နှစ်သစ်သင်္ကြန်အချိန်အခါမှာ ရဟန်းဝတ်နေတဲ့ ဦးဇင်းရဲ့မှာလိုက်တဲ့ အမှာစကားတွေကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားတဲ့ ဌက်ပျော်ကြော်ရဲ့ဇနီး

Posted on

နေခြည် တားရော့ ဆိုတာနဲ့ ပရိသတ်တွေ အားပေးမှု ရရှိထားသူ တစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ တိကျတဲ့ ဟောကြား မှုတွေကြောင့် နာမည်ကျော် အောင်မြင်နေတာ ​ဖြစ်ပါတယ်။ မေးတဲ့ သူတွေ များလွန်း တာကြောင့် ကြိုတင် အချိန်ယူ ရလောက်တဲ့ အထိ နာမည်ကြီးတာ ဖြစ်ပါတယ်။ သူမဟာ တစ်ခြားသူ မဟုတ်ပဲ နာမည်ကျော် ဟာသ သရုပ်ဆောင် ငှက်ပျောကြော်ရဲ့ ဇနီးလည်းဖြစ်ပါတယ်။

အနုပညာရှင် အသိုင်းဝိုင်းမှာလည်း သူ့ကို ယုံကြည် အားကိုး သူတွေ များစွာ ပါပဲ။ လူမှု ကွန်ရက် ကနေလည်း ပုံရိပ်လေးတွေ ကို တင်ပေးလေ့ ရှိတာပါ။ ခုမှာတော့နှစ်ကူးလေး အတွင်းမှာ ဒါယိကာမ ဖြစ်သွားတဲ့ အကြောင်းလေးကို ပြောပြ ခဲ့တာပါ။ ခင်ပွန်းဖြစ်သူနဲ့ သားလေး တို့ကို ရဟန်းခံ ရှင်ပြု ပေးခဲ့ တာ ဖြစ်ပါတယ်။ ဒီကနေ့မှာ ဆိုရင်လည်း ဦးဇင်း ငှက်ပျော်ကြော်ရဲ့ ဘုန်းကြီး ကျောင်းကနေ အမှာတော် ပါးနေတဲ့ စကားတွေကို ပြန်လည် ပြောပြ လာတာပဲ ဖြစ်ပါတယ်။

“ဦးဇင်းကြီး ရဲ့ အမှာတော် များဦးဇင်း ” ဒကာမ ဦးဇင်းသောက်တဲ့ ဆေးလာ ပို့ပေး ပါဦး အခု လာပို့ ပေးနော် ညကျ သောက်ရမှာမို့ ” မီ ” တင်ပါ့ တင်ပါ့ ပို့ပေးပါ့မယ် “☎️ဦးဇင်း ” ဒကာမ မျက်နှာ သစ်ဆေးလေး လာပို့ ပေးပါဦး ဗူး အသစ်နော် “မီ ” တင်ပါ့ မနက် ကျရင် ယူခဲ့ ပါ့မယ် “☎️ဦးဇင်း ” ဒကာမ Betex တစ်ကဒ်လောက် လိုချင်လို့ လာပို့ ပေးပါဦး ” မီ ” တင်ပါ့ မနက်ကျ လာပို့ ပေးပါ့မယ် “☎️ဦးဇင်း ” ဒကာမ ဆေးရပြီ မလာနဲ့ တော့ “မီ ” တင်ပါ့ “ဦးဇင်း ” ဒကာမ နောက်ဖေးက ကျီးကန်းလေး တွေကို လမ်းထိပ်က အကြော် ဝယ်ကျွေး လိုက်ဦးနော် ဦးဇင်း မရှိတော့ မစားရမှာ စိုးလို့”မီ ” တင်ပါ့ တပြည့်တော် အချိန်အားရင်တော့ ဝယ်ကျွေး လိုက်ပါ့မယ် “☎️ဦးဇင်း “ဒကာမ ညနေ ကျောင်းလာ ဦးမှာလား”မီ ” မလာတော့ ဘူးလေ ဦးဇင်းရဲ့ ၊ဆရာတော်က ပြောနေတယ် ဒကာမ ခနခန လာမနေ နဲ့တဲ့ “😩😩😩” ဆိုပြီး ဦးဇင်း ငှက်ပျော်ကြော်ရဲ့ အကြောင်းကို ပြောပြ လာခဲ့ တာပဲ ဖြစ်ပါ တယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.