ဒီနေ့မှာ သေနတ်နဲ့ အပစ်ခံလိုက်ရလို့ အရေးပေါ်ဆေးကုသမှုခံယူနေရတဲ့ Myanmar Idol အဆိုတော်ဇင်ကြီး…
Posted on
ပရိသတ် ကြီးရေ အဆိုတော် ဇင်ကြီး ကတော့ Myanmar Idol ပြိုင်ပွဲ ကြီးကနေ အကောင်းဆုံး ယှဉ်ပြိုင် ခဲ့ပြီး လူသိများလာတဲ့ သူတစ်ယောက် လည်း ဖြစ်ပါတယ်။ ဒီနေ့မှတော့ မြောက်ဒဂုံမှာ အဆိုတော် ဇင်ကြီးကို လူလေးဦးက သေနတ်နဲ့ ပစ်သွားတယ် လို့လည်း သိရ ပါတယ်။
မြောက်ဒဂုံ၊ ၃၇ ရပ်ကွက်၊ ဧကရာဇ်ဟိုတယ် ဘေးက အလုပ်သမား တန်းလျားမှာ အဆိုတော် ဇင်ကြီးရှိနေစဉ် အခိုက် လူ ၄ ဦးက သေနတ်နဲ့ လေးချက် ပစ်ခတ်ပြီး ထွက်သွားခဲ့ တာလို့ သိရပါတယ်။ အဲ့ဒီ ပစ်ခတ်သူတွေဟာ ဟိုတယ် ကားဝင်ပေါက် အနီး အလှပြင် ဆိုင်က အမျိုးသမီးတစ်ဦးကိုလည်း ပစ်သတ် သွားခဲ့ သေးတယ်လို့ ဆိုပါတယ်။
အဆိုတော် ဇင်ကြီး ကတော့ ဝဲဘက် လက်မောင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက် ချိုစောင်း ရှပ်ထိ ဒဏ်ရာ ၁ ချက်၊ ဝဲဘက် မျက်လုံး ဖူးရောင် ဒဏ်ရာ ၁ ချက်၊ ဝဲလက်ကျိူးဒဏ်ရာ၊ ဝဲမျက်လုံး ဖောက်ဝင် ဒဏ်ရာ စတဲ့ ပြင်းထန်တဲ့ ဒဏ်ရာ ရသွားပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုတော်ဇင်ကြီးကို မည့်သည့် အကြောင်းကြောင့် ပစ်ခတ်သွားတယ်ဆိုတာ မသိရသေးပါဘူး။
Zawgyi
Leave a Reply
Your email address will not be published.