ဒီကနေ့ အနုပညာ ရုပ်ရှင်လောကရဲ့ ဖခင်ကြီး (သို့မဟုတ်) ရုပ်ရှင်လောကကို ငွေတစ်ရာနဲ့ စတင်ခဲ့သူ

Posted on

ယနေ့ရုပ်ရှ င်လော ကကို တချိန်က ငွေတစ်ရာနဲ့ စခဲ့ရတယ် ဆိုရင် ယုံချင်မှ ယုံကြမှာပါ။ တကယ်ပဲ ငွေတစ်ရာနဲ့ စခဲ့ရတာ ပါ။ စတင်သူက တော့ မြန်မာပီမီေ သျှာင်ထုံး အမြဲ ထုံးထားတ တ်သူ လန်ဒန်အတ် ဦးအု န်းမောင် ဖြစ်သည်။

ဦးအုန်းမောင်သည် သျှောင်ထုံးကြီးနှင့် ဖြစ်သော် လည်း အင်္ဂလိပ်စာတတ်သူ ၊ ပန်းချီ နှင့် ဓာတ်ပုံ အနုပညာကို ဝါသနာပါသူ ဖြစ်သည်။ ဒီ ၊ အေ ၊ အဟူဂျာ ဓာတ်ပုံတိုက်တွင် လခစားဓာတ် ပုံဆရာလုပ်ခဲ့သူ ဖြစ်သည်။ ယင်းသို့လုပ်ကိုင်ရာမှ တစ်နေ့တွင် ဦးအုန်းမောင်သည် လခစားဓာတ်ပုံဆရာဘဝကို စွန့်လွှတ်လိုက်သည်။ယောက် ဖဖြစ်သူ ဓာတ်ပုံဆရာဦးမောင်မောင် နှင့် တွဲကာ “လန်ဒန်အတ် ဓာတ်ပုံကူးတိုက်” ကိုတည်ထောင်လိုက်သည်။

ဓာတ်ပုံလုပ်ငန်းအဝဝကို စိတ်တိုင်းကျဆောင်ရွက်သည်။ ဦးအုန်းမောင်သည် ဓာတ်ပုံ ပညာကျွမ်းကျင်သည့်အပြင် လုံ့လဝီရိယရှိသူ ၊ ပေါင်းသင်းဆက်ဆံရေးကောင်းသူ လည်းဖြစ်တာကြောင့် သူ့လုန်ငန်းသည် အောင်မြင်လေသည်။ယင်းသို့အောင်မြင်နေသော်လည်း ဦးအုန်းမောင်ကား ရုပ်သေဓာတ်ပုံမျှနှင့် မတင်းတိမ်နိုင် ၊ ရုပ်ရှင်ရိုက်ကူးရန် စိတ်ဆန္ဒပြင်းပြနေသည်။

ထိုအချိန်တွင် မြန်မာပြည်၌ အင်္ဂလိပ် ၊ အမေရိကန် ရုပ်ရှင်ကားများပြသနေခြင်းကြောင့် မြန်မာ့ရုပ်ရှင်ကားများ ရိုက်ကူးရန် ဆန္ဒပြင်းပြနေခြင်းဖြစ်သည်။ ဦးအုန်းမောင်သည် ယင်းရုပ်ရှင်ဇာတ်ကားများကို မလွတ်တမ်းကြည့်ရှုလေ့လာသည်။ စာအုပ်စာတမ်းများလည်း ရှာဖွေဖတ်ရှုသည်။ ထို့နောက် မြန်မာ့ရုပ်ရှင်ကို စတင်ရိုက်ကူးရန် ခြေလှမ်းပြင်လိုက်လေသည်။

ထိုစဉ်ဦးအု န်းမောင်သည် သုံးမရ၍ ပစ်ထားေ သာ(မှန်ဘီလူးပင်မပါရှိသော) ရုပ်ရှင်ကင်မရာတစ်လုံးကို E.m.desouza ဆေးတိုက်မှ ဝယ်ယူရရှိလိုက်သည်။ မှန်ဘီလူးမပါ၍ မည်သို့မျှရိုက်ကူး၍ မရဖြစ်နေစဉ် Cinima De Paris ရုံပိုင်ရှင်ထံမှ ရုပ်ရှင်ရိုက်ကင် မရာ မှန်ဘီလူးတစ်ခုကို ရရှိသည်။ ဝယ်ယူထားသော ကင်မရာတွင် စွပ်ကြည့်ရာ အံကိုက်ဖြစ်နေသည်။

ဤနည်းဖြင့် တတ်မြောက်ထားသော ဓာတ်ပုံပညာနှင့် စုပေါင်းစပ်ပေါင်း ကင်မရာဟောင်းကလေးတစ်လုံးဖြင့် မြန်မာ့ရုပ်ရှင်လုပ်ငန်း တံခါးကို စတင်ဖွင့်လှစ်ခဲ့သည်။ထိုအကြောင်းကို ဦးအုန်းမောင်က“ဟိုတုန်းက လုပ်ခဲ့တာတွေ ပြန်စဉ်းစားမိတဲ့အခါ ရယ်မိပါတယ်၊ ဘာပြုလို့လဲဆိုတော့ ကင်မရာ ဆိုတာကလည်း ခုလိုဘယ်ဟုတ်မလဲ၊ ထင်းရှူးသေတ္တာငယ်ကလေးမှာ မှန်ဘီလူး တပ်ထားပြီး လှည့်လို့ရတာ တစ်ခုပဲ ရှိတယ်။

မှန်ဘီလူး ဆိုပြန်တော့လည်း ပုလင်းကွဲသာသာ ရှိတော့ လက်နဲ့ လှည့်လိုက်တိုင်းလည်း အရုပ်ထင်ချင်မျ ထင်တာဗျ၊ ဒီအထဲ ရိုက်ရတဲ့ ဖလင်ကလည်း ခုခေတ်လို မကောင်းပြန်ဆိုတော့ အင်မတန် အခက်အခဲတွေ့ပြီး အရုပ်ထင်အောင် မနည်းကြိုးစားခဲ့ရပါတယ်”ဟု ပြန်ပြောင်းပြောဆိုခဲ့သည်။ပထမဆုံး အနေနှင့် ရိုက်ကူးမည့်ကား မှာ “မေတ္တာ နှင့် သူရာ” ဖြစ်သည်။ ကားရိုက်ကူးရေးစစဉ်မှာပင် ဘိလပ်သွားကိုယ်စားလှယ်ကြီးတစ်ဦးဖြစ်သူ ဝံသာနုခေါင်းဆောင် ဦးထွန်းရှိန် ကွယ်လွန်သွားသည်။ အနယ်နယ်အရပ်ရပ်သို့ ဝံသာနုတရားများ လှည့်လည်ဟောပြောစဉ် ကွယ် လွန်သွားခြင်း ဖြစ်သည်။

ကွယ်လွန်ချိန် အသက်မှာ ၃၀ သာရှိသေးသဖြင့် တစ်တိုင်းပြည်လုံး ဝမ်းနည်းကြသည်။ ဤတွင် ဦးအုန်းမောင်သည် ဦးထွန်းရှိဈာပနကို သတင်းကားအဖြစ် ကြားဖြတ်ရိုက်ကူးသည်။ ထိုသတင်းကားကို ယခုဗိုလ်ချုပ်ဈေးနေရာ၌ ရှိခဲ့ဖူးသော စီနီမာဒီပဲရစ်ရုံ၌ ပြသရာ သတင်းကားပင်ဖြစ်လင့်ကစား ပထမဆုံးမြန်မာကားဖြစ်သဖြင့် မြန်မာပရိသတ်တို့ ကြိတ်ကြိတ်တိုးအားပေးကြည့်ရှုကြသည်။

ထို့နောက် မြန်မာ့ရုပ်ရှင်သမိုင်း၏ ပထမဆုံးဇာတ်ကားဖြစ်လာမည့် မေတ္တာနှင့်သူရာ ဇာတ်ကားကို ရိုက်ကူးသည်။ ဝထ္ထုမှာ ဆရာကြီးပီမိုးနင်း ဝထ္ထုဖြစ်ပြီး မင်းသားမှာ ဦးဘညွန့်၏သား ရုပ်ရှင်ဝါသနာအိုး ကိုညီပု နှင့် မင်းသမီးမှာ ကြည့်မြင်တိုင်သူ မရီ ဖြစ်သည်။

ထိုကားနှင့် ပတ်သတ်၍ ဦးအုန်းမောင်က“ဇာတ်ကားကို အင်းလျားကန်စောင်းမှာ သွားရိုက်တာ ရိုက်တဲ့အခန်းက လူဆိုးတုတ်ကြီးက မင်းသမီးကို ကားနဲ့ ခိုးပြေးလို့ လိုက်ကြတာ မိရောဆိုပါတော့။ အဲလိုမိတော့ လမ်းဘေးကန်စောင်းထဲ ထွေးလုံးပြီးလိမ့်ကျကြပါရော။ တယ်ကြည့်လို့ကောင်းနေသပေါ့ဗျာ။ ကျွမ်းထိုးမှောက်ခုံ ကျလို့ ရေထဲလည်းရောက်ခါနီးရော “ဟိုးဟိုး နေကြဦး ၊ နေကြဦး ” ၊ ကြည့်လိုက်တော့ ကိုညီပုက သူရိုက်နေတဲ့ ကင်မရာက မှန်ဘီလူးရှေ့အစိုက်မှာ အပြင်ကိုထွက်ကျသွားသတဲ့ ၊ ပြန်ရိုက်ပါ ဆိုတော့ အကျိုးကိုနည်းရော ၊ ကွဲသူလည်း ကွဲ ၊ ပြဲသူလည်း ပြဲနေကြပြီ ၊ ဒီလိုအခက်အခဲမျိုးစုံကို ၂ နှစ်ကျော်ကျော် ရိုက်တော့မှပဲ အဲဒီ မေတ္တာသူရာ ဇာတ်ကားလေးပြီးခဲ့တယ်”ဟု ရင်ဖွင့်ပြော ဆိုခဲ့လေသည်။

ဒီဇာတ်ကားကို တစ်တိုင်းပြည်လုံး အုန်းအုန်းကြက်ကြက် အားပေးကြသည်။ ထိုသို့အားပေးသော်ငြား ဦးအုန်းမောင်အဖို့မှု ငွေကြေးအနေဖြင့် အမြတ်အစွန်းမရရှာပေ။ အရှုံးပင်ပေါ်ခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ ဦးအုန်းမောင်၏ ကြိုးစားမှု များစွာထိရောက်ခဲ့သည်။ ထိုမှစ၍ မြန်မာဇာတ်ကားများ တစ်ကားပြီး တစ်ကား ပိုမိုကောင်းမွန်စွာထွက်လာခဲ့သည်။ မေတ္တာနှင့် သူရာ အပြီးတွင် ကျေးတောသူ မနု ၊ ရွှေပေးလို့မရ၊ တိမ်တစ်လုံး ၊ ခင်ခင့်မှားတော်ပုံ စသည့်ဇာတ်ကားများကို ရိုက်ကူးခဲ့သည်။ ‘ခင်ခင့်မှားတော်ပုံ’ သည် ဦးအုန်းမောင် ရုပ်ရှင်ပညာစွမ်း ပြသောဇာတ်ကားဖြစ်သည်။ ကိရိယာ မစုံလင်ပဲ နှင့် နှစ်ကိုယ်ခွဲခန်းများ ပါဝင်ခဲ့သောဇာတ်ကားဖြစ်သည်။

အစပိုင်း အရှုံးချည်းသာ ရင်ဆိုင်ခဲ့ရသော်လည်း အခက်အခဲများကို မာန်တင်းကျော်ဖြတ်ရင်း နောက်ပိုင်းတွင် တစ်နေ့တစ်ခြားအောင်မြင်လာခဲ့သည်။ မကြာမီပင် ရုပ်ရှင် သူဌေး “လန်ဒန်အတ် ဦးအုန်းမောင်” ဘဝ သို့ရောက်ခဲ့ပေသည်။ ထိုသို့ စီးပွားဖြစ်ထွန်းသော်လည်း ဦးအုန်းမောင်သည် ငွေကြေး ဥစ္စာ စုဆောင်းရန်ဝါသနာမပါ။ ရုပ်ရှင်လုပ်ငန်းနှင့် ပတ်သတ်၍ ထူးသမျှ ဆန်းသမျှ ပစ္စည်းများ ကိရိယာများကို နိုင်ငံခြားမှ မှာယူ အသုံးပြုလေသည်။

နိုင်ငံခြားမှ ထုတ်ဝေသမျှ ရုပ်ရှင်စာစောင် ၊ စာတမ်း ၊ စာအုပ်များကို မှာယူကြည့်ရှု့သည်။ မိမိအတွက်လည်း အကေားင်းစား စီးကရက် ၊ ရှုးဖိနပ်များကို အသုံးပြုပြီး မော်တော်ကားအသစ်ပေါ်တိုင်းလည်း လဲလှယ် စီးခဲ့သည်။ ထိုအတွင်း ကမ္ဘာစီးပွားပျက်ကယက် ဆိုက်ပြီး မြန်မာနိုင်ငံသို့ဝင်လာရာ ဦးအုန်းမောင်၏ လန်ဒန်အတ် ကုမ္ပဏီသည် အထူးထိခိုက်သည်။ ကြွေးမြီများလည်း တင်လာရာ နောက်ဆုံး စိတ်ရှုပ်မခံနိုင်တော့သည့်အခါ ကုမ္ပဏီကို အဆမတန်ဈေးလျှော့ကာ ရောင်းချလိုက်ရလေတော့သည်။

ထိုမှတစ်ဖန် ဇာတ်ကားများကို ပြန်လည်ရိုက်ရာ ၁၅ ကားခန့်ရိုက်ခဲ့သော်လည်း အသက်အရွယ်ကလည်း ကြီးလာ၊ ဖိဖိစီးစီးလည်း မလုပ်နိုင်တော့သဖြင့် ယခင်ကဲ့သို့အောင်မြင်ခြင်းမရှိတော့ချေ။ ကွယ်လွန်ခါနီးတွင် ရုပ်ရှင်လုပ်ငန်းကို ကိုယ်တိုင်မလုပ်တော့ နောက်လာနောက်သား ရုပ်ရှင် ပညာရှင်များ အကူအညီတောင်းလာသည့်အခါ အမြဲကူညီခဲ့သည်။မြန်မာ့ ရုပ်ရှင်လောက၏ ဖခင်ကြီး ဦးအုန်းမောင်သည် ၁၉၆၄ ခု သြဂုတ်လ ၁၅ ရက်နေ့ ၊ အသက် ၇၃ နှစ်တွင် ကွယ်လွန်ခဲ့သည်။ဦးအုန်းမောင်သည် ရုပ်ရှင်သူဌေး ဖြစ်ခဲ့သော်လည်း စီးပွားရေးသမားမဟုတ်။ အနုပညာရှင် ဖြစ်သည်။

ထို့ကြောင့်လည်း ဦးအုန်းမောင်က “အမှန်ပြောရရင် ဒီရုပ်ရှင်နဲ့ ကျွန်တော်တို့ စီးပွားရှာ ချမ်းသာချင်လို့ ကြံစည်ကြိုးစားလာတာမဟုတ်ပါဘူး။ မြန်မာ့အစွမ်းကို ပြချင်လို့ စိတ်တင်းပြီး မဖြစ်ဖြစ်အောင် ဇွဲကောင်းကောင်းနဲ့ ကြိုးစားခဲ့တာပါပဲ” ဟူ၍ မကွယ်လွန်မီ ဖွင့်ဟပြောဆိုခဲ့လေသည်။

လူသည် ဆင်းရဲဒဏ်ကို ခံနိုင်သော်လည်း ချမ်းသာသည့်ဒဏ်ကို မခံနိုင်သည့် အကြောင်းကို ဦးအုန်းမောင် အမြဲပြောလေ့ရှိသည်။ ထိုစကားမှာကားနိမ့်တုန်း မကြောက်ရဘူး၊မြင့်တော့ ကြောက်ရတယ်” ဟူ၍ပင်ဖြစ်သည်။ Ref;ပထမမြန်မာများ – မင်းယုဝေ – အ မှတ်မှားဆဲ လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀၀ – မောင်ကြည်သန့် -မြန်မာ့စွယ်စုံကျမ်း

Zawgyi Version

ယေန႕႐ုပ္ရွ င္ေလာ ကကို တခ်ိန္က ေငြတစ္ရာနဲ႕ စခဲ့ရတယ္ ဆိုရင္ ယုံခ်င္မွ ယုံၾကမွာပါ။ တကယ္ပဲ ေငြတစ္ရာနဲ႕ စခဲ့ရတာ ပါ။ စတင္သူက ေတာ့ ျမန္မာပီမီေ သွ်ာင္ထုံး အၿမဲ ထုံးထားတ တ္သူ လန္ဒန္အတ္ ဦးအု န္းေမာင္ ျဖစ္သည္။

ဦးအုန္းေမာင္သည္ ေသွ်ာင္ထုံးႀကီးႏွင့္ ျဖစ္ေသာ္ လည္း အဂၤလိပ္စာတတ္သူ ၊ ပန္းခ်ီ ႏွင့္ ဓာတ္ပုံ အႏုပညာကို ဝါသနာပါသူ ျဖစ္သည္။ ဒီ ၊ ေအ ၊ အဟူဂ်ာ ဓာတ္ပုံတိုက္တြင္ လခစားဓာတ္ ပုံဆရာလုပ္ခဲ့သူ ျဖစ္သည္။ ယင္းသို႔လုပ္ကိုင္ရာမွ တစ္ေန႕တြင္ ဦးအုန္းေမာင္သည္ လခစားဓာတ္ပုံဆရာဘဝကို စြန႔္လႊတ္လိုက္သည္။ေယာက္ ဖျဖစ္သူ ဓာတ္ပုံဆရာဦးေမာင္ေမာင္ ႏွင့္ တြဲကာ “လန္ဒန္အတ္ ဓာတ္ပုံကူးတိုက္” ကိုတည္ေထာင္လိုက္သည္။

ဓာတ္ပုံလုပ္ငန္းအဝဝကို စိတ္တိုင္းက်ေဆာင္႐ြက္သည္။ ဦးအုန္းေမာင္သည္ ဓာတ္ပုံ ပညာကြၽမ္းက်င္သည့္အျပင္ လုံ႕လဝီရိယရွိသူ ၊ ေပါင္းသင္းဆက္ဆံေရးေကာင္းသူ လည္းျဖစ္တာေၾကာင့္ သူ႕လုန္ငန္းသည္ ေအာင္ျမင္ေလသည္။ယင္းသို႔ေအာင္ျမင္ေနေသာ္လည္း ဦးအုန္းေမာင္ကား ႐ုပ္ေသဓာတ္ပုံမွ်ႏွင့္ မတင္းတိမ္နိုင္ ၊ ႐ုပ္ရွင္ရိုက္ကူးရန္ စိတ္ဆႏၵျပင္းျပေနသည္။

ထိုအခ်ိန္တြင္ ျမန္မာျပည္၌ အဂၤလိပ္ ၊ အေမရိကန္ ႐ုပ္ရွင္ကားမ်ားျပသေနျခင္းေၾကာင့္ ျမန္မာ့႐ုပ္ရွင္ကားမ်ား ရိုက္ကူးရန္ ဆႏၵျပင္းျပေနျခင္းျဖစ္သည္။ ဦးအုန္းေမာင္သည္ ယင္း႐ုပ္ရွင္ဇာတ္ကားမ်ားကို မလြတ္တမ္းၾကည့္ရႈေလ့လာသည္။ စာအုပ္စာတမ္းမ်ားလည္း ရွာေဖြဖတ္ရႈသည္။ ထို႔ေနာက္ ျမန္မာ့႐ုပ္ရွင္ကို စတင္ရိုက္ကူးရန္ ေျခလွမ္းျပင္လိုက္ေလသည္။

ထိုစဥ္ဦးအု န္းေမာင္သည္ သုံးမရ၍ ပစ္ထားေ သာ(မွန္ဘီလူးပင္မပါရွိေသာ) ႐ုပ္ရွင္ကင္မရာတစ္လုံးကို E.m.desouza ေဆးတိုက္မွ ဝယ္ယူရရွိလိုက္သည္။ မွန္ဘီလူးမပါ၍ မည္သို႔မွ်ရိုက္ကူး၍ မရျဖစ္ေနစဥ္ Cinima De Paris ႐ုံပိုင္ရွင္ထံမွ ႐ုပ္ရွင္ရိုက္ကင္ မရာ မွန္ဘီလူးတစ္ခုကို ရရွိသည္။ ဝယ္ယူထားေသာ ကင္မရာတြင္ စြပ္ၾကည့္ရာ အံကိုက္ျဖစ္ေနသည္။

ဤနည္းျဖင့္ တတ္ေျမာက္ထားေသာ ဓာတ္ပုံပညာႏွင့္ စုေပါင္းစပ္ေပါင္း ကင္မရာေဟာင္းကေလးတစ္လုံးျဖင့္ ျမန္မာ့႐ုပ္ရွင္လုပ္ငန္း တံခါးကို စတင္ဖြင့္လွစ္ခဲ့သည္။ထိုအေၾကာင္းကို ဦးအုန္းေမာင္က“ဟိုတုန္းက လုပ္ခဲ့တာေတြ ျပန္စဥ္းစားမိတဲ့အခါ ရယ္မိပါတယ္၊ ဘာျပဳလို႔လဲဆိုေတာ့ ကင္မရာ ဆိုတာကလည္း ခုလိုဘယ္ဟုတ္မလဲ၊ ထင္းရႉးေသတၱာငယ္ကေလးမွာ မွန္ဘီလူး တပ္ထားၿပီး လွည့္လို႔ရတာ တစ္ခုပဲ ရွိတယ္။

မွန္ဘီလူး ဆိုျပန္ေတာ့လည္း ပုလင္းကြဲသာသာ ရွိေတာ့ လက္နဲ႕ လွည့္လိုက္တိုင္းလည္း အ႐ုပ္ထင္ခ်င္မ် ထင္တာဗ်၊ ဒီအထဲ ရိုက္ရတဲ့ ဖလင္ကလည္း ခုေခတ္လို မေကာင္းျပန္ဆိုေတာ့ အင္မတန္ အခက္အခဲေတြ႕ၿပီး အ႐ုပ္ထင္ေအာင္ မနည္းႀကိဳးစားခဲ့ရပါတယ္”ဟု ျပန္ေျပာင္းေျပာဆိုခဲ့သည္။ပထမဆုံး အေနႏွင့္ ရိုက္ကူးမည့္ကား မွာ “ေမတၱာ ႏွင့္ သူရာ” ျဖစ္သည္။ ကားရိုက္ကူးေရးစစဥ္မွာပင္ ဘိလပ္သြားကိုယ္စားလွယ္ႀကီးတစ္ဦးျဖစ္သူ ဝံသာႏုေခါင္းေဆာင္ ဦးထြန္းရွိန္ ကြယ္လြန္သြားသည္။ အနယ္နယ္အရပ္ရပ္သို႔ ဝံသာႏုတရားမ်ား လွည့္လည္ေဟာေျပာစဥ္ ကြယ္ လြန္သြားျခင္း ျဖစ္သည္။

ကြယ္လြန္ခ်ိန္ အသက္မွာ ၃၀ သာရွိေသးသျဖင့္ တစ္တိုင္းျပည္လုံး ဝမ္းနည္းၾကသည္။ ဤတြင္ ဦးအုန္းေမာင္သည္ ဦးထြန္းရွိစ်ာပနကို သတင္းကားအျဖစ္ ၾကားျဖတ္ရိုက္ကူးသည္။ ထိုသတင္းကားကို ယခုဗိုလ္ခ်ဳပ္ေစ်းေနရာ၌ ရွိခဲ့ဖူးေသာ စီနီမာဒီပဲရစ္႐ုံ၌ ျပသရာ သတင္းကားပင္ျဖစ္လင့္ကစား ပထမဆုံးျမန္မာကားျဖစ္သျဖင့္ ျမန္မာပရိသတ္တို႔ ႀကိတ္ႀကိတ္တိုးအားေပးၾကည့္ရႈၾကသည္။

ထို႔ေနာက္ ျမန္မာ့႐ုပ္ရွင္သမိုင္း၏ ပထမဆုံးဇာတ္ကားျဖစ္လာမည့္ ေမတၱာႏွင့္သူရာ ဇာတ္ကားကို ရိုက္ကူးသည္။ ၀ထၳဳမွာ ဆရာႀကီးပီမိုးနင္း ၀ထၳဳျဖစ္ၿပီး မင္းသားမွာ ဦးဘၫြန႔္၏သား ႐ုပ္ရွင္ဝါသနာအိုး ကိုညီပု ႏွင့္ မင္းသမီးမွာ ၾကည့္ျမင္တိုင္သူ မရီ ျဖစ္သည္။

ထိုကားႏွင့္ ပတ္သတ္၍ ဦးအုန္းေမာင္က“ဇာတ္ကားကို အင္းလ်ားကန္ေစာင္းမွာ သြားရိုက္တာ ရိုက္တဲ့အခန္းက လူဆိုးတုတ္ႀကီးက မင္းသမီးကို ကားနဲ႕ ခိုးေျပးလို႔ လိုက္ၾကတာ မိေရာဆိုပါေတာ့။ အဲလိုမိေတာ့ လမ္းေဘးကန္ေစာင္းထဲ ေထြးလုံးၿပီးလိမ့္က်ၾကပါေရာ။ တယ္ၾကည့္လို႔ေကာင္းေနသေပါ့ဗ်ာ။ ကြၽမ္းထိုးေမွာက္ခုံ က်လိဳ႕ ေရထဲလည္းေရာက္ခါနီးေရာ “ဟိုးဟိုး ေနၾကဦး ၊ ေနၾကဦး ” ၊ ၾကည့္လိုက္ေတာ့ ကိုညီပုက သူရိုက္ေနတဲ့ ကင္မရာက မွန္ဘီလူးေရွ႕အစိုက္မွာ အျပင္ကိုထြက္က်သြားသတဲ့ ၊ ျပန္ရိုက္ပါ ဆိုေတာ့ အက်ိဳးကိုနည္းေရာ ၊ ကြဲသူလည္း ကြဲ ၊ ၿပဲသူလည္း ၿပဲေနၾကၿပီ ၊ ဒီလိုအခက္အခဲမ်ိဳးစုံကို ၂ ႏွစ္ေက်ာ္ေက်ာ္ ရိုက္ေတာ့မွပဲ အဲဒီ ေမတၱာသူရာ ဇာတ္ကားေလးၿပီးခဲ့တယ္”ဟု ရင္ဖြင့္ေျပာ ဆိုခဲ့ေလသည္။

ဒီဇာတ္ကားကို တစ္တိုင္းျပည္လုံး အုန္းအုန္းၾကက္ၾကက္ အားေပးၾကသည္။ ထိုသို႔အားေပးေသာ္ျငား ဦးအုန္းေမာင္အဖို႔မႈ ေငြေၾကးအေနျဖင့္ အျမတ္အစြန္းမရရွာေပ။ အရႈံးပင္ေပၚခဲ့ေလသည္။ မည္သို႔ပင္ျဖစ္ေစ ဦးအုန္းေမာင္၏ ႀကိဳးစားမႈ မ်ားစြာထိေရာက္ခဲ့သည္။ ထိုမွစ၍ ျမန္မာဇာတ္ကားမ်ား တစ္ကားၿပီး တစ္ကား ပိုမိုေကာင္းမြန္စြာထြက္လာခဲ့သည္။ ေမတၱာႏွင့္ သူရာ အၿပီးတြင္ ေက်းေတာသူ မႏု ၊ ေ႐ႊေပးလို႔မရ၊ တိမ္တစ္လုံး ၊ ခင္ခင့္မွားေတာ္ပုံ စသည့္ဇာတ္ကားမ်ားကို ရိုက္ကူးခဲ့သည္။ ‘ခင္ခင့္မွားေတာ္ပုံ’ သည္ ဦးအုန္းေမာင္ ႐ုပ္ရွင္ပညာစြမ္း ျပေသာဇာတ္ကားျဖစ္သည္။ ကိရိယာ မစုံလင္ပဲ ႏွင့္ ႏွစ္ကိုယ္ခြဲခန္းမ်ား ပါဝင္ခဲ့ေသာဇာတ္ကားျဖစ္သည္။

အစပိုင္း အရႈံးခ်ည္းသာ ရင္ဆိုင္ခဲ့ရေသာ္လည္း အခက္အခဲမ်ားကို မာန္တင္းေက်ာ္ျဖတ္ရင္း ေနာက္ပိုင္းတြင္ တစ္ေန႕တစ္ျခားေအာင္ျမင္လာခဲ့သည္။ မၾကာမီပင္ ႐ုပ္ရွင္ သူေဌး “လန္ဒန္အတ္ ဦးအုန္းေမာင္” ဘဝ သို႔ေရာက္ခဲ့ေပသည္။ ထိုသို႔ စီးပြားျဖစ္ထြန္းေသာ္လည္း ဦးအုန္းေမာင္သည္ ေငြေၾကး ဥစၥာ စုေဆာင္းရန္ဝါသနာမပါ။ ႐ုပ္ရွင္လုပ္ငန္းႏွင့္ ပတ္သတ္၍ ထူးသမွ် ဆန္းသမွ် ပစၥည္းမ်ား ကိရိယာမ်ားကို နိုင္ငံျခားမွ မွာယူ အသုံးျပဳေလသည္။

နိုင္ငံျခားမွ ထုတ္ေဝသမွ် ႐ုပ္ရွင္စာေစာင္ ၊ စာတမ္း ၊ စာအုပ္မ်ားကို မွာယူၾကည့္ရႈ႕သည္။ မိမိအတြက္လည္း အေကားင္းစား စီးကရက္ ၊ ရႈးဖိနပ္မ်ားကို အသုံးျပဳၿပီး ေမာ္ေတာ္ကားအသစ္ေပၚတိုင္းလည္း လဲလွယ္ စီးခဲ့သည္။ ထိုအတြင္း ကမာၻစီးပြားပ်က္ကယက္ ဆိုက္ၿပီး ျမန္မာနိုင္ငံသို႔ဝင္လာရာ ဦးအုန္းေမာင္၏ လန္ဒန္အတ္ ကုမၸဏီသည္ အထူးထိခိုက္သည္။ ေႂကြးၿမီမ်ားလည္း တင္လာရာ ေနာက္ဆုံး စိတ္ရႈပ္မခံနိုင္ေတာ့သည့္အခါ ကုမၸဏီကို အဆမတန္ေစ်းေလွ်ာ့ကာ ေရာင္းခ်လိဳက္ရေလေတာ့သည္။

ထိုမွတစ္ဖန္ ဇာတ္ကားမ်ားကို ျပန္လည္ရိုက္ရာ ၁၅ ကားခန႔္ရိုက္ခဲ့ေသာ္လည္း အသက္အ႐ြယ္ကလည္း ႀကီးလာ၊ ဖိဖိစီးစီးလည္း မလုပ္နိုင္ေတာ့သျဖင့္ ယခင္ကဲ့သို႔ေအာင္ျမင္ျခင္းမရွိေတာ့ေခ်။ ကြယ္လြန္ခါနီးတြင္ ႐ုပ္ရွင္လုပ္ငန္းကို ကိုယ္တိုင္မလုပ္ေတာ့ ေနာက္လာေနာက္သား ႐ုပ္ရွင္ ပညာရွင္မ်ား အကူအညီေတာင္းလာသည့္အခါ အၿမဲကူညီခဲ့သည္။ျမန္မာ့ ႐ုပ္ရွင္ေလာက၏ ဖခင္ႀကီး ဦးအုန္းေမာင္သည္ ၁၉၆၄ ခု ၾသဂုတ္လ ၁၅ ရက္ေန႕ ၊ အသက္ ၇၃ ႏွစ္တြင္ ကြယ္လြန္ခဲ့သည္။ဦးအုန္းေမာင္သည္ ႐ုပ္ရွင္သူေဌး ျဖစ္ခဲ့ေသာ္လည္း စီးပြားေရးသမားမဟုတ္။ အႏုပညာရွင္ ျဖစ္သည္။

ထို႔ေၾကာင့္လည္း ဦးအုန္းေမာင္က “အမွန္ေျပာရရင္ ဒီ႐ုပ္ရွင္နဲ႕ ကြၽန္ေတာ္တို႔ စီးပြားရွာ ခ်မ္းသာခ်င္လို႔ ႀကံစည္ႀကိဳးစားလာတာမဟုတ္ပါဘူး။ ျမန္မာ့အစြမ္းကို ျပခ်င္လို႔ စိတ္တင္းၿပီး မျဖစ္ျဖစ္ေအာင္ ဇြဲေကာင္းေကာင္းနဲ႕ ႀကိဳးစားခဲ့တာပါပဲ” ဟူ၍ မကြယ္လြန္မီ ဖြင့္ဟေျပာဆိုခဲ့ေလသည္။

လူသည္ ဆင္းရဲဒဏ္ကို ခံနိုင္ေသာ္လည္း ခ်မ္းသာသည့္ဒဏ္ကို မခံနိုင္သည့္ အေၾကာင္းကို ဦးအုန္းေမာင္ အၿမဲေျပာေလ့ရွိသည္။ ထိုစကားမွာကားနိမ့္တုန္း မေၾကာက္ရဘူး၊ျမင့္ေတာ့ ေၾကာက္ရတယ္” ဟူ၍ပင္ျဖစ္သည္။ Ref;ပထမျမန္မာမ်ား – မင္းယုေဝ – အ မွတ္မွားဆဲ လူသိနည္း ျမန္မာ့ျဖစ္ရပ္ ၁၀၀ – ေမာင္ၾကည္သန႔္ -ျမန္မာ့စြယ္စုံက်မ္း

Leave a Reply

Your email address will not be published. Required fields are marked *