ပုဂံရောက်တုန်းအမှတ်တရပုံလေးတွေတင်လိုက်မိရာ ရည်းစားဟောင်းG Fatt နဲ့ ပတ်သက်တဲ့ပုံလေးတွေနဲ့ ပရိသတ်တွေရဲ့စနောက်ခြင်းခံနေရတဲ့ နန်းဆုရတီစိုး
Posted on
သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုး ကတော့ အနုပညာ လောကမှာ ဆယ်စုနှစ် ကျော်တိုင် နာမည် တစ်လုံးနဲ့ ရပ်တည်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ နာမည်ကြီးအနုပညာရှင် တစ်ယောက် ပီပီ ပရိသတ် တွေရဲ့ စိတ်ဝင် စားခြင်းကို အပြည့်အဝ ခံနေရတဲ့ နန်းဆုရတီစိုးဟာ ဒီကနေ့ မှာလည်း ပုဂံမှာ လျှောက်လည် နေတဲ့ ဓာတ်ပုံတွေကြောင့် ရည်းစားဟောင်း G Fatt နဲ့ ပတ်သက်တဲ့ အမှတ်တရ တွေကို စနောက်ခံ နေရတာပဲ ဖြစ်ပါတယ်။
နန်းဆုရတီစိုးက လတ်တလောမှာ ပုဂံဘုရားဖူး ရောက်ရှိ နေတာ ဖြစ်ပြီး ပရိသတ် တွေက နန်းဆုရတီစိုးရဲ့ ရည်းစားဟောင်း G Fatt နဲ့ ပတ်သက်ပြီး စနောက် နေကြတာပဲ ဖြစ်ပါတယ်။ နန်းဆုရတီစိုး ကတော့ သူမရဲ့ ပရိသတ် တွေ ချစ်စနိုးနဲ့ စနောက် နေကြမှု အပေါ် စိတ်ဆိုးခြင်း လုံးဝမရှိပဲ သူမရဲ့ သဘာဝအတိုင်း “အဲ့မှာ စနေ နောက်နေ လိုက်ကြ 🤪” ၊ “အေနော် ယူတို့ မပြီးဘူးနော်😒” ဆိုပြီး အေးအေး ဆေးေဆးလေးသာ တုံ့ပြန် ခဲ့ပါတယ်။
နန်းဆုရတီစိုး နဲ့ G Fatt တို့ ကတော့ နန်းဆုရတီစိုးရဲ့ “ရူးအောင်ချစ်မယ့်သူ” ဇာတ်လမ်း MV ကို ပုဂံဒေသမှာ ရိုက်ကူးခဲ့ ကြပြီး အမှတ်တရ ဟောင်းတွေ ရှိခဲ့ ဖူးတာမို့ ပရိသတ် တွေက ပုဂံကို မြင်တိုင်း နန်းဆုရတီစိုးနဲ့ G Fatt ကို တွဲလျက် မြင်ယောင် နေကြတာ ပဲဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း ပုဂံမှာ လျှောက်လည် နေတဲ့ နန်းဆုရတီစိုးရဲ့ ပုံရိပ်တွေ ကြည့်ပြီး ကျေနပ် ကြမယ် ထင်ပါတယ်နော်။
Zawgyi
Leave a Reply
Your email address will not be published.