တပည့်များနှင့်အတူ သောက်သုံးရေခက်ခဲနေသောနေရာများသို့ ရေသွားရောက်လှူဒါန်းခဲ့တဲ့ ဒီဇိုင်နာမျိုးမင်းစိုး

Posted on

ပရိသတ်ကြီး ရေ ပရိသတ် တွေရဲ့ အချစ်တော် ဖြစ်တဲ့ ဒီဇိုင်နာ မျိုးမင်းစိုး ကတော့ ဒီနေ့မှာ သောက်သုံးရေ ရှားပါး နေတဲ့ ကျေးရွာတွေ ကို ရေတွေ သွားရောက် လှူဒါန်း ခဲ့ပါတယ် ပရိသတ်ကြီးရေ။ မျိုးမင်းစိုး ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း က သူ့ရဲ့ သင်တန်းသားတွေ နဲ့အတူ ရေရှားပါး နေတဲ့ ဒေသတွေ အတွက် ရေ လှူဒါန်းသွားမယ့် အကြောင်း သူ့ရဲ့ လူမှု ကွန်ရက် စာမျက်နှာ ကနေ မျှဝေ ထားခဲ့ပါတယ်။

ဒီနေ့ မှာတော့ သွားရောက် လှူဒါန်း ခဲ့ပြီး အလှူလေး ကိုလည်း “ညောင်ဦးမြို့နယ် အတွင်း သောက်သုံးရေ ရှာပါး ခက်ခဲသော ကျေးရွာ များသို့ ရေကုသိုလ် ။ ကျန်တော် မိတ်ဆွေ သူငယ်ချင်းများ၊ designer သင်တန်းသူ တပည့်များနှင့် အတူ တစ်စီးလျှင် ရေဂါလံ(၁၆၀၀)ပါ ကား အစီး(၄၀)ကျော် လှူဒါန်း ခဲ့ပါတယ်။ ရေအလှု ကြောင့် သုံးစွဲရသော သူများ ကိုယ်စိတ် ကျန်းမာကြပါစေ။ ချမ်းမြေ့ စိတ်နှလုံး ရှိကြ ပါစေ။

အမြဲ မပြတ် ကုသိုလ်ဖြင့် ပြုရ သောသူ ဖြစ်ပါ ရစေ။”ဆိုပြီး အလှူလေး အကြောင်းနဲ့ အတူ အခုလို လှူဒါန်း နိုင်အောင် အစစ အရာရာ ဆောင်ရွက် ကူညီကြ သူတွေ ကိုလည်း ကျေးဇူးတင်စကား ဆိုထား ကာ ပီတိ ဖြစ်ဖွယ် အလှူ မှတ်တမ်း ပုံတွေကို လည်း မျှဝေ ထားခဲ့ ပါတယ်။ ပရိသတ် ကြီးရေ မျိုးမင်းစိုး တို့ရဲ့ အလှူလေး ကို သာဓုခေါ်ဆို ပေးခဲ့ ကြပါဦးနော်။

Zawgyi




Leave a Reply

Your email address will not be published.