နိုင်ငံခြားသွားမယ်ဆိုရင် လေယာဉ်ကို တန်အောင် ဘယ်လိုစီးမလဲ…
Posted on
Promotion ticket ကိုရအောင်ဝယ်ပါ Check In Counterမှာ ချိုချဉ်ထားပေးထားရင် လက်တဆုပ်လောက် မသိမသာယူ အိတ်ထဲထည့်ထားပါ… လူဝင်မှုကြီးကြပ်ရေမှာလဲ ချိုချဉ်ရှိရင် ထပ်ယူပါ…
ထွက်ခွာ စောင့်ဆိုင်းနေရာရောက်ရင် free call phone ဆီ အပြေးသွားပြီး ရှိသမျှ အမျိုးသူငယ်ချင်တွေဆီ မိမိနိင်ငြံ ခားသွားဘြီ ဖစ်ကြောင်း ၃ရက် ၁ပတ်ကြာမည်ဖြစ်ကြောင်း အားရပါးရ ပြောပါ။ အနောက်ကို လုံးဝလှည့်မကြည့်ပါနှင့်။နံရံကိုမျက်နှာမူ တဝပြောပါ ။ မိမိပြောလို့ပြီးမှ အနောက်မှာ တန်းစီနေသူများကို ယခုမှတွေ့သည့်ပုံနှင့် အားနာသွားဟန် ပြပါ။ 😁
အာညောင်းလျှင် အများသုံးရေခဲရေသောက်ရင်း တခါသုံးခွက် ၅ခွက်၆ခွက် မသိမသာတခါထဲယူ လက်ဆွဲအိတ်ထဲထည့်ပါ တစ်ခွက်၅ဝလောက်ရှိသည်….. အချိန်ပိုနေလျှင် Free WiFi မရမကချိတ် ပုံရိုက် ပို့စ်တင်ပါ။
လေယာဉ်ထဲဝင်လျင် မိမိခုံရောက်သည်နှင့် ခုံရှေ့မှ Guide book နှင့် Flight magazine ကို ယူဖတ်ပါ။ ပြီးရင် Magazine ကို အိတ်ထဲထည့်ပါ…. အမှိုက်ထည့်အိတ်နှင့် အရေးပေါ်သုံး စက္ကူ အိတ်ကိုပါ တခါထဲ ယူထည့်ပါ….
လေယာဉ် Take off လုပ်ပြီး မီးလင်း အသံမည်လာသည်နှင့် လေယာဉ်မောင်မယ်များ လက်ပွေ့သတင်းစာ ဂျာနယ်များ ပေးက နာမည်ကြီး၂စောင်လောက်ယူပါ…. ခဏအရှေ့မှာ ထိုးထားပါ၊ လာပြန်တောင်းရင်ပေးပါ၊ တချို့က လေယာဉ်ဆင်းမှ သူဟာသူ ပြန်သိမ်းပါက မသိမသာ အိတ်ထဲထည့်ပါ၊ ၁စောင် ၁၂ဝဝလောက် တန်သည် ။
Crew တွေ စနိးတာဝါများကမ်းက “One More Please” ဟု ဘိုသံနဲ့ပြောပြီး ၂ခုယူပါ တခု ၂၅ဝတန်ပါတယ်.. ၂ခု ၅၀၀.. လေယာဉ်ပျံပြီး ၁ဝမိနစ်အတွင်း အစားအသောက်များ လာပေးလျင် မိမိကြိုက်ရာ စားစရာတခုရွေးပါ၊
Crew က Coffee or Tea or Coke အစရှိသည်တို့မေးလျှင် မိမိက ဘီယာကြိုက်က “Beer please” လို့ပြောမှ Beer တိုက်ပါတယ်။ ဒါမှမဟုတ် “Red Win please” လို့ ပြောရင် ဝိုင်သောက်ရပါမယ်.. ခဏစောင့်ရတတ်ပါတယ်…. In Flightဆို အနည်းဆုံး 1$ ရှိပါတယ်၊ ၃ခွက်လောက် တောင်းသောက်ပါ ၁၅၀၀×၃ ဆို ၄၅ဝဝဖိုးလောက် သောက်ရပါတယ် …..
စားစရာဘူးကို တချို့က အောက်ခံပန်းကန်တွေပြန်ပေးရတာမို ပြန်ပေးရမှာကိုစား၊ ကျန်တာ အိတ်ထဲထည့်ယူသွားပါ…. ခဏနေလျှင် ချမ်းကြောင်းမိမိခေါင်းပေါ်က လေပေါက်လေးပိတ်ရင်း Crew အား “Blanket please” လို့ မတရား ဘိုသံပေါက်အောင်ပြောပါ….. လာပေးလျှင် ဖြန့်ခြုံပြ ဆင်းခါနီးရင် အိတ်ထဲထည်ယူသွားပါ.. ၁၅၀၀၀ လောက်တန်ပါတယ်၊ ပိုးသတ်ထားတဲ့စောင်တွေပါ….
တချို့ဖျော်ဖြေရေး TV နဲ့ကိုယ်ပိုင်နားကြပ်လေး တွေပေးထားက ပြန်ရင် နားကြပ်ဖြုတ်ယူသွားပါ၊ လေယာဉ်တွင်းသုံးမို့ Quality အရမ်းကောင်းပါတယ်၊ 15$ လောက် အနည်းဆုံးတန်ပါတယ်…..လေယာဉ် Crewတွေမှ အမူးအမော်ပြေ ချိုချဉ်များလာပေးလျင် နောက်သလိုလိုနှင့် လက်တဆုပ်လောက်ယူပါ၊ ပြီးနောက် “Can I Have Coke or Sprite please” ဆိုပြီးနောက်ထပ် အချိုရည် တောင်းသောက်ပါ….
လေယာဉ်ဆင်းလျှင် အရှေ့က ခပ်သွက်သွက်ဆင်းနိင်အောင် မတရားတိုးပါ Crewများက အဝကနေ “Fuck You Very Much” လို့ပြောလျှင် “Same Too You” လို့ပြန်ပြောပါ….😛
လေဆိပ်ရာက်ရင် လေယာဉ်ဆိုက်ရောက်ခန်းထဲမှ အိမ်သာကိုပြေး မတရားသောက်လာသမျှကို ပြန်ထုတ်ရင်း မျက်နှာ သစ်ခွက်နားက hand tissue အထူတွေ အရွက်၂ဝလောက်ယူပါ အိတ်ထဲထည့်ပါ့၊ အိမ်သာထဲက tissue ကပါး ပါတယ် ….
လူဝင်မှုကြီးကြပ်ရေးရောက်လျှင် ချိုချဉ်လေးတွေ တွေ့ရင် ၃..၄ လုံးထပ်ယူပါ …. လမ်းမှာ Duty free shopဆိုင်များတွင် တခါတလေ အရက်၊ ဝိုင် အကောင်းစားများ၊ စားသောက်ကုန်များ sample တိုက်ပြီး လက်ဆောင်ပေးလျင် သွားယူပါ “one more please” အမြဲပြောပါ…။
ကဲအခုဆို လေယာဉ်စီးရင်း ဝင်ငွေပြန်ရှာတာ အသွားတကြောင်းတင် ၄ သောင်းလောက် ခိုင်ပါတယ် ….. အသွားအပြန်ဆို ၈သောင်းလောက် ရပါတယ်….😎 အဲ့တာတွေကို နိင်ငံခြားပြန်လက်ဆောင်ဆိုပြီးပြန် ပေးတာမျိုးလုပ်လို့ရ သလို၊ ဂျင်းထည့်ပြီး ပြန်ရောင်းလို့ရပါတယ်နော်….
ခုတော ထိုင်းလေကြောင်းလိုင်းက အဲ့လိုတွေ လုပ်တာများတာတွေကြောင့် အရှူံးပေါ်လို့ တချို့ service တွေလျော့နေပါပြီ၊ တခြားလေကြောင်းလိုင်းပြောင်းစီးပြီး အစွမ်းပြကြရအောင်…. 😁 ဒါတွေလုပ်ဖို့ သင့်မှာလက်ဆွဲအိတ် တလုံးနဲ့ မျက်နှာပြောင်တိုက်ဖို့ပဲ လိုပါတယ် …. 😂😂😂 CRD 👆👇- Tayza အားလုံးပဲရယ်မောပျော်ရွင်နိုင်ပါစေ…♥✨
Zawgyi Version
Leave a Reply
Your email address will not be published. Required fields are marked *