တတိယမြောက်ရင်သွေးလေးကို ထပ်မံပိုင်ဆိုင်နေရပြီဖြစ်ကြောင်း ဗီဒီယိုဖိုင်လေးနဲ့ပရိသတ်တွေကို အသိပေးလိုက်တဲ့ အောင်လအန်ဆန်း

Posted on

ပရိသတ်ကြီး ရေ MMA ချန်ယီယံ တစ်ယောက် ဖြစ်တဲ့ ပရိသတ် အချစ်တော် အောင်လအန်ဆန်း ကတော့ လတ်တလော မှာ နောက်ထပ် ရင်သွေး ရတနာလေး တစ်ယောက်ကို ထပ်မံ ပိုင်ဆိုင်တော့မှာ ဖြစ်တဲ့ အကြောင်း သူ့ရဲ့ လူမှု ကွန်ရက် စာမျက်နှာ ကနေ မျှဝေ ဖော်ပြ လာခဲ့ ပါတယ်။

အောင်လ ကတော့ လက်ရှိမှာ သားတစ်ယောက် သမီးတစ်ယောက် ကို ပိုင်ဆိုင် ထားတဲ့ ဖခင် တစ်ယောက် ဖြစ်ပြီး အောင်လရဲ့ ဇနီး မှာတော့ နောက်ထပ် ရင်သွေးလေးကို ကိုယ်ဝန် ဆောင်ထား ရပြီပဲ ဖြစ်ပါတယ်။ ဒီနေ့ မှာ ပါပဲ Gender Reveal ကိတ်လေးကို ခွဲတဲ့ ဗီဒီယိုလေး ကိုတင်ကာ “We’ve got another boy due in August. The N Sang family is truly blessed. “ဆိုတဲ့ စာသားလေးနဲ့ အတူ ပရိသတ် တွေကို အသိပေး ခဲ့တာပဲ ဖြစ်ပါတယ်။

ရင်သွေးလေး ကတော့ သားယောက်ျာလေး တစ်ယောက် ဖြစ်တယ် လို့လည်း သိရှိ ရပြီး ရင်သွေးလေး ကိုတော့ လာမယ့် သြဂုတ်လမှာ မွေးဖွားသွားမှာ လို့လည်း သိရှိ ရပါတယ်။ ပရိသတ်ကြီးရေ နောက်ထပ် သားယောက်ျားလေး တစ်ယောက် ကို ပိုင်ဆိုင်တော့ မယ့် ဖေဖေအောင်လ အတွက် ဂုဏ်ပြု စကားလေး တွေ ပြောပေးခဲ့ ကြပါ ဦးနော်။

Zawgyi




Leave a Reply

Your email address will not be published.