ပရိသတ် ကြီးရေ သရုပ်ဆောင် မင်းသားချော စည်ဖြိုးနဲ့ မင်းသမီး ချောလေး ခင်လွှမ်းတို့ ကတော့ ပျော်ရွှင် သာယာတဲ့ မိသားစု ဘဝလေးကို တည်ဆောက် ထားပြီး သမီးလေး တစ်ယောက်ကို ပိုင်ဆိုင် ထားပါတယ်။ သမီးလေး ကလည်း ဖေဖေ မေမေတို့ ရဲ့ အချောအလှ တွေကို ရရှိ ထားတာကြောင့် တကယ်ကို ချစ်စရာ ကောင်းလှတဲ့ ကလေးလေးပါ။
ဒီနေ့ ဇွန်လ (၁၄)ရက်နေ့ လေး ကတော့ စည်ဖြိုးနဲ့ ခင်လွှမ်း တို့ရဲ့ သမီးလေး ဖြစ်တဲ့ Shandra Shwe Siရဲ့ တစ်နှစ်ပြည့် မြောက်တဲ့ မွေးနေ့ ရက်မြတ် လေးပဲ ဖြစ်ပါတယ်။ သမီးလေး Shandra Shwe Siရဲ့ လူမှု ကွန်ရက် စာမျက်နှာ ကနေလည်း သမီးလေးရဲ့ တစ်နှစ်ပြည့် လက်ရှိ ချစ်စရာ ကောင်းလှတဲ့ ပုံလေး တွေနဲ့ အတူ “Happy 1 year birthday ပါ သမီးလေးရေ။ အရမ်းချစ်တယ်” ဆိုပြီး မွေးနေ့ ဆုတောင်း ပေးထားခဲ့ ပါသေးတယ်။
Happy Birthday ပါ သမီးလေးရေ ပညာတတ် ကြီးဖြစ်ပြီး ဖေဖေမေမေ အားကိုးရတဲ့ သမီးလိမ္မာလေး ဖြစ်ပါစေလို့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်။ ပရိသတ် ကြီးတွေလည်း သမီးလေး Shandra Shwe Si ရဲ့ မွေးနေ့ လေးအတွက် မွေးနေ့ ဆုတောင်းပေးခဲ့ ကြပါ ဦးနော်။
Zawgyi