ဖြန်မှာ remembering acc လေးဖြစ်သွားနိုင်တာပါဘဲ အ့တော့ ကျနော်တို့ ဒီနေ့ရဲ့ အခွင့်အရေးကို အပြည့်အဝ အသုံးချရမယ် အမုန်းတ ရားတွေကင်းအောင်နေ မယ်… မနက်ဖြန်ဆိုတာ ကိုတွေးမပူဘဲ ဒီနေ့မှာပေါ့ပေါ့ပါးပါး ဖြတ်သန်းကြမယ်

တကယ်လို့ ကျနော့်မှာ မနက်ဖြန်ဆိုတာမရှိတော့ရင်….

အမေ့ရဲ့ ဓာတ်ပြားဟောင်းတွေကိုလဲ တဝကြီးနားထောင်ချင်သေးတယ် သူငယ်ချင်းတွေနဲ့လဲ မေ့မရမဲ့အမှတ်တရတွေကိုလဲ ဖန်တီးခဲ့ချင်သေးတယ် ကိုယ့်ပတ်ဝန်းကျင်အသိုင်းဝိုင်းက တန်ဖိုးထားအားကိုး ရတဲ့လူတျောက်ဖြစ်ခဲ့ချင်သေးတယ်….

ချစ်တဲ့သူနဲ့ အတူတူပျော်နေဖို့လဲ တစ်စိတ်တစ်ပိုင်းပါဝင်ချင်သေးရဲ့…. မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ကြား ရှင်သန်ခြင်းဆိုတဲ့ အလွှာပါးပါးလေးကြားမှာ… ကျနော်တို့က လောဘတွေ ဒေါသတွေနဲ့ ဖြတ်သန်းမိနေကြတယ်

မုန်းတဲ့သူတွေ ဓာတ်မတည့်တဲ့နေ့နံ့တွေလဲ သတ်မှတ်ထားကြသေးတယ် မနက်ဖြန်မှာ ကျနော်တို့်မရှိတော့ရင်…. ဘာမှလဲ ယူသွားလို့မရဘူး… အမှားတွေလဲပြန်ပြင်လို့မရဘူး တောင်းပန်းလို့လဲ မရတော့ဘူး ခွင့်လွတ်စရာလဲ မရှိတော့ဘူး….ချစ်ကြောင်းတွေလဲ ပြောခဲ့လို့ရမှာမဟုတ်တော့ဘူး

အ့တော့ ဒီနေ့လေးကို တန်ဖိုးထားရအောင်

ချစ်ကြောင်းတွေပြောကြရအောင် ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့ကောင်းခြင်းတွေဘဲ လက်ဆင့်ကမ်းရအောင် မထားသင့်တဲ့ အတ္တတွေ မာနတွေနဲ့ ကိုယ့်ကမ္ဘာကိုမကျဉ်းမြောင်းပါစေနဲ့တော့… အတ္တတွေ မာနတွေကို မေ့လိုက်ကြရအောင်….

တစ်နေ့ခွဲရမယ့်သူတွေချည်းပါ…

ဒီနေ့လေးကို နောက်ဆုံးနေ့လို့သဘောထားပြီးနေ… ဆိုတဲ့ စကားကို သေချာသဘောပေါက်ပြီးတဲ့အခါ…. သေချာပါတယ် ကျနော်တို့ရဲ့နေ့ တွေဟာ အရင်ကထက် ပို အဓိပ္ပါယ်ရှိလာမှာ…

ကဲ ခင်ဗျားရော…. တကယ်လို့များ မနက်ဖြန်ဆိုတာ မရှိတော့ရင် ဒီနေ့နောက်ဆုံး ဘာလုပ်ခဲ့ချင်လဲ….. ? Thar Htwe မူရင္းလင့္

Zawgyi Version

က်​ေနာ္တို႔ေတြ ဘယ္တုန္း ကမွ မေတြးခဲ့ဖူး တဲ့အေ တြးေလးတစ္ခု စိတ္ကူးေတာင္မယဥ္ၾကည့္မိတဲ့ အရာတစ္ခု….ရိွတယ္။

(တကယ္လို့မ်ား ငါ မနက္ျဖန္ဆိုတာမရိွေတာ့ရင္… ဆိုတာမ်ိဳး ) ေတြးၾကည့္ဖူးလာ…?

မနက္ျဖန္မွာ တကယ္လို႔…..ခင္ဗ်ားသာ မရိွေတာ့ရင္ မိသားစုေတြ အေပါင္းသင္း သူငယ္ခ်င္း ​ေတြအားလံုး ျပာျပာသလဲ ျဖစ္သြားၾကမယ္ ငိုတဲ့သူက ငိုၾကမယ္… ခ်စ္သူခင္သူ အားလံုး ဝမ္းနည္းၾကမယ္….

ခ်က္ခ်င္းႀကီးဆိုသလို ခင္ဗ်ား Fb acc ေလးမွာ RIP ဆိုၿပီး စိတ္မေကာင္းတဲ့ Status ေတြ… tag post ေတြတန္းစီကုန္မယ္….ခင္ဗ်ားအေၾကာင္းေတြေျပာၾကမယ္…. မနာလိုသူေတြကလဲ အနည္းဆံုး ​ေတာ့အရင္လို မေကာင္းေျပာမွာေတာ႔ မဟုတ္ဘူး….။

ခင္ဗ်ားရဲ႕ခ်စ္ဖို႔ေကာင္းတဲ့ အက်င့္ေတြျပန္ေျပာၾကမယ္ ရိွေနတုန္းကဘယ္ေတာ့မွ မၾကားရတဲ့ တန္ဖိုးထားျခင္းေတြ ခ်ီးမြမ္းျခင္းေတြ နဲ႔ေျပာေနၾကမယ္… ဒါဟာ အၾကာႀကီးမဟုတ္ပါဘူး…. ေရထဲကို ပစ္ခ်လိုက္တဲ့ေက်ာက္ခဲေလး တစ္ခုလိုပါဘဲ လိႈင္းတြန္႔ေလးခဏထၿပီး ၿငိမ္သက္သြားမွာ….ဘယ္ေတာ့မွ ျပန္ေပၚမလာျခင္းနဲ႔ေပါ့….

ခင္ဗ်ားနဲ႔ပတ္သက္တဲ့ အမွတ္တရေတြကလဲ အ့လိုဘဲ…ခဏေလးအတြင္းမွာ အမွတ္တမဲ့ ကြယ္ေပ်ာက္သြားၾကမွာ…. တကယ္ႀကီးစဥ္းစားၾကည္ပါ မနက္ျဖန္မွာ ကိုယ္သာ တကယ္မရိွေတာ့ရင္….ဆိုတဲ့အေတြးႀကီးက ေသြးလန္႔စရာေကာင္းလြန္းပါတယ္….

ဘယ္အရာကိုမွျပန္မရေတာ့ေလာက္ေအာင္ ၿပီးဆံုးသြားမွာ… ခ်စ္ျခင္း မုန္းျခင္း နာက်င္ျခင္းေတြအားလံုး ေပ်ာက္ကြယ္သြားမွာ…. အျမဲျကားေနရလို႔ ၿငီးေငြ႔ေနတဲ့ အေမ့ဓာတ္ျပားေ ဟာင္းေတြလဲ ၾကားရေတာ့မွာမဟုတ္ဘူး…

မိသားစု ထမင္းဝိုင္းေလး ဆိုတာလဲ ရိွလာေတာ့မွာမဟုတ္ဘူး သူငယ္ခ်င္းေတြနဲ႔ ေက်ာင္းတက္ခဲ့ၾကတဲ့ အခ်ိန္ေတြ… လဲ မရိွေတာ့ဘူး လူေတြကိုမျမင္ႏိုင္ေလာက္ေအာင္ ေပါခဲ့ၾကတဲ့ အခိုက္တန္႔ေတြ႔လဲ ျပန္ရေတာ့မွာမဟုတ္ဘူး….

ဓာတ္မတည့္တဲ့ ေဘးအိမ္ကလူေတြနဲ႔လဲ ေတြ႔ရေတာ့မွာမဟုတ္သလို…. အေဝးက မိတ္ေဆြေတြ နဲ႔လဲ ထပ္ဆံုနိုင္ေတာ့မွာမဟုတ္ဘူး… အျပင္က သူငယ္ခ်င္း​ေတြေရာ Online သူငယ္ခ်င္းေတြနဲ႔ပါ…. ဘယ္ေတာ့မွ ထပ္ၿပီးေတြ႔ႏိုင္မွာမဟုတ္ေတာ့ဘူး….

ခင္ဗ်ား႐ွာခဲ့တဲ့ ပိုက္ဆံေတြ…ဝယ္စုထားတဲ့ တန္ဖိုးႀကီးပစၥည္ေတြ ခ်စ္တဲ့ခင္တဲ့သူအားလံုးကို ခင္ဗ်ားထားခဲ့ရေတာ့မွာ….မနက္ျဖန္သာ တကယ္မရိွေတာ့ရင္… ဒီေန႔ၾကိဳး စားထားသမ်ွေတြက အလကား ျဖစ္ကုန္ေရာ

တစ္ခါတစ္ေလဆို က်ေနာ္တို႕က မနက္ျဖန္ဆိုတာကိုေတြးပူၿပီး ဒီေန႔ေလးကို ေသခ်ာတန္ဖိုးမထားလိုက္မိဘူးရယ္….ဘယ္လိုကုန္လို႔ကုန္သြားမွန္းမသိေအာင္ကို တန္ဖိုးမဲ့ခဲ့ၾကဖူးတယ္…. ။

ေလာဘ ေဒါသေတြနဲ႔ က်ေနာ္တို႔ ပတ္ခ်ာ႐ိုက္ေနၾကတယ္…တစ္ေန႔အဆင္ေျပဖို႔ အတြက္ေတြးၾကရင္း ဒီေန႔ေမွာ မတရားတာေတြလဲ လုပ္မိေကာင္းတယ္ တစ္ကိုယ္ေကာင္းလဲဆန္ၾကဖူးမယ္…

“ေန႔ရက္တိုင္းကို ေနာက္ဆံုးေန႔လို႔ သေဘာထား ” ဆိုတဲ့စကာက အရမ္းေလးနက္တာဘဲ…’ မနက္ျဖန္နဲ႔ ေနာက္ဘဝ ‘ဆိုတဲ့ အထဲမွာ… ေနာက္ဘဝဆိုတာ နီးနီးေလးပါ မနက္ျဖန္ဆိုတာ အေဝးႀကီးရယ္ ….အခ်ိန္မေရြး ဒီေလာကႀကီးကို good bye ျပသြားႏိုင္တယ္….

ဒီေန႔ active now ေလးျပေနေပမဲ့ မနက္ျဖန္မွာ remembering acc ေလးျဖစ္သြားႏိုင္တာပါဘဲ အ့ေတာ့ က်ေနာ္တို႔ ဒီေန႔ရဲ႕ အခြင့္အေရးကို အျပည့္အဝ အသံုးခ်ရမယ္ အမုန္းတ ရားေတြကင္းေအာင္ေန မယ္… မနက္ျဖန္ဆိုတာ ကိုေတြးမပူဘဲ ဒီေန႔မွာေပါ့ေပါ့ပါးပါး ျဖတ္သန္းျကမယ္

တကယ္လို႔ က်​ေနာ့္မွာ မနက္ျဖန္ဆိုတာမရိွေတာ့ရင္….

အေမ့ရဲ႕ ဓာတ္ျပားေဟာင္းေတြကိုလဲ တဝႂကီးနားေထာင္ခ်င္ေသးတယ္ သူငယ္ခ်င္းေတြနဲ႔လဲ ေမ့မရမဲ့အမွတ္တရေတြကိုလဲ ဖန္တီးခဲ့ခ်င္ေသးတယ္ ကိုယ့္ပတ္ဝန္းက်င္အသိုင္းဝိုင္းက တန္ဖိုးထားအားကိုး ရတဲ့လူေတ်ာက္ျဖစ္ခဲ့ခ်င္ေသးတယ္….

ခ်စ္တဲ့သူနဲ႔ အတူတူေပ်ာ္ေနဖို႔လဲ တစ္စိတ္တစ္ပိုင္းပါဝင္ခ်င္ေသးရဲ႕…. ေမြးဖြားျခင္းနဲ႔ ေသဆံုးျခင္းဆိုတဲ့ၾကား ႐ွင္သန္ျခင္းဆိုတဲ့ အလႊာပါးပါးေလးၾကားမွာ… က်ေနာ္တို႔က ေလာဘေတြ ေဒါသေတြနဲ႔ ျဖတ္သန္းမိေနၾကတယ္

မုန္းတဲ့သူေတြ ဓာတ္မတည့္တဲ့ေန႔နံ႔ေတြလဲ သတ္မွတ္ထားၾကေသးတယ္ မနက္ျဖန္မွာ က်ေနာ္တို္႔မရိွေတာ့ရင္…. ဘာမွလဲ ယူသြားလို႔မရဘူး… အမွားေတြလဲျပန္ျပင္လို႔မရဘူး ေတာင္းပန္းလို႔လဲ မရေတာ့ဘူး ခြင့္လြတ္စရာလဲ မရိွေတာ့ဘူး….ခ်စ္ေၾကာင္းေတြလဲ ေျပာခဲ့လို႔ရမွာမဟုတ္ေတာ့ဘူး

အ့ေတာ့ ဒီေန႔ေလးကို တန္ဖိုးထားရေအာင္

ခ်စ္ေၾကာင္းေတြေျပာၾကရေအာင္ ပတ္ဝန္းက်င္မွာ အျပဳသေဘာေဆာင္တဲ့ေကာင္းျခင္းေတြဘဲ လက္ဆင့္ကမ္းရေအာင္ မထားသင့္တဲ့ အတၱေတြ မာနေတြနဲ႔ ကိုယ့္ကမာၻကိုမက်ဥ္းေျမာင္းပါေစနဲ့ေတာ့… အတၱေတြ မာနေတြကို ေမ့လိုက္ၾကရေအာင္….

တစ္ေန႔ခြဲရမယ့္သူေတြခ်ည္းပါ…

ဒီေန႔ေလးကို ေနာက္ဆံုးေန႔လို႔သေဘာထားၿပီးေန… ဆိုတဲ့ စကားကို ေသခ်ာသေဘာေပါက္ၿပီးတဲ့အခါ…. ေသခ်ာပါတယ္ က်ေနာ္တို႔ရဲ့ေန့ ေတြဟာ အရင္ကထက္ ပို အဓိပၸါယ္ရိွလာမွာ…

ကဲ ခင္ဗ်ားေရာ…. တကယ္လို႔မ်ား မနက္ျဖန္ဆိုတာ မရိွေတာ့ရင္ ဒီေန႔ေနာက္ဆံုး ဘာလုပ္ခဲ့ခ်င္လဲ….. ? Thar Htwe

Leave a Reply

Your email address will not be published. Required fields are marked *