တချိန်တုန်းက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံလို့ အများစု သိကြတဲ့ အီသီယိုးပီးယား နိုင်ငံရဲ့ စိတ်ဝင်စားဖွယ် ၁၀ ချက်

Posted on

၁။ အီသီယိုးပီး ယားနိုင်ငံရဲ့ တရားဝင်အ မည်က အီသီယိုးပီး ယား ဖက်ဒရ ယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဖြစ်ပြီး အာဖရိက ဦးချိုဒေသမှာ တည် ရှိပါတယ်။ ကမ္ဘာပေါ်က ကုန်းတွင်း ပိတ်နိုင်ငံေ တွထဲမှာ လူဦးရေ အများဆုံး နိုင်ငံ ဖြစ်ပါတယ်။

၂။ နိုင်ငံရဲ့အကျ ယ်အဝန်းက စတု ရန်းမိုင်ပေါင်း ၄၂၀,၀၀၀ ကျော် ရှိပြီး လူဦးရေ ၁၁၇ သန်းကျော် နေထိုင်ပါတယ်။ အာဖရိကမှာ နိုင်ဂျီးရီး ယားပြီးလျှင် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်ပြီး ကမ္ဘာပေါ် မှာတော့ ၁၂ ခုမြောက် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်ပါတယ်။

၃။ နိုင်ငံရဲ့မြို့တော် နဲ့ အကြီးဆုံးမြို့က အဒစ်စ်အဘာဘာ Addis Ababa ဖြစ်ပြီး လူဦးရေ ၃ သန်းခွဲကျော် နေထိုင်တဲ့ မြို့ကြီးဖြစ်ပါတယ်။ ပင်လ ယ်ရေမျက်နှာြ ပင်အထက် အမြင့်ပေ ၇၇၂၆ ပေ မှာ တည်ရှိတာကြောင့် အာဖရိကရဲ့ အမြင့်ဆုံးမြို့ေ တာ်အဖြစ်လည်း သတ်မှတ် ခံထားရပါတယ်။

၄။ ဘီစီ ၁၀ ရာစုလော က်ကတ ည်းက စတင်ခဲ့တဲ့ နိုင်ငံဖြစ်ပြီး အခြားနိုင် ငံတွေရဲ့လွှမ်းမိုးြ ခင်းမခံရတဲ့ အာဖရိကရဲ့ ရှေးအကျ ဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ ၁၃ ရာစုက တည်းက ယနေ့ အီသီယိုးပီးယား ၊ အီရီထရီးယား နိုင်ငံန ယ်မြေတွေကို ပိုင်ဆိုင်ခဲ့ပြီး အီသီယိုးပီးယား အင်ပါယာကို ထူထောင်နိုင် ခဲ့တဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။

၅။ အီသီယိုးပီးယား ဟာ ခရစ်ယာန် နဲ့ အစ္စလာမ် ဘာသာရေး ၊ ယ ဉ်ကျေးမှု များ ရောယှက်နေတဲ့ နိုင်ငံ လို့ ဆိုကြပါတယ်။ နေထိုင်သူ သန်း ၁၁၀ ကျော်မှာ ခရစ်ယာ န်ဘာသာဝင် ၆၇% ၊ အစ္စလာမ် ဘာသာ ကိုးကွယ်သူ ၃၁% နဲ့ အခြားဘာသာ ကိုးကွယ်သူ အနည်းငယ် နေထိုင်ကြပါတယ်။

၆။ အီသီယိုးပီး ယားဟာ နိုင်ငံပေါ င်းချုပ် အသင်းကြီး နဲ့ ကုလသမဂ္ဂအ ဖွဲ့တွေကို အစောဆုံးဝင်ရောက်ခဲ့တဲ့ အာဖရိကနို င်ငံလည်းဖြစ်ပါတယ်။ ကုလသ မဂ္ဂအဖွဲ့ကိုတော့ ၁၉၄၅ ခုနှစ် နိုဝင်ဘာ လကတည်းက စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

၇။ ၂၀ ရာစုအထိ အီသီယိုးပီးယား အင်ပါယာ အမည်နဲ့ တည်ရှိ ခဲ့တဲ့ နိုင်ငံဖြစ်ပြီး ၁၉၇၄ ခုနှစ်မှာတော့ ကာလရှည်ကြာ အုပ်စိုးခဲ့တဲ့ အီသီယိုးပီး ယားမ င်းဆက်ဟာ နန်းစွန့်ခဲ့ရပြီး ဆိုဗီယက်ေ ကျာထော က်နောက်ခံ စစ်တပ်အုပ်ချုပ်ရေးကောင်စီ Derg ထံ အာဏာ လွှဲပေးခဲ့ရတယ်။ ၁၉၈၇ ခုနှစ်မှာတော့ အီသီယိုးပီးယား လူထုဒီ မိုကရက်တစ် သမ္မတနိုင်ငံ အဖြစ် ပြောင်းလဲခဲ့တာပါ။

၈။ အီသီယိုးပီးယား ဟာ မတူကွဲပြားတဲ့ တိုင်းရင်း သား လူမျိုးစုကြီး ၈၀ ခန့် နဲ့ စုစည်းဖွဲ့စည်းထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ အကြီးဆုံး လူမျိုးစုေ တွကတော့ Oromo နဲ့ Amhara တို့ဖြစ်ပြီး Oromo ၃၄.၅% နဲ့ Amhara ၂၇% တို့ ပါဝင်ပါတယ်။ ဘာသာစကားပေါင်း အမျိုး ၈၀ ခန့်ကိုလည်း သုံးစွဲပြီး ရုံးသုံးဘာ သာစကားေ တွအဖြစ် Afar ၊ Amharic ၊ Oromo ၊ Somali နဲ့ Tigrinya တို့ကို သတ်မှတ် ထားပါတယ်။

၉။ ၁၉၇၀ ခုနှစ်ဝ န်းကျင်ကနေ ၁၉၉၀ ခုနှစ်လောက် အထိ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်နဲ့အတူ အီသီယိုးပီးယားဟာ စီးပွားရေး အလွန်နိမ့်ကျခဲ့ခြ င်းနဲ့အတူ ငတ်မွတ်မှုေ ဘးတို့ ကိုပါ ခံစားခဲ့ရပြီး ကမ္ဘာ့အဆ င်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရပါတယ်။ အီသီယိုးပီးယားလို့ ဆိုလိုက်တာနဲ့ အစာအဟာ ရချို့တဲ့ကာ အရိုးပြိုင်းပြိုင်း ကျနေတဲ့ ကလေး ငယ်တွေရဲ့ ပုံရိပ်နဲ့ တွဲမြင်တဲ့ အထိ ဖြစ်ခဲ့ရပါတယ်။

၁၀။ ၂၁ ရာစု အစောပိုင်း မှာတော့ နိုင်ငံရေး တည်ငြိမ်ခဲ့ပြီး အီသီယိုး ပီးယားရဲ့ စီးပွားရေးဟာ အလျင်အမြန်တိုးတက်လာခဲ့ကာ ၂၀၁၀ ခုနှစ်မှာေ တာ့ အရှေ့အာဖရိကရဲ့ ဂျီဒီပီအမြ င့်ဆုံးနိုင်ငံ စာရင်းမှာ ပါဝင်လာ ခဲ့ပါတယ်။ လက်ရှိအချိန်ထိ တဦးချင်း ဂျီဒီပီနိမ့်ကျေ နပေမယ့် ကမ္ဘာ့အ ဆင်းရဲဆုံး နိုင်ငံ ၂၀ စာရင်းထဲကေ တာ့ အီသီယိုးပီး ယားဟာ ခုန်ထွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

၁၁။ ယခုနှစ်ဟာ ၂၀၂၁ ခုနှစ်ဖြစ်ပေ မယ့် မိတ်ဆွေသာ အီသီယိုး ပီးယားကို ရောက်သွားရင် ၇ နှစ် အရှေ့ပြန်ရောက်သွားမှာပါ။ ဘာလို့လဲဆိုတော့ နိုင်ငံမှာ အဓိက သုံးစွဲတဲ့ အီသီယိုးပီးယားပြ က္ခဒိန်ကြော င့်ဖြစ်ပါတယ်။

ရောမတွေဟာ ရှေးခေတ်ပြက္ခဒိန်ကို အေဒီ ၅၂၅ မှာ ပြန်လည်ချိ န်ညှိခဲ့ပေမယ့် အီသီယိုးပီးယား ကတော့ ရှေးခေတ်ပြက္ခဒိန်ကိုပဲ ဆက်လက် သုံးစွဲခဲ့လို့ဖြစ် ပါတယ်။ ပုံမှန်ပြက္ခဒိ န်မှာ လပေါင်း ၁၂ လ သာရှိပေမယ့် အီသီယိုးပီး ယားပြက္ခ ဒိန်မှာတော့ ၁၃ လ ရှိနေပါတယ်။ ဒါကြောင့် အီသီယိုး ပီးယား ပြက္ခဒိန်ဟာ ပုံမှန်ြ ပက္ခဒိန်ထက် ၇ နှစ်နောက်ကျနေတာ ဖြစ်ပါတယ်။

၁၂။ အီသီယိုးပီးယား ပုံမှန် နာရီနဲ့ မတူညီတဲ့ အချိန်ရေ တွက်ပုံကို သုံးစွဲပါတယ်။ ကျွန်တော်တို့အနေနဲ့ သန်းခေါ င်ယံအချိန် နဲ့ မွန်းတည့်ချိန် ဆိုပြီး ၁၂ နာရီစီ ရေတွက်ေ ပမယ့် အီသီယိုးပီး ယားကတော့ ဒီလိုမဟုတ်ပါဘူး။ သူတို့က အာရုဏ်ချိန် နဲ့ မိုးသော က်ချိန်ကို ၁၂ နာရီစီ ရေတွက် တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မနက် ၇ နာရီဟာ အီသီယိုး ပီးယားမှာတော့ မနက် ၁ နာရီ ဖြစ်ပါတယ်။

၁၃။ အီသီယိုးပီးယားမှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေ အနှစ်နေရာပေါင်း ၉ ခု ရှိနေ ပါတယ်။ ဒါတွေကတော့ (၁) အေဒီ ၁ရာစုကနေ ၁၃ ရာစု အထိ ရှိခဲ့တဲ့ Aksum မြို့ဟောင်း ၊ (၂) ၁၆ ရာစု နဲ့ ၁၇ ရာစုကြား ကာလက ထင်ရှားခဲ့တဲ့ Fasil Ghebbi ခံတပ် ၊ (၃) သမိုင်းဝင်ခံတပ်မြို့ Harar Jugol (၄) Konso ယဉ်ကျေး မှုနယ်မြေ

(၅) လွန်ခဲ့သောနှ စ်ပေါင်း ၃သန်းကျော်က hominin ရုပ်ကြွင်းအေ ထာက်အထားတွေကို တွေ့ရှိရာ Awash မြေနိမ့်ပိုင်းေ တာင်ကြား ၊ (၆) Homo gracilis ကျောက်ဖြစ်ရုပ်ကြွ င်းတွေကိုေ တွ့ရှိရာ Omo မြေနိမ့်ပိုင်းေ တာင်ကြား ၊ (၇) ၁၃ ရာစုလက်ရာ ဘုရားကျောင်း ဒါဇင်နဲ့ ချီပြီးရှိတဲ့ Rock-Hewn ဘုရားကျောင်းများ ၊ (၈) နိုင်ငံရဲ့အြ ကီးဆုံး ဥယျာဉ်နယ်မြေဖြစ်တဲ့ Simien တောင်တန်း အမျိုးသားဥ ယျာဉ်နယ်မြေ နဲ့ (၉) ၁၀ ရာစု နဲ့ ၁၅ ရာစုအကြား ရှေးခေတ်ကျောက်စာတိုင်များရှိရာ Tiya ဒေသ တို့ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *