ပထမအိမ်ထောင်ရေးမှာကံမကောင်းပေမဲ့ အခုချိန်မှာ အမြဲစိတ်ချမ်းသာပြီးပျော်ရွှင်အောင်ထားပေးတဲ့ အတွက်ပီလာလေးရဲ့ဖေဖေကိုကျေးဇူးတင်စကားဆိုလိုက်တဲ့ ချမ်းချမ်း

Posted on

အဆိုတော် ချမ်းချမ်း ကတော့ Melody World သီချင်းဆို ပြိုင်ပွဲ ကနေ တဆင့် အောင်မြင် လာပြီး နိုင်ငံကျေ ာ်အဆိုတော် ဖြစ်လာခဲ့ သူပါ။ ချမ်းချမ်းက အခုဆိုရင် သူမရဲ့ ဒုတိယမြောက် သမီးလေးနဲ့ အတူတူ ခင်ပွန်းဖြစ်သူရဲ့ မွေးရပ်မြေ အီတလီနိုင်ငံမှာ နေထိုင် နေတာပဲ ဖြစ်ပါတယ်။ တိုင်းတစ်ပါး လူမျိုးခြား တွေ အလည်မှာရောက်ရှိ နေပေမယ့် ချမ်းချမ်းက သူမကို အမြဲ တမ်း ပျော်ရွှင်အောင် ထားတဲ့ ခင်ပွန်းသည်ကြောင့် စိတ်ချမ်းသာ နေရကြောင်း အခုလိုပဲ ပြောလာ ပါတယ်။

“မနေ့ ညက စမ်းချောင်း လေးဘေးနားက စားသောက်ဆိုင် လေးမှာ ညစာသွားစား ကြတယ်။ အရမ်း အေးချမ်းပီး လှပတဲ့ နေရာမို့ booking က အမြဲ ပြည့်နေတာ။ ဘယ်တော့မှ ထိုင်ခွင့် မရဘူး။ ဖေဖေက မရရ အောင် booked လုပ်ပီး ခေါ်လာ ပေးတယ်။ ကိုယ်သွားချင် စားချင်တဲ့ နေရာတိုင်း ကို အမြဲ ရအောင် ပို့ပေး တဲ့ဖေဖေရေ အမြဲ ပျော်အောင် ထားပေးလို့ ကျေးဇူးပါနော် Love of my life❤️I love u babe” ဆိုပြီး သူမတို့ မိသားစုရဲ့ ကြည်နူးစရာ အခိုက်အတံ့ တွေကို မျှဝေ ပေးလာ ပါတယ်။

ချမ်းချမ်း ကတော့ သူမ အပေါ် အရမ်းချစ်ပြီး အရိပ်တကြည့်ကြည့် ဂရုစိုက်တဲ့ ခင်ပွန်းသည် ကြောင့် ပျော်ရွှင် နေရတာပဲ ဖြစ်ပါတယ်။ ချမ်းချမ်းတို့ မိသားစုလေး အခုလို ထာဝရ ပျော်ရွှင် ချမ်းမြေ့ နိုင်ပါ စေလို့ ဆုတောင်း ပေးလိုက် ပါတယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.