ဓာတ္ဆီနဲ႕ဒီဇယ္ ေလာင္စာဆီမွားၿပီး သင့္ကားမွာထည္.မိရင္ဘာျဖစ္နိုင္သလဲ ?

Posted on

သင်ဟာ ဓာတ်ဆီအင်ဂျင်ကားတစီးကို မောင်းနေတဲ့ ယာဉ်မောင်းသူတယောက်ဖြစ်ရင်ဖြစ်မယ် ၊ ဒီဇယ်အင်ဂျင်ကားကို မောင်းနေတဲ့ ယာဉ်မောင်းတယောက်ဖြစ်ရင်ဖြစ်ပါမယ် ။

သင့်ကား ဆီဖြည့်စဉ်မှာ ဆီဆိုင်က ဓာတ်ဆီကားကို ဒီဇယ်မှားထည်.လိုက်မိတယ် ၊ ဒီဇယ်ကားကို ဓာတ်ဆီမှားထည်.လိုက်မိတယ်ဆိုပါစို. ၊( ဖြစ်ခဲပေမယ့် ဖြစ်တော့ဖြစ်တတ်ပါတယ် ) ၊ သင်ကလည်း အမှုမဲ့ အမှတ်မဲ့ ဆီမှားထည်.လိုက်တာမသိဘဲ ကားစက်နှိုးလိုက်မိတယ်ဆို သင်ကားအင်ဂျင် ဘာတွေဖြစ်သွားနိုင်မလဲဆိုတာကို သိပ္ပံနည်းကျ လက်တွေ.ကျကျ ဆွေးနွေးတင်ပြချင်ပါတယ် ။

ဆီမှားထည်.တဲ့ ပြသနာဘာတွေဖြစ်နိုင်တယ်ဆိုတာကို မသိခင် ဓာတ်ဆီအင်ဂျင်နဲ. ဓာတ်ဆီအင်ဂျင်တို.ရဲ. မတူကွဲပြားတဲ့ အင်ဂျင်တည်ဆောက်ပုံ မီးလောင်ပုံလေးတွေကို သိထားရင်ပိုကောင်းပါတယ် ။

ကျနော်အရင်ရေးထားတဲ့ ပိုစ့်မှာ ရှာဖွေဖတ်နိုင်ပါတယ် ။ အခုတင်ပြချင်တာက ဓာတ်ဆီနဲ. ဒီဇယ်ဆီတို.ရဲ. မတူကွဲပြားတဲ့ ဂုဏ်သတ္တိတွေကိုပါ ။

ဓာတ်ဆီ၏ ဂုဏ်သတ္တိများ

အငွေ.ပျံလွယ်သည် ၊ ပုံမှန်အပူချိန်တွင် လွယ်ကူစွာ အငွေ.ပျံသည် ။ အရောင်မရှိ ၊ ထွင်းဖောက်မြင်နိုင်သည် ၊ အနံ.အနည်းငယ်သင်းပျံ.သည် ။ မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံးသော အပူချိန်လိုအပ်ချက် ( Flash Point ) = -10 to -15 ‘ C (or) 14 to 15 ‘ F နိပ်သောသိပ်သည်းဆ (0.60 to 0.78) ဆီနှင့်ရာဘာထဲသို. စိမ့်ဝင်နိုင်သည် ။

အပူချိန်ပမာဏ ( 9500 to 10500 Kcal / Kg 0r 4300 to 4800 Kcal / lb ) အေးနေသော အင်ဂျင်ကို စတင်နိုးချိန်တွင် လေနှင့်ဆီရောနှောမှုလွယ်ကူစေရန် လွယ်ကူသော အငွေ.ပျံစွမ်းရည်ရှိသည် ။

ဒီဇယ်၏ ဂုဏ်သတ္တိများ

ဒီဇယ်ကို ရေနံစိမ်းမှ အပူချိန် 200 ‘ C -300 ‘ C (104 to 212 ‘ F ) ရှိသည် ။ ဒီဇယ်သည် ရေနံဆီ ဓာတ်ဆီတို.ထက် နောက်ကျပေါင်းခံထားသော လောင်စာဆီဖြစ်သည် ။ အဝါရောင်သန်းသည် ၊ သင်းပျံ.သောရနံ.ရှိသည် ။

မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံးသော အပူချိန်လိုအပ်ချက် ( Flash Point ) မြင့်မားပြီး 40 to 100 ‘ C (or) 104 to 212 ‘ သိပ်သည်းဆ ( 0.82 to 0.86 ) အပူချိန်ပမာဏ အနီးစပ်ဆုံး ( 10500 ‘ Kcal / Kg or 4800 Kcal / lb ) နိမ့်သောအပူချိန်တွင် အရည်အဖြစ်တည်ရှိနေရမည် ။

ဒီဇယ်သည် အင်ဂျက်ရှင်းပန်. ( Injection Pump ) နှင့် နော်ဇယ် (Nozzle ) များအတွင်းချောဆီအဖြစ်ဆောက်ရွက်ရသဖြင့် စေးပျစ်ပြီး ချောဆီဂုဏ်သတ္တိရှိရမည် ။ ဆီနှစ်ခုရဲ. မတူညီတဲ့ ဂုဏ်သတ္တိနှစ်ခုကို သိပြီဆိုရင် အခု ဓာတ်ဆီအင်ဂျင်ထဲကို ဒီဇယ်ဆီမှားထည်.ကြည်.ပါမယ် ။

ဓာတ်ဆီအင်ဂျင်ထဲကို ဒီဇယ်ဆီထည်.ပြီး စက်နိုးလိုက်ရင် ဘာဖြစ်မလဲ ?

အဖြေကတော့ ဘာမှမဖြစ်ပါဘူး ။ သင့်ကားအင်ဂျင် စက်နှိုးလာမှာမဟုတ်ပါဘူးခမျာ ။ စနစ်တကျပြန်ရှင်းပြပါမယ် ။ ဓာတ်ဆီအင်ဂျင်မီးလောင်ပေါက်ကွဲပုံက ဓာတ်ဆီနှင့်လေ အရောအနှောတွေကို အင်ဂျင်ထဲထည်. ဖိသိပ်ပြီး ပလက်ကနေမီးပေါက်ပေးပြီး မီးလောင်ပေါက်ကွဲမှုဖြစ်စေတာပါ ။ ဒီလိုအင်ဂျင်လည်ပတ်မှုဖြစ်စဉ်ဖြစ်စေဖို.

ဓာတ်ဆီကိုက သူ.ဂုဏ်သတ္တိအရ လေနဲ.ရောနှောရင် အဆင်ပြေစေဖို. အငွေ.ပျံလွယ်တဲ့စွမ်းရည်သတ္တိရှိပါတယ် ။ ဒီလိုအင်ဂျင်ထဲကို အငွေ.မပျံလွယ်တဲ့ ဒီဇယ်ထည်.လိုက်တဲ့အခါ ဒီဇယ် ဟာ အငွေ.မပျံဘဲ အရေတွေအဖြစ်နဲ.ပဲတည်ရှိနေလို. လေနဲ.အရောအနှောမှာ ပေါက်ကွဲမီးလောင်စေဖို. ဘယ်လိုမှမလွယ်ကူစေပါဘူး ။

နောက်တချက်က ဓာတ်ဆီရဲ. မီးလောင်လွယ်နိုင်စွမ်းပမာဏက မြင့်မားပြီးသားမို. အင်ဂျင်တည်ဆောက်ပုံကိုက အပူချိန်များစေတဲ့ တမင်ဖိနှိပ်မှုများတွေမပါဝင်ပါဘူး ။ ဒီတော့ ဒီလိုအင်ဂျင်ထဲမှာ မီးလောင်မလွယ်နိုင်တဲ့ ဒီဇယ်ဆီဟာ မီးလောင်ဖို.လိုအပ်တဲ့အပူချိန်မရရှိလို. မီးလောင်ကျွမ်းဖို.မဖြစ်နိုင်ပါဘူး ။

ဒီတော့ ဓာတ်ဆီအင်ဂျင်ထဲ ဒီဇယ်ထည်.မိပြီး စက်နှိုးလိုက်ရင် ဘာမှမဖြစ်နိုင်ပါဘူးခမျာ ။ ဓာတ်ဆီကားမောင်းသူတွေကံကောင်းပါတယ် ။ မတော်မှားထည်.မိရင် စက်နှိုးမရတာကလွဲလို. အင်ဂျင်မထိခိုက်ဘဲ ဆီတိုင်ကီ ထဲက ၊ ပိုက်လိုင်းတွေထဲက မှားထည်.မိတဲ့ ဒီဇယ်တွေကို ကုန်အောင်ထုတ် ဓာတ်ဆီပြန်ထည်.မောင်းလို.ရပါတယ် ။ ကဲဓာတ်ဆီအင်ဂျင်ပြီးတော့

ဒီဇယ်အင်ဂျင်အလှည့်ပေါ့ ။

ဒီဇယ်အင်ဂျင်ထဲကို ဓာတ်ဆီမှားထည်.ပြီး စက်နှိုးမောင်းမိရင် ဘာဖြစ်မလဲ ? အဖြေက ခေတ်စကားနဲ.ပြောရရင် မြွေခြောက်ကိုက်သလိုပါပဲဗျာ ။ အင်ဂျင်ရယ် ဆက်စပ်ပစ္စည်းတွေ အကုန်ဂန်.သွားနိုင်ပါတယ် ။ စနစ်တကျပြန်ရှင်းပြပါမယ် ။

ဒီဇယ်အင်ဂျင်မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်က ဒီဇယ်အင်ဂျင်ထဲကို လေတမျိုးထဲကိုသာ Inlet ကနေ သွင်း ၊ အဲ့လိုကိုပဲ အပူချိန်အများကြီးရအောင် Piston ဖိအားတွေနဲ. အတင်းဖိသိပ် ၊ တော်ရုံမီးမလောင်နိုင် တဲ့ ဒီဇယ်ဆီတွေ မီးလောင်လောက်တဲ့ အပူချိန်ရောက်ပြီဆိုမှ ဒီဇယ်ဆီတွေကို နော်ဇယ်ကနေ သတ်မှတ်အတိုင်းအတာအဖြစ် အမှုန်အမွှားလေးေ တွဖြန်းပေးခြင်းဖြင့်မီးေ လာင်တာပါ ။

အဲ့လိုအင်ဂျင်ထဲကို မီးလောင်လွယ်လွန်းတဲ့ ဓာတ်ဆီထည်.ပါပြီတဲ့ဗျာ ။ အပူချိန် အနှုတ်ဒီဂရီမှာတောင်မီးလောင်နိုင်တဲ့ ဓာတ်ဆီဟာ မလောင်လောင်အောင် အပူချိန်နဲ.ဖိအားတွေပေးထာတဲ့ အင်ဂျင်ထဲမှာ စည်းမဲ့ကမ်းမဲ့ အထိန်းအကွပ်မဲ့ မီးလောင်ကျွမ်းမှု ( Uncontrolled Combustion ) ဖြစ်ပါတော့တယ် ။ အဲ့လိုဖြစ်တဲ့အတွက် အင်ဂျင်သံမီးလောင်မှုကို နားမထောင်တဲ့

ယာဉ်မောင်းနဲ.ဆိုရင် သတိမမူမိဘဲ အချိန်အတော်ကြာမောင်းလိုက်မယ်ဆိုရင်ပဲ အင်ဂျင်အတွင်းက မီးလောင်ခန်းသုံး ပစ္စည်းတွေဖြစ်တဲ့ Piston , Valve , Cylinder Head , Cam Shaft အစရှိတဲ့ ဆက်စပ်ပစ္စည်းတွေအကုန်ပျက်စီးပါမယ် ၊ ဝပ်ရှော့ပို.ပြီး အင်ဂျင်ချရမယ် ။ အတွင်းပစ္စည်းတွေအကုန်ပြုပြင်လဲလည်ရနိုင်ပါတယ် ။

ဒါတွင်ပဲလားဆို မဟုတ်သေးပါဘူး ။ ဒီဇယ်အင်ဂျင်မှာ သုံးနေတဲ့ နော်ဇယ်တွေ အင်ဂျက်ရှင်းပန်.တွေဟာ ဒီဇယ်ရဲ. စေးပျစ်မှု ချောဆီသဘောကို မှီခိုပြီးရပ်တည်နေပါတယ် ။ အဲ့လိုပစ္စည်းတွေထဲကို စေးပျစ်မှုမရှိတဲ့ ဓာတ်ဆီထည်.လည်ပတ်လိုက်တဲ့အတွက် ချောဆီစနစ်ပျက်စီးပြီး နော်ဇယ်တွေ အင်ဂျက်ရှင်းတွေပါ အပိုလိုက်ဂန်.ပါမယ် ၊ တခြား ရာဘာစီးတွေမှာလည်း ဓာတ်ဆီဟာပျော်ဝင်ကုန်တာမို. အင်ဂျင်တခုလုံးပျက်စီးမှုမျိုးစုံကြုံတွေ.ရပါမယ် ။

ဒီဇယ်အင်ဂျင်ယာဉ်မောင်းဆရာတွေ သတိပြုကြစေလိုပါတယ် ။ ဓာတ်ဆီမှားမထည်.မိဖို.ရယ် မှားထည်.မိရင်တောင် စက်နှိုးပြီးပြီးချင်သိပြီး အချိန်မှီ အခြေအနေမဆိုးခင်ရပ်တန်.ဖို.ရယ်ပါ ။

ဒီလောက်ဆို ဆီမှားထည်.တဲ့ ပြသနာကနေ အင်ဂျင်တွေဘာဖြစ်နိုင်တယ်ဆိုတာ ကွဲကွဲပြားပြားသိလောက်ပါပြီ ။ နောက်ဆုံး သတိပေးချင်တာက ဒီဇယ်အင်ဂျင်ထဲ ဓာတ်ဆီ လုံး၀ (လုံးဝ)ထည်.မောင်းလို.မရပါခမျာ ။

စာဖတ်သူမိတ်ဆွေများအားလုံး နည်းပညာဗဟုသုတ ဖွံ.ဖြိုးတိုးတက်ကြပါစေ ။ Credit L.Zarni (P.T.U)

Zawgyi Version

သင္ဟာ ဓာတ္ဆီအင္ဂ်င္ကားတစီးကို ေမာင္းေနတဲ့ ယာဥ္ေမာင္းသူတေယာက္ျဖစ္ရင္ျဖစ္မယ္ ၊ ဒီဇယ္အင္ဂ်င္ကားကို ေမာင္းေနတဲ့ ယာဥ္ေမာင္းတေယာက္ျဖစ္ရင္ျဖစ္ပါမယ္ ။

သင့္ကား ဆီျဖည့္စဥ္မွာ ဆီဆိုင္က ဓာတ္ဆီကားကို ဒီဇယ္မွားထည္.လိုက္မိတယ္ ၊ ဒီဇယ္ကားကို ဓာတ္ဆီမွားထည္.လိုက္မိတယ္ဆိုပါစို. ၊( ျဖစ္ခဲေပမယ့္ ျဖစ္ေတာ့ျဖစ္တတ္ပါတယ္ ) ၊ သင္ကလည္း အမႈမဲ့ အမွတ္မဲ့ ဆီမွားထည္.လိုက္တာမသိဘဲ ကားစက္ႏွိုးလိုက္မိတယ္ဆို သင္ကားအင္ဂ်င္ ဘာေတြျဖစ္သြားနိုင္မလဲဆိုတာကို သိပၸံနည္းက် လက္ေတြ.က်က် ေဆြးေႏြးတင္ျပခ်င္ပါတယ္ ။

ဆီမွားထည္.တဲ့ ျပသနာဘာေတြျဖစ္နိုင္တယ္ဆိုတာကို မသိခင္ ဓာတ္ဆီအင္ဂ်င္နဲ. ဓာတ္ဆီအင္ဂ်င္တို.ရဲ. မတူကြဲျပားတဲ့ အင္ဂ်င္တည္ေဆာက္ပုံ မီးေလာင္ပုံေလးေတြကို သိထားရင္ပိုေကာင္းပါတယ္ ။

က်ေနာ္အရင္ေရးထားတဲ့ ပိုစ့္မွာ ရွာေဖြဖတ္နိုင္ပါတယ္ ။ အခုတင္ျပခ်င္တာက ဓာတ္ဆီနဲ. ဒီဇယ္ဆီတို.ရဲ. မတူကြဲျပားတဲ့ ဂုဏ္သတၱိေတြကိုပါ ။

ဓာတ္ဆီ၏ ဂုဏ္သတၱိမ်ား

အေငြ.ပ်ံလြယ္သည္ ၊ ပုံမွန္အပူခ်ိန္တြင္ လြယ္ကူစြာ အေငြ.ပ်ံသည္ ။ အေရာင္မရွိ ၊ ထြင္းေဖာက္ျမင္နိုင္သည္ ၊ အနံ.အနည္းငယ္သင္းပ်ံ.သည္ ။ မီးစတင္ေလာင္ကြၽမ္းရန္ အနိမ့္ဆုံးေသာ အပူခ်ိန္လိုအပ္ခ်က္ ( Flash Point ) = -10 to -15 ‘ C (or) 14 to 15 ‘ F နိပ္ေသာသိပ္သည္းဆ (0.60 to 0.78) ဆီႏွင့္ရာဘာထဲသို. စိမ့္၀င္နိုင္သည္ ။

အပူခ်ိန္ပမာဏ ( 9500 to 10500 Kcal / Kg 0r 4300 to 4800 Kcal / lb ) ေအးေနေသာ အင္ဂ်င္ကို စတင္နိုးခ်ိန္တြင္ ေလႏွင့္ဆီေရာေႏွာမႈလြယ္ကူေစရန္ လြယ္ကူေသာ အေငြ.ပ်ံစြမ္းရည္ရွိသည္ ။

ဒီဇယ္၏ ဂုဏ္သတၱိမ်ား

ဒီဇယ္ကို ေရနံစိမ္းမွ အပူခ်ိန္ 200 ‘ C -300 ‘ C (104 to 212 ‘ F ) ရွိသည္ ။ ဒီဇယ္သည္ ေရနံဆီ ဓာတ္ဆီတို.ထက္ ေနာက္က်ေပါင္းခံထားေသာ ေလာင္စာဆီျဖစ္သည္ ။ အဝါေရာင္သန္းသည္ ၊ သင္းပ်ံ.ေသာရနံ.ရွိသည္ ။

မီးစတင္ေလာင္ကြၽမ္းရန္ အနိမ့္ဆုံးေသာ အပူခ်ိန္လိုအပ္ခ်က္ ( Flash Point ) ျမင့္မားၿပီး 40 to 100 ‘ C (or) 104 to 212 ‘ သိပ္သည္းဆ ( 0.82 to 0.86 ) အပူခ်ိန္ပမာဏ အနီးစပ္ဆုံး ( 10500 ‘ Kcal / Kg or 4800 Kcal / lb ) နိမ့္ေသာအပူခ်ိန္တြင္ အရည္အျဖစ္တည္ရွိေနရမည္ ။

ဒီဇယ္သည္ အင္ဂ်က္ရွင္းပန္. ( Injection Pump ) ႏွင့္ ေနာ္ဇယ္ (Nozzle ) မ်ားအတြင္းေခ်ာဆီအျဖစ္ေဆာက္႐ြက္ရသျဖင့္ ေစးပ်စ္ၿပီး ေခ်ာဆီဂုဏ္သတၱိရွိရမည္ ။ ဆီႏွစ္ခုရဲ. မတူညီတဲ့ ဂုဏ္သတၱိႏွစ္ခုကို သိၿပီဆိုရင္ အခု ဓာတ္ဆီအင္ဂ်င္ထဲကို ဒီဇယ္ဆီမွားထည္.ၾကည္.ပါမယ္ ။

ဓာတ္ဆီအင္ဂ်င္ထဲကို ဒီဇယ္ဆီထည္.ၿပီး စက္နိုးလိုက္ရင္ ဘာျဖစ္မလဲ ?

အေျဖကေတာ့ ဘာမွမျဖစ္ပါဘူး ။ သင့္ကားအင္ဂ်င္ စက္ႏွိုးလာမွာမဟုတ္ပါဘူးခမ်ာ ။ စနစ္တက်ျပန္ရွင္းျပပါမယ္ ။ ဓာတ္ဆီအင္ဂ်င္မီးေလာင္ေပါက္ကြဲပုံက ဓာတ္ဆီႏွင့္ေလ အေရာအေႏွာေတြကို အင္ဂ်င္ထဲထည္. ဖိသိပ္ၿပီး ပလက္ကေနမီးေပါက္ေပးၿပီး မီးေလာင္ေပါက္ကြဲမႈျဖစ္ေစတာပါ ။ ဒီလိုအင္ဂ်င္လည္ပတ္မႈျဖစ္စဥ္ျဖစ္ေစဖို.

ဓာတ္ဆီကိုက သူ.ဂုဏ္သတၱိအရ ေလနဲ.ေရာေႏွာရင္ အဆင္ေျပေစဖို. အေငြ.ပ်ံလြယ္တဲ့စြမ္းရည္သတၱိရွိပါတယ္ ။ ဒီလိုအင္ဂ်င္ထဲကို အေငြ.မပ်ံလြယ္တဲ့ ဒီဇယ္ထည္.လိုက္တဲ့အခါ ဒီဇယ္ ဟာ အေငြ.မပ်ံဘဲ အေရေတြအျဖစ္နဲ.ပဲတည္ရွိေနလို. ေလနဲ.အေရာအေႏွာမွာ ေပါက္ကြဲမီးေလာင္ေစဖို. ဘယ္လိုမွမလြယ္ကူေစပါဘူး ။

ေနာက္တခ်က္က ဓာတ္ဆီရဲ. မီးေလာင္လြယ္နိုင္စြမ္းပမာဏက ျမင့္မားၿပီးသားမို. အင္ဂ်င္တည္ေဆာက္ပုံကိုက အပူခ်ိန္မ်ားေစတဲ့ တမင္ဖိႏွိပ္မႈမ်ားေတြမပါ၀င္ပါဘူး ။ ဒီေတာ့ ဒီလိုအင္ဂ်င္ထဲမွာ မီးေလာင္မလြယ္နိုင္တဲ့ ဒီဇယ္ဆီဟာ မီးေလာင္ဖို.လိုအပ္တဲ့အပူခ်ိန္မရရွိလို. မီးေလာင္ကြၽမ္းဖို.မျဖစ္နိုင္ပါဘူး ။

ဒီေတာ့ ဓာတ္ဆီအင္ဂ်င္ထဲ ဒီဇယ္ထည္.မိၿပီး စက္ႏွိုးလိုက္ရင္ ဘာမွမျဖစ္နိုင္ပါဘူးခမ်ာ ။ ဓာတ္ဆီကားေမာင္းသူေတြကံေကာင္းပါတယ္ ။ မေတာ္မွားထည္.မိရင္ စက္ႏွိုးမရတာကလြဲလို. အင္ဂ်င္မထိခိုက္ဘဲ ဆီတိုင္ကီ ထဲက ၊ ပိုက္လိုင္းေတြထဲက မွားထည္.မိတဲ့ ဒီဇယ္ေတြကို ကုန္ေအာင္ထုတ္ ဓာတ္ဆီျပန္ထည္.ေမာင္းလို.ရပါတယ္ ။ ကဲဓာတ္ဆီအင္ဂ်င္ၿပီးေတာ့

ဒီဇယ္အင္ဂ်င္အလွည့္ေပါ့ ။

ဒီဇယ္အင္ဂ်င္ထဲကို ဓာတ္ဆီမွားထည္.ၿပီး စက္ႏွိုးေမာင္းမိရင္ ဘာျဖစ္မလဲ ? အေျဖက ေခတ္စကားနဲ.ေျပာရရင္ ေႁမြေျခာက္ကိုက္သလိုပါပဲဗ်ာ ။ အင္ဂ်င္ရယ္ ဆက္စပ္ပစၥည္းေတြ အကုန္ဂန္.သြားနိုင္ပါတယ္ ။ စနစ္တက်ျပန္ရွင္းျပပါမယ္ ။

ဒီဇယ္အင္ဂ်င္မီးေလာင္ေပါက္ကြဲမႈ ျဖစ္စဥ္က ဒီဇယ္အင္ဂ်င္ထဲကို ေလတမ်ိဳးထဲကိုသာ Inlet ကေန သြင္း ၊ အဲ့လိုကိုပဲ အပူခ်ိန္အမ်ားႀကီးရေအာင္ Piston ဖိအားေတြနဲ. အတင္းဖိသိပ္ ၊ ေတာ္႐ုံမီးမေလာင္နိုင္ တဲ့ ဒီဇယ္ဆီေတြ မီးေလာင္ေလာက္တဲ့ အပူခ်ိန္ေရာက္ၿပီဆိုမွ ဒီဇယ္ဆီေတြကို ေနာ္ဇယ္ကေန သတ္မွတ္အတိုင္းအတာအျဖစ္ အမႈန္အမႊားေလးေ တြျဖန္းေပးျခင္းျဖင့္မီးေ လာင္တာပါ ။

အဲ့လိုအင္ဂ်င္ထဲကို မီးေလာင္လြယ္လြန္းတဲ့ ဓာတ္ဆီထည္.ပါၿပီတဲ့ဗ်ာ ။ အပူခ်ိန္ အႏႈတ္ဒီဂရီမွာေတာင္မီးေလာင္နိုင္တဲ့ ဓာတ္ဆီဟာ မေလာင္ေလာင္ေအာင္ အပူခ်ိန္နဲ.ဖိအားေတြေပးထာတဲ့ အင္ဂ်င္ထဲမွာ စည္းမဲ့ကမ္းမဲ့ အထိန္းအကြပ္မဲ့ မီးေလာင္ကြၽမ္းမႈ ( Uncontrolled Combustion ) ျဖစ္ပါေတာ့တယ္ ။ အဲ့လိုျဖစ္တဲ့အတြက္ အင္ဂ်င္သံမီးေလာင္မႈကို နားမေထာင္တဲ့

ယာဥ္ေမာင္းနဲ.ဆိုရင္ သတိမမူမိဘဲ အခ်ိန္အေတာ္ၾကာေမာင္းလိုက္မယ္ဆိုရင္ပဲ အင္ဂ်င္အတြင္းက မီးေလာင္ခန္းသုံး ပစၥည္းေတြျဖစ္တဲ့ Piston , Valve , Cylinder Head , Cam Shaft အစရွိတဲ့ ဆက္စပ္ပစၥည္းေတြအကုန္ပ်က္စီးပါမယ္ ၊ ၀ပ္ေရွာ့ပို.ၿပီး အင္ဂ်င္ခ်ရမယ္ ။ အတြင္းပစၥည္းေတြအကုန္ျပဳျပင္လဲလည္ရနိုင္ပါတယ္ ။

ဒါတြင္ပဲလားဆို မဟုတ္ေသးပါဘူး ။ ဒီဇယ္အင္ဂ်င္မွာ သုံးေနတဲ့ ေနာ္ဇယ္ေတြ အင္ဂ်က္ရွင္းပန္.ေတြဟာ ဒီဇယ္ရဲ. ေစးပ်စ္မႈ ေခ်ာဆီသေဘာကို မွီခိုၿပီးရပ္တည္ေနပါတယ္ ။ အဲ့လိုပစၥည္းေတြထဲကို ေစးပ်စ္မႈမရွိတဲ့ ဓာတ္ဆီထည္.လည္ပတ္လိုက္တဲ့အတြက္ ေခ်ာဆီစနစ္ပ်က္စီးၿပီး ေနာ္ဇယ္ေတြ အင္ဂ်က္ရွင္းေတြပါ အပိုလိုက္ဂန္.ပါမယ္ ၊ တျခား ရာဘာစီးေတြမွာလည္း ဓာတ္ဆီဟာေပ်ာ္၀င္ကုန္တာမို. အင္ဂ်င္တခုလုံးပ်က္စီးမႈမ်ိဳးစုံႀကဳံေတြ.ရပါမယ္ ။

ဒီဇယ္အင္ဂ်င္ယာဥ္ေမာင္းဆရာေတြ သတိျပဳၾကေစလိုပါတယ္ ။ ဓာတ္ဆီမွားမထည္.မိဖို.ရယ္ မွားထည္.မိရင္ေတာင္ စက္ႏွိုးၿပီးၿပီးခ်င္သိၿပီး အခ်ိန္မွီ အေျခအေနမဆိုးခင္ရပ္တန္.ဖို.ရယ္ပါ ။

ဒီေလာက္ဆို ဆီမွားထည္.တဲ့ ျပသနာကေန အင္ဂ်င္ေတြဘာျဖစ္နိုင္တယ္ဆိုတာ ကြဲကြဲျပားျပားသိေလာက္ပါၿပီ ။ ေနာက္ဆုံး သတိေပးခ်င္တာက ဒီဇယ္အင္ဂ်င္ထဲ ဓာတ္ဆီ လုံး၀ (လုံး၀)ထည္.ေမာင္းလို.မရပါခမ်ာ ။

စာဖတ္သူမိတ္ေဆြမ်ားအားလုံး နည္းပညာဗဟုသုတ ဖြံ.ၿဖိဳးတိုးတက္ၾကပါေစ ။ Credit L.Zarni (P.T.U)

Leave a Reply

Your email address will not be published. Required fields are marked *