ပိုက်ဆံအိတ်ကို ဘယ်လိုအရောင်ကိုင်ရမလဲ မကြာ ခဏမေးလာတဲ့သူတွေ အတွက်….ပိုက်ဆံအိတ်မှာ ဒီလို အယူအဆ လေးတွေ ရှိပါတယ်
Posted on
ရွှေရောင်က-ရွှေငွေ ဥစ္စာ မြဲစေပါတယ်
အပြာရောင်က -ဝင်တာလွယ်ပြီးထွက်တာလည်းလွယ်ပါတယ်
အနီရောင်က -များများဝင်တယ် မြန်မြန်ထွက်တယ်
အဖြူရောင်က -လာဘ် တိတ်တယ်
ပန်းရောင်က -ပီယကောင်းတယ်
အညိုရောင်၊ အစိမ်းရောင် ၊ ကော်ဖီရောင်၊ ခရမ်းရောင်၊ အနက်ရောင် စတဲ့ အရောင်တွေကလာဘ်ရွှင်ပြီး ငွေမြဲတယ်
ပိုက်ဆံအိတ်ကို မကြာခဏ လဲပေးပါ။ သိမ်းလည်းမထားပါနဲ့။ ဟောင်းစုတ်ရင်မသုံးပါနဲ့။ Second hand ပိုက်ဆံအိတ် များ ဝယ်ယူအသုံးမပြုပါနဲ့
ပိုက်ဆံအိတ် ထားရန်နေရာ တိတိကျကျ သတ်မှတ်ထားပါ ကြမ်းပြင်ပေါ်မချပါနဲ့။ မလိုသောစာရွက် ဘောက်ချာ၊လိပ်စာ ကတ်များ ငွေစက္ကူ၊အလွ န်စုတ်ပြတ်နေတာ များ၊မထားပါနဲ့ ငွေစက္ကူစုတ်များ သပ်သပ်စာ အိတ်နဲ့ထားပါ
မကြာခဏ အထဲကငွေ နဲ့ပစ္စည်းများထုပ်ပြီး သန့်ရှင်းရေးလုပ်ပါ။ ကရဝေးရွက် တစ်ရွက်လည်းထည့်ထားပါ။
ငွေ လုံးဝ မရှိသည့်အခြေအနေအထိ မထားပါနဲ့ ။ ပိုက်ဆံအိတ် ဘာရောင်ကိုင်ရမလဲ မကြာ ခဏမေးလာတဲ့သူတွေအတွက်အသုံးတည့်မယ်ထင်ပါတယ်နော်
ကဲ အားလုံးပဲ ပိုက်ဆံအိတ်ထဲမှာ ငွေအပြည့်ထည့်ထားနိုင်ကြပါစေရှင်။
Zawgyi Version
Leave a Reply
Your email address will not be published. Required fields are marked *