တချိန်တုန်းက မြန်မာ ငွေစက္ကူပေါ်က မောင်ကောင်း ဆိုတာ ဘယ်သူလဲ

Posted on

တစ်ချိန် ကမြန်မာေ ငွစက္ကူပေါ်က မောင်ကောင်း ဆိုတာ ၁၉၅၅ ခုနှစ်ဝ န်းကျင်က မြန်မာ့ငွေသည် အလွန်တန်ဖိုးရှိ ခဲ့သည်။ ထိုစဉ်က အမေရိကန် တစ်ဒေါ်လာသည် မြန်မာကျပ်ငွေ ၆ကျပ်နှင့် ညီမျှသည်။ မည်သည့်နို င်ငံကို သွားသွား အခြားငွေလဲစရာမလို မြန်မာကျပ်ငွေကို ယူသွားပြီး သုံးစွဲ နိုင်ပြီး ခိုင်မာတဲ့ငွေ (ငွေမာ) (Hard Currency) အဖြစ် ရပ်တည် ခဲ့ဖူးသည်။ ထိုခေတ် ထိုအခါက ငွေစက္ကူများပေါ်တွင် မြန်မာငွေ ကြေးဘုတ်အဖွဲ့ဝင်များဖြစ်သည့် မောင်ကောင်း စံလင်းဟူသော လက်မှ တ်များကို တွေ့ရမည်ဖြစ်သည်။

မောင်ကောင်း ဆိုသည်မှာ ပညာမင်းကြီး၊ ပထမဆုံးမြန် မာ့သမိုင်းကော် မရှင် ဥက္ကဌအဖြစ် ထမ်းဆော င်ခဲ့သည့် စည်သူ ဦးကောင်း ဖြစ်ပါသည်။ ဦးကောင်းအား ၁၉၀၄-ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့၌ ယစ် မျိုးမင်းကြီး ဦးဘသော်နှင့် ဒေါ်ကြင်မြိုင်တို့က မြင်းခြံမြို့၌ ဖွားြ မင်ခဲ့သည်။ အသက် ငါးနှစ် အရွယ်တွင် မြင်းခြံမြို့ ဘက်ပလစ်ေ ကျာင်း၌ စတင်ပညာသင်ကြားခဲ့ပါသည်။ ရန်ကုန်မြို့သို့ပြောင်းရွှေ့လာပြီးနောက် ကူရှင်အထက်တန်း ကျောင်း၊ စိန့်ပေါလ် အထက်တန်းကျောင်း (ယခု အ.ထ.က(၆)ဗိုလ်တထောင်) တွင် ပညာဆက်လက် ဆည်းပူးခဲ့ပါသည်။

၁၉၂၀-ပြည့်နှစ်တွင် အစ်ကိုဖြစ်သူ ဦးဘဦး၏ ထောက်ပံ့မှုဖြင့် အ င်္ဂလန်နိုင်ငံ၊ ဆမ်းမားဆက်ြ ပည်နယ် တွန်တန်ဘုရင့်ကောလိပ် သီးသန့်အထူးပညာသင်ကျောင်း (Taunton Public School, Somerset)၌ ပညာဆက်လက် ဆည်းပူးခဲ့သည်။

၁၉၂၂-ခုနှစ်တွင် လန်ဒန် မက်ထရစ် စာမေးပွဲကို ဂုဏ်ထူး ငါးဘာသာဖြင့် အော င်မြင်ခဲ့သည်။ ၁၉၂၃-ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တက္ကသိုလ်၌ ဥပစာ ဒုတိယနှစ်မှ စတင်သင်ယူခဲ့ရာ သုံးနှစ်ြ ကာသင်ယူပြီးနောက် ၁၉၂၆-ခုနှစ်တွင် ဘီအေဘွဲ့(အင်္ဂလိပ်စာ ဂုဏ်ထူး)၊ ၁၉၂၉-ခုနှစ် နှစ်နှစ်အကြာတွင် မဟာဝိဇ္ဇာ(ပညာရေး)ဘွဲ့ ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ်၌ အင်္ဂလိပ်ဘာသာနှင့် စာပေအ ထက်တန်း နည်းပြဆရာအဖြစ် ဆောင်ရွက်နေစဉ်အတွင်း နိုင်ငံခြား ပညာတော်သင်ဆုကို ရရှိကာ လန်ဒန်တက္ကသိုလ် ဘုရင့်ကောလိပ်တွင် တစ်နှစ်ပညာသင်ကြားခွင့် ရရှိခဲ့ပါသေးသည်။

ထို့နောက် အစိုးရအ ထက်တန်းေ ကျာင်းအုပ် လက် ထောက်ပညာဝန်၊ ပညာဝန်၊ ရန်ကုန်အစိုးရအထက် တန်းကျောင်း (ယခု လသာအ.ထ.က-၁)တွင် ကျောင်းအုပ်ဆရာကြီး၊ ပညာရေး အရာရှိချုပ် စသည်ဖြင့် ပညာရေးနယ်ပယ်မှ တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့သည်။

၁၉၄၆-၄၇ ခုနှစ်တွင် တွဲဘက်လက်ေ ထာက် ပညာမင်းကြီး၊ လွတ်လပ်ရေးကာလတွင် အင်္ဂလန်နိုင်ငံပညာတော်သင်များအတွက် အကြံပေးအရာရှိအဖြစ် ထပ်မံ အမှုထမ်းခဲ့ရသည်။ ထို့ပြင် အင်္ဂလန်နိုင်ငံရှိ မြန်မာသံရုံး ပညာရေးသံမှူး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ရသည်။ အင်္ဂလန်နိုင်ငံတွင် တာဝန်ထမ်းေ ဆာင်စဉ် ၁၉၄၇-၄၉ ခုနှစ်၌ မြန်မာနိုင်ငံတော် ငွေကြေးဘုတ်အဖွဲ့ဝင်အဖြစ်ခန့်အပ်ခံရကာ ငွေစက္ကူ များပေါ်တွင် `မောင်ကောင်း´ ဟူ၍ လက်မှတ်ရေး ထိုးခဲ့ရပါသည်။ ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပညာမင်းကြီးအဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခံခဲ့ရပါသည်။

ဦးကောင်းသည် ပညာရေး ဝန်ထမ်း တဦးအနေဖြင့်လည်း မြန်မာနိုင်ငံ တက္ကသိုလ်ဖွဲ့စည်းရေးကော်မတီ အတွင်းရေးမှူး(၁၉၄၆-၄၇)၊ ယူနက်စ်ကို ပညာရေးမစ်ရှင်အဖွဲ့ အကြံပေးအရာရှိ (၁၉၅၀-၅၁)အဖြစ်ပါ တာဝန်ယူခဲ့ရပါသည်။ ရာထူးနေရာ အမျိုးမျိုးတွင် ထူးချွန်စွာ ထမ်းဆောင်နို င်ခဲ့သူဖြစ်သည်နှ င့်အညီ ၁၉၅၃ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက ပညာမင်းကြီးအား ‘စည်သူ’ ဘွဲ့ပေးအပ်ခြင်းကို ခံခဲ့ရသည်။

မြန်မာနိုင်ငံ တွင်သမို င်းကော်မရှင်အား ဖွဲ့စည်းပြီးနောက် ပထမဆုံး ဥက္ကဋ္ဌအဖြစ် ခန့်အပ် ခံခဲ့ရပြန်သည်။ ဦးကောင်း ရေးသားခဲ့သည့် စာအုပ်များအနက် ဗြိတိသျှတို့ မသိမ်းပိုက်မီနှင့် သိမ်းပိုက်ပြီးခေတ် မြန်မာနိုင်ငံ ပညာရေး သမိုင်း” ၊ “မြန်မာကျောင်းများတွင် စာစီစာ ကုံး သင်ကြားနည်း”၊

“မြန်မာနိုင်ငံ တက္ကသိုလ် ဖွဲ့စည်းရေး ကော်မတီ အစီရင်ခံစာ (၁၉၄၇)”၊ “မြန်မာနိုင်ငံ ပညာရေး ရှစ်နှစ် (၁၉၄၇-၅၅) အစီရင်ခံစာ” စသည်တို့မှာ ထင်ရှားခဲ့၏။ ၁၉၅၇ ခုနှစ်တွင်ကျင်းပမည့် သတ္တမတန်းစာမေးပွဲမေးခွန်းများကို လုံခြုံစိတ်ချမှုရှိစေရန်အတွက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့၌ပုံနှိပ်ရေးကိစ္စကိုပညာရေးမင်းကြီးဦးကောင်းက တာဝန်ယူ ဆောင်ရွက်ခဲ့ရ၏။

မရိုးလမ်းနှင့် ချောင်ရင်ဂီ လမ်းထောင့်တွင် မြူနှင်းများ ထူထပ်စွာကျ ရောက်နေမှုကြောင့် ကားက လမ်းဘေး သံတိုင်အား အရှိန်ပြင်းစွာ ဝင်ရောက် တိုက်မိသွား၏။ ကားမောင်းသူ ကိုယ်စားလှယ်မှာ ဒဏ်ရာအနည်းငယ်သာ ရရှိသော်လည်း ပညာမင်းကြီးဦးကောင်းမှာမူ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။

နံရိုးသုံးချောင်း ကျိုးသွားသဖြင့် ကာလကတ္တား ဆေးရုံသို့ တက်ရောက် ကုသခဲ့ရ၏။ ဒဏ်ရာမှာ ပြင်းထန်လှသည့် အလျောက် ၁၉ ဖေဖော်ဝါရီ ၁၉၅၇ တွင် ပညာမင်းကြီး ဦးကောင်း ကာလကတ္တားမြို့၌ ကွယ်လွန်သွားပါသည်။ နောက်တနေ့တွင် ပညာမင်းကြီး ရုပ်ကလာပ်အား ရန်ကုန်သို့ လေယာဉ်ဖြင့် သယ်ယူပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့၌ သဂြိုလ်ခဲ့၏။

ပညာမင်းကြီး ဦးကောင်းကွယ်လွန်စဉ် ဇနီးဒေါ်သိန်းသားဦးသော်ကောင်း (နောင် တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှူး)၊ သမီး ဒေါ်ရီမေကောင်း၊ ဒေါ်ကြည်မေကောင်းတို့ ကျန်ရစ်ခဲ့ကြပါသည်။ ပညာမင်းကြီး ဦးကောင်း၏သား ဆရာကြီး ဒေါက်တာ (ဦး) သော်ကောင်းမှာ ဖူကူအိုကာဆုရ စာကြည့်တိုက် ပညာရှင်တဦး ဖြစ်ပါသည်။ ပညာမင်းကြီးဦးကောင်း သည် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သကဲ့သို သားဖြစ်သူ ဆရာကြီး ဒေါက်တာ ဦးသော်ကောင်းမှာလည်း ၁၆ ဇန်နဝါရီ ၂၀၀၂ မှ စ၍ မြန်မာနိုင်ငံ သမိုင်း ကော်မရှင် အချိန်ပြည့် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

ဆရာကြီး စည်သူဒေါက်တာသော်ကောင်းသည် ၂၀၁၆ ခုနှစ် ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်ခြင်းခံရသည်။ စာအုပ်စာပေ နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ဖို့အရေး ကြိုးပမ်းနေသည် ဒေါက်တာ သန့်သော်ကောင်းမှာ ဦးကောင်း၏ မြေး ဖြစ်ပါသည်။

ပညာမင်းကြီး ဦးကောင်းသည် မြန်မာ့ပညာေ ရးလောကတွင် ထူးခြားသော အယူအဆတ စ်ရပ် ရှိသူဖြစ် သည်။ ဦးကောင်း၏ ပညာရေးအယူအဆတစ်ရပ်မှာ စာမေးပွဲအတွက်သာ ဦးစားပေးသော ပညာရေးမျိုး မဟုတ်ဘဲ အသိပညာကြွယ်ဝ မှုနှင့်ဘက်စုံပညာတတ် ကျွမ်းမှုတို့ကို အလေးထားအားေ ပးသော အယူအဆြ ဖစ်ပါသည်။ ပညာမင်းကြီး ဦးကောင်းက ပညာသင်ကြားခြင်းသည် ကျောင်းနေစဉ်သာမဟုတ် ဘဝတစ်လျှော က်လုံးအတွက် ဖြစ်ရမည်ဟု မိန့်ဆိုခဲ့သည်။

Zawgyi Version

တစ္ခ်ိန္ ကျမန္မာေ ငြစကၠဴေပၚက ေမာင္ေကာင္း ဆိုတာ ၁၉၅၅ ခုႏွစ္ဝ န္းက်င္က ျမန္မာ့ေငြသည္ အလြန္တန္ဖိုးရွိ ခဲ့သည္။ ထိုစဥ္က အေမရိကန္ တစ္ေဒၚလာသည္ ျမန္မာက်ပ္ေငြ ၆က်ပ္ႏွင့္ ညီမွ်သည္။ မည္သည့္နို င္ငံကို သြားသြား အျခားေငြလဲစရာမလို ျမန္မာက်ပ္ေငြကို ယူသြားၿပီး သုံးစြဲ နိုင္ၿပီး ခိုင္မာတဲ့ေငြ (ေငြမာ) (Hard Currency) အျဖစ္ ရပ္တည္ ခဲ့ဖူးသည္။ ထိုေခတ္ ထိုအခါက ေငြစကၠဴမ်ားေပၚတြင္ ျမန္မာေငြ ေၾကးဘုတ္အဖြဲ႕ဝင္မ်ားျဖစ္သည့္ ေမာင္ေကာင္း စံလင္းဟူေသာ လက္မွ တ္မ်ားကို ေတြ႕ရမည္ျဖစ္သည္။

ေမာင္ေကာင္း ဆိုသည္မွာ ပညာမင္းႀကီး၊ ပထမဆုံးျမန္ မာ့သမိုင္းေကာ္ မရွင္ ဥကၠဌအျဖစ္ ထမ္းေဆာ င္ခဲ့သည့္ စည္သူ ဦးေကာင္း ျဖစ္ပါသည္။ ဦးေကာင္းအား ၁၉၀၄-ခုႏွစ္၊ ေအာက္တိုဘာလ (၃၀)ရက္ေန႕၌ ယစ္ မ်ိဳးမင္းႀကီး ဦးဘေသာ္ႏွင့္ ေဒၚၾကင္ၿမိဳင္တို႔က ျမင္းၿခံၿမိဳ႕၌ ဖြားျ မင္ခဲ့သည္။ အသက္ ငါးႏွစ္ အ႐ြယ္တြင္ ျမင္းၿခံၿမိဳ႕ ဘက္ပလစ္ေ က်ာင္း၌ စတင္ပညာသင္ၾကားခဲ့ပါသည္။ ရန္ကုန္ၿမိဳ႕သို႔ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ကူရွင္အထက္တန္း ေက်ာင္း၊ စိန႔္ေပါလ္ အထက္တန္းေက်ာင္း (ယခု အ.ထ.က(၆)ဗိုလ္တေထာင္) တြင္ ပညာဆက္လက္ ဆည္းပူးခဲ့ပါသည္။

၁၉၂၀-ျပည့္ႏွစ္တြင္ အစ္ကိုျဖစ္သူ ဦးဘဦး၏ ေထာက္ပံ့မႈျဖင့္ အ ဂၤလန္နိုင္ငံ၊ ဆမ္းမားဆက္ျ ပည္နယ္ တြန္တန္ဘုရင့္ေကာလိပ္ သီးသန႔္အထူးပညာသင္ေက်ာင္း (Taunton Public School, Somerset)၌ ပညာဆက္လက္ ဆည္းပူးခဲ့သည္။

၁၉၂၂-ခုႏွစ္တြင္ လန္ဒန္ မက္ထရစ္ စာေမးပြဲကို ဂုဏ္ထူး ငါးဘာသာျဖင့္ ေအာ င္ျမင္ခဲ့သည္။ ၁၉၂၃-ခုႏွစ္တြင္ ျမန္မာနိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာၿပီး ရန္ကုန္တကၠသိုလ္၌ ဥပစာ ဒုတိယႏွစ္မွ စတင္သင္ယူခဲ့ရာ သုံးႏွစ္ၾ ကာသင္ယူၿပီးေနာက္ ၁၉၂၆-ခုႏွစ္တြင္ ဘီေအဘြဲ႕(အဂၤလိပ္စာ ဂုဏ္ထူး)၊ ၁၉၂၉-ခုႏွစ္ ႏွစ္ႏွစ္အၾကာတြင္ မဟာဝိဇၨာ(ပညာေရး)ဘြဲ႕ ရရွိခဲ့သည္။ ရန္ကုန္တကၠသိုလ္၌ အဂၤလိပ္ဘာသာႏွင့္ စာေပအ ထက္တန္း နည္းျပဆရာအျဖစ္ ေဆာင္႐ြက္ေနစဥ္အတြင္း နိုင္ငံျခား ပညာေတာ္သင္ဆုကို ရရွိကာ လန္ဒန္တကၠသိုလ္ ဘုရင့္ေကာလိပ္တြင္ တစ္ႏွစ္ပညာသင္ၾကားခြင့္ ရရွိခဲ့ပါေသးသည္။

ထို႔ေနာက္ အစိုးရအ ထက္တန္းေ က်ာင္းအုပ္ လက္ ေထာက္ပညာဝန္၊ ပညာဝန္၊ ရန္ကုန္အစိုးရအထက္ တန္းေက်ာင္း (ယခု လသာအ.ထ.က-၁)တြင္ ေက်ာင္းအုပ္ဆရာႀကီး၊ ပညာေရး အရာရွိခ်ဳပ္ စသည္ျဖင့္ ပညာေရးနယ္ပယ္မွ တာဝန္အသီးသီးကို ထမ္းေဆာင္ခဲ့သည္။

၁၉၄၆-၄၇ ခုႏွစ္တြင္ တြဲဘက္လက္ေ ထာက္ ပညာမင္းႀကီး၊ လြတ္လပ္ေရးကာလတြင္ အဂၤလန္နိုင္ငံပညာေတာ္သင္မ်ားအတြက္ အႀကံေပးအရာရွိအျဖစ္ ထပ္မံ အမႈထမ္းခဲ့ရသည္။ ထို႔ျပင္ အဂၤလန္နိုင္ငံရွိ ျမန္မာသံ႐ုံး ပညာေရးသံမႉး အျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့ရသည္။ အဂၤလန္နိုင္ငံတြင္ တာဝန္ထမ္းေ ဆာင္စဥ္ ၁၉၄၇-၄၉ ခုႏွစ္၌ ျမန္မာနိုင္ငံေတာ္ ေငြေၾကးဘုတ္အဖြဲ႕ဝင္အျဖစ္ခန႔္အပ္ခံရကာ ေငြစကၠဴ မ်ားေပၚတြင္ `ေမာင္ေကာင္း´ ဟူ၍ လက္မွတ္ေရး ထိုးခဲ့ရပါသည္။ ၁၉၅၁ ခုႏွစ္တြင္ ျပည္ေထာင္စုျမန္မာနိုင္ငံေတာ္ ပညာမင္းႀကီးအျဖစ္ ရာထူးတိုးျမႇင့္ခန႔္အပ္ခံခဲ့ရပါသည္။

ဦးေကာင္းသည္ ပညာေရး ဝန္ထမ္း တဦးအေနျဖင့္လည္း ျမန္မာနိုင္ငံ တကၠသိုလ္ဖြဲ႕စည္းေရးေကာ္မတီ အတြင္းေရးမႉး(၁၉၄၆-၄၇)၊ ယူနက္စ္ကို ပညာေရးမစ္ရွင္အဖြဲ႕ အႀကံေပးအရာရွိ (၁၉၅၀-၅၁)အျဖစ္ပါ တာဝန္ယူခဲ့ရပါသည္။ ရာထူးေနရာ အမ်ိဳးမ်ိဳးတြင္ ထူးခြၽန္စြာ ထမ္းေဆာင္နို င္ခဲ့သူျဖစ္သည္ႏွ င့္အညီ ၁၉၅၃ ခုႏွစ္တြင္ ျပည္ေထာင္စု ျမန္မာနိုင္ငံေတာ္ အစိုးရက ပညာမင္းႀကီးအား ‘စည္သူ’ ဘြဲ႕ေပးအပ္ျခင္းကို ခံခဲ့ရသည္။

ျမန္မာနိုင္ငံ တြင္သမို င္းေကာ္မရွင္အား ဖြဲ႕စည္းၿပီးေနာက္ ပထမဆုံး ဥကၠ႒အျဖစ္ ခန႔္အပ္ ခံခဲ့ရျပန္သည္။ ဦးေကာင္း ေရးသားခဲ့သည့္ စာအုပ္မ်ားအနက္ ၿဗိတိသွ်တို႔ မသိမ္းပိုက္မီႏွင့္ သိမ္းပိုက္ၿပီးေခတ္ ျမန္မာနိုင္ငံ ပညာေရး သမိုင္း” ၊ “ျမန္မာေက်ာင္းမ်ားတြင္ စာစီစာ ကုံး သင္ၾကားနည္း”၊

“ျမန္မာနိုင္ငံ တကၠသိုလ္ ဖြဲ႕စည္းေရး ေကာ္မတီ အစီရင္ခံစာ (၁၉၄၇)”၊ “ျမန္မာနိုင္ငံ ပညာေရး ရွစ္ႏွစ္ (၁၉၄၇-၅၅) အစီရင္ခံစာ” စသည္တို႔မွာ ထင္ရွားခဲ့၏။ ၁၉၅၇ ခုႏွစ္တြင္က်င္းပမည့္ သတၱမတန္းစာေမးပြဲေမးခြန္းမ်ားကို လုံၿခဳံစိတ္ခ်မႈရွိေစရန္အတြက္ အိႏၵိယနိုင္ငံ ကာလကတၱားၿမိဳ႕၌ပုံႏွိပ္ေရးကိစၥကိုပညာေရးမင္းႀကီးဦးေကာင္းက တာဝန္ယူ ေဆာင္႐ြက္ခဲ့ရ၏။

မရိုးလမ္းႏွင့္ ေခ်ာင္ရင္ဂီ လမ္းေထာင့္တြင္ ျမဴႏွင္းမ်ား ထူထပ္စြာက် ေရာက္ေနမႈေၾကာင့္ ကားက လမ္းေဘး သံတိုင္အား အရွိန္ျပင္းစြာ ဝင္ေရာက္ တိုက္မိသြား၏။ ကားေမာင္းသူ ကိုယ္စားလွယ္မွာ ဒဏ္ရာအနည္းငယ္သာ ရရွိေသာ္လည္း ပညာမင္းႀကီးဦးေကာင္းမွာမူ ဒဏ္ရာျပင္းထန္စြာ ရရွိသြားခဲ့သည္။

နံရိုးသုံးေခ်ာင္း က်ိဳးသြားသျဖင့္ ကာလကတၱား ေဆး႐ုံသို႔ တက္ေရာက္ ကုသခဲ့ရ၏။ ဒဏ္ရာမွာ ျပင္းထန္လွသည့္ အေလ်ာက္ ၁၉ ေဖေဖာ္ဝါရီ ၁၉၅၇ တြင္ ပညာမင္းႀကီး ဦးေကာင္း ကာလကတၱားၿမိဳ႕၌ ကြယ္လြန္သြားပါသည္။ ေနာက္တေန႕တြင္ ပညာမင္းႀကီး ႐ုပ္ကလာပ္အား ရန္ကုန္သို႔ ေလယာဥ္ျဖင့္ သယ္ယူၿပီး ျမန္မာနိုင္ငံ ရန္ကုန္ၿမိဳ႕၌ သၿဂိဳလ္ခဲ့၏။

ပညာမင္းႀကီး ဦးေကာင္းကြယ္လြန္စဥ္ ဇနီးေဒၚသိန္းသားဦးေသာ္ေကာင္း (ေနာင္ တကၠသိုလ္မ်ား ဗဟို စာၾကည့္တိုက္မႉး)၊ သမီး ေဒၚရီေမေကာင္း၊ ေဒၚၾကည္ေမေကာင္းတို႔ က်န္ရစ္ခဲ့ၾကပါသည္။ ပညာမင္းႀကီး ဦးေကာင္း၏သား ဆရာႀကီး ေဒါက္တာ (ဦး) ေသာ္ေကာင္းမွာ ဖူကူအိုကာဆုရ စာၾကည့္တိုက္ ပညာရွင္တဦး ျဖစ္ပါသည္။ ပညာမင္းႀကီးဦးေကာင္း သည္ ျမန္မာနိုင္ငံသမိုင္းေကာ္မရွင္၏ ဥကၠ႒ ျဖစ္ခဲ့သကဲ့သို သားျဖစ္သူ ဆရာႀကီး ေဒါက္တာ ဦးေသာ္ေကာင္းမွာလည္း ၁၆ ဇန္နဝါရီ ၂၀၀၂ မွ စ၍ ျမန္မာနိုင္ငံ သမိုင္း ေကာ္မရွင္ အခ်ိန္ျပည့္ အဖြဲ႕ဝင္ ျဖစ္လာခဲ့သည္။

ဆရာႀကီး စည္သူေဒါက္တာေသာ္ေကာင္းသည္ ၂၀၁၆ ခုႏွစ္ ထြန္းေဖာင္ေဒးရွင္း တစ္သက္တာစာေပဆုရွင္အျဖစ္ ေ႐ြးခ်ယ္ခ်ီးျမႇင့္ျခင္းခံရသည္။ စာအုပ္စာေပ ႏွင့္ စာၾကည့္တိုက္မ်ား ဖြံ႕ၿဖိဳးတိုးတက္ဖို႔အေရး ႀကိဳးပမ္းေနသည္ ေဒါက္တာ သန႔္ေသာ္ေကာင္းမွာ ဦးေကာင္း၏ ေျမး ျဖစ္ပါသည္။

ပညာမင္းႀကီး ဦးေကာင္းသည္ ျမန္မာ့ပညာေ ရးေလာကတြင္ ထူးျခားေသာ အယူအဆတ စ္ရပ္ ရွိသူျဖစ္ သည္။ ဦးေကာင္း၏ ပညာေရးအယူအဆတစ္ရပ္မွာ စာေမးပြဲအတြက္သာ ဦးစားေပးေသာ ပညာေရးမ်ိဳး မဟုတ္ဘဲ အသိပညာႂကြယ္ဝ မႈႏွင့္ဘက္စုံပညာတတ္ ကြၽမ္းမႈတို႔ကို အေလးထားအားေ ပးေသာ အယူအဆျ ဖစ္ပါသည္။ ပညာမင္းႀကီး ဦးေကာင္းက ပညာသင္ၾကားျခင္းသည္ ေက်ာင္းေနစဥ္သာမဟုတ္ ဘဝတစ္ေလွ်ာ က္လုံးအတြက္ ျဖစ္ရမည္ဟု မိန႔္ဆိုခဲ့သည္။

Leave a Reply

Your email address will not be published. Required fields are marked *