ဒီကနေ့ ကမ္ဘာပေါ် မှာ ဝန်ထမ်းဦးရေ အလိုက် အကြီးဆုံး ကုမ္ပဏီ ကြီးတွေ စာရင်း မှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေ ပါတယ်။ ကုမ္ပဏီ အများ စုကတော့ လက်လီစ တိုးဆိုင် ၊ ပို့ဆောင်ရေး ၊ ရေနံ ၊ လျှပ်စစ် ၊ အွန်လိုင်း အရောင်းအဝယ် နဲ့ စက်မှု နည်းပညာ ကုမ္ပဏီေ တွဖြစ်ပါတယ်။ ဒီအခါတော့ ဝန်ထမ်း အများဆုံး အကြီးဆုံး ကုမ္ပဏီ ၅ ခု ကို ဝေမျှလို က်ပါတယ်။ ( ကုမ္ပဏီတွေ ရဲ့ ဝန်ထမ်းဦးေ ရကိုတော့ Fortune မဂ္ဂဇင်းကနေ ကိုး ကားဖော်ပြ ထားတာဖြစ်ပါတယ်)
၅။ State Grid

ဝန်ထမ်း ဦးရေအများ ဆုံး ပဉ္စမနေရာမှာ ရှိနေတဲ့ ကုမ္ပဏီ ကတော့ တရုတ်နိုင်ငံက လျှပ်စစ်ကု မ္ပဏီကြီးတ စ်ခုဖြစ်တဲ့ State Grid Corporation of China ဖြစ်ပါတယ်။ ဒီကုမ္ပဏီ ကလည်း တရုတ် အစိုးရပိုင် ကုမ္ပဏီ ပဲဖြစ်ပြီး ၂၀၀၂ ခုနှစ်ကမှ စတင်တည်ေ ထာင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နို င်ငံတစ်ခုလုံးရဲ့ လျှပ်စစ်ဓာတ် အားပေးလု ပ်ငန်းကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီကြီး လည်း ဖြစ်ပါတယ်။ ရုံးချုပ် ကတော့ မြို့တော် ဘေဂျင်းမှာ တည်ရှိပါတယ်။
တရုတ် နိုင်ငံတင် မကသေးပဲ ဖိလစ်ပိုင် ၊ သြစတြေးလျ ၊ ဘရာဇီး ၊ ပေါ်တူဂီ ၊ အီတလီ နဲ့ ဂရိနိုင်ငံေ တွမှာပါ လုပ်ငန်းခွဲတွေ လုပ်ကိုင်နေ ပါသေးတယ်။ လျှပ်စစ်ဓာတ်အားပေး လိုင်းတိုင် ကွန်ယက် နဲ့ လျှပ်စစ်ဓာ တ်အားပေး လုပ်ငန်းတွေက သူ့ရဲ့အဓိက လုပ်ငန်းတွြေ ဖစ်ပါတယ်။ ၂၀၁၉ ခုနှစ်စာ ရင်းအရ သူ့ရဲ့ဝင်ငွေ ကတော့ အမေရိကန် ၃၈၄ ဘီလျံ ဖြစ်ပြီး ဝန်ထမ်း ဦးရေကတော့ ၉၀၇,၆၇၇ ဦး ရှိပါတယ်။
၄။ China Post Group

ဒါကေ တာ့ တရုတ်အစိုး ရပိုင် စာတိုက် နဲ့ ပို့ဆောင်ရေးလု ပ်ငန်းစုကြီးဖြ စ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ စတင်တ ည်ထောင်ခဲ့ပြီး ရုံးချုပ်ကတော့ ဘေဂျင်းမှာ ရှိပါတယ်။ တရုတ်ပြည် မကြီးတခုလုံး သာမက အထူးဒေသေ တွဖြစ်တဲ့ ဟောင်ေ ကာင် နဲ့ မကာအိုတို့ပါ ဝန်ဆောင် မှုပေးနေပြီး စာတိုက် နဲ့ ပို့ဆောင်ရေးလု ပ်ငန်းသာမက လေကြောင်းလိုင်း ၊ တံဆိပ်ခေါင်း နဲ့ ဘဏ်လုပ်ငန်းေ တွလည်း ဒီလုပ်ငန်းစုထဲမှာ ပါဝင်ေ နပါသေးတယ်။ ဒီလုပ်ငန်းစုကြီးရဲ့ ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၈၉ ဘီလျံဖြစ်ပြီး စုစုပေါင်း ဝန်ထမ်း အင်အားကတော့ ၉၂၇,၁၇၁ ဦး ဖြစ်ပါတယ်။
၃။ Amazon

တတိယ နေရာမှာရှိနေတာ ကတော့ ကမ္ဘာ့အအောင်ြ မင်ဆုံးနှင့် အကြီးဆုံး အွန်လိုင်းစ တိုးအဖြစ်လူသိများတဲ့ အမေဇုန်ကုမ္ပဏီ လုပ်ငန်းစုကြီးဖြစ်ပြီး ဒီကုမ္ပဏီဟာ အမေရိကန်ရဲ့ Big Five အကြီးဆုံးနည်း ပညာ ကုမ္ပဏီကြီး ၅ ခုထဲမှာ ၁ခု အပါ အဝင်ဖြစ်ပါတယ်။ ဒီကုမ္ပဏီကို ၁၉၉၄ ခုနှစ်မှာ ဂျက်ဘီးဇို့စ်က အွန်လိုင်းစာ အုပ်ဆိုင်အဖြစ် စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အွန်လိုင်းအရော င်းအဝယ်အပြင် ၊ နည်းပ ညာထုတ်ကုန်တွေကို ထုတ်လုပ်လလျှက်ရှိပြီး အင်တာနက် နဲ့ အခြားနည်း ပညာဆိုင်ရာ လုပ်ငန်းများစွာကို တိုးချဲ့လုပ်ကိုင်နေတဲ့ ဧရာမ ကုမ္ပဏီကြီး တခုဖြစ်လာခဲ့ပါပြီ။
ကုမ္ပဏီရုံးချု ပ်ကတော့ အမေရိကန် ဝါရှင်တန် Seattle မှာ အခြေစိုက်ပြီး ကမ္ဘာအနှံ့အြ ပားမှာလည်း ရုံးခွဲပေါင်း ၂၀၀ လောက်ကို ဖွင့်လှစ်ထားပါတယ်။ ဒီဘက်နှစ်တွေမှာ အမေဇုန် ကုမ္ပဏီဟာ အဆမတ န်ကြီးထွားလာခဲ့ပြီး ဝန်ထမ်းဦးရေလည်း များပြား လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အရ အမေဇုန်ကု မ္ပဏီရဲ့ဝင်ငွေက အမေရိကန်ဒေါ်လာ ၂၈၀ဘီလျံ ဖြစ်ပြီး ဝန်ထမ်း ဦးရေကတော့ ၁.၁ သန်းကျော် ရှိနေတဲ့ ကုမ္ပဏီကြီးြ ဖစ်ပါတယ်။
၂။ China National Petroleum

China National Petroleum Corporation ကတော့ တရုတ်နို င်ငံရဲ့ အကြီးဆုံး ရေနံ နဲ့ ဓာတ်ငွေ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါတယ်။ ရှယ်ယာအများစုကို တရုတ် အစိုးရက ပိုင်ဆိုင်ထား တာဖြစ်ပြီး ရုံးချုပ်ကတော့ တရုတ်နိုင် ငံ ဘေဂျင်းမြို့မှာ ရှိပါတယ်။ ဝန်ထမ်းဦးရေနဲ့တွ က်ရင်တော့ ကမ္ဘာ့ဒု တိယအကြီးဆုံး ကုမ္ပဏီကြီးဖြစ်ပါတယ်။ လောင်စာဆီ အမျိုးမျိုး ၊ သဘာဝဓာတ်ငွေ့ နဲ့ ဓာတုထုတ်ကုန် အမျိုးမျိုးကို ထုတ်လုပ်ပါတယ်။
အီရတ် ၊ အီရန် ၊ ဆီးရီးယား ၊ တောင်ဆူဒန် ၊ ရုရှား ၊ ကာဇက်စတန် စတဲ့ နိုင်ငံပေါင်း များစွာမှာ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းတွေကို လုပ်ကိုင်လျှက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်စာရင်းအရ သူ့ရဲ့ဝင်ငွေကတော့ အမေရိကန်ဒေါ် လာ ၃၇၉ ဘီလျံ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှ စတင်တ ည်ထောင်တဲ့ ကုမ္ပဏီဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဝန်ထမ်းပေါင်း ၁.၃၄ သန်းကျော် ရှိနေပြီဖြစ်ပါတယ်။
၁။ Walmart

ဒီစာရင်းမှာ နံပါတ် ၁ ဖြစ်တဲ့ Walmart ကေ တာ့ အမေရိကန်မှာ မသိသူ မရှိတဲ့ လက်လီစတိုးဆိုင် လုပ်ငန်းစု ကြီးဖြစ်ပါတယ်။ အမေ ရိကန်အပြင် ကမ္ဘာအနှံ့မှာ စတိုးဆိုင်ခွဲပေါင်း ၁၁၀၀၀ ကျော်ကို ဖွင့်ထားနိုင်တဲ့ အကြီးဆုံးကုမ္ပဏီကြီးဖြစ်ပြီး Samuel Walton က ၁၉၆၂ခုနှစ်မှာ စတင်တည်ေ ထာင်ခဲ့တာ ဖြစ်ပါတယ်။ Walmart ရုံးချုပ်ကတော့ အမေရိကန် အာကန်ဆတ် ပြည်နယ်က Bentonville မြို့မှာဖြစ် ပါတယ်။
လက်လီစတိုးဆိုင် ဆိုတဲ့အတိုင်း လူ့အသုံးအေ ဆာင်ပစ္စည်း အားလုံးနီးပါးကို တစ်နေရာတ ည်းက ရရှိနိုင်တဲ့ နေရာဖြစ်ပါတယ်။ အမေရိကန်မှာတော့ ဆိုင်ခွဲပေါင်း ၄၇၀၀ ကျော်ရှိနေပြီး ဒီအထဲမှာ Walmart Supercenter ၊ Walmart Discount Store ၊ Walmart Neighborhood Market ၊ Amigo စတဲ့ အမျိုးအစား ဆိုင်တွေပါဝင်ပါတယ်။ ဝင်ငွေအရ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်သလို ဝန်ထမ်းအေ ရအတွက်အ ရလည်း ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်စာရင်းအရ ဒီလုပ်င န်းစုကြီးရဲ့ ဝင်ငွေ ကတော့ အမေရိကန်ဒေါ်လာ ၅၂၄ဘီလျံ ဖြစ်ပြီး ဝန်ထမ်းစုစုပေါင်း ဦးရေကတော့ ၂.၂ သန်းဖြစ်ပါတယ်။
Credit;