တည်ဆောက်ပုံ ဒီဇိုင်း အလှဆုံးမြို့ နာမည်ကြီး သမိုင်းဝင်မြို့တမြို့ဖြစ်ခဲ့တဲ့ ဘာစီလိုနာ

Posted on

ဘာစီလိုနာ လို့ ဆိုလိုက် တာနဲ့ ကမ္ဘာကျော် ဘာစီလိုနာ ဘောလုံး ကလပ် အသင်းကို အရင်မြင်မိ ပါလိ မ့်မယ်။ ဘော လုံးကလပ်က ကမ္ဘာေ ကျာ်သလို ဘာစီလိုနာမြို့ဟာလည်း သူ့ရဲ့တ ည်ဆောက် ထားတဲ့ ဒီဇိုင်းကြောင့် တည်ေ ဆာက်ပုံဒီဇို င်းအလှ ဆုံးမြို့ တမြို့အဖြစ် နာမည်ကြီးပါတယ်။

ဘာစီလိုနာမြို့ ဟာ စပိန်နိုင်ငံ အရှေ့မြောက် ပိုင်းကမ်း ရိုးတန်းမှာ တည်ရှိပြီး ကတ်တလ န်ဒေသရဲ့ မြို့တော်လ ည်း ဖြစ်ပါတယ်။ စပိန်နိုင်ငံရဲ့ ဒုတိယလူဦးရေ အများ ဆုံးမြို့ဖြစ်ပြီး မြို့ပေါ်နေလူဦးရေ ၁.၆ သန်းေ ကျာ်ရှိကာ ဒေသတ ခုလုံးဆိုရ င်တော့ လူဦးရေ ၅ သန်းနီးပါး အထိ နေထိုင်ကြပါတယ်။

နူးကမ့်ဘော လုံးကွင်း ကြီးအပြင် ဗိသုကာ လက်ရာမြောက်တဲ့ အေ ဆာက်အဦးတွေ နဲ့ ပြတိုက်ေ တွကြောင့် စပိန်ရဲ့ ကမ္ဘာလှည့် ခရီးသွားတွေ အနှစ်သက်ဆုံးမြို့တမြို့လည်းဖြစ်ပါတယ်။ ဘာစီလိုနာမြို့ကို ကောင်း ကင်ကမြင်ရသလို ကြည့်တဲ့ ဓာတ်ပုံတွေမှာ ဆိုရင် ဒီမြို့ရဲ့ အဆောက် အဦးတွေနဲ့ လမ်းတွေဟာ ဂရစ်မျဉ်းဆွဲထားသလို လေးထောင့်ကျကျ ညီညာလှပနေတာကို သတိထားမိကြမှာပါ။

တကယ်တော့ ဘာစီလိုနာ တမြို့လုံး အဲဒီလို စတုရန်းပုံ တညီတညာတ ည်းဖြစ်နေ တာမဟုတ်ပဲ အဲဒီလိုဖြ စ်နေတဲ့ အဓိက နေရာဟာ Eixample လို့ ခေါ်တဲ့ ရပ်ကွက်ကြီးဖြစ်ပါတယ်။ ၃ စတုရန်းမိုင်နီးပါး ကျယ်ဝန်း တဲ့ ဒီရပ်ကွက်ြ ကီးတခု လုံးမှာ လူဦးရေ ၃ သိန်းနီးပါး နေထိုင်လျက်ရှိပါတယ်။

ဘာကြောင့် မြို့ဒီဇိုင်း ဒီလောက် လှပနေ သလဲဆိုရင်တော့ လွန်ခဲ့တဲ့ ၂ ရာစုေ လာက်ကို ပြန်သွားရမှာ ဖြစ်ပါတယ်။ သမိုင်းဝင်မြို့တမြို့ဖြစ်ခဲ့တဲ့ ဘာစီလိုနာဟာ ရှေးခေတ်မြို့တွေအတိုင်း တံတိုင်းခတ်ကာ တည်ရှိခဲ့တဲ့ မြို့ဖြစ် ပါတယ်။ မြို့ရဲ့တံ တိုင်းတွေ ကိုတော့ ၁၂ ရာစု နဲ့ ၁၅ ရာစု ကြားကာလမှာ တည်ဆောက်ခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းက မြို့သူမြို့သားေ တွဟာ တံတိုင်း ခတ်ထားတဲ့ မြို့အတွင်းမှာပဲ နေထိုင်ြ ကတာပါ။ ဘာစီလိုနာဟာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ပြီး ဥရောပရဲ့ ချမ်းသာတဲ့မြို့အဖြစ် တဖြည်းဖြည်းကူးပြောင်းလာသလို ဒီမြို့ရဲ့ လူဦးရေကတည်း တိုးပွား ပြီးရင်း တိုးပွားလျက်ရှိပါတယ်။

တံတိုင်းအတွင်းက ရှိသမျှနေ ရာလွတ်ေ တွမှာ အဆော က်အအုံတွေ တိုးချဲ့ဆောက် လုပ်နေထိုင်ရင်း လူဦးရေ အလွန်ထူထပ်လာ ခဲ့ပါတယ်။ လူဦးရေ အလွန်အမင်း ထူထပ်လာခြင်းရဲ့ နောက်ဆက်တွဲဆိုး ကျိုးအဖြစ် ရေ နဲ့ စွန့်ပစ်အည စ်အကြေးေ တွကို ပေးဝေ ထိန်းချုပ် စွန့် ပစ်ရာမှာ အခက်အခဲတွေ ရှိလာခဲ့ပါတယ်။

လူတွေရှုပ်ထွေးပြီး အညစ်အြေ ကးတွေကြောင့် အဲဒီအချိန်က ကာလ ဝမ်းရောဂါရဲ့ အန္တရာယ်ပါစိုးရိမ် လာရပြီးတဲ့နောက် အုပ်ချူပ်သူတွေဟာ မြို့ကို မဖြစ်မနေ တိုးချဲ့ဖို့ စီစဉ်လာရပါတော့တယ်။ အရင်ဆုံးအနေနဲ့ မြို့ကို ဝန်းရံခတ်ထားတဲ့ ဒီဇိုင်းကို ၁၈၅၄ ခုနှစ်မှာ ဖြိုချပစ်လို က်ဖို့ ခွင့်ပြုခဲ့ပါတယ်။

မြို့ကို ဆက်လက် တိုးချဲ့ဖို့ ဒီဇိုင်း ရှာဖွေကြတဲ့အခါ မှာတော့ အင်ဒဖွန်ဆန်ဒါ Ildefons Cerdà ကို သွားတွေ့ပါတယ်။

Ildefons Cerdà ဟာ ဘာစီလို နာသား မြို့ပြအင်ဂျင်နီယာတဦးြ ဖစ်ပြီး သူ့ရဲ့ Cerdà Plan လို့ အမည်ရတဲ့ ဒီမြို့ကွက်ဒီဇို င်းက ခေတ်လွန် ဒီဇိုင်းလို့ ဆိုရလောက်အောင် ပြည့်စုံနေပါတယ်။

သူ့ရဲ့ဒီဇိုင်းဟာ နေထိုင် သူတွေ အတွက် သက်တောင့်သက်သာ ရှိစေဖို့နဲ့ ဆင်းရဲချ မ်းသာမရွေး ညီတူညီမျှ တတန်းတ စားတည်း နေနိုင်ဖို့ပေါ်မှာ ရည်ရွယ်ထားတာပါ။ နေထိုင်မယ့်သူ ဦးရေအလိုက် ရှိသင့်တဲ့ အကျယ်အဝန်း ၊ လတ်ဆတ် တဲ့လေထု ရရှိနိုင်မှု ၊ နေရောင်ခြည်ရရှိနို င်မှု စတဲ့အချက်အလ က်အား လုံးကို တွက်ချက်ပြီး မြို့ဒီဇိုင်းကို ရေးဆွဲခဲ့တာဖြစ်ပါတယ်။

မြို့ဒီဇိုင်းမှာ စတုရန်းပုံ အဆောက်အ အုံပေါင်း ၅၂၀ ခန့် ပါဝင်ပြီး ထောင့်အတိအ ကျမဖြစ်စေအော င်(၄၅ဒီဂရီစောင်းပြီး) တည်ဆောက် ထားပါတယ်။ လမ်းတွေကိုလည်း အလွန်ကျယ်ဝန်းစွာ တည်ဆောက် ထားပြီး ပုံမှန် ၂၀ မီတာ ကျယ်တဲ့ လမ်းတွေကနေ ၅၀ မီတာဝန်းကျ င်အထိ ကျယ်တဲ့လမ်းတွေ ပါဝင်နေပါတယ်။

နေရာတိုင်းလိုလိုမှာ လမ်းဆုံတွေရှိေ နတာကြောင့် အဲဒီခေတ် အခါက ခေတ် စားနေတဲ့ မြင်းလှည်းတွေဟာ မည်သ ည့်နေရာက မဆို အလွယ်တကူပြန်ကွေ့နိုင်ကြပါတယ်။

ဒီဖန်တီးမှုဟာ ဒီဘက်ခေတ် မော်တော်ကားေ တွအတွက်လည်း အဆင်ပြေစေပြီး တချို့နေရာေ တွမှာတော့ ယာယီ ရပ်နားရန်နေရာတွေကို ဖန်တီးပေးထားပါတယ်။

လေးထောင့်ဘလောက် အဆော က်အဦးြ ကီးတခုစီဟာ တခုနဲ့တခု သီးခြားစီရှိေ နတာကြောင့် နေထိုင်သူတွေဟာ လွတ်လပ်စွာေ နထိုင်နိုင်တဲ့အပြင် လူဦးရေအလိုက် ရှိသင့်တဲ့ ဆေးရုံ ၊ ဈေး ၊ ကျောင်း စတဲ့ မရှိမဖြစ်အဆောက်အ အုံတွေကိုလည်း တွက်ချက်ထည့် သွင်း တည်ဆောက်ပေးထားပါတယ်။

အဆောက်အအုံ နဲ့ လမ်းအလို က် သစ်ပင်တွေ ကို စိုက်ပျိုးထားတဲ့အပြင် နေထိုင်သူတွေ စိတ်ကြ ည်လင်မှုကို ရရှိစေဖို့အတွက် စိမ်းလန်းတဲ့နေရာတွေ ၊ အပန်းဖြေနေရာတွေ ပါဝင်နေပြန်ပါတယ်။ (ဒီဘက်ခေတ် မှာတော့ လေထုညစ် ညမ်းမှုကို ပိုလျှော့နိုင်ဖို့ အချို့လမ်းတွေမှာ ကားသွားခွင့်ကို ပိတ်ပင်ထားပါတယ်)

အဆောက်အဦးေ တွကို အတိုင်းအတာ အတူတူ အကန့်အသတ် အတွင်းမှာသာ တည်ဆောက်စေခဲ့ပါတယ်။

ဘလောက်တခုရဲ့ အတိုင်းအ တာဟာ ၁၁၃ မီတာ ရှိပြီး အကျ ယ်အဝန်း ၁၂၃၇၀ စတုရန်းမီတာစီရှိပြီး အမြင့် ၁၆ မီတာ စီရှိပါတယ်။ ဘလောက်တခုမှာ ဥယျာဉ်အတွက် ၈၀၀ စတုရန်းမီတာ စီပါရှိဖို့လည်း စည်းကမ်းသတ်မှတ်ထားပါတယ်။

နှစ်ပေါင်း များစွာ ကြာမြင့်ပြီ ဖြစ်ပေမယ့် ဒီမြို့က အဆောက် အဦးတွေဟာ ဟိုးအရင်ကအတိုင်း မပြောင်းလဲပဲ ရှိနေရတဲ့ကြောင်း ရင်းကတော့ ဒီဘက်ခေတ် ပြန်တည်ဆောက်သူအ များစုဟာလည်း မူလစည်းက မ်းတွေကို လိုက် နာကြလို့ ဖြစ်ပါတယ်။ ဒီမြို့ရဲ့အမြင့်ဆုံး အဆော က်အဦးကတော့ Sagrada Família ရိုမန်ကတ်သလစ်ဘုရားကျောင်းကြီးဖြစ်ပြီး အမြင့် ၁၇၀ မီတာ ရှိပါတယ်။

Eixample neighborhood in Barcelona

မြို့ကွက်ကို ၁၈၅၉ ခုနှစ်မှာ စတင်တ ည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၄၀ နီးပါးအကြာ ၁၈၉၇ ခုနှစ်မှာတော့ တည်ဆောက်မှု ပြီးစီးခဲ့ပါတယ်။

ယခုဆိုရင် ဒီပရောဂျက် ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၁၀၀ ကျော်သွားပြီဖြစ်ပေမယ့် ဘာစီလိုနာ Eixample မြို့ကွက်ဟာ ၂၁ ရာစု မြို့တွေကိုကျော်လွန်ပြီး ပြည့်စုံကောင်းမွန်တဲ့ မြို့ကွက်ဒီဇိုင်းအဖြစ် သတ်မှတ် ခံထားရဆဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *