ဒီနေ့မှာတော့ သူမချစ်ရတဲ့ ချစ်သူလေးနဲ့ ကချင်ရိုးရာဝတ်စုံလေးဝတ်ကာ ခမ်းနားကြီးကျယ်လှတဲ့ မင်္ဂလာပွဲကြီးကျင်းပလိုက်ပြီဖြစ်တဲ့ မအေးသောင်း

Posted on

မော်ဒယ် အနေနဲ့ အနုပညာလောက ထဲကို ဝင်ရောက် လာကြတဲ့ အေးဝတ်ရည်သောင်းတို့ ညီအစ်မတွေလို့ ဆိုလိုက်တာနဲ့ မသိသူ မရှိသလောက် ပါပဲနော်… ညီအစ်မ ၃ ယောက်လုံး ကလည်း ချောလဲချော အသားအ‌ေရလေးလဲ လှတဲ့အပြင် လူတိုင်း အားကျ ရလောက်တဲ့ ကိုယ်ခန္ဓာမျိုးနဲ့ အရပ်ကို ပိုင်ဆိုင်ထားကြ တာကြောင့် အပြစ်ပြော စရာမလိုအောင် ပြည့်စုံနေကြ သူတွေ ဖြစ်ပါတယ်။

အေးသောင်း ကတော့ အနုပညာလောက ကနေ ခနပျောက်သွားပြီး နောက်မှာတော့ မြန်မာဆန်ဆန် လေးနဲ့ လှပ ကျက်သရေ ရှိစွာနဲ့ ပြန်ရောက် လာချိန်မှာလည်း ပရိသတ်တွေက ချစ်မြဲ ချစ်ဆဲ ပါပဲနော်… မအေးသောင်းက ကြီးကျယ် ခမ်းနားတဲ့ မဂ်လာပွဲကြီး ကျင်းပတော့မှာ ဖြစ်ကြောင်း အခုလို ချပြလာခဲ့ တာပဲ ဖြစ်ပါတယ်.။မကြာခင် ကမှ social media မှာ သူ့ချစ်သူနဲ့ ရိုက်ကူးထားတဲ့ pre wedding ပုံတွေနဲ့ ပုရိသတွေ အသဲခွဲ သွားခဲ့သူပဲ ဖြစ်ပါ တယ်နော်။

မအေးသောင်းလို့ ချစ်စနိုး ခေါ်ကြတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းက မေလ၂ရက်နေ့ မှာချစ်သူ M Zaw Zaw Latt နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ CALVARY BAPTIST CHURGH မှာ မနက်၉နာရီမှ ၁ဝနာရီ ၃ဝမိနစ်ထိ လက်ထပ် ထိမ်းမြှားမှာ ဖြစ်ပါ တယ်နော်။ မင်္ဂလာ ညစာစားပွဲကို GLASS HOUSE မှာ ညနေ ၆နာရီမှ ၈နာရီ ၃ဝမိနစ် အထိ ကျင်းပမှာဖြစ်ပြီး ပွဲတက် ဝတ်စုံ အနေနဲ့ ပုံမှန်ပွဲတက် ဝတ်စုံအပြင် ကချင် ရိုးရာ ဝတ်စုံများနဲ့ တက်ရောက် နိုင်တယ်လို့ ရေးသား ထားပါတယ်။ ဒီကနေ့မှာတော့ မအေးသောင်းက သူမတို့ရဲ့ မင်္ဂလာပွဲ ပုံရိပ်တွေကို အခုလိုပဲ ပြသ လာခဲ့တာပဲ ဖြစ်ပါ တယ်နော်။

Zawgyi

မော်ဒယ် အနေနဲ့ အနုပညာလောက ထဲကို ဝင်ရောက် လာကြတဲ့ အေးဝတ်ရည်သောင်းတို့ ညီအစ်မတွေလို့ ဆိုလိုက်တာနဲ့ မသိသူ မရှိသလောက် ပါပဲနော်… ညီအစ်မ ၃ ယောက်လုံး ကလည်း ချောလဲချော အသားအ‌ရေလေးလဲ လှတဲ့အပြင် လူတိုင်း အားကျ ရလောက်တဲ့ ကိုယ်ခန္ဓာမျိုးနဲ့ အရပ်ကို ပိုင်ဆိုင်ထားကြ တာကြောင့် အပြစ်ပြော စရာမလိုအောင် ပြည့်စုံနေကြ သူတွေ ဖြစ်ပါတယ်။



Leave a Reply

Your email address will not be published.