ဒီကနေ့ ကမ္ဘာကြီးပေါ်က နျူကလီးယား လက်နက် ပိုင်ဆိုင်ထားသော ဦးဆရာကြီး နိုင်ငံများ

Posted on

ကမ္ဘာကြီး အား အမြန်ဆုံးပျက် သုဉ်းစေနို င်သည့် နျူးကလီး ယားလက်န က်များကို ပိုင်ဆိုင် ထားသည့် နိုင်ငံရှစ်နိုင်ငံရှိ သည့်အနက် နျူကလီး ယားလက်န က်မပြန့်ပွားရေး သဘောတူ စာချုပ်(NPT)၏ သတ်မှတ် ချက်အရ အမေရိကန်၊ရုရှား၊ပြင်သစ်၊ ယူကေနှင့် တရုတ်နိုင်ငံ တို့ကို အနုမြူဗုံး ပိုင်ဆိုင်သည့် နိုင်ငံငါး နိုင်ငံဟုသတ် မှတ်သည်။

ယင်းနိုင်ငံ ငါးခုသည် ၁၉၆၇ ခုနှစ် ဇန်နဝါရီလ ၁ ရက် မတိုင်မီ နျူကလီးယား ဗုံးဖောက်ခွဲမှုများကို စမ်းသပ်ခဲ့ကြပြီး ကမ္ဘာ့ကု လသမဂ္ဂအဖွဲ့ တွင် အမြဲတမ်းလုံခြုံရေး ကောင်စီဝ င်များအဖြစ် ဗီတိုအာဏာကို ပိုင်ဆိုင်ခဲ့ကြသည်။ အိန္ဒိယ၊မြောက်ကိုရီးယား နှင့် ပါကစ္စ တန်တို့သည် နျူကလီးယား လက်နက် စမ်းသပ်ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြသော်လည်း NPT တွင်ပါဝင်ခြဲ့ ကခြင်းမရှိချေ။

အစ္စရေးသည် နျူကလီးယားလ က်နက်များပို င်ဆိုင်နေပြီးဟုယူဆရသော်လ ည်းထုတ်ေ ဖာ်ကြေညာခြင်းမရှိဘဲနျူကလီး ယားထိပ်ဖူး ၇၅ လုံးမှ ၄၀၀ အတွင်းပိုင်ဆို င်ထားသည်ဟု ယူဆကြသည်။ ၂၀၁၇ ခုနှစ် ခန့်မှန်းချက်များအရ ကမ္ဘာတွင် နျူကလီး ယားထိပ်ဖူး ၉၂၂၀ ရှိသည်ဟု ဆိုသည်။

ယင်းနိုင်ငံရှစ်နို င်ငံသည် နျူကလီးယားလက်န က်ပိုင်ဆိုင်ကြောင်း ဝန်ခံထားကြကာ နျူကလီးယားထိပ်ဖူးများကို မိမိတို့ နိုင်ငံ၏ ထိန်းချုပ်မှုအောက် တွင်ထားရှိကြသည်။ယင်းတို့ကို ကမ္ဘာ့နိုင်ငံေ ရးလောကတွင် နျူကလီးယားကလပ် ဟုခေါ်ဆိုသည်။

အမေရိကန်နိုင်ငံနှင့် ရုရှားနိုင် ငံမှလွဲ၍ ကျန်နိုင်ငံများ၏ ပိုင်ဆိုင်မှုကို အတိ အကျ မသိရှိရဘဲ ခန့်မှန်းချက်များ ကိုသာ ထုတ်ပြန်နိုင်ခဲ့သည်။နျူက လီးယားလက်နက်ဖျက်သိ မ်းရေးသဘော တူစာချုပ်အရ အမေရိကန်နှင့် ရုရှားနိုင်ငံရှိ ထောင် ပေါင်းများ စွာသော နျူကလီးယားထိ ပ်ဖူးများသည် အသုံးပြုနိုင်ြ ခင်းမရှိဘဲ စုပုံနေကာ ဖျက်သိမ်းမည့်အချိန်ကို စောင့်ဆိုင်းေ နကြရသည်။

ထိပ်ဖူးတွင်ပါရှိသည့် နျူကလီးယားစွမ်း အင်ထွက်ရှိသည့် ပစ္စည်းများကို နျူကီးယားဓာ တ်ပေါင်းဖိုတွင် ပြန်လည်အသုံးချနိုင်သည်။ ကမ္ဘာပေါ်၌ အသုံးပြုနို င်သည့် နျူကလီးယားလက်နက်များသည် ၁၉၈၅ ခုနှစ်တွင် ၆၈၀၀၀ ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ထိပ်ဖူး ၄၀၀၀ အပါအဝင် နျူကလီး ယားလက်နက် ၁၀၁၀၀ သာကျန်ရှိသည်။ အသုံးမဝင်တော့သည့် လက်နက်အများအပြား ကို သိမ်းဆည်းခဲ့ခြင်း၊ တစ်စစီ ဖြုတ်သိမ်းခြင်းများပြုလုပ်ခဲ့သည်။

နျူကလီးယားကလပ် ၈ နိုင်ငံ

နျူးကလီးယားလ က်နက်များပို င်ဆိုင်သည့် နိုင်ငံရှစ်ခုတွင် အမေရိက န်နိုင်ငံသည် ပထမဆုံး နျူကလီးယားစမ်းသပ် ဖောက်ခွဲမှုကို ၁၉၄၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် နယူးမက္ကဆီကို၊ Alamogordo တွင်ပြုလုပ်ခဲ့ကာ စမ်းသပ်မှုပေါင်း ၁၀၅၄ ကြိမ် ပြုလုပ်ခဲ့သည်။ ယခုအခါတွင် အမေရိကန်နိုင်ငံသည် နျူကလီးယားလက်နက် ၆၆၀၀ ပိုင်ဆိုင်၍ ၁၈၀၀ ကို ဖြန့်ကြက် ထားသည်။

ရုရှားနိုင်ငံသည် ယင်း၏ပထမဆုံး နျူကလီးယားစမ်းသပ် ဖောက်ခွဲမှုကို ၁၉၄၉ခုနှစ် သြဂုတ်လ ၂၉ ရက်တွင် ယခု ခါဇက် စတန်၊ Semipalatinsk တွင်ပြုလုပ်ခဲ့ကာ စမ်းသပ်မှုပေါင်းရ၁၅ ကြိမ်ဆောင်ရွက်ခဲ့သည်။လက်ရှိအချိန်တွင် ရုရှား နိုင်ငံသည် နျူကလီးယားလက်နက် ၆၈၀၀ ပိုင်ဆိုင်ထားကာ ၁၉၅ဝကို တပ်ဖြန့်ထားသည်။

ယူကေနိုင်ငံကမူ ၁၉၅၂ခုနှစ် အောက်တိုဘာလ၃ရက်တွင် ပထမဆုံး နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုကို သြစတြေလျ နိုင်ငံ၊Monte Bello ကျွန်းများတွင် ပြုလုပ်ခဲ့ကာ စမ်းသပ်မှု ၄၅ ကြိမ်ပြုလုပ်ခဲ့သည်။လက်ရှိအချိန်တွင် ယူကေနိုင်ငံသည် နျူကလီးယားလက်နက် ၂၁၅ ခုကို ပိုင်ဆိုင်ထားကာ ၁၂ဝကို ဖြန့်ကြက်ထားသည်။

ထို့အတူ ပြင်သစ်နိုင်ငံ၏ ပထမဆုံး နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုကို ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက် တွင် ပြင်သစ် အယ်ဂျီးရီးယားနိုင်ငံ၊ ဆာဟာရတွင် ပြုလုပ်ခဲ့ကာ စမ်းသပ်ဖောက်ခွဲမှု အကြိမ် ၂၁၀ ဆောင်ရွက်ခဲ့ပြီးဖြစ် သည်။ပြင်သစ် နိုင်ငံသည် ယခုအချိန်တွင် နျူကလီးယားလက်နက် ၃၀၀ ကို ပိုင်ဆိုင်ထားကာ ၂၈၀ ကို ဖြန့်ကြက် နေရာချထားသည်။

တရုတ်နိုင်ငံ ကလည်း ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်တွင် စီရှန်းပြည်နယ်၊Lop Nur တွင် နျူကလီးယား စမ်း သပ်ဖောက်ခွဲမှုကို ပထမဆုံးပြုလုပ်ခဲ့ကာ ၄၅ ကြိမ် စမ်းသပ်ခဲ့ပြီးဖြစ်ကြောင်း ယူဆရသည်။ နျူးကလီးယား လက်နက် ၂၇၀ ပိုင် ဆိုင်ထားသည်ဟု ခန့်မှန်းရသည့် တရုတ်နိုင်ငံသည် လက်နက်မည်မျှကို ဖြန့်ကြက်ထားကြောင်း မသိရှိရချေ။

အိန္ဒိယ၊ ပါကစ္စတန်နှင့် မြောက်ကိုရီးယားတို့သည် စမ်းသပ်ဖောက်ခွဲမှု ခြောက်ကြိမ်စီ ပြုလုပ်ခဲ့ကြကာ ပထမဆုံးစမ်း သပ်ဖောက်ခွဲမှုများကို အိန္ဒိယနိုင်ငံက ၁၉၇၄ ခုနှစ် မေလ ၁၈ ရက်တွင်လည်းကောင်း၊ ပါကစ္စတန်နိုင်ငံက ၁၉၉၈ ခုနှစ် မေလ ၂၈ ရက်တွင်လည်းကောင်း၊မြောက်ကိုရီးယားနိုင်ငံက၂၀၀၆ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင်လည်းကောင်း ပြုလုပ်ခဲ့ကြ သည်။

နျူကလီယား လက်နက်ပိုင်ဆိုင်မှုများကို အိန္ဒိယက ၁၁၀ နှင့် ၁၂၀ အကြား၊ ပါကစ္စတန်က ၁၂၀ နှင့် ၁၃၀ ကြား၊ မြောက်ကိုရီးယားက ၁၅ ခု ဟု ခန့်မှန်းခဲ့ကြသည်။နျူကလီးယား လက်နက်ပိုင်ဆိုင်ကြောင်း မပြောခဲ့သည့် အစ္စရေးတွင် လက် နက် ၇၅ မှ ၄၀၀ အကြားရှိမည်ဟုလည်း ယူဆခဲ့ကြသည်။

အမေရိကန် ပြည်ထောင်စု

An illustration of the US with a flag overlay

အမေရိကန်ပြည်ထောင်စုသည် ဒုတိယကမ္ဘာစစ်အတွင်းက ယူကေနှင့် ကနေဒါနိုင်ငံတို့နှင့်ပူးပေါင်းကာ မန်ဟက်တန် စီမံကိန်းအရ နျူကလီးယား လက်နက်ကို ပိုင်ဆိုင်ခဲ့သည်။ထိုအချိန်က နာဇီ ဂျာမနီတို့ နျူကလီးယားလက်နက်ကို ဦးစွာ ပိုင်ဆိုင် သွားမည်ကို စိုးရိမ်ကြောက်လန့်ခဲ့ကြသည်။

အမေရိကန်နိုင်ငံသည် ၁၉၄၅ ခုနှစ်တွင် နျူကလီးယားဗုံး စမ်းသပ်ဖောက် ခွဲပြီး နောက် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားနှင့် နာဂါစကီ မြို့သို့ ဗုံးကြဲခဲ့သဖြင့်် နျူကလီးယားဗုံးကို စစ်ပွဲအတွင်း ပထမဆုံး အသုံးပြုသည့် နိုင်ငံဖြစ်လာခဲ့သည်။

အမေရိကန်နိုင်ငံသည် ၁၉၅၂ ခုနှစ်တွင် ဟိုက်ဒြိုဂျင်ဗုံးကို တီထွင်နိုင်ခဲ့ကာ စစ်အေးကာလအတွင်း နျူကလီးယား လက်နက်များကို ခေတ်မီအောင်မွမ်းမံ၍ အင်အားကြီးမားစေရန် ဆောင်ရွက်ခဲ့ရာ ၁၉၆၆ ခုနှစ်တွင် နျူကလီးယား ထိပ်ဖူး ၃၁၁၇၅ လုံး အထိ ပိုင်ဆိုင်ခဲ့သဖြင့် ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက်ပိုင်ဆိုင်မှု အရေအတွက်အများဆုံး ဖြစ်ခဲ့သည်။

အမေရိကန်နိုင်ငံသည် ၂၀၂ လုံးနှင့် ၂၂၂ လုံးအကြား နျူကလီးယားထိပ်ဖူးများကို ဘယ်လ်ဂျီယံ၊ ဂျာမနီ၊အီတလီ၊ နယ်သာလန်နှင့် တူရကီနိုင်ငံတို့တွင် ဖြန့်ကြက်ချထားခဲ့သည်။

ရုရှား ဖယ်ဒရေးရှင်းနိုင်ငံ

၁၉၄၉ ခုနှစ်တွင် နျူကလီးယားလက်နက် RDS 1 ကို ပထမဆုံး အကြိမ် စမ်းသပ်ပြီးနောက် ဆိုဗီယက်ယူနီယမ်သည် ကမ္ဘာပေါ်တွင် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် ဒုတိယမြောက်နိုင်ငံဖြစ်လာခဲ့သည်။

ထို့ကြောင့် စစ်အေးကာလတွင် ဆိုဗီယက်တို့၏ အင်အားချိန်ခွင်ညှာထိန်းညှိမှုကို အောင်မြင်စေခဲ့သည်။၁၉၅၅ ခုနှစ်တွင် မီဂါတန် ပြင်းအားကြီး ဟိုက်ဒြိုဂျင် ဗုံး ကို စမ်းသပ်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယမ် ပြိုကွဲပြီးနောက် နျူကလီးယားလက်နက်အားလုံးကို ရုရှား ဖယ်ဒရေးရှင်း က တရားဝင်ပိုင်ဆိုင်ခဲ့သည်။ဆိုဗီယက်ခေတ်တွင် ၁၉၈၆ ခုနှစ်က နျူကလီးယားထိပ်ဖူး ၄၅၀၀၀ အထိအများဆုံးပိုင်ဆိုင်ခဲ့သည်။

ဆိုဗီယက်ယူနီယမ်ခေတ်က ဘီလာရုစ်တွင် ချထားခဲ့သည့် နျူကလီးယား ထိပ်ဖူး ၈၁ လုံးကို ၁၉၉၁ ခုနှစ်တွင် ရုရှား နိုင်ငံသို့ ရွှေ့ပြောင်းခဲ့သည်။ ထို့အတူ ခါဇက်စတန်မှ ထိပ်ဖူး ၁၄၀၀ ကို ၁၉၉၅ ခုနှစ်တွင် ရုရှားသို့ ပြန်လည် သယ်ယူခဲ့သည်။

ယူကေနိုင်ငံ

ယူကေနိုင်ငံသည် အက်တမ်ဗုံး သုတေသန လုပ်ငန်းများကို ဗြိတိန်နိုင်ငံ တက္ကသိုလ်များမှ သြစတြီးယား၊ဂျာမာန်နှင့် ပိုလန် ရူပဗေဒပညာရှင်များ အကူအညီဖြင့် ဆောင်ရွက်ခဲ့ကာ ၁၉၅၂ ခုနှစ်တွင် နျူကလီးယားလက်နက် ပိုင်ဆိုင်ခဲ့သည်။ ယင်း ပညာရှင်များသည် ယူကေသို့ရောက်ရှိလာကြပြီး နာဇီ တို့ လက်အောက်ခံနယ်မြေများသို့ မပြန်ရန် ဆုံးဖြတ်ထားကြသူများ ဖြစ်ကြသည်။

ယူကေနိုင်ငံသည် မန်ဟက်တန်စီမံကိန်းတွင် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့နှင့် နီးကပ်စွာပူးပေါင်းခဲ့သော်လည်း နျူကလီးယားလက်နက်များကို မိမိတို့ကိုယ်ပိုင်နည်းစနစ်များဖြင့် ထုတ်လုပ်ခဲ့ကာ တတိယမြောက်နျူကလီးယားလက်နက် ပိုင် နိုင်ငံဖြစ်လာခဲ့သည်။ယူကေနိုင်ငံသည် ဆိုဗီယက်ယူနီယမ်ရန်ကို ကာကွယ်ရန်နှင့် အင်အားကြီးနိုင်ငံအဖြစ် ဆက်လက်ရပ် တည် နိုင်ရန် နျူကလီးယားလက်နက်ကို ထုတ်လုပ်ခဲ့သည်။

ယူကေသည် ဟိုက်ဒြိုဂျင်ဗုံးကို ၁၉၅၇ ခုနှစ်တွင် စမ်းသပ်ဖောက်ခွဲခဲ့ကာ စစ်အေးကာလတွင် နျူကလီး ယားလက်နက် များ တပ်ဆင်ထားသည့် ဗုံးကြဲလေယာဉ်များနှင့် ရေငုပ်သင်္ဘောများကို ထိန်းသိမ်းထားခဲ့သည်။လက်ရှိအချိန်တွင်Trident II ဒုံး ကျည်များ တပ်ဆင်ထားသည့်ရေငုပ်သင်္ဘော လေးစီးပိုင်ဆိုင်သည်။

၂၀၁၆ခုနှစ်တွင် ဗြိတိသျှအောက်လွှတ်တော်က Dreadnought အမျိုးအစားရေငုပ်သင်္ဘော၏ နျူကလီးယားလက်နက် စနစ်များကို ပြန်လည်မွမ်းမံရန် မဲပေးဆုံးဖြတ်ခဲ့သော် လည်း မည်သည့်အချိန်တွင် လက်ရှိစနစ်ကို အစားထိုးရမည်ဟူသည့် သတ်မှတ်ချက်မပါရှိခဲ့ချေ။

ပြင်သစ်နိုင်ငံ

ပြင်သစ်နိုင်ငံသည် ၁၉၆၀ ပြည့်နှစ်တွင် မိမိကိုယ်ပိုင်သုတေသနပြုကာ နျူကလီးယားလက်နက်ကို ပိုင်ဆိုင်ခဲ့သည်။ ထိုအချိန်က ဖြစ်ပွားခဲ့သည့် ဆူးအက်တူးမြောင်းအရေး သံတမန်ရေးရာ တင်းမာမှုများက ပြင်သစ်နိုင်ငံကို နျူကလီးယား လက် နက် ထုတ်လုပ်ရန် တွန်းအားဖြစ်စေခဲ့သည်။ထို့ကြောင့်ပြင်သစ်တို့သည် ၁၉၆၈ ခုနှစ်တွင် Operation Canopus အမည်ဖြင့် ပြင်သစ်နိုင်ငံ၏ ဟိုက်ဒြိုဂျင်ဗုံးစမ်းသပ်မှုကို ပထမဆုံး ပြုလုပ်ခဲ့သည်။

စစ်အေးကာလ ပြီးဆုံးချိန်တွင် ပြင်သစ်သည် နျူူကလီးယားထိပ်ဖူး ၁၇၅ လုံးကို လျှော့ချခဲ့ပြီး မိမိ၏ လက်နက်အင်အား ခေတ်မီနေစေရန် ရေငုပ်သင်္ဘောမှ ပစ်ခတ်သည့်ပဲ့ထိန်းဒုံးကျည်စနစ်(SLBMs)နှင့် ဝေဟင်မှမြေပြင်သို့ တာလတ်ပစ် ဒုံးကျည် စနစ် (Rafale) တို့ကို ပူးတွဲ အဆင့်မြှင့်တင်ခဲ့သည်။

ပြင်သစ်သည် နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခဲ့ ကာ နျူကလီးယား လက်နက် မပြန့်ပွားရေး သဘောတူစာချုပ်ကို၁၉၉၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်နိုင်ငံ

တရုတ်နိုင်ငံသည် ၁၉၆၄ ခုနှစ်တွင် နျူကလီးယား လက်နက်ကိရိယာ 596 ကို ပထမဆုံးစမ်းသပ်ဖောက်ခွဲခဲ့ပြီး နှစ်နှစ် အကြာ တွင် နျူကလီးယား ဒုံးကျည်ကို ထုတ်လုပ်နိုင်မည့် အနုမြူ ဗုံးကို တီထွင်ခဲ့သည်။၁၉၆၇ ခုနှစ်တွင် ဟိုက်ဒြိုဂျင်ဗုံးကို စမ်းသပ်ခဲ့ ကာ ၃၂ လ အကြာတွင် ပထမဆုံး နျူကလီးယားလက်နက်ကို စမ်းသပ်နိုင်ခဲ့သည်။

လက်ရှိ အချိန်တွင် တရုတ်နိုင်ငံသည် နျူကလီးယား ထိပ်ဖူး ၁၀၀ မှ ၄၀၀ အတွင်းပိုင်ဆိုင်ထားကြောင်း ခန့်မှန်းရ သည်။တရုတ်နိုင်ငံသည် ၁၉၉၂ ခုနှစ်တွင် နျူကလီးယား လက်နက် မပြန့်ပွားရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ ကာ နျူကလီးယားလက်နက်ကို မိမိက ပထမဆုံး စတင်အသုံးမပြုပါဟူသည့် မူကို စွဲကိုင်ထားသည်။

အိန္ဒိယနိုင်ငံ

အိန္ဒိယနိုင်ငံသည် ၁၉၇၄ ခုနှစ်တွင် ငြိမ်းချမ်းသော နျူကလီးယားဖောက်ခွဲမှုဟု အမည်ပေးထားသည့် စမ်းသပ်မှုကို ပြုလုပ်ခဲ့ကာ နျူကလီးယား လက်နက် မပြန့်ပွားရေး သဘောတူစာချုပ်ကိုထူထောင်ပြီးနောက်ပိုင်းတွင် နျူက လီးယားလက်နက် စမ်းသပ်မှုကို ပထမဆုံးပြုလုပ်ခဲ့သည့် နိုင်ငံဖြစ်ပြီး စာချုပ်တွင်လည်း လက်မှတ်ရေးထိုးထားခြင်းလည်း မရှိချေ။ အိန္ဒိယနိုင်ငံ၏ နျူကလီယား စမ်းသပ်ဖောက်ခွဲမှုသည် ကနေဒါ အပါအဝင် ကမ္ဘာ့နိုင်ငံများကိုစိုးရိမ်ပူပန်မှုဖြစ်စေခဲ့သည်။

ကနေဒါသည် အိန္ဒိယနိုင်ငံအားလျှပ်စစ် စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် နျူကလီးယားဓာတ်ပေါင်းဖိုများကို ကူညီခဲ့ သဖြင့် အိန္ဒိယနိုင်ငံ၏ နျူကလီးယား လက်နက်ပိုင်ဆိုင်ရေးကို လျှို့ဝှက်စွာ ကြိုးပမ်းခဲ့မှု အပေါ်ဒေါသထွက်ခဲ့သည်။

သို့သော် အိန္ဒိယနိုင်ငံက ကမ္ဘာ့နိုင်ငံများလုံး လက်နက်မဖျက်သိမ်းမချင်း ယင်းတို့၏ နျူကလီးယားလက်နက်များဆိုင်ရာ ဆောင် ရွက်မှု များအပေါ် နိုင်ငံတကာ ထိန်းချုပ်မှုကို လိုက်နာမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ခန့်မှန်းချက် အရ အိန္ဒိယနိုင်ငံတွင် နျူကလီးယား ထိပ်ဖူး ၁၃၀ ဝန်းကျင်ရှိသည်ဟု ဆိုသည်။

ပါကစ္စတန်နိုင်ငံ

ပါကစ္စတန်နိုင်ငံသည်လည်း နျူကလီးယားလက်နက်မပြန့်ပွားရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိ ဘဲ ၁၉၇၀ ပြည့်နှစ်များနှောင်းပိုင်းမှစ၍ နျူကလီးယားလက်နက်များ တိုးတက်လာခဲ့ကာ ကရာချိတွင် ပထမဆုံးနျူကလီးယား ဓာတ် အားပေးစက်ရုံကို ဥရောပနိုင်ငံများ၏ ထောက်ပံ့မှုဖြင့် ထူထောင်နိုင်ခဲ့သည်။

၁၉၈၀ ပြည့်နှစ် အလယ်ပိုင်းမှစ၍ နျူကလီး ယား လက်နက်များပိုင်ဆိုင်ခဲ့သည်ဟု ယူဆရသည့် ပါကစ္စတန်သည် ၁၉၉၈ ခုနှစ်တွင် နျူကလီးယားစမ်းသပ်မှုများကို Raskoh တောင်တန်းတွင် ခြောက်ကြိမ်ပြုလုပ်ခဲ့သည်။ ယင်းစမ်းသပ်မှုများသည် အိန္ဒိယနိုင်ငံက ပြုလုပ်ခဲ့သည့် နျူကလီးယား စမ်းသပ်မှု ငါးကြိမ် ကို တုံ့ပြန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ နျူကလီးယား လက်နက် အစီအစဉ်၏ အဓိက ပုဂ္ဂိုလ်ဖြစ်သည့် သတ္ထုဗေဒ ပညာရှင် Abul Qadeer Khan က နျူကလီးယားလက်နက်နည်းပညာအချို့ကို မြောက်ကိုရီးယား၊အီရန်နှင့် လစ်ဗျားနိုင်ငံများသို့ရောင်း ချခဲ့ကြောင်း ဝန်ခံခဲ့သည်။

သို့သော် ယင်းမှောင်ခိုရောင်းချမှုတွင် ပါကစ္စတန်အစိုးရ သို့မဟုတ် စစ်တပ်ပါဝင်မှုရှိကြောင်းကို ငြင်း ပယ်ခဲ့သည်။၂၀၁၃ ခုနှစ် အစောပိုင်းအထိ ပါကစ္စတန်သည် နျူကလီးယားထိပ်ဖူး ၁၄၀ ပိုင်ဆိုင်ထားပြီး ၂၀၁၀ ပြည့်နှစ်တွင် ထိပ်ဖူး ၂၀၀ ရှိလာမည်ဟု ယူဆထားကြသည်။

မြောက်ကိုရီးယားနိုင်ငံ

အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံသည် ယူရေနီယမ်သန့်စင်ရေးလုပ်ငန်းများကို လျှို့ဝှက်စွာပြုလုပ်နေ ကြောင်း စွပ်စွဲခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်တွင် စွမ်းအင်အကူအညီများကို ရပ်ဆိုင်းခဲ့သည်။

သို့သော် မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်တွင် နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။ ယင်းဖောက်ခွဲ စမ်းသပ်မှုကို အမေရိကန် က တစ်စိတ်တစ်ပိုင်းသာ အောင်မြင်နိုင်ဖွယ်ရှိကြောင်းယုံကြည်ခဲ့သည်။

သို့သော် မြောက်ကိုရီးယားသည် ၂၀၀၉ ခုနှစ် မေလ တွင် ဒုတိယအကြိမ် စမ်းသပ်ဖောက်ခွဲမှုကို ပြုလုပ်ခဲ့သည်။တတိယအကြိမ် စမ်းသပ်ဖောက်ခွဲမှုကို ၂၀၁၃ ခုနှစ်တွင်ပြုလုပ် ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဟိုက်ဒြိုဂျင်ဗုံးကို စမ်းသပ်ဖောက်ခွဲနိုင်ခဲ့သည်။

၂၀၁၇ ခုနှစ် စမ်းသပ်မှုတွင် မြောက်ကိုရီးယားစမ်းသပ်ခဲ့သည့် နျူကလီးယား လက်နက် ပြင်းအားသည် ၂၅၀ ကီလိုတန်ရှိကြောင်း ခန့်မှန်းခဲ့ကြသည်။

အစ္စရေး၊ ယူကရိန်းနှင့် တောင်အာဖရိက

ထုတ်ဖော်ကြေညာခြင်းမရှိသော်လည်း အစ္စရေးနိုင်ငံသည် နျူကလီးယားလက်နက်များကို ၁၉၆၆ ခုနှစ်ကပင် ပိုင်ဆိုင် ထားကြောင်း ယူဆကြသည်။ အစ္စရေးသည် နျူကလီးယားလက်နက်မပြန့်ပွားရေး သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးထား ခြင်းမရှိချေ။ ကာကွယ်ရေး သဘာဝရင်းမြစ်ကောင်စီ(NRDC)နှင့် အမေရိကန် သိပ္ပံပညာရှင်များအဖွဲ့(FAS)တို့၏ ခန့်မှန်းချက် အရ အစ္စရေးတွင် နျူကလီးယား ထိပ်ဖူး ၇၅ လုံးမှ ၂၀၀ အတွင်းရှိသည်ဟု ဆိုသည်။

စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု (SIPRI) က အစ္စရေးတွင်ရှိသည့် နျူကလီး ယား လက်နက် ၈၀ တွင် ၅၀ သည်တာလတ်ပစ် ပဲ့ထိန်းဒုံကျည်များဖြစ်သည်ဟုဆိုသည်။ ဆိုဗီယက်ယူနီယမ် ပြိုကွဲချိန်တွင် ယူကရိန်းနိုင်ငံသည် ဆိုဗီယက်တို့ထံမှ ရရှိခဲ့သည့် ထိပ်ဖူး ၅၀၀၀ ကို ရရှိခဲ့သဖြင့် ကမ္ဘာတွင် နျူကလီးယား လက်နက် တတိယ အများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ယင်းတို့ အားလုံးကို ဖျက်သိမ်းရန် သဘောတူညီခဲ့သည်။

တောင်အာဖရိကနိုင်ငံသည် ၁၉၈၀ ပြည့်နှစ်များတွင် နျူကလီးယား လက်နက် ခြောက်ခုကို ထုတ်လုပ်ခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်တွင် ယင်းတို့ကို ဖျက်သိမ်းခဲ့သည်။ အဖျက်စွမ်းအား အလွန်ကြီးမားသည့် နျူကလီးယား လက်နက်များကို ပိုင်ဆိုင်ထားကြသည့် နိုင်ငံများသည် မည်မျှပင် တင်းမာမှုဖြစ်စေကြစေကာမူ ယင်းလက်နက်များကို အသုံးမပြုဘဲ ထိန်းသိမ်းခဲ့ကြသည်။

နျူကလီးယား လက်နက်များကို သုံးစွဲ သည့် စစ်ပွဲဖြစ်လာပါကလည်း လူသားများအားလုံးသေကြေပျက်စီးကြရသည့် အန္တရာယ်ကို မည်သည့် နျူကလီးယား အင်အား ကြီး နိုင်ငံကမှ လိုလားမည်မဟုတ်ကြောင်း ယူဆကြရပေသည်။

ကိုးကား List of states with nuclear weapons Five Nuclear Weapon States under the NPT

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန) ၂၀၁၉ ခုနှစ် ဇန်နဝါရီလထုတ် သုတအလင်း မဂ္ဂဇင်းမှ

Leave a Reply

Your email address will not be published. Required fields are marked *