ကမ္ဘာပေါ်မှာ တန်ဖိုးအ များဆုံး ငွေကြေးစန စ်ကတော့ ကူဝိတ်နိုင်ငံရဲ့ ဒင်နာ ဖြစ်ပါတယ်။ ကူဝိတ် ၁ ဒင်နာ ဟာ အမေရိက န်ဒေါ်လာ ၃.၃၃ ဒေါ်လာနဲ့ ညီပါတယ်။ ဒါပေမယ့် ငွေစက္ကူအနေနဲ့ ၂၀ ဒင်နာတန် အထိ ပဲရှိပါတယ်။ အမေရိကန်မှာ ဆိုရင် ၁၀၀ ဒေါ်လာ တန်အထိရှိပါတယ်။
UK ရဲ့ ပေါင်စတာလင် ဆိုရင်လည်း ၁၀၀ တန် အထိရှိ ပါတယ်။(ပေါင်စတာလင် မှာတော့ ၁၀၀ တန်ကို သိပ်မတွေ့ရပဲ ၅၀တန်တွေကိုပဲ တွေ့ရလေ့ရှိပါတယ်)။ အခုမျှဝေ သွားမှာကတော့ အဲဒါတွေထက် တန်ဖိုးပိုမြင့်တဲ့ ငွေစက္ကူတန်တွေအကြောင်းပါ။
၁ ထောင်တန် ဟောင်ကောင် ငွေစက္ကူ
တရုတ်နိုင်ငံ ရဲ့အထူးအုပ် ချုပ်ခွင့်ရဒေသ ဟောင်ကောင်မှာ သုံးစွဲတဲ့ ဟောင်ကောင်ဒေါ်လာ ၁၀၀၀ တန် ငွေစက္ကူဟာ အမေရိကန် ဒေါ်လာ ၁၀၀ တန်ထက် တန်ဖိုးမြင့်ပါတယ်။ ဒီငွေစက္ကူကိုတော့ ၁၉၇၇ ခုနှစ်ကတည်း က စတင်ထုတ်လုပ် သုံးစွဲခဲ့တာဖြစ်ပြီး နာမည်ပြောင်အနေနဲ့ Gold Cow လို့ ခေါ်ကြပါတယ်။
ဒီငွေစက္ကူကို အကြိမ်ပေါင်းများစွာ ဒီဇိုင်းပြောင်း လဲခဲ့ပြီး ၂၀၁၈ ခုနှစ်ကဆိုရင်လည်း လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက် တချို့ကို ထည့်သွင်းခဲ့ပါသေးတယ်။ သုံးစွဲနေဆဲဖြစ်ပေမယ့် ရှားပါးတဲ့ ငွေစက္ကူအမျိုးအစားဖြစ်ပြီး ရှေ့ဘက်မှာ ခြငေ်္သ့ပုံကို ရိုက်နှိပ်ထားပါတယ်။
၁ သိန်းတန် အာမေးနီးယန်း ငွေစက္ကူ
နံပါတ် ၇ တန်ဖိုးအမြင့်ဆုံး ငွေစက္ကူနေရာမှာ ရှိနေတာကတော့ အာမေးနီးယန်းနိုင်ငံငယ်လေးရဲ့ ၁သိန်း ငွေစက္ကူဖြစ်ပါတယ်။ ငွေစက္ကူပေါ်မှာတော့ အေဒီ ၄၀ ဝန်းကျင်က ဘုရင်တစ်ပါးဖြစ်တဲ့ Abgar V ရဲ့ပုံကိုရေး ဆွဲထားပြီး ဒီ ၁ သိန်းတန်တွေကို ၂၀၀၉ခုနှစ်က စတင် ရိုက်နှိပ်ထုတ်ေ ဝခဲ့တာဖြစ်ပါတယ်။
ဒီ အာမေးနီးယန်း ၁ သိန်းတန်ဟာ အမေရိကန်ဒေါ် လာနဲ့တွက် မယ်ဆိုရင် ၂၀၄ ဒေါ်လာ တန်ဖိုးရှိပါတယ်။
၁ ထောင်တန် ယူအေအီး ငွေစက္ကူ
အာရပ်စော် ဘွားများပြ ည်ထောင်စုနိုင်ငံ ယူအေအီးရဲ့ ဒါဟမ် ၁ ထောင်တန်ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့ပါတယ်။ ဒီငွေစက္ကူေ ပါ်မှာတော့ မြို့တော် အဘူဒါဘီရဲ့ ရှေးအကျဆုံး ကျောက်တုံး အဆောက်အ ဦးဖြစ်တဲ့ Qasr al-Hosn ရဲ့ပုံကို ရိုက်နှိပ် ထားပါတယ်။
သူ့ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၂၇၂ဒေါ်လာ နဲ့ ညီမျှပါတယ်။
ယူရို ၅၀၀ တန်
ယူရိုငွေကြေး စနစ်ရဲ့ အမြင့်ဆုံးဖြစ်တဲ့ ယူရို ၅၀၀ တန် ငွေစက္ကူတွေ ကိုတော့ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ အခုထိတိုင်လည်း ဈေးကွက်အတွင်းမှာ လည်ပတ်သုံးစွဲနေဆဲပါ။
၅၀၀တန် ယူရိုငွေစက္ကူရဲ့ အရှေ့ဘက်မှာတော့ ၂၀ရာစု ခေတ်သစ်အဆောက်အဦးတစ်ခုရဲ့ပုံပါပြီး အနောက်ဘက်မှာတော့ စပိန်နဲ့ ပေါ်တူဂီကို ဆက်သွယ်ထားတဲ့ Guadiana တံတား ပုံသဏ္ဍာန်ကို ရေးဆွဲထားပါတယ်။
သြစတြီးယား ဒီဇိုင်းပညာရှင် Robert Kalina ရဲ့လက်ရာတွေပါ။ ယူရို ၅၀၀တန်ကတော့ အမေရိကန်ဒေါ်လာ ၅၉၁ တန်ဖိုးရှိပါတယ်။
၁ ထောင်တန် စင်ကာပူဒေါ်လာ
စင်ကာပူဟာ ၁၉၆၇ခုနှစ်မှ အကြွေစေ့ နဲ့ ငွေစက္ကူတွေကို စတင်ထုတ်လုပ်သုံးစွဲခဲ့တာပါ။ ဒီမတိုင်ခင်ကတော့ မလေးရှားငွေကြေးစနစ်ကိုပဲ သုံးစွဲခဲ့ပါတယ်။ ၁၉၆၇ခုနှစ်ကနေ ၁၉၇၆ခုနှစ်အထိ စင်ကာပူ ၁ဒေါ်လာတန်ကနေ စလို့ ငွေစက္ကူ ၉ မျိုးကိုရိုက်နှိပ်ခဲ့ပါတယ်။
၁ ထောင်တန် စင်ကာပူဒေါ် လာကတော့ သုံးစွဲမှု အနည်းငယ် ရှားတဲ့အထဲမှာ ပါဝင်ပါတယ်။ ငွေစက္ကူပေါ်မှာတော့ စင်ကာပူဒေါ်လာတွေ ထုံးစံအတိုင်း စင်ကာပူရဲ့ ပထမဆုံး သမ္မတ Yusof Ishak ရဲ့ ပုံကို ရိုက်နှိပ်ထားပါတယ်။
သူ့ရဲ့တ န်ဖိုးကတော့ အမေရိ ကန်ဒေါ်လာ ၇၄၄ ဖြစ်ပါတယ်။
၁၀၀၀ တန် ဆွစ်ဖရန့်
နံပါတ် ၃ နေရာမှာ ရှိနေတာကတော့ ဆွစ်ဖရန့် ၁၀၀၀ တန်ပါ။ ဆွစ်ဇာလ န်နိုင်ငံအပြင် လစ်ချ် တင်စတိန်းနိုင်ငံမှာပါ သုံးစွဲပါ တယ်။ ဆွစ်ဇာလန်ဟာ ၁၉၀၇ ခုနှစ်ကတည်းက စတင်လို့ ငွေစက္ကူေ တွကို ရိုက်နှိပ်ခဲ့တာပါ။
လက်ရှိ ၁၀၀၀ တန် ကိုတော့ ၁၉၉၈ ခုနှစ်မှာ ပြန်လည်ရို က်နှိပ်ခဲ့တာပါ။ ဒီငွေစက္ကူေ ပါ်မှာတော့ ဆွစ်လူမျိုး အနုပညာ ၊ ယဉ်ကျေးမှု နဲ့ သမိုင်းပညာရှင် Jacob Burckhardt ရဲ့ပုံကို ရိုက်နှိပ်ထားပါတယ်။
ဆွစ် ၁၀၀၀ တန်ဟာ အမေရိကန်ဒေါ်လာ ၁၀၈၅ ဒေါ်လာ နဲ့ ညီမျှပါတယ်။
၁ သောင်းတန် စင်ကာပူဒေါ်လာ
စဉ်ထားလို့သာ နံပါတ် ၂ ရောက်နေပေမယ့် နံပါတ် ၁ နဲ့ တန်ဖိုးချင်းအတူ တူနီးပါးပါပဲ။ (လက်ရှိဒေါ်လာပေါက်ဈေးကြောင့်သာ အနည်းငယ် ကွာသွားရခြင်း ဖြစ်ပါတယ်) သုံးစွဲနေဆဲဖြစ်ပေမယ့် public မှာတော့ အလွန်ရှားပြီး မြင်တွေ့ရဖို့ခ က်တဲ့ ငွေစက္ကူဖြစ်ပါတယ်။
ဒီ ၁ သောင်းတန် စင်ကာပူေ ဒါ်လာ ငွေစက္ကူရဲ့ အရွယ်အ စားကတော့ တခြားစင်ကာ ပူငွေစက္ကူေ တွထက် ပိုကြီးပြီး 180 × 90 mm အရွယ်အစားရှိပါတယ်။ ၁၉၉၉ ခုနှစ်မှာ ၄ ကြိမ်မြောက် ထုတ်လုပ်ခဲ့တဲ့ ဒီ ၁ သောင်းတန်ေ ဒါ်လာရဲ့ ပေါ်မှာလည်း စင်ကာပူ ပထမဆုံး သမ္မတ Yusof Ishak ရဲ့ ပုံကိုပဲ ရိုက်နှိပ်ထားပါတယ်။
သူ့ရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၇၄၄၇ နဲ့ ညီမျှပါတယ်။
၁ သောင်းတန် ဘရူနိုင်းဒေါ်လာ
လက်ရှိသုံးစွဲနေဆဲ ကမ္ဘာ့တန်ဖိုးအကြီးဆုံးငွေစက္ကူနေရာမှာတော့ ဘရူနိုင်း ၁သောင်းတန် ငွေစက္ကူက ရပ်တည်နေပါတယ်။ အရှေ့တောင်အာရှက ကြွယ်ဝတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ ဘရူနိုင်းဟာ အကြွေစေ့နဲ့ ငွေစက္ကူတွေကို ၁၉၆၇ခုနှစ်မှာမှ ထုတ်လုပ်နိုင်ခဲ့တာပါ။
စစချင်းမှာ ၁ ဒေါ်လာကနေ ၁၀၀ တန်အ ထိပဲ ရိုက်နှိပ်ခဲ့ ပါတယ်။ ဘရူနိုင်းဒေါ်လာ ၁သောင်းတန်ကိုတော့ ၁၉၈၉ခုနှစ်မှ ထုတ်လုပ်ခဲ့တာပါ။ ဘရူနိုင်းငွေစ က္ကူတွေရဲ့ထုံးစံ အတိုင်း ဆူလ်တန်ဘုရင် Hassanal Bolkiah ရဲ့ပုံကို ရိုက်နှိပ် ထားပါတယ်။ သူ့ရဲ့တန် ဖိုးကတော့ အမေရိကန်ဒေါ်လာ ၇၄၆၇ ပါ။
ဒါတွေ ကတော့ လက်ရှိ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေစက္ကူ ၈ မျိုးရဲ့ အကြောင်းပါ။ Credit;သုတဇုန်
Zawgyi Version
ယူရို ၅၀၀ တန်
၁၀၀၀ တန် ဆွစ်ဖရန့်
ဒီ ၁ သောင်းတန် စင်ကာပူေ ဒ်ါလာ ငွေစက္ကူရဲ့ အရွယ်အ စားကတော့ တခြားစင်ကာ ပူငွေစက္ကူေ တွထက် ပိုကြီးပြီး 180 × 90 mm အရွယ်အစားရှိပါတယ်။ ၁၉၉၉ ခုနှစ်မှာ ၄ ကြိမ်မြောက် ထုတ်လုပ်ခဲ့တဲ့ ဒီ ၁ သောင်းတန်ေ ဒ်ါလာရဲ့ ပေါ်မှာလည်း စင်ကာပူ ပထမဆုံး သမ္မတ Yusof Ishak ရဲ့ ပုံကိုပဲ ရိုက်နှိပ်ထားပါတယ်။