ပရိသတ်တွေကြားထဲမှာ သဘောကျစရာတစ်ခုဖြစ်နေခဲ့တဲ့ ပိုင်တံခွန်ရဲ့ သူ့ဆိတ်ကလေးနဲ့ စကားပြောနေတဲ့ ဗီဒီယိုဖိုင်လေး

Posted on

ပရိသတ် ကြီးရေ ပိုင်တံခွန် ကတော့ ပရိသတ် တွေရဲ့ ချစ်ခင်မှု ကို အပြည့်အဝ ရရှိ ထားပြီး ပြည်တွင်းမှာ သာမက ပြည်ပနိုင်ငံ တွေထိပါ အောင်မြင် ကျော်ကြားတဲ့ ပြည်သူ ချစ် ပရိသတ် အချစ်တော် အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန် ကတော့ တိချစ်တတ်သူ တစ်ယောက် ဖြစ်ပြီး သူ့ရဲ့ အိမ်မှာလည်း တိလေးတွေကို မွေးမြူ ထားခဲ့ ပါတယ်။

တိလေး တွေကို ချစ်တတ် လွန်းတဲ့ သူတစ်ယောက် ဖြစ်ပြီး ခွေးလေးတွေ ကြောင်လေးတွေ သာမက ငါး၊ရေနဂါး၊ iguana(အီဂွားနား)စတဲ့ ထူးထူးခြားခြား သတ္တဝါတွေအပါအဝင် ဆိတ်ကလေး တစ်ကောင်ကိုပါ အိမ်မွေး တိလေး အဖြစ်မွေးထားတာ ကြောင့် ပရိသတ် တွေက အံ့သြမင်သက် ဖြစ်နေခဲ့ ရပါ သေးတယ်။ သူ့ကို ရော သူ့ရဲ့ တိလေးတွေ ကိုပါ ချစ်ကြတဲ့ ပရိသတ် တွေအတွက်လည်း မကြာခဏဆို သလို တိလေးတွေကို ဗီဒီယို လေးရိုက်ကူးပြီး မျှဝေ ဖော်ပြ လေ့လည်းရှိပါတယ်။

ဒီနေ့ မှာလည်း ပိုင်တံခွန်က သူ့ရဲ့ ဆိတ်ကလေးနဲ့ စကားတွေ ပြောနေတဲ့ ချစ်စရာ ကောင်းလှတဲ့ ဗီဒီယိုဖိုင်လေး တစ်ခုကို တင်ပေးခဲ့ပြီး ဒီဗီဒီယိုဖိုင် လေးကတော့ ပရိသတ် တွေကြားမှာ သဘောကျစရာ တစ်ခုအဖြစ်နဲ့ ပျံ့နှံ့ နေခဲ့ ပါတယ်။ ပရိသတ် ကြီးရေ သူသခင်နဲ့ သူဆိတ် ကတော့ တကယ်ကို အတိုင်အဖောက် ညီနေ တာပဲနော်။

Zawgyi




Leave a Reply

Your email address will not be published.