ပရိသတ်တွေနဲ့ ဝေးကွာနေတဲ့ သူမကတော့ အရင်ကထက်ပိုပြီးနုပျိုနေတဲ့ အလှတရားတွေနဲ့ အလွမ်းပြေပုံလေးတွေချပြလာတဲ့ ပုလဲဝင်း

Posted on

ချစ်စရာ ကောင်းတဲ့ အပြုံးလှလှလေး တွေကို ပိုင်ဆိုင် ထားတဲ့ မင်းသမီးချော ပုလဲဝင်း ကတော့ နာမည်နဲ့ လိုက်ဖက် အောင် လှပ လွန်းသူ တစ်ယောက်ပါ။ ပုလဲဝင်းဟာ ကြော်ငြာ တွေနဲ့ ဗီစီဒီ တွေ များစွာပါဝင်ခဲ့ပြီး နောက်ပိုင်း မှာတော့ အနုပညာ အလုပ်တွေကို မ လုပ်ကိုင် တော့ပဲ စီးပွားရေး လုပ်ငန်းတွေ ကိုသာ အခြေချလုပ်ကိုင် နေတာပဲ ဖြစ်ပါတယ်။

စီးပွားရေး လောကထဲ ဝင်ရောက် သွားခဲ့ပြီ ဆိုပေမယ့် တချိန်က မင်းသမီး ဆိုတဲ့ ဂုဏ်ပုဒ်တွေ ထင်ရှားနေဆဲ ဖြစ်တဲ့ ပုလဲဝင်းဟာ ပရိသတ် တွေရဲ့ စိတ်ဝင်စားအားပေးမှု ကို ခံနေ ရဆဲ ဖြစ်ပါတယ်။ ဒီ ကနေ့ မှာတော့ ပုလဲဝင်း က သူမရဲ့ အလှ ပုံရိပ် လေးတွေကို မျှဝေ လာခဲ့ တာကို တွေ့ရ ပါတယ်။ အခု ဆိုရင် အသက်သုံးဆယ် ကျော် အရွယ်ရောက် နေပြီ ဖြစ်တဲ့ ပုလဲဝင်း ဟာ သူမရဲ့ လှပ နုပျိုမှု တွေ မကုန်ဆုံးသေးပဲ အရင်ကထက် တောင် ရင့်ကျက်မှု တွေနဲ့ ပိုလှလာ တာကို တွေ့ရ ပါတယ်။

ပုလဲဝင်း ကတော့ ဘယ်အချိန် ကြည့်ကြည့် မျက်နှာလေးက ရှင်းလင်း ချောမွေ့ပြီး အရမ်း လှတာ ပဲနော်။ ပရိသတ် ကြီးလည်း ပုလဲဝင်းရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး ကျေနပ် ကြမယ် ထင်ပါ တယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.