နာမည်ကျော် ပန်ချီကားတစ်ချပ် တန်ကြေးဘယ်လောက်ရှိတယ် ဆိုတာကို နှိုင်းယှဉ်ပြထားတဲ့ အရာများ
Posted on
ပရိသတ်ကြီး ကို ဒီတစ်ခါ ပြောပြေ ပးချင်တဲ့ အကြောင်းအရာ ကတော့ တန်ဖိုး ကြီးမားလှတဲ့ ပန်းချီကားတွေ အကြောင်း ပြောပြပေး ချင်ပါတယ် ။ ဘယ်လော က်တောင် ဈေးကြီးလဲဆိုရင် နာမည်ကြီး ပန်းချီကား တစ်ချပ် ဟာ တန်ဖိုးကြီး ပစ္စည်းေ တွကိုတောင် အသာလေး ဝယ်ယူနိုင်ေ လာက်တဲ့ အထိပါပဲ ။ ဒ့ါကြောင့် ဘယ်လို ပန်းချီကားတွေက ဈေးကြီးလွန်းလဲဆိုတာ အော က်ကပုံေ လးတွေမှာ ကြည့်လိုက်ပါဦးနော် ။
၁။ Le Bassin aux Nymphéas ( ဒေါ်လာ ၉၄.၂ သန်း )
Le Bassin aux Nymphéas
The Water Lily Pond လို့ အမည် ရတဲ့ ဒီပန်းချီ ကားကိုတော့ Claude Monet ဆိုတဲ့ အနုပညာ ရှင်က ၁၈၉၉ ခုနှစ်မှာ ရေးဆွဲခဲ့တာ ဖြစ်ပါတယ် ။ ဒီပန်းချီကားရဲ့ ကာလ ပေါက်ဈေးဟာ ဒေါ်လာ ၉၂ သန်းကျော် ရှိတာေ ကြာင့် နာမည်ကြီး ဂန္တဝင်ရဲတိုက် တစ်ခုဖြစ်တဲ့ ဒရက်ကူလာ ရဲတိုက် ကိုတောင် ဝယ်ယူနိုင်ပါတယ်တဲ့ ။ ဒရက်ကူလာရဲတိုက်ရဲ့ တန်ဖိုးကတော့ ဒေါ်လာ သန်း ၉၀ အတိ ဖြစ်ပြီး ၁၃၈၈ ခုနှစ်မှာ တည်ဆော က်ခဲ့ပြီး မြို့စားကြီး ဒရက်ကူလာ ပိုင်ဆိုင်ခဲ့တာလို့လည်း ပြောကြပါတယ် ။
၂။ The Scream ( ဒေါ်လာ သန်း ၁၃၀ )
The Scream
Edvard Munch ဖန်တီး ထားတဲ့ The Scream အမည်ရှိ ပန်းချီ ကားလေးကို တော်တော်များများ မြင်ဖူး ၊ ကြားဖူးကြမှာပါ ။ ဘယ်လောက်တောင် နာမည်ကြီးလဲဆိုရင် ၂၀၁၂ ခုနှစ်တုန်းက ဒီပန်းချီကားကို ရောင်းချ ခဲ့တဲ့ ဈေးနှုန်းဟာ ဂရင်းနစ် စံချိန်တင် သွားတဲ့ အထိတောင် ဈေးအကြီးဆုံး ပန်းချီကားတစ်ချပ် ဖြစ်ခဲ့တာပါ ။
ဒီညပန်းချီကား တစ်ချပ် တန်ဖိုးဟာ ၂၀၂၀ ခုနှစ်ထုတ် PJ World Explorer အမည်ရှိတဲ့ အဆင့်မြင့် စူပါ ရွက်ေ လှတစ်စီးရဲ့ တန်ဖိုးနဲ့ ညီမျှပါတယ်တဲ့ ။ PJ World Explorer ရွက်လှေရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၁၈ သန်း တန်ကြေးရှိပြီး အဆင့်မြင့် ဇိမ်ခံ ရွက်လှေ အမျိုးအစား ဖြစ်ပါတယ် ။
၃။ Portrait of Adele Bloch-Bauer I ( ဒေါ်လာ ၁၆၈.၈ သန်း )
Portrait of Adele Bloch-Bauer I
The Lady in Gold လို့လည်း ခေါ်ကြတဲ့ ဒီပန်း ချီကားရဲ့ ရာဇဝင်ကတော့ နည်းနည်း ရှုပ်ထွေး လှပါတယ် ။ ၁၉၄၁ ခုနှစ်မှာ ပန်းချီကားကို အခိုးခံရပြီး မူလပိုင်ရှင်ဖြစ်တဲ့ Bloch-Bauer မိသားစု ဆီကို ၂၀၀၆ ခုနှ စ်မှသာ ပြန်ရောက်ခဲ့တာ ဖြစ်ပါတယ် ။
ဒါပေမယ့်လည်း Bloch-Bauer မိသား စုဟာ ဒီပန်းချီ ကားကို ချက်ချင်း ပြန်ရောင်းချခဲ့ပြီး ဒေါ်လာ ၁၆၈.၈ သန်း ရရှိခဲ့ပါတယ် ။ ဒီပန်းချီကားရဲ့ တန်ဖိုးကတော့ Palazzo di Amore အမည်ရှိ နာမည်ကြီး ဇိမ်ခံအိမ် ကြီးကိုတောင် ဝယ်ယူနိုင်ပါ တယ် ။ Palazzo di Amore ဇိမ်ခံအိမ်ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၂၉ သန်း တန်ကြေးရှိပြီး ဒီအိမ်ကြီးထဲမှာ ကိုယ်ပိုင် spa ၊ ရေကူးကန် ၊ စပျစ်ဦးယျာဉ်နဲ့ ရေတံခွန်တွေ ပါရှိပါတယ်တဲ့ ။
၄။ Pendant portraits of Maerten Soolmans and Oopjen Coppit ( ဒေါ်လာ ၁၉၁ သန်း )
Pendant portraits of Maerten Soolmans and Oopjen Coppit
ဒီ Potrait ပန်းချီကား ကိုတော့ ၁၆၃၄ ခုနှစ်မှာ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် ရေးဆွဲပေး ခဲ့တာပဲ ဖြစ်ပါတယ် ။ ၂၀၁၅ ခုနှစ်မှာတော့ ဒီပန်းချီကားကို ပြင်သစ်နဲ့ နယ်သာလန် နှစ်နိုင်ငံ ပေါင်းပြီး ဝယ်ယူ ခဲ့ပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံ လုံးက ပန်းချီ ကားကို တစ်ဝက်စီခွဲပြီး မပိုင်ဆိုင် လိုတာကြောင့် နယ်သာလန်နိုင်ငံ က အမျိုးသားပြတိုက်နဲ့ ပြင်သစ်နိုင်ငံ က ကမ္ဘာ့အကြီးဆုံး ပြတိုက် မှာ တစ်လှည့်စီ ပြသထားပါတယ် ။
ဒီပန်းချီကားရဲ့ တန်ဖိုး ကတော့ Skorpios လို့အမည်ရတဲ့ ကျွန်း တစ်ကျွန်းကိုတောင် ဝယ်ယူ နိုင်ပါတယ်တဲ့ ။ Skorpios ကျွန်းကိုတော့ Onassis မိသားစု က ပိုင်ဆိုင်ထားတာ ဖြစ်ပြီး တန်ကြေး ကတော့ ဒေါ်လာ သန်း ၁၉၀ တန်ကြေး ရှိပါတယ် ။
၅။ Nafea Faa Ipoipo ( ဒေါ်လာ ၂၂၃ သန်း )
Nafea Faa Ipoipo
Nafea Faa Ipoipo ပန်းချီကားရဲ့ အဓိပ္ပါယ် ကတော့ “ ဘယ်အချိန် ငါ့ကို လက်ထပ် မှာလဲလို့ ” အဓိပ္ပါယ် ရပါတယ်တဲ့ ။ 1892 ခုနှစ်မှာ ဖန်တီးခဲ့တဲ့ ဒီပန်းချီကားရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂၂၃ သန်း ကျော် တန်ကြေး ရှိပါတယ် ။ ဒီပန်းချီကားရဲ့ တန်ဖိုးဟာ ဘောလုံး အပြောင်း အရွှေ့ တစ်ခု ဖြစ်တဲ့ ဘာစီလိုနာ အသ င်းကနေ ပီအက်စ်ဂျီ အသင်းကို ဒေါ်လာ ၂၂၂ သန်းနဲ့ ပြောင်းရွှေ့သွားတဲ့ နေမာရဲ့ တန်ဖိုးနဲ့ ညီမျှပါတယ် ။
၆။ The Card Players ( ဒေါ်လာ သန်း ၂၆၀ )
The Card Players
The Card Players ဆိုတဲ့ ပန်းချီကားဟာ အနုပညာရှင် Cézanne ရဲ့ နာမည်ကြီး ပန်းချီကား ( ၅ ) ချပ်ထဲက တစ်ခု အပါအဝင်လည်း ဖြစ်ပါတယ် ။ ဒီပန်းချီကားကိုတော့ ၂၀၁၅ ခုနှစ်မှာ ကာတာနိုင်ငံက ဒေါ်လာ သန်း ၂၈၀ နဲ့ ဝယ်ယူခဲ့ပါတယ် ။ ပန်းချီကားရဲ့ တန်ဖိုးဟာ ဆိုရင် ဟာဝိုင်ယီ ကျွန်းစုရဲ့ တစ်စိတ်တစ်ပိုင်းကိုတောင် ဝယ်ယူလို့ ရပါတယ် ။
၇။ Salvator Mundi ( ဒေါ်လာ ၄၆၃ သန်း )
Salvator Mundi
Salvator Mundi ဆိုတဲ့ ပန်းချီကား ကိုတော့ အီတလီ လူမျိုး စွယ်စုံ ရပညာရှင် တစ်ဦးဖြစ်တဲ့ Leonardo da Vinci က ရေးဆွဲ ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီပန်းချီကားရဲ့ တန်ဖိုးဟာ မိုနာကို နိုင်ငံက Tour Odéon အမည် ရှိတဲ့ ဇိမ်ခံအိမ် တစ်လုံးကို အသာလေး ဝယ်ယူ နိုင်ပါတယ် ။ Tour Odéon ဇိမ်ခံအိမ်ရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိပြီး အဆင့်မြင့် နည်းပညာတွေနဲ့ တည်ဆော က်ထား တာလည်း ဖြစ်ပါတယ် ။
အခုဖော်ပြေ ပးထားတာကေ တာ့ ကမ္ဘာပေါ်က နာမည်ကြီး ပန်းချီ ကားတွေ ဘယ်လောက် တန်ဖိုး ရှိလဲဆိုတာ နှိုင်းယှဉ်ပြထားတဲ့ ပုံတွေ ပဲ ဖြစ်ပါတယ် ။
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *