တစ်မိနစ် ၁ သိန်းခွဲနဲ့ ရည်းစားစကားတွေလာ ပြောလို့ရပါပြီဆိုတဲ့ မအေးသောင်း

မအေးဝတ်ရည်သောင်းကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ် တာကြောင့် ပရိသတ်တွေအများစွာရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။

အသက်သုံးဆယ်ကျော်အရွယ်ရှိပင်မဲ့ လှပနုပျိူနေတဲ့ အေးဝတ်ရည်သောင်းက သူမရဲ့ချစ်သူကို တရားဝင်ချ ပြထားပေမယ့် အခုအချိန်ထိ အိမ်ထောင်ပြုမယ့်ကိစ္စကိုအခုထိ  ပြောကြားထားခြင်းမရှိသေးပါဘူး။

ပရိသတ်တွေကတော့ မအေးသောင်းရဲ့ အနုပညာ  လုပ်ငန်းတွေအပြင် သူမရဲ့ အိမ်ထောင်ရေးကိုလည်းအရမ်း စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။

အပျိုကြီးပီပီ စကားပြောတတ် ဆိုတတ်လွန်းတဲ့ အေးဝတ်ရည်သောင်းက ဒီကနေ့မှာလည်း ရည်းစားစကားလာ  ပြောကြတဲ့ ပုရိသအမျိုးသားတွေကို သူ့အလိုလို  နောက်ဆုတ်သွားအောင် ပညာသားပါပါနဲ့ ငြင်းဆိုခဲ့တာကို တွေ့ရပါတယ်။

အေးဝတ်ရည်သောင်းက “အလုပ်အသစ် လက်ခံနေပါပြီနော်။ ရည်းစားစကားပြောရင်  နားထောင်ပေးပါတယ်။ တစ်မိနစ် ၁သိန်းခွဲပါနော်။ ညလုံးပေါက်ပြောလဲ  နားထောင်ပေးနေပါပြီ။ ကြိုတင်ဘိုကင် ယူလိုက်ပါတော့နော်။” ဆိုပြီး စစနောက်နောက်နဲ့ ပြောလာတာပဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းကတော့ သူမကို ရည်းစားစကားပြောကြတဲ့ ပုရိသတွေကိုလည်း  တစ်မိနစ်ပြောရင် တစ်သိန်းခွဲဆိုပြီး အရွှန်းဖောက်ပြောလာတာပဲ ဖြစ်ပါတယ်။

ရည်းစားစကားအပြောခံရလွန်းတဲ့ မိန်းမချောလေးတွေလည်း  အေးဝတ်ရည်သောင်းရဲ့ နည်းလမ်းကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်း  သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို   ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Aye Thaung ‘s fb

Unicode

မအေးဝတ်ရည်သောင်းကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တာကြောင့် ပရိသတ်တွေများစွာရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။

အသက်သုံးဆယ်ကျော်အရွယ်ရှိ ပင်မဲ့လှပနုပျိူနေတဲ့ အေးဝတ်ရည်သောင်းက သူမရဲ့ချစ်သူကို တရားဝင်ချပြ ထားပေမယ့် အခုအချိန်ထိ အိမ်ထောင်ပြုမယ့်ကိစ္စကိုအခုထိ  ပြောကြားထားခြင်းမရှိသေးပါဘူး။

ပရိသတ်တွေကတော့ မအေးသောင်းရဲ့ အနုပညာလုပ်ငန်းတွေအပြင် သူမရဲ့ အိမ်ထောင်ရေးကိုလည်အရမ်း  စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။

အပျိုကြီးပီပီ စကားပြောတတ် ဆိုတတ်လွန်းတဲ့ အေးဝတ်ရည်သောင်းက ဒီကနေ့မှာလည်း ရည်းစားစကားလာပြောကြတဲ့ ပုရိသအမျိုးသားတွေကို သူ့အလိုလိုနောက်ဆုတ်သွားအောင် ပညာသားပါပါနဲ့ ငြင်းဆိုခဲ့တာကို တွေ့ရပါတယ်။

အေးဝတ်ရည်သောင်းက “အလုပ်အသစ်လက်ခံနေပါပြီနော်။ ရည်းစားစကားပြောရင် နားထောင်ပေးပါတယ်။ တစ်မိနစ် ၁သိန်းခွဲပါနော်။ ညလုံးပေါက်ပြောလဲနားထောင်ပေးနေပါပြီ။ ကြိုတင်ဘိုကင် ယူလိုက်ပါတော့နော်။” ဆိုပြီး စစနောက်နောက်နဲ့ ပြောလာတာပဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းကတော့ သူမကို ရည်းစားစကားပြောကြတဲ့  ပုရိသတွေကိုလည်း   တစ်မိနစ်ပြောရင် တစ်သိန်းခွဲဆိုပြီး အရွှန်းဖောက်ပြောလာတာပဲ ဖြစ်ပါတယ်။

ရည်းစားစကားအပြောခံရလွန်းတဲ့ မိန်းမချောလေးတွေလည်း အေးဝတ်ရည်သောင်းရဲ့ နည်းလမ်းကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်း  သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို  ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Aye Thaung  ‘s fb

Add a Comment

Your email address will not be published. Required fields are marked *