သူများ နိုင်ငံမှာ ကား ဝယ်ဖို့ သွားကြ ည့်ပါတယ်။ ကားအတွ င်းဆိုလဲ leather တွေက ချောညက်နေတာပဲ၊ အသစ်ထွက် ထားသလား အောက်ေ မ့ရတယ်။ အပြင်ဆေးဆိုလဲ ပြောင်လ က်နေအောင် တိုက် ထားတယ်။ ကားတံခါး ဖွင့်ကြည့်လို က်တော့မှ အဂွမ်း။
အသစ်ဆိုက ခပ်ကျစ်ကျ စ်လေး ဖြစ်နေပြီးတော့ ဟောင်းလာလေ ချော င်ချိလာလေပဲ။ ကီလို မေးကြည့်တော့ ၈ သောင်း ၉ သောင်းတွေ။ တွေးမိတာ ငါတို့နိုင် ငံဆို ဒီကားတွေကို ကီလိုေ ထာင်ဂဏန်းဆိုပြီး လိမ်ရောင်း ကြမှာပဲလို့။
ကိုယ်တိုင် လည်း ရန်ကုန်က SR အကုန်နီးပါး လိုက်ကြည့်ဖူးတယ်။ နာမည်ကြီး SR က E-class တစီး တံခါးဆွဲဖွင့်လိုက်တာ ချောင်ကျိ ကျိကြီး ထွ က်လာတယ်။ ဒါနဲ့ ကီလို ဘယ်လောက် လဲ မေးလိုက်တာ brand new တဲ့။ ကိုယ်များ နားကြားမှားသလား ၃-၄ ခါ ပြန်ေ မးရတယ်။
အံမယ် dashboard ကြည့်တော့ ကီလို ၈၀၀ တဲ့ ခပ်တည်တ ည်ပဲ။ leather ခုံ၊ ဆေးသားဘာညာ ကြည့်ရင်တော့ ၈၀၀ ဆိုလဲ ယုံလောက်တဲ့ အနေအ ထားပဲလေ။ 7 Series တစ်စီးကြတော့ သူလဲ လိုးကီလို တစ်သောင်းေ ကျာ်လေးဆိုပဲ။ ဒါနဲ့ vim လေးအသာ မှတ်လာပြီး စစ်ကြည့်တော့ ကီလိုက ၇ သောင်းကျော်နေပြီ ဗက်ဟက်ဟက်…
အတွင်းလယ် သာကို အသစ်ဖြစ်အောင်၊ အပြင်ဆေး သားကို ပြောင်လက်နေအောင်၊ အကုန်ပြောရရင် trim ပေါ်က လစ်ကွာပါ အသစ်အ တိုင်းဖြစ်အောင် ကိုယ်တွေလဲ လုပ်တ တ်ပါတယ်။ ဒါတွေက စီးလိုက်ရင် ခ ဏလေးနဲ့ ပြန်ဟောင်းသွားတာ၊ အသစ်လို မခံဘူးလေ။ ဒါလေးတွေ မိတ်ကပ်ဖုံးပြီး နားမ လည်တဲ့ ကားစီးသူတွေကို ဂျင်းထည့်နေတာ တကယ့်ရွံစရာ။
ကားဝယ်တာ မိန်းမ ယူသလို သဘောထားကြည့်။ ကိုယ်နဲ့ လက်ထပ်ေ ပးမယ့် မိန်းကလေးက အသက် ၂၀ ကျော် အပျိုလေးလို့ လိမ်ပြီး မိတ်ကပ်ေ တွဖို့ထား၊ အိမ်ရောက်မှ ၅၀ ကျော်အဖွားကြီး ဖြစ်နေရင် ဘယ်လို ခံစားရမလဲ။ SR က zero kilo နီးပါးဆိုပြီး ဝယ်လာပြီးမှ ကီလို ၇-၈ သောင်းကျော်ကြီး ဆို ခုန အဖွားကြီးနဲ့ ညားသလို ဖြစ်နေမှာပေါ့။
နိုင်ငံခြား SR တွေ မှာလည်း ကားတွေ သေအောင် မိတ်ကပ် ရိုက်ပါတယ်။ ဒါပေမဲ့ ကီလိုလဲ များတယ်၊ ပြထားပြီးသား၊ ကြိုက်ဝယ် မကြိုက် မဝယ်နဲ့။ ဒီလို ရိုးသား တာပဲ ကြိုက်တယ်။ ရန်ကုန်မှာတော့ ကီလိုမလျှော့တဲ့ show room၊ ကီလို မလျှော့တဲ့ ပွဲစားဆီက ချစ်သား မသေဆေး တောင်းလာခဲ့ ပြောရမယ့် ပုံပဲ။ Author – Saw Kyaw Thu ,Source; carthadin
Zawgyi Version