ပျံသန်းနေစဉ် အချိန်အတွင်းမှာ ထူးထူးဆန်းဆန်း နဲ့ ပျောက်ကွယ်သွားသော လေယာဉ်များ

Posted on

လေကြောင်းပျံ သန်းမှုနည်းပညာ များတိုးတက် လာ ချိန်မှစ၍ ကမ္ဘာ့မြေေြ ကာကျုံ့ခဲ့ကာ လေ ယာဉ်ပျံများသည် ကမ္ဘာ့လေ ထုအတွင်း အ ချိန်နှင့်အမျှပျံသန်း သွားလာလျက် ရှိရာ ပျက်ကျမှုများကိုလည်းရင်ဆိုင်ကြရသည်။

လေယာဉ်တ စ်စင်းပျက်ကျြ ခင်းသည် ထူးဆန်း သော ဖြစ်ရပ်ဟုမဆို နိုင်သော်လည်း ပျံသန်းနေစဉ် လုံးဝပျောက် ဆုံးသွားလျှင်ကား ထူးဆန်းသည်ဟုဆို ရမည်ဖြစ် သည်။

ကမ္ဘာ့လေ ကြောင်းပျံသန်း မှုသမိုင်းတွင် လေထုအတွင်း ပျောက်ဆုံးသွားသည်ဟု ယူဆရပြီး အပျက်အစီးအစ အန၊သဲလွန်စ များတစ်စုံ တစ်ရာ မကျန်ရှိခဲ့ဘဲ ပျောက်ဆုံး သွားခြင်း၏ အဖြေကိုမရှာနို င်ခဲ့ကြ လေယာဉ်များသည် မဖြေရှင်းနိုင်သေးသည့် ပြဿနာများဖြစ်လာခဲ့ပေ သည်။

၁။Frederick Valentich

၁၉၇၈ ခုနှစ် အောက်တို ဘာလ ၂၁ ရက်တွင် အသက် ၂၀ အရွယ်ရှိ ဖရက်ဒရစ် ဗယ်လင်တစ်ခ်ျသည် Cessna 182L လေ ယာဉ်စီးနင်းလာစဉ် ထူးဆန်းစွာပျောက်ဆုံးခဲ့သည်။

ဖရက်ဒရစ်သည် ပန်းကန်ပြားပျံဟု ဆိုကြသည့် အမျိုးအမည်မသိသည့် ယာဉ်ပျံ များ (UFO)ကို အထူးစိတ်ဝင်စားသူဖြစ်ပြီး ကံဆိုးမိုးမှောင်ကျခဲ့သည့် အချိန်တွင် ဖရက်ဒရစ်၏ လေယာဉ်နောက် မှအမျိုးအမည် မသိသော ယာဉ်ပျံတစ်စီးပါရှိခဲ့သည်ဟု ဆိုကြသည်။

ဖရက်ဒရစ်၏လေယာဉ်သည် သြစတြေလျနိုင်ငံနှင့် တက်စ်မာနီး ယားအကြားရှိ Bass ရေလက်ကြားတွင် ပျံသန်း နေစဉ် ည ၇ နာရီတွင်မြေပြင်ရေဒီ ယိုစခန်းသို့ သူ့နောက်မှယာဉ်တစ်စီး လိုက်ပါလာနေေြ ကာင်းသတင်းပို့ခဲ့သည်။

လေကြောင်းထိန်း သိမ်းရေး စခန်းက အနီးတွင်မည်သည့်ယာဉ်မှ မတွေ့ရကြောင်းပြန်ကြားချိန်တွင် ဖရက်ဒရစ်က သူ့နောက်မှလိုက်ေ နသည့် လေယာဉ်သည် အလွန်ကြီးမားကာ ကွင်းဆင်း ချိန်တွင်သုံးသည့် မီးရောင်ထက် လေးဆခန့်လင်း လက်နေကြောင်း သတင်းပို့ခဲ့သည်။

ယင်းလေယာဉ် သည် မီတာ ၃၀၀ အပေါ်မှ အလွန်လျ င်မြန်သော နှုန်းဖြင့် ဖြတ်သန်းသွားသည်ဟုဆိုပြီး ယင်း UFO သည်သူ့အပေါ်မှ လှည့်ပတ် နေကာ တောက်ပသည့် သတ္ထုမျ က်နှာပြင်နှင့် အစိမ်းရောင်အလင်းရောင်ရှိကြောင်း ပြောခဲ့သည်။

လေကြောင်းထိန်းသိမ်းရေး စခန်းက မည်သည့် လေယာဉ်အ မျိုးအစားဖြစ်ကြောင်းမေးမြန်းချိန်တွင် ဖရက်ဒရစ်က ယင်း အရာသည် လေယာဉ်ပျံတစ်စီးမ ဟုတ်ေြ ကာင်းပြောဆိုနေစဉ် အမျိုးအမည်မသိသော ဆူညံသံများက ကြားဖြတ်ဝ င်လာခဲ့ပြီးသတ္ထု စများပဲ့ကျသည့် အသံများထွ က်လာကာ အဆက်အသွယ်ြ ပတ်သွားခဲ့သည်။ထိုအချိန်မှစ၍ ဖရက်ဒရစ်ကိုလ ည်းကောင်း၊ လေယာဉ် ကိုလည်းကောင်း မတွေ့ရှိခဲ့ရပါချေ။

၂။ Douglas C-124 Globemaster

အမေရိကန်ေ လတပ်မှ Douglas C-124 Globemaster လေယာဉ်သည် ၁၉၅၁ ခုနှစ် မတ်လ ၂၃ ရက် မွန်းလွဲပိုင်းတွ င်အင်္ဂလန်နိုင်ငံ သို့ ပျံသန်းလာခဲ့စဉ် ပင်လယ်တွင်းသို့ရု တ်တရက်ထိုးဆ င်းခဲ့ရသည်။လေယာဉ်ကု န်လှောင်ခန်းပေါက်ကွဲခဲ့ပြီး မီးများ လောင်ခဲ့သဖြင့် လေယာဉ်မှူးများ သည်လေယာဉ်ကို အတ္တလန္တိတ် သမုဒ္ဒရာအတွင်း အိုင်ယာလန်နိုင်ငံ၏ မိုင် ၁၀၀ ကျော်တွင်သက် ဆင်းခဲ့သည်။

လေယာဉ်ဆင်းသ က်မည့် နေရာအတိအကျကို လေယာဉ်မှူးများက ရေဒီယိုဖြင့်သတင်းပို့ခဲ့ကာ လေယာဉ်ကိုလည်း အောင်မြင်စွာ ဆင်းနိုင်ခဲ့သည်။လေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သည့် ခရီးသည် ၅၃ ဦးနှင့် လေယာဉ်အမှုထမ်းများသည် အသက်ကယ်ဝ တ်စုံများဝတ်ဆင် နိုင်ခဲ့ကာ အရေးပေါ်အသက်က ယ်ဖောင်ပေါ်သို ့ရောက်ရှိခဲ့ကြသည်။

ယင်းတို့ကိုကူညီ ကယ်ဆယ်ရန် B29 လေယာဉ် တစ်စီးသည် အနီးဆုံးလေယာဉ်ကွင်းမှ ထွက်ခွာပျံသန်း လာခဲ့သည်။လေယာဉ် မှူးများ သတင်းပို့ထားသည့် နေရာသို့ ရောက်ရှိချိန်၌ B29 လေ ယာ ဉ်မှ ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများကို ဖောင်ပေါ်တွင် ကောင်းမွန်စွာေ တွ့ရှိခဲ့ကြသဖြင့် လေယာဉ်ဆီဖြည့်ရန် အခြေ စိုက်စခန်းသို့ပြန်သွားခဲ့ကြသည်။

B29 လေယာဉ် သည် ကယ်ဆယ်ရေးဝန် ထမ်းများနှင့်အတူ ပြန်လည်ရောက်ရှိလာချိန်တွင် မီး လောင်ထားသည် အထပ်သားြ ပားတစ်ပြားနှင့် ခရီးဆောင်အိတ်တစ် လုံးမှလွဲ၍ C-124 Globemaster နှင့် ခရီးသည်များအား လုံးကို အစအနပင် မတွေ့ရှိကြရတော့ ပါချေ။ ကယ်ဆယ်ရေးေ လယာဉ် ဆီဖြည့်စဉ် နာရီပိုင်း အတွင်း မည်သို့ပျောက်ကွယ်ခဲ့ကြောင်း မည်သူမျှ မသိရှိကြပါချေ။

၃။Amelia Earhart

အေမီလီယာ အားဟန့်သည် အမေရိက န်စွန့်ဦး လေယာဉ်မောင်းသူတစ်ဦးဖြစ်ကာ အတ္တလန္တိတ်သမုဒ္ဒရာကို လေယာဉ် ဖြင့် တစ်ဦးတည်း ပထမဆုံး ဖြတ်သန်းမော င်းနှင်ခဲ့သူ အမျိုးသမီးဖြစ်သည်။ အေမီလီယာသည် ၁၉၃၇ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် အဖော် တစ်ဦးနှင့် အတူ Lockheed ဖြင့် ပျံသန်းလာစဉ် ဟောင်လန်း ကျွန်းအနီး ပစိဖိတ်သမုဒ္ဒရာပေါ်တွင် ပျောက်ဆုံးသွားခဲ့သည်။

အေမီလီယာအား ဟန့်၏ နောက်ဆုံးဆက် သွယ်မှုကို အနီးဝန်းကျင်တွင်ရှိနေသော Itasca သင်္ဘောက လက်ခံရရှိခဲ့ရာ သူ သည် ဟောင်လန်ကျွန်း(Howland Island)သို့ရောက်ရှိနေသည်ယု ယုံကြည်ခဲ့ရသည်။သို့သော် ယင်းအချက်သည် မှန်ကန်မှု မရှိခဲ့ ဘဲ ထိုအချိန်တွင် အေမီလီ ယာအားဟန့်သည် ကျွန်းမှ အနည်းဆုံး ရှစ်မိုင်ကွာဝေးသည့်နေရာတွင် ရောက်ရှိနေခဲ့သည်။

ထို့ကြောင့် Itasca သင်္ဘောသည် မီးခိုးမိုးတိမ်ကြီး များဖြစ်ပေါ်စေသည့် အချက်ပြမီးများကို လွှတ်တင်ခဲ့သော်လည်း မည်သည့်ဆက်သွယ်မှုမှ မရ ရှိခဲ့ချေ။အေမီလီယာအားဟန့်ပျောက်ဆုံးသွားမှုကို ပင်လယ်ထဲသို ့ပျက်ကျသွားခြင်း အပါအဝင်ယူဆချက်မျိုးစုံေြ ပာကြသည့်တိုင် လေယာဉ်အ စိတ်အပိုင်းတစ် စုံတစ်ရာကိုပင် ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိချေ။

၄။ Flying Tiger Flight 739

ပျံသန်းနေစဉ်ပျောက်ဆုံးသွားသည့် လေယာဉ်များတွင် ၁၉၆၂ ခုနှစ် မတ်လ ၁၆ ရက်တွင်ရေဒါမြင်ကွင်းမှပျောက်ကွယ်သွား ခဲ့သည့် Flying Tiger Flight 739 လည်းပါဝင်သည်။ထိုနေ့က Lockheed Super Constellation လေယာဉ်သည် အမေရိကန် လူမျိုး ၉၃ ဦး၊တောင်ဗီယက်နမ်စစ်သည် သုံးဦးနှင့် လေယာဉ်အမှုထမ်း ၁၁ ဦး လိုက်ပါလျက်ကာလီဖိုနီးယားမှဆိုင်ဂုံသို့ပျံသန်းလာခဲ့ သည်။

ရေဒါမြင်ကွင်း မှပျောက်ကွယ်သွားခဲ့သည့် Flying Tiger Flight 739 လေယာဉ်နှင့် လေယာဉ်ပေါ်တွင်ပါရှိလာသည့် လူ ၁၀၇ ဦးသည် သေဆုံးခဲ့ကြသည်ဟု ယူဆရပြီး ယင်းတို့၏ အစအန သဲလွန်စများကို လုံးဝ မတွေ့ရှိခဲ့ရချေ။

သို့သော် ပင်လယ်အတွ င်းရှိနေခဲ့သည့် လောင်စာဆီ တင်သင်္ဘောက Flying Tiger Flight 739 ကို နောက်ဆုံးမြင်ခဲ့ရသည် ဟုဆိုသည်။ယင်းသင်္ဘောက အလွန်အမင်းေ တာက်ပသည့် အလင်းရောင်တန်းကြီးနောက်တွင် အနီအရောင်အစ က်နှစ်စက်ပေါ်လာ ခဲ့ပြီး အနီစ က်နှစ်ခုသည် မတူညီသောနှုန်းများဖြင့် ပင်လယ်တွင်းသို့ထိုးစိုက်သွားခဲ့ပုံကို မြင်ခဲ့ကြသည်။ လောင်စာဆီတင် သင်္ဘော၏မြင်တွေ့မှုအရ Flying Tiger Flight 739 သည် ပျံသန်းနေစဉ်ေ ပါက်ကွဲခဲ့ကြောင်းယုံြ ကည်ခဲ့ကြသည်။

လေယာဉ်သ ည် နှစ်ပိုင်းပြတ် ကာ မီးလုံးကြီး နှစ်လုံးအဖြစ် ကျဆင်းခဲ့သည်ဟု ဆိုကြသည်။သို့သော် ၅၁၈၀၀၀ စတုရန်းကီလိုအ ကျယ်အဝန်းအတွင်း လေယာဉ်ကို ရှာဖွေခဲ့ရာ မည်သည့်အေ ထာက်အထားမှ မရရှိခဲ့ဘဲ လေယာဉ်ပျောက်ဆုံးရခြင်း၏ မှန်ကန်သော အဖြေတစ်ရပ် မပေါ်ထွက်ခဲ့ပါချေ။

၅။ Flight 19

ကမ္ဘာကျော်ဘာမြူဒါ တြိဂံဒေသတွင် ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်တွင် သဲလွန်စ တစ်စုံတစ်ရာမကျန်ရှိဘဲ ပျောက်ဆုံးခဲ့ သည့် တော်ပီဒို ဗုံးကြဲလေယာဉ်ငါးစီးနှင့် လေယာဉ်မှူးများကို ရှာဖွေရန်သွားခဲ့သည့်Flight 19 သည် ထပ်မံပျောက်ကွယ်သွားခဲ့သည်။

ပျောက်ဆုံးခဲ့ သည့်ဗုံးကြဲလေ ယာဉ်ငါးစီးတွင် လေယာဉ်အမှုထမ်း ၁၄ ဦးပါရှိခဲ့ပြီး ကယ်ဆယ်ရေးလေယာဉ် Flight 19 တွင် လူ ၁၃ ဦး လိုက်ပါခဲ့သည်။

ဗုံးကြဲလေယာဉ် များသည် ဘာမြူဒါတြိဂံဒေသသို့ရောက်ရှိလာချိန်တွင် လမ်းညွှန်ဒိုင်ခွက်များသည် လှုပ်ရှားမှုမရှိတော့ဘဲ ရပ်တံ့ခဲ့ကာ လေယာဉ်များသည် လောင်စာဆီပြတ်သွားပြီဖြစ်ကြောင်း နောက်ဆုံးသတင်းပေးပို့မှုကိုရရှိခဲ့သည်။

လေယာဉ်ငါးစီး လုံးသည် အကျပ်အတည်းနှ င့်ရင်ဆိုင်ခဲ့ကြရပြီး ပင်လယ်တွင်းသို့ဆင်းရန်မှတစ်ပါးရွေးချယ်ရမည့် လမ်းမရှိသဖြင့် ပထမလေယာဉ် တွင် ဆီ ၁၀ ဂါလံသာကျန်တော့ချိန်တွင် လေယာဉ်အားလုံး ပင်လယ်တွင်းသို့ ဆင်းခဲ့ကြသည်။ယင်းအချိန်သည် နေဝင်ချိန်ဖြစ်ပြီး ရာသီဥတုအခြေအနေက ဆိုးရွားနေသည်။ည ၇ နာရီ ၂၇ မိနစ်တွင် ယင်းလေယာဉ်များကို ကယ်ဆယ်ရန် Flight 19 သည် ကွင်းမှ ပျံသန်းသွားခဲ့ပြီးသည်နှင့်မည်သည့် သတင်းအစအနမှ မရရှိတော့ချေ။

ထိုအချိန်တွင် အနီးရှိ လောင်စာဆီတ င်သင်္ဘောက ပေါက်ကွဲသံ တစ်ခုကိုကြားရပြီး ပေ ၁၀၀ မြင့်သည့် မီးတောက်များကို အနည်းဆုံး ၁၀ မိနစ်ခန့်တွေ့မြင်ခဲ့ရသည်ဟု ဆိုသော်လည်း လေယာဉ်အပျက်အစီးတစ်စုံတစ်ရာကို မတွေ့ရှိခဲ့ကြချေ။

၆။Star Ariel

လူ ၂၀ လိုက်ပါ လာသည့် ဗြိတိသျှ တောင် အမေရိကလေကြောင်းလိုင်း (BSAA) ပိုင် Star Ariel လေယာဉ်သည် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင်ပျောက်ဆုံးခဲ့ သည်။ကျွမ်းကျင်လေ ယာဉ်မှူးများမောင်းနှ င်လာသည့် Star Ariel သည် ရာသီဥတုနှင့် မြင်ကွင်းကောင်းမွ န်နေချိန်တွင် အ ဘယ်ကြောင့် ပျောက်ဆုံးခဲ့ကြောင်းကို မသိရှိခဲ့ကြချေ။

လေယာဉ်မှူးသည် ဘာမြူဒါနှင့်ကင်း စ်တန်အကြား ဂျမေကာလေကြောင်းပိုင်နက်ပေါ်တွင် အမြင့်ဆုံးလေကြောင်းလမ်းကို ရွေးချယ်မောင်းနှင်လာခဲ့သည်။ သို့သော် Star Ariel မှ ဆက်သွယ်မှုကို နံနက် ၉ နာရီ ၄၂ မိနစ်တွင် နောက်ဆုံးရရှိခဲ့သည်။

ပျောက် ဆုံးလေယာဉ်ကို အမေရိကန် ရေတပ်ကဦးဆောင်လျက် ကျယ်ပြန့်စွာရှာေ ဖွခဲ့သော်လည်းအပျက်အစီး ၊လောင်စာဆီ၊အေ လာင်းအစ ရှိသည့် သဲလွန်စများကို တစ်စုံတစ်ခုမှ မတွေ့ရှိခဲ့ချေ။လေယာဉ်ပျောက်ဆုံးမှု စုံစမ်းရေးအဖွဲ့ခေါင်းဆောင်က သက်ေ သအထောက် အထားများမတွေ့ရှိခဲ့သဖြင့် လေယာဉ်ပျောက်ဆုံးရခြင်းအကြောင်းကို မသိရှိရကြောင်း ပြောကြားခဲ့သည်။

၇။Star Tiger

၁၉၄၈ ခုနှစ် ဇန်ဝါရီလ ၃၀ ရက် နံနက်စောစောပိုင်းတွင် BSAA ပိုင်လေယာဉ်တစ်စင်းဖြစ်သည့် Star Tiger သည် စန်တာမာရီနာနှင့်ဘာမြူဒါအကြားတွင်ပျောက်ဆုံးခဲ့ပြန်သည်။လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ၃၁ ဦးသည် လေယာဉ် နှင့် အတူေ ပျာက်ဆုံးသွားခဲ့ပြီး လေယာဉ်ပျက်ကျခြင်းအကြောင်းကို ယနေ့တိုင်မဖြေရှင်းနိုင်သေးပါချေ။

အတွေ့အကြုံ ရင့်ကျက် သည့် လေယာဉ်မှူးနှစ်ဦးက Star Tiger ကို ပုံမှန်မဟုတ်သည့် အနိမ့်မှ မောင်းနှင်ခဲ့စဉ် လေပြင်းတိုက်၍မိုးရွာနေခဲ့သည်။လေယာဉ်ပျောက်ဆုံးချိန်တွင် လေပြင်းများအကြား အမြင့် ပေ ၂၀၀၀ မှ ပျံသန်းခဲ့သဖြင့် အလွန်အန္တရာယ်များသည့် အနေ အထားဖြစ်သော်လည်း လေယာဉ်မှူးများသည် အထူးကျွမ်းကျင်ကြသူများဖြစ်ကြပြီး ဝန်းကျင်အနေအ ထားကို သတိမူမိခဲ့ကြ သည်။

ယင်းအမြင့်သည် ရုတ်တရက်လေပြင်းတစ်ချက်ေ ဆာင့်လိုက်ပါက လေယာဉ်ကို ပင်လယ်တွင်းသို့ ထိုးကျသွား စေနိုင်သည်။ သို့သော် လေယာဉ်မှ အကူအ ညီတောင်းဆိုမှု တစ်စုံတစ် ရာကိုမရရှိခဲ့ဘဲ လေယာဉ်အပျက်အစီး များကို လည်း ယနေ့တိုင်မတွေ့ ရှိခဲ့ရ ပါချေ။

၈။ Indian Air Force လေယာဉ်

အိန္ဒိယလေတပ်ပိုင် အင်ဂျင်နှစ် လုံးတပ် Antonov An-32 ပို့ဆောင်ရေး လေယာဉ်သည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၂ ရက် တွင် ဘင်္ဂလားပင်လယ်အော်တွင် ပျံသန်းနေစဉ်ပျောက်ဆုံးခဲ့သည်။လေယာဉ်ပေါ်တွင် ခရီးသည် ၂၃ ဦးနှင့် လေယာဉ်အမှုထမ်း ခြောက် ဦး ပါရှိခဲ့ကာ နံနက် ၉ နာရီ ၁၂ မိနစ်တွင် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်ခဲ့သည်။

ပျောက်ဆုံးလေယာဉ် ပြန်လည်ရရှိရေးအတွက် အိန္ဒိယနိုင်ငံသမိုင်းတစ်လျောက် အကြီးမားဆုံးရှာေ ဖွမှုများပြုလု ပ်ခဲ့သည်။ရှာဖွေေ ရးလုပ်ငန်းတွင် သင်္ဘော ၁၆ စီး၊ ရေငုပ်သင်္ဘော တစ်စီး၊လေယာဉ်ခြောက်စီး အသုံးပြုခဲ့သည်။သို့သော် စက်တင်ဘာလ ၁၅ ရက်တွင် ရှာဖွေရေးလု ပ်ငန်းများကို ရပ်တံ့ခဲ့ကာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူအားလုံး သေဆုံးခဲ့သည်ဟု ယူဆခဲ့ကြသည်။

၉။ Boeing N844AA

အင်ဂိုလာနိုင်ငံ Quatro de Fevereiro လေဆိပ်တွင် ၂၀၀၃ ခုနှစ် မေလ ၂၅ ရက်တွင် N844AA ဟု မှတ်ပုံတင်ထားသည့် ဘိုးရင်း ၇၂၇ လေယာဉ်သည် အခိုးခံခဲ့ရသည်။ထိုနေ့ညနေ နေဝင်ချိန်တွင် အမေရိကန် လေယာဉ်မှူး ဘင်ပက်ဒယ်လ်လာနှင့် စက် ပြင် ဂျွန်မူတန်တူတို့သည် လေယာဉ်ပေါ်သို့တက်လာခဲ့ကြသည်။

ယင်းတို့နှစ်ဦးလုံးသည် သာမာန်အားဖြ င့်လေယာဉ်မှူး သုံးယောက် မောင်းနှင်ရသည့်ဘိုးရင်း ၇၂၇ လေယာဉ်ကို မောင်းနှင်နိုင်ကြသူများ မဟုတ်ကြဘဲ ဘင်ပက်ဒယ် လ်လာက မောင်းနှင်ခဲ့သည်ဟုယူဆ ရသည်။

လေယာဉ်ခိုးယူသူ နှစ်ဦးသည် ပြေးလမ်း ရှင်းလင်းမှု မပြုလုပ်၊လေကြောင်းထိန်းမျှော်စင်သို့လည်း ဆက်သွယ်မှုမပြုဘဲ လေယာဉ်မီးများပိ တ်ကာ တစ်ရှိန်ထိုးမော င်းတက်သွားခဲ့ကာ အနောက်တောင်ပိုင်းရှိ သမုဒ္ဒရာဆီသို့ ပျံသန်းသွားခဲ့သည်။ ထို အချိန်မှစ၍ လေယာဉ်နှင့်လေ ယာဉ်ပေါ်တွင် လိုက်ပါသွားသူနှစ်ဦး ကို လုံးဝ မတွေ့ရှိရတော့ချေ။လေယာဉ်ပျောက်ဆုံးမှုကို FBI နှင့် CID တို့က ကမ္ဘာအနှံ့ ရှာဖွေခဲ့သော်လည်း သဲလွန်စ တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရပါချေ။

၁၀။MH 370 မလေးရှားလေယာဉ်

မလေးရှားနိုင်ငံ၊ကွာ လာလမ်ပူမြို့မှ တရုတ်နိုင်ငံပေဂျ င်းမြို့သို့ ပျံသန်းလာသည့် မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ် သည် ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်တွင်ပျောက် ဆုံးသွားခဲ့သည်။ခရီးသည် ၂၂၇ ဦးနှင့်လေယာဉ်အမှုထမ်း၁၂ ဦး လိုက် ပါခဲ့သည့် ဘိုးရင်း ၇၇၇ လေယာဉ်ပျောက် ဆုံးမှုကို လေကြောင်းပျံသန်းမှု သမိုင်းတွင် ငွေကြေး အများဆုံးသုံးစွဲကာ ရှာဖွေခဲ့ရာ အမေရိကန် ဒေါ်လာ သန်း ၁၃၀ မှ သန်း ၁၆၀ အကြားကုန်ကျခဲ့သည်။

သို့သော် အလွန်ကြီးမား သည့်လေယာဉ်နှင့် ခရီးသည်များကို အစအနပင် မတွေ့ရှိခဲ့ရချေ။သို့သော် ကျွန်းများသို့မျော ပါလာခဲ့သည့် အတောင်ပံအ စိတ်အပိုင်းအချို့နှင့် ပျက်စီးနေသည့် ခရီးဆောင်အိတ် တစ်လုံးကိုမလေးရှားလေယာ ဉ်နှင့်ပတ်သက်မှုရှိမည်ဟု ယုံကြည်ကြသည်။လေယာ ဉ်ကိုမူ ယခုတိုင်မတွေ့ရှိသေးသဖြင့် လေယာဉ်အကြောင်းကို မသိရှိနိုင်ကြချေ။

လေယာဉ်ကို မောင်းနှင် လာသည့် ဝါရင့်လေယာဉ်မှူးက လေယာဉ်ရှိ ရေဒီယိုလှိုင်းတုံ့ပြန်ထုတ်လွှင့်စက်(transponder) အလုပ်မလုပ်တော့ကြောင်း စကားသံဖြင့် ဆက်သွယ်ခဲ့ရာ မြေပြင်စခန်းက နံနက် ၁ နာရီ ၂၁ မိနစ်တွင် နောက်ဆုံးရရှိခဲ့သည်။

ယင်းစက်ပုံမှန် အလုပ်လုပ်မှသာ လေကြောင်း ထိန်းသိမ်းရေးမျှော်စင်မှ ရေဒါဖြင့် ယင်းလေယာဉ်ကို ထောက်လှမ်းမိနိုင်ေ သာ်လည်း စစ်ဘက်သုံးရေ ဒါများသည် လေယာဉ်ကွင်းမှ ပျံတက်သွားသည့် လေယာဉ်တိုင်းကို ဆက်သွယ်ရေးဂြို ဟ်တုစနစ်အသုံးပြုကာ ရေဒါဖြင့် ဖမ်းယူနိုင်သည်။မြေပြင်စခန်းမှ လေယာဉ်မှူးအခန်းသို့ ဖုန်းဖြင့် နှစ်ကြိမ်ဆက်သွ ယ်ခဲ့သော်လည်း ပြန်လ ည်ဖြေကြားမှု မရရှိခဲ့ချေ။

ယနေ့ခေတ်တွင် လေကြောင်းပျံသန်းမှုသည် အထိရောက် ဆုံး ပို့ဆောင်ရေးစနစ်ဖြစ်သဖြင့် တစ်ကမ္ဘာလုံး တွင်ကျယ်စွာ အသုံးပြုနေကြသည့်တိုင် ဆန်းကြယ်သော လေယာဉ်ပျောက်ဆုံးမှုများကိုမူ အဖြေမရှာနိုင်ကြပါ။

Leave a Reply

Your email address will not be published.