ဒီကနေ့ ကမ္ဘာပေါ် မှာ နိုင်ငံပေါင်း ၂၀၀ ကျော် ရှိပြီး ကျွန်တော်တို့ ကြားတောင် မကြားဖူးတဲ့ နိုင်ငံတွေ လည်း ပါမှာပါပဲ။ တချို့နိုင်ငံတွေဆို သေးလွန်းလို့ ရွာလေး တစ်ရွာစာလောက်ပဲ ရှိပါတယ်။ ကမ္ဘာ့ အသေးဆုံး နိုင်ငံတွေ အကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်။
(၄) The Principality of Seborga

အီတလီ နယ်စပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံတစ်ခုဖြစ်ပြီး ဧရိယာ စတုရန်းကီလိုမီတာ ၄.၉၁ ကီလိုမီတာပဲ ရှီပါတယ်။ ဒီနယ်ကို အုပ်ချုပ်သူက His Tremendousness Marcello I ဖြစ်ပါတယ်။ တကယ်က The Principality of Seborga ဟာ ပြင်သစ်နယ်စပ် အနားက ရွာလေးတစ်ရွာပဲ ဖြစ်ပါတယ်။ စစ်တပ်တော့ ရှိပါတယ်။ ကာကွယ်ရေးဝန်ကြီး ၁ ယောက်နဲ့ နယ်ခြားစောင့် စစ်သား နှစ်ဦးတည်း ပါပဲ။ လူဦးရေ ကလည်း စုစုပေါင်းမှ ၃၁၂ ဦးပဲ ရှိတယ်လို့ ဆိုပါတယ်။
(၃) The Principality of Hutt River

ဧရိယာ စတုရန်း ကီလိုမီတာ ၇၅ ကီလိုမီတာ ရှိပြီး လူဦးရေအားဖြင့် ၃၀ ပဲ နေထိုင်တယ်လို့ ဆိုပါတယ်။ ဩစတြေးလျ နိုင်ငံနားက ကိုယ်ပိုင်နိုင်ငံငယ်တစ်ခု ဖြစ်ပြီး တည်ထောင်သူက Lenonard Casley ဖြစ်ပါတယ်။ Casley ဟာ သူ့ယာမြေကို ကိုယ်ပိုင်လွတ်လပ်တဲ့ နယ်မြေသစ်အဖြစ် ကြေညာခဲ့တာပါ။ သူ့နိုင်ငံကို ဘယ် တိုင်းပြည်ကမှတော့ အသိအမှတ်ပြုမထားပေမယ့် ကိုယ်ပိုင်ငွေကြေး ၊ တံဆိပ်ခေါင်းနဲ့ ပတ်စ်ပို့တို့ ရှိပါတယ်။
(၂) The Principality of Sealand

သူလည်း အသိအမှတ်ပြု မခံရတဲ့ နယ်မြေတစ်ခုဖြစ်ပြီး ဂရိတ်ဗြိတိန် ကမ်းရိုးတမ်းက ၆ မိုင်အကွာမှာ ရှိတဲ့ ပင်လယ် စင်္ကြန်တစ်ခုဖြစ်ပါတယ်။ အုပ်ချုပ်သူက ကိုယ့်ကိုယ်ကိုယ် ဘုရင်အဖြစ် ကြေညာထားတဲ့ Prince Regent ဖြစ်ပြီး လူဦးရေ ၂၇ ဦးပဲ ရှိပါတယ်။ ဧရိယာ အကျယ်အဝန်း ဝ.၀၀၄ ကီလိုမီတာပဲ ရှီပါတယ်။ ထူးခြားချက်က လူတိုင်း ဗြိတိန်ပေါင် အနည်းငယ်လောက် ပေးရင် တော်ဝင်ဘွဲ့ရနိုင်တယ် ဆိုတာ ပါပဲ။
(၁) The Republic of Molossia

ဧရိယာ စတုရန်း ကီလိုမီတာ ဝ.၀၅၅ ကီလိုမီတာနဲ့ လူ ၇ ဦးပဲ နေထိုင်တဲ့ နယ်မြေ ဖြစ်ပါတယ်။ ဒီနိုင်ငံ ပိစိလေးကို အမေရိကန်ပြည်ထောင်စု နီဗားဒါးမှာ နေတဲ့ Kevin Baugh က တည်ထောင် ထားတာပါ။ လူဦးရေ အနေနဲ့ မစ္စတာဘော့ဂ်ရယ် ၊ သူ့မိသားစုရယ် ၊ ခွေးသုံးကောင် ၊ ကြောင်တစ်ကောင် နဲ့ ယုန်တစ်ကောင်ပဲ ရှိပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာတစ်ခုက ကိုယ်ပိုင် နိုင်ငံအလံ ၊ နိုင်ငံတော်သီချင်း ၊ သငေ်္ကတ တို့ ရှိပါတယ်။ ၂၀၁၇ မှာတော့ လူ ၄၀ ရှိလာတယ်လို့ ဆိုပါတယ်။
Credit;