ထိုင်း ဘတ်ငွေ(၆)သိန်း/ မြန်မာငွေသိန်း(၃၅၀)ခန့် နှင့် ထိုင်းနိုင်ငံမှာ (၅)နှစ် နေထိုင်ခွင့်ဗီဇာ ရရှိနိုင်မည့် အခွင့်အရေး

Posted on

ထိုင်းနိုင်ငံမှာ နှစ်ရှည်နေထိုင်ချင်သူ နိုင်ငံခြားသားတွေအတွက် နေထိုင်ခွင့်ဗီဇာကို ပက်ကေ့ချ်တွေနဲ့ ရောင်းချပေးတဲ့ အစီအစဉ်ရှိပါတယ်။ ဒီဗီဇာတွေဟာ ထိုင်းဘတ်ငွေ(၆)သိန်းကနေ (၂)မီလီယံအထိ တန်ဖိုးတွေရှိပါတယ်။ ပေးရသလောက်လည်း အထူးအခွင့်အရေးတွေ အများကြီးရှိပါတယ်။ ဒီလိုဗီဇာကိုတော့ Thailand Elite Visa လို့ခေါ်ပါတယ်။
Thailand Elite Visa ကို ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ Tourism Authority of Thailand (TAT) ရဲ့ လက်အောက်မှာရှိတဲ့ ပုဂ္ဂလိက ကုမ္မဏီတစ်ခုကနေ ရောင်းချပေးတာဖြစ်ပြီး တစ်ဦးချင်းကနေ မိသားစုလိုက်အထိ (၅)နှစ် မှ နှစ်(၂၀)နေထိုင်နိုင်တဲ့ ဗီဇာတွေကို ဈေးအမျိုးမျိုးနဲ့ရောင်းချပေးတာဖြစ်ပါတယ်။

Thailand Elite Visa ရဲ့ ဈေးနှုန်းတွေကတော့-

➡(၅)နှစ်နေထိုင်ခွင့် (တစ်ဦးလျင်) – ဘတ်(၆)သိန်း/ မြန်မာငွေသိန်း(၃၅၀)ခန့်

➡(၁၀)နှစ်နေထိုင်ခွင့် (တစ်ဦးလျင်) – ဘတ်(၈)သိန်း/ မြန်မာငွေသိန်း(၄၈၀)ခန့်

➡(၂၀)နှစ်နေထိုင်ခွင့် (တစ်ဦးလျင်) – ဘတ်(၁)သန်း/ မြန်မာငွေသိန်း(၆၀၀)ခန့်

➡(၂၀)နှစ်နေထိုင်ခွင့် (မိသားစု) – ဘတ်(၂)သန်း/ မြန်မာငွေသိန်း(၁၂၀၀)ခန့် (ကန့်သတ်ချက်များရှိ)

Thailand Elite Visa ဖြင့်နေထိုင်သူများအတွက် အထူးအခွင့်အရေးတွေကတော့

1.ဗီဇာသက်တမ်းကာလအတွင်း မည်သည့်အချိန်မဆို လေဆိပ်မှခရီးသွားသည့်အခါ ဇိမ်ခံကားကြီးဖြင့် ကြိုပို့ပြုလုပ်ပေးခြင်း

2.ဗီဇာသက်တမ်းကာလအတွင်း မည်သည့်အချိန်မဆို လေဆိပ်တွင် VIP Lounge မှဖြတ်သန်းခွင့်နှင့် Elite Personal Assistant တစ်ဦးမှ arrivals/ departures ကိစ္စများလိုက်ပါဆောင်ရွက်ပေးခြင်း

3.ဘဏ်အကောင့်ဖွင့်ခြင်း၊ ယဉ်မောင်းလိုင်စင်ပြုလုပ်ပေးခြင်း၊ ကားဝယ်ခြင်း နှင့် Imigration ကိစ္စရပ်များ လိုက်ပါဆောင်ရွက်ပေးခြင်း

4.Golf-Club Member Card များ၊ King Power Duty-Free ရဲ့ အထူးပရိုမိုးရှင်းမျာ၊း Hotel အထူးပရိုမိုးရှင်းများ ရရှိနိုင်မည့်အခွင့်အရေး

5.ဗီဇာသက်တမ်းကာလအတွင်း တစ်နှစ်တစ်ကြိမ် ကျန်းမာရေးစစ်ဆေးခွင့်များရရှိခြင်း

6.Elite Personal Assistant တစ်ဦးဖြင့် ၂၄ နာရီ ဖုန်းဆက်သွယ် ဝန်ဆောင်မှုပေးခြင်း

Thailand Elite Visa ကို VIP ဗီဇာလို့တောင် တင်စားခေါ်ဝေါ်ကြပြီး ထိုင်းနိုင်ငံမှာ နှစ်ရှည်အနားယူနေထိုင်လိုသူများနှင့် စီးပွားရေးလုပ်ငန်းရှင် နိုင်ငံခြားသားများက စိတ်ဝင်တစားဝယ်ယူနေထိုင်ကြပါတယ်။

➡Thailand Elite Visa ကို မည်သည့် နိုင်ငံသားမဆို ဝယ်ယူနိုင်ပြီး https://thaielite-express.com/ မှာ အသေးစိတ်ဝ င်ရောက်လေ့လာ လျောက် ထားနိုင်ပါကြောင်း………

Leave a Reply

Your email address will not be published. Required fields are marked *