တန်ဆောင်မုန်း လပြည့်နေ့ ၁၃၈၃ခုနှစ်၊ (18.11.2021) ​ကြာသပတေးနေ့ ….. ပံ့သကူပစ်ပါ!

Posted on

တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ ပံ့သကူပစ်ပါ။ ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲ စိတ်စေတနာ သန့်ရှင်းစွာ ပံ့သကူပစ်ပါ။ အစစအရာရာ ကြပ်တည်းလာတဲ့ ခေတ်မှာ ပံ့သကူပစ်ပါ ရတဲ့ သူ ပျော်ရွှင်ပါစေ။

ငွေပမာဏ နဲသည် ဖြစ်စေ ၊ များသည်ဖြစ်စေ ပစ္စည်း နဲသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကိုယ် တတ်နိုင်သည့် ပမာဏလေးကို စေတနာ များစွာဖြင့် ပံ့သကူပစ်ပါ။ နောင်ဘဝရမည့်ကုသိုလ်၊ ယခုရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာ ကိုယ့် ပံ့သကူလေးကြောင့် ရတဲ့သူပျော်သွားရင် ကိုယ်ပီတိဖြစ်ရတာက အခုချက်ခြင်းရတဲ့ အကျိုးကျေးဇူးပါပဲ။

သူခိုးကြီးညမှာ စနောက်ပြီး ကျီးမနိုးပွဲလုပ်ကြသလို။ ပံ့သကူပစ်ပွဲ အစဉ်အလာလေးလဲ ဆက်ထိန်းသိမ်းကြပါစို့နော်။ ငွေ ၅၀၀ ဖြစ်စေ၊ ဆန်အိပ်သေးသေးလေးဖြစ်စေ ဖန်ခွက်လေး တစ်ခုဖြစ်စေ ပံ့သကူပစ်ပါသည်လို့ စာလေးရေးပြီး ပံ့သကူပစ်ကြပါနော်။

ပံ့သကူရတဲ့ သူကလည်း မည်သူမည်ဝါပေးမှန်းမသိတော့ ဦးဘယ်သူက၊ ဒေါ်ဘယ်သူက ငါ့ကို ပေးကမ်းထားတာပဲဆိုတဲ့ အကြွေးလို ခံစားရမည့်အသိ ကျေးဇူးကြွေး ဝန်ထုပ်ဝန်ပိုးလည်း မရှိတော့ဘူး။

သူလည်း လွတ်လွပ်စွာ ပျော်ကိုယ်လည်း ပုဂ္ဂိုလ်စွဲမရှိ ဖြူစင်စွာလှူ ဘယ်လောက် ဖြူစင် အေးချမ်းလိုက်သလဲ။ ပံ့သကူပစ်တဲ့ အခါ ဗုံးလား၊ မသာမာတဲ့ ပစ္စည်းလား ဆိုပြီး မြင်တဲ့သူ စိတ်မပူရအောင် ကိုယ်လှူမယ့် ပစ္စည်းက

၁။ အိတ်နဲ့ ထည့်မှ ရမည်ဆိုလျှင် ကြွပ်ကြွပ်အိတ် အကြည်သုံးပေးပါ။

၂။ အိတ်မလိုရင် ဒီအတိုင်းလေး ပစ်ပါနော်

အထူးအရေးကြီးတာက “ပံ့သကူပစ်ပါသည်” ဆိုတဲ့ စာလေး ကပ်ထားပေးနော် ရတဲ့သူတွေ ဘေးကင်းပြီး သောက ကင်းစွာ ရယူနိုင်ကြပါစေ။

တန်ဆောင်မုန်းလပြည့်ညမှာ ပံ့သကူပစ်တဲ့ အစဉ်အလာလေး ပိုပြီးတွင်ကျယ်လာအောင် တစ်ဖက်တစ်လမ်းက ပါဝင်ကြမယ်နော်။ ရယူတဲ့ ပျော်ရွှင်မှုထက် ပေးကမ်းလို့ရတဲ့ ပျော်ရွှင်မှုက ပိုအေးချမ်းရတယ် မဟုတ်လား။ Crd :

တန်ဆောင်မုန်း လပြည့်နေ့ ၁၃၈၃ခုနှစ်၊ (18.11.2021) ​ကြာသပတေးနေ့

Zawgyi Version

တန္ေဆာင္မုန္း လျပည့္ေန႔ ၁၃၈၃ခုႏွစ္၊ (18.11.2021) ​ၾကာသပေတးေန႔ ….. ပံ့သကူပစ္ပါ!

တန္ေဆာင္မုန္း လျပည့္ည ၁၂ နာရီမွာ ပံ့သကူပစ္ပါ။ ကိုယ္ျပန္ရမယ့္ စီးပြား လာဘ္လာဘ ကိုမေမၽွာ္ကိုးပဲ စိတ္ေစတနာ သန႔္ရွင္းစြာ ပံ့သကူပစ္ပါ။ အစစအရာရာ ၾကပ္တည္းလာတဲ့ ေခတ္မွာ ပံ့သကူပစ္ပါ ရတဲ့ သူ ေပ်ာ္ရႊင္ပါေစ။

ေငြပမာဏ နဲသည္ ျဖစ္ေစ ၊ မ်ားသည္ျဖစ္ေစ ပစၥည္း နဲသည္ျဖစ္ေစ၊ မ်ားသည္ျဖစ္ေစ ကိုယ္ တတ္နိုင္သည့္ ပမာဏေလးကို ေစတနာ မ်ားစြာျဖင့္ ပံ့သကူပစ္ပါ။ ေနာင္ဘဝရမည့္ကုသိုလ္၊ ယခုရမည့္ ကုသိုလ္ အသာထား ၾကပ္တည္းေနၾကတဲ့ အခ်ိန္မွာ ကိုယ့္ ပံ့သကူေလးေၾကာင့္ ရတဲ့သူေပ်ာ္သြားရင္ ကိုယ္ပီတိျဖစ္ရတာက အခုခ်က္ျခင္းရတဲ့ အက်ိဳးေက်းဇူးပါပဲ။

သူခိုးႀကီးညမွာ စေနာက္ၿပီး က်ီးမနိုးပြဲလုပ္ၾကသလို။ ပံ့သကူပစ္ပြဲ အစဥ္အလာေလးလဲ ဆက္ထိန္းသိမ္းၾကပါစို႔ေနာ္။ ေငြ ၅၀၀ ျဖစ္ေစ၊ ဆန္အိပ္ေသးေသးေလးျဖစ္ေစ ဖန္ခြက္ေလး တစ္ခုျဖစ္ေစ ပံ့သကူပစ္ပါသည္လို႔ စာေလးေရးၿပီး ပံ့သကူပစ္ၾကပါေနာ္။

ပံ့သကူရတဲ့ သူကလည္း မည္သူမည္ဝါေပးမွန္းမသိေတာ့ ဦးဘယ္သူက၊ ေဒၚဘယ္သူက ငါ့ကို ေပးကမ္းထားတာပဲဆိုတဲ့ အေႂကြးလို ခံစားရမည့္အသိ ေက်းဇူးေႂကြး ဝန္ထုပ္ဝန္ပိုးလည္း မရွိေတာ့ဘူး။

သူလည္း လြတ္လြပ္စြာ ေပ်ာ္ကိုယ္လည္း ပုဂၢိဳလ္စြဲမရွိ ျဖဴစင္စြာလႉ ဘယ္ေလာက္ ျဖဴစင္ ေအးခ်မ္းလိုက္သလဲ။ ပံ့သကူပစ္တဲ့ အခါ ဗုံးလား၊ မသာမာတဲ့ ပစၥည္းလား ဆိုၿပီး ျမင္တဲ့သူ စိတ္မပူရေအာင္ ကိုယ္လႉမယ့္ ပစၥည္းက

၁။ အိတ္နဲ႔ ထည့္မွ ရမည္ဆိုလၽွင္ ႂကြပ္ႂကြပ္အိတ္ အၾကည္သုံးေပးပါ။

၂။ အိတ္မလိုရင္ ဒီအတိုင္းေလး ပစ္ပါေနာ္

အထူးအေရးႀကီးတာက “ပံ့သကူပစ္ပါသည္” ဆိုတဲ့ စာေလး ကပ္ထားေပးေနာ္ ရတဲ့သူေတြ ေဘးကင္းၿပီး ေသာက ကင္းစြာ ရယူနိုင္ၾကပါေစ။

တန္ေဆာင္မုန္းလျပည့္ညမွာ ပံ့သကူပစ္တဲ့ အစဥ္အလာေလး ပိုၿပီးတြင္က်ယ္လာေအာင္ တစ္ဖက္တစ္လမ္းက ပါဝင္ၾကမယ္ေနာ္။ ရယူတဲ့ ေပ်ာ္ရႊင္မႈထက္ ေပးကမ္းလို႔ရတဲ့ ေပ်ာ္ရႊင္မႈက ပိုေအးခ်မ္းရတယ္ မဟုတ္လား။ Crd :

တန္ေဆာင္မုန္း လျပည့္ေန႔ ၁၃၈၃ခုႏွစ္၊ (18.11.2021) ​ၾကာသပေတးေန႔

Leave a Reply

Your email address will not be published.