ပုဂံရာဇဝင် ထဲက လူစွမ်းကောင်း (၄)ဦးမှာ ကျန်စစ်သားနန်းတက်ပီးနောက် ကျန်တဲ့သုံးဦး နောက်ဆုံး မှာ ဘာဖြစ်သွားကြသလဲ..?( ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး)

Posted on

ပုဂံထီးနန်း ကို ကျန်စစ်သား ဆက်ခံပြီး တဲ့နောက် နေ့မှာ ဘဲ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးနှင့် ငထွေရူး တို့ ပုဂံကို စွန့်ခွာပြီး ထွက်ပြေးရ တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မဏိစန္ဒာနှင့် ကျန်စစ်သားတို့ ဇာတ်လမ်းမှာ ဖော်ကောင် လုပ်ပေးကြ လို့ဖြစ်ပါတယ်။

ငထွေရူး – အဲဒီအချိန်က တညင် လို့ခေါ်တဲ့ သန်လျှင်ကို ပြေးတယ်။ တညင်မှာ မွန်မတဦး နဲ့ ညားပြီးတဲ့နောက် ထန်းတောတွေ အောက်ဈေး နဲ့ လိုက်ဝယ်ပြီး ထန်းရည်တဲ ဖွင့်တယ်၊ ထန်းညက်ချက်တယ်။ ထန်းရည်ကို အပင်ပေါ်က မချခင် လက်ပံပွင့်စိမ်ပြီး အရသာ ထူးကဲအောင် လုပ်တဲ့ အတွက် ငထွေရူးရဲ့ ဘုံ ဆိုင်ဟာ အတော်ဘဲ ရေပန်းစားပါသတဲ့။

ဟိုဒင်းဟိုဟွာ အတွက် တကယ်ကောင်းတဲ့.. ဆေးတစ်ခွက် လို့ နာမည်ကြီးပါသတဲ့။ ပုရိသ ယောက် ကျားများသာမက မိန်းမများ ကပါ အားပေးကြပါ သတဲ့။ ထန်းရည်တန်ခိုးနှင့် ရွာကြီး နှစ်ရွာပါ ထပ်တိုးလာပါ သတဲ့။ အဲဒီရွာတွေက ခါးရမ်း ( ယနေ့ ခရမ်း ) နှင့် ကြုံးဟ ( ယနေ့ သုံးခွ) မြို့တွေဖြစ်ပါတယ်။

ငလုံးလက်ဖယ် –သူက ကုသိမ် လို့ ခေါ်တဲ့ ယနေ့ ပုသိမ် ဆိုတဲ့ ဆိပ် ကမ်းမြို့လေး ကို ပြေးပါတယ်။ ဒါပေမယ့် အဲဒီမှာ စီးပွားပျက်ပြီး ဥသာ ဆိုတဲ့ အရပ်ကို ဒိုးပါတယ်။ မြေလည်းဆုံး၊ မယားလည်း ဆုံးတဲ့ ငလုံးလက်ဖယ် ဟာ ဥသာပဂိုး ရောက်တဲ့ အခါ ဘာလုပ်ရမှန်း မသိတဲ့အတွက် လယ်ကွက်တွေ ထဲက ငါးရံ့တွေကိုဖမ်းပြီး တံငါသည် လုပ်ပါသတဲ့။

ဒါပေမယ့် တံငါသည် လက်ဖယ် ဆိုတဲ့ နာမည်သာ တွင်သွားတယ်၊ စီးပွား မတက်ဖူးတဲ့။ ဒါနဲ့ တစ်ရက် စိတ်တိုတိုနဲ့ သူ ဖမ်းထား တဲ့ ငါးရံ့တွေကို ဓားနဲ့ ခုတ်ပြီး တဲပေါ်ပစ်တင် လိုက်သတဲ့။ ၃-၄ ရက်ကြာလို့ သတိရမှ ပြန်ယူကြည့်တော့ ငါးရံ့သားက ခြောက်သွေ့ပြီး ငါးအသားလည်း ကြည် နေတာ သတိထားမိပါသတဲ့။

ဒါနဲ့ မီးဖိုထဲ ပစ်ထည့်ပြီး စားကြည့်ရာ ကနေ ငါးရံ့ခြောက်ရဲ့ အရသာ ထူးကဲပုံကို မတော်တဆ တွေ့ရှိသွား ပါသတဲ့။ ဥသာပဂိုးနယ် မှာ ငါးရံ့ခြောက် ‘ စ ‘ တာ အဲဒီ ငလုံးလက်ဖယ်ရဲ့ ကျေးဇူးဘဲ။

သူ့ရဲ့ ငါးရံ့ခြောက်ဟာ စစ်ထွက်တဲ့ အခါ ရိက္ခာ ဖြစ်လာတယ်၊ ဘုန်းကြီးကျောင်း ကြက်သရေတိုက်ထဲ ထည့်လှူတဲ့ ရိက္ခာဖြစ် လာတယ်။ တညင် က သူ့မိတ်ဆွေရင်း ငထွေရူးရဲ့ ဘုံဆိုင်ကို လက်ဆောင်ပေးရာကနေ ငါးရံ့ခြောက်ဟာ အမြည်းဖြစ်လာတယ်။ ငါးရံ့ခြောက် လုပ်ငန်းနဲ့ ကြီးပွားသွားတဲ့ ငလုံးလက်ဖယ်ဟာ မယား ၃ယောက်ထပ်ယူပါသတဲ့။

တံငါလုပ်ငန်း နဲ့ ကြီးပွားရတာ အပြစ်ကြီးလှတယ် ကောင်းမှု ကုသိုလ် လုပ်ချင်တယ် ဆိုပြီး တွေးမိရာက ဘုရား ၃ ဆူတည်ပြီး လှူတယ်။ အဲဒီ ဘုရား သုံးဆူကို ထိမ်းသိမ်းဖို့ရာ မယားကြီး၊ မယားလတ်၊ မယားငယ် သုံးယောက်စလုံးကို တာဝန်ပေးပါသတဲ့။

အထောက်ထား အဖြစ် အဲဒီဘုရား ၃ ဆူ ဟာ ဒီနေ့ ပဂိုးတက္ကသိုလ် အနောက်ဖက် ကပ်ရက်မှာ ဒီနေ့ထိ ရှိပါသေးတယ်။ ညောင်ဦးဖီး –ရေကြိုက်တဲ့ ညောင်ဦးဖီး ဟာ ပုဂံက ထွက်လာတော့ လူပျိုကြီး။ ငထွေရူးရဲ့ တညင် တလှည့် ငလုံးလက် ဖယ်ရဲ့ ကုသိမ် တလှည့် လိုက်နေတယ်။

ငလုံးလက်ဖယ် ကုသိမ် မှာ စီးပွားပျက်လို့ ပဂိုးပြောင်းသွားတော့ လိုက်မသွားဘဲ ပင်လယ်ကူး ကုန်သဘောင်္ပေါ်တက်ပြီး လှေသမား အဖြစ်လိုက်သွားရာက ‘ ကော့ဆောင် ‘ ဆိုတဲ့ ယနေ့ ကော့သောင်း နေရာကို ရောက်လာတယ်။

လှေလုပ်သား လုပ်ရတာ စိတ်မပါ၊ စီးပွားရေးလုပ်ဖို့လည်း စိတ်မပါ။ ဒါနဲ့ ရှိတဲ့ ငွေလေးနဲ့ လှေ တစ်စီးဝယ်။ ထားဝယ်တက်မယ် ဆိုပြီး တက်လာရာက ကော့ဆောင်နဲ့ နီးတဲ့ ကျွန်းနားမှာ ခဏဝင်နားရာက ရေချိုးနေတဲ့ ဆလုံမကို တွေ့တယ်။

ဗိုက်ဆာလို့ စားစရာတောင်းမိရော။ ဆလုံမကလည်း သူ့နားရှိတဲ့ သံပချုပ် ၃-၄ လုံးလောက် ကောက်ပြီး ကျွေးမိရာက ညောင်ဦးဖီးနှင့် ဆလုံမ ညားကြလေသတည်း။

တစ်သက်လုံး လူပျို ကြီး လုပ်လာတဲ့ ညောင်ဦးဖီးဟာ သံပချုပ်စာ မိသွားတယ်ပေါ့ဗျာ။ သူလည်း မယား ၃ ယောက်ယူတာမှာ အကုန်လုံး ဆလုံမတွေကြီးသာ ရွေး ယူပါသတဲ့။ဒီနေ့ ညောင်ဦးဖီးကျွန်းဆိုတာ ကော့သောင်းကနေ ရေမိုင် ၄၀ အကွာမှာ ရှိပါတယ်။ လိုင်းပေါ်မှာ တွေ့လို့ တဆင့်ပြန်လည်ဖော်ပြပါသည်…..Credit – Zay Myo Lin

Zawgyi Version

ပုဂံထီးနန္း ကို က်န္စစ္သား ဆက္ခံၿပီး တဲ့ေနာက္ ေန႔မွာ ဘဲ ငလုံးလက္ဖယ္၊ ေညာင္ဦးဖီးႏွင့္ ငေထြ႐ူး တို႔ ပုဂံကို စြန႔္ခြာၿပီး ထြက္ေျပးရ တယ္။ ဘာျဖစ္လို႔လည္း ဆိုေတာ့ မဏိစႏၵာႏွင့္ က်န္စစ္သားတို႔ ဇာတ္လမ္းမွာ ေဖာ္ေကာင္ လုပ္ေပးၾက လို႔ျဖစ္ပါတယ္။

ငေထြ႐ူး – အဲဒီအခ်ိန္က တညင္ လို႔ေခၚတဲ့ သန္လၽွင္ကို ေျပးတယ္။ တညင္မွာ မြန္မတဦး နဲ႔ ညားၿပီးတဲ့ေနာက္ ထန္းေတာေတြ ေအာက္ေဈး နဲ႔ လိုက္ဝယ္ၿပီး ထန္းရည္တဲ ဖြင့္တယ္၊ ထန္းညက္ခ်က္တယ္။ ထန္းရည္ကို အပင္ေပၚက မခ်ခင္ လက္ပံပြင့္စိမ္ၿပီး အရသာ ထူးကဲေအာင္ လုပ္တဲ့ အတြက္ ငေထြ႐ူးရဲ့ ဘုံ ဆိုင္ဟာ အေတာ္ဘဲ ေရပန္းစားပါသတဲ့။

ဟိုဒင္းဟိုဟြာ အတြက္ တကယ္ေကာင္းတဲ့.. ေဆးတစ္ခြက္ လို႔ နာမည္ႀကီးပါသတဲ့။ ပုရိသ ေယာက္ က်ားမ်ားသာမက မိန္းမမ်ား ကပါ အားေပးၾကပါ သတဲ့။ ထန္းရည္တန္ခိုးႏွင့္ ရြာႀကီး ႏွစ္ရြာပါ ထပ္တိုးလာပါ သတဲ့။ အဲဒီရြာေတြက ခါးရမ္း ( ယေန႔ ခရမ္း ) ႏွင့္ ၾကဳံးဟ ( ယေန႔ သုံးခြ) ၿမိဳ႕ေတြျဖစ္ပါတယ္။

ငလုံးလက္ဖယ္ –သူက ကုသိမ္ လို႔ ေခၚတဲ့ ယေန႔ ပုသိမ္ ဆိုတဲ့ ဆိပ္ ကမ္းၿမိဳ႕ေလး ကို ေျပးပါတယ္။ ဒါေပမယ့္ အဲဒီမွာ စီးပြားပ်က္ၿပီး ဥသာ ဆိုတဲ့ အရပ္ကို ဒိုးပါတယ္။ ေျမလည္းဆုံး၊ မယားလည္း ဆုံးတဲ့ ငလုံးလက္ဖယ္ ဟာ ဥသာပဂိုး ေရာက္တဲ့ အခါ ဘာလုပ္ရမွန္း မသိတဲ့အတြက္ လယ္ကြက္ေတြ ထဲက ငါးရံ့ေတြကိုဖမ္းၿပီး တံငါသည္ လုပ္ပါသတဲ့။

ဒါေပမယ့္ တံငါသည္ လက္ဖယ္ ဆိုတဲ့ နာမည္သာ တြင္သြားတယ္၊ စီးပြား မတက္ဖူးတဲ့။ ဒါနဲ႔ တစ္ရက္ စိတ္တိုတိုနဲ႔ သူ ဖမ္းထား တဲ့ ငါးရံ့ေတြကို ဓားနဲ႔ ခုတ္ၿပီး တဲေပၚပစ္တင္ လိုက္သတဲ့။ ၃-၄ ရက္ၾကာလို႔ သတိရမွ ျပန္ယူၾကည့္ေတာ့ ငါးရံ့သားက ေျခာက္ေသြ႕ၿပီး ငါးအသားလည္း ၾကည္ ေနတာ သတိထားမိပါသတဲ့။

ဒါနဲ႔ မီးဖိုထဲ ပစ္ထည့္ၿပီး စားၾကည့္ရာ ကေန ငါးရံ့ေျခာက္ရဲ့ အရသာ ထူးကဲပုံကို မေတာ္တဆ ေတြ႕ရွိသြား ပါသတဲ့။ ဥသာပဂိုးနယ္ မွာ ငါးရံ့ေျခာက္ ‘ စ ‘ တာ အဲဒီ ငလုံးလက္ဖယ္ရဲ့ ေက်းဇူးဘဲ။

သူ႔ရဲ့ ငါးရံ့ေျခာက္ဟာ စစ္ထြက္တဲ့ အခါ ရိကၡာ ျဖစ္လာတယ္၊ ဘုန္းႀကီးေက်ာင္း ၾကက္သေရတိုက္ထဲ ထည့္လႉတဲ့ ရိကၡာျဖစ္ လာတယ္။ တညင္ က သူ႔မိတ္ေဆြရင္း ငေထြ႐ူးရဲ့ ဘုံဆိုင္ကို လက္ေဆာင္ေပးရာကေန ငါးရံ့ေျခာက္ဟာ အျမည္းျဖစ္လာတယ္။ ငါးရံ့ေျခာက္ လုပ္ငန္းနဲ႔ ႀကီးပြားသြားတဲ့ ငလုံးလက္ဖယ္ဟာ မယား ၃ေယာက္ထပ္ယူပါသတဲ့။

တံငါလုပ္ငန္း နဲ႔ ႀကီးပြားရတာ အျပစ္ႀကီးလွတယ္ ေကာင္းမႈ ကုသိုလ္ လုပ္ခ်င္တယ္ ဆိုၿပီး ေတြးမိရာက ဘုရား ၃ ဆူတည္ၿပီး လႉတယ္။ အဲဒီ ဘုရား သုံးဆူကို ထိမ္းသိမ္းဖို႔ရာ မယားႀကီး၊ မယားလတ္၊ မယားငယ္ သုံးေယာက္စလုံးကို တာဝန္ေပးပါသတဲ့။

အေထာက္ထား အျဖစ္ အဲဒီဘုရား ၃ ဆူ ဟာ ဒီေန႔ ပဂိုးတကၠသိုလ္ အေနာက္ဖက္ ကပ္ရက္မွာ ဒီေန႔ထိ ရွိပါေသးတယ္။ ေညာင္ဦးဖီး –ေရႀကိဳက္တဲ့ ေညာင္ဦးဖီး ဟာ ပုဂံက ထြက္လာေတာ့ လူပ်ိဳႀကီး။ ငေထြ႐ူးရဲ့ တညင္ တလွည့္ ငလုံးလက္ ဖယ္ရဲ့ ကုသိမ္ တလွည့္ လိုက္ေနတယ္။

ငလုံးလက္ဖယ္ ကုသိမ္ မွာ စီးပြားပ်က္လို႔ ပဂိုးေျပာင္းသြားေတာ့ လိုက္မသြားဘဲ ပင္လယ္ကူး ကုန္သေဘာေပၤၚတက္ၿပီး ေလွသမား အျဖစ္လိုက္သြားရာက ‘ ေကာ့ေဆာင္ ‘ ဆိုတဲ့ ယေန႔ ေကာ့ေသာင္း ေနရာကို ေရာက္လာတယ္။

ေလွလုပ္သား လုပ္ရတာ စိတ္မပါ၊ စီးပြားေရးလုပ္ဖို႔လည္း စိတ္မပါ။ ဒါနဲ႔ ရွိတဲ့ ေငြေလးနဲ႔ ေလွ တစ္စီးဝယ္။ ထားဝယ္တက္မယ္ ဆိုၿပီး တက္လာရာက ေကာ့ေဆာင္နဲ႔ နီးတဲ့ ကၽြန္းနားမွာ ခဏဝင္နားရာက ေရခ်ိဳးေနတဲ့ ဆလုံမကို ေတြ႕တယ္။

ဗိုက္ဆာလို႔ စားစရာေတာင္းမိေရာ။ ဆလုံမကလည္း သူ႔နားရွိတဲ့ သံပခ်ဳပ္ ၃-၄ လုံးေလာက္ ေကာက္ၿပီး ေကၽြးမိရာက ေညာင္ဦးဖီးႏွင့္ ဆလုံမ ညားၾကေလသတည္း။

တစ္သက္လုံး လူပ်ိဳ ႀကီး လုပ္လာတဲ့ ေညာင္ဦးဖီးဟာ သံပခ်ဳပ္စာ မိသြားတယ္ေပါ့ဗ်ာ။ သူလည္း မယား ၃ ေယာက္ယူတာမွာ အကုန္လုံး ဆလုံမေတြႀကီးသာ ေရြး ယူပါသတဲ့။ဒီေန႔ ေညာင္ဦးဖီးကၽြန္းဆိုတာ ေကာ့ေသာင္းကေန ေရမိုင္ ၄၀ အကြာမွာ ရွိပါတယ္။ လိုင္းေပၚမွာ ေတြ႕လို႔ တဆင့္ျပန္လည္ေဖာ္ျပပါသည္…..Credit – Zay Myo Lin

Leave a Reply

Your email address will not be published. Required fields are marked *