တစ်ခုရွေးလိုက်ပါ….သင်ရွေးချယ်လိုက်တဲ့ ဆွဲကြိုးလေးတွေ က တစ်ဆင့် သင်ဟာ ဘယ်လိုကောင်မလေးလဲ ပြောပြမယ်

Posted on

ခု သင် ရွေးချယ်လိုက်တဲ့ ဆွဲကြိုးလေးတွေ က တစ်ဆင့် သင်ဟာ ဘယ်လိုကောင်မလေး တစ်ယောက်လဲ ဆိုတာ ပြောပြမယ်နော်

(၁) ရွှေရောင်ချိုးငှက်

ရွှေရောင်ချိုးငှက်

ငှက် ဆိုတာ လွတ်လပ်မှုနဲ့ ယုံကြည်မှုကို ကိုယ်စားပြုပါတယ်။ ရွှေရောင် ချိုးငှက်လေးကို ရွေးချယ်ခဲ့တယ် ဆိုရင်တော့ သင်ဟာ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့ မိန်းကလေး တစ်ယောက်ပါ။ ဒါ့အပြင် သင်ဟာ စိတ်ကူးယဉ်ဆန်ပြီး တီထွင် ဖန်တီးနိုင်စွမ်း အပြည့်အဝရှိသူလည်း ဖြစ်ပါတယ်။ မိန်းမဆန်ပြီး ကျက်သရေရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့အပြင် အပြစ်ကင်းစင် ပါတယ်။ သင်ဟာ လူတွေအတွက် ငြိမ်းချမ်းမှုတွေကို ယူဆောင်ပေး တတ်သူ တစ်ဦးဖြစ်တဲ့အပြင် လူတိုင်းကို ကြင်နာသနားပြီး ကူညီပေးတတ်ပါသေးတယ်။

(၂) ရွှေရောင်အသည်းနှလုံး

ရွှေရောင်အသည်းနှလုံး

အသဲနှလုံး ကတော့ သနားကြင်နာမှုနဲ့ ချစ်ခင်မှုကို ကိုယ်စားပြု ပါတယ်။ ရွှေရောင် အသည်းနှလုံးလေးကို ရွေးချယ်ခဲ့တယ် ဆိုရင်တော့ သင်ဟာ သနားကြင်နာတတ်ပြီး အရမ်းချစ်တတ်တဲ့ မိန်းကလေး တစ်ယောက်ပေါ့… ဒါပေမယ့် သင်ဟာ နားလည်ရ ခက်ပြီး လျှို့ဝှက်ချက်တွေ များပါတယ်။ လူတွေအမြင်မှာ သင်ဟာ အသည်းနှလုံးမရှိတဲ့လူ၊ ခံစားချက် မရှိတဲ့လူလို့ ထင်ရပေမယ့် တကယ်တော့ သင်ဟာ အရမ်း ချစ်တတ်ပြီး တဖက်လူဆီက နွေးထွေးမှုနဲ့ ဂရုစိုက်မှုကို မျှော်လင့်တောင်းတနေသူ တစ်ယောက်ပေါ့။

(၃) ရွှေရောင်လပြည့်ဝန်း

ရွှေရောင်လပြည့်ဝန်း

လပြည့်ဝန်း ကတော့ စွမ်းအား အပြည့်ရှိခြင်း၊ ဆန္ဒတွေကို အကောင်အထ ည်ဖော်နိုင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ရွှေရောင် လပြည့်ဝန်းကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ကိုယ်လုပ်ချင်တဲ့အရာကို မရမက အကော င်အထည်ပေါ်အောင် လုပ်ဆောင်တတ်တဲ့ မိန်းကေ လးတစ်ယောက်ပါ။ ဒါ့အပြင် ညှို့အားအပြည့်ရှိပြီး ဆန့်ကျင်ဘက် လိင်တွေကိုလည်း ဆွဲဆော င်နိုင်ပါသေးတယ်။ ဖက်ရှင်နဲ့ပတ် သက်ရင် ခေတ်နဲ့အညီ အမြင်ရှိပြီး သပ်သပ် ရပ်ရပ်နဲ့ စမက်ကျကျ ဝတ်စားဆင်ယင်မှုကို နှစ်သက်ပါတယ်။

(၄) ရွှေရောင်သရဖူ

ရွှေရောင်သရဖူ

သရဖူ ကတော့ ဂုဏ်သိက္ခာရှိခြင်း၊ ကြွယ်ဝချမ်း သာမှု၊ လှပမှုတို့ကို ကိုယ် စားပြုပါတယ်။ သင်ဟာ ရွှေရောင်သရဖူကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို အလွန်တ န်ဖိုးထားတဲ့ မိန်းကလေး တစ်ယော က်ပါ။ ဒါ့အပြင် ခေါင်းဆောင်ကောင်းတ စ်ယောက်ရဲ့ အရည်အချင်းတွေနဲ့ မွေးဖွားလာ သူလည်း ဖြစ်ပါတယ်။ ဖော်ဖော်ရွေရွေနေတတ်ပြီး လူတွေကိုလည်း လေးလေးစားစား ပြောဆိုဆက်ဆံ တတ်ပါတယ်။ များသောအားဖြင့် သင်ဟာ လူတွေရဲ့စ ကားကို နားထောင်ပေးသူ တစ်ယောက်ပေါ့။

Credit;

Leave a Reply

Your email address will not be published. Required fields are marked *