ပရိသတ်ကြီးရေ အေးချမ်းမိုးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ် အချစ်တော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ မကြာသေးခင်က အေးချမ်းမိုး ကတော့ သူ့ရဲ့ဖခင်ကြီး ကွယ်လွန်ခြင်း (၁)နှစ်ပြည့် အတွက် ဆွမ်းကပ် အလှူလေး ပြုလုပ်ခဲ့ပြီး မြတ်နိုးရတဲ့ ဆံပင် ကိုလည်း ဖြတ် လှူဒါန်း ခဲ့တဲ့ အလှူလေး ပြုလုပ်ခဲ့ကြောင်း သူ့ရဲ့လူမှု ကွန်ရက် စာမျက်နှာ ကနေ မျှဝေ ဖော်ပြ လာခဲ့ပါတယ်။
အခုလည်း ဆရာလေး ဝဏ္ဏသိင်္ဂီအဖြစ် ၇ ရက်တာ သာသနာ့ဘောင်ထဲ ဝင်ရောက်ဖြစ်ခဲ့ပါတယ်. 🙏ဖခင်ကြီး ရာသက်ပန် ထွက်ခွာသွားခြင်း ၁နှစ်ပြည့်အလှူလုပ်ပြီး နောက်ရက်မှာ မေကြီးနဲ့အတူ ကောင်းမှူကုသိုလ်တွေ ပိုလုပ်နိုင်ဖို့ စဉ်းစားပြီး သီလရှင် ဝတ်ဖြစ်ခဲ့ကြတယ် ☺️
၇ရက်အတွင်း ဖတ်ခဲ့ရတဲ့ ဗုဒ္ဓစာပေတွေ…ကုသိုလ် အကုသိုလ်အကျိုးတရားတွေ …ပုထုဇဉ်လူသားပဲ ဒီလောက်တော့ ရှိမှာပေါ့ဆိုပြီး ထားခဲ့ဖူးတဲ့ လောဘ၊ ဒေါသ၊ မောဟတွေ…မပြောပလောက်ပေမယ့် အပြစ်ရှိတယ်ဆိုတာ သိလာရတဲ့အရာတွေက ရှေ့သံသရာအတွက် ဘယ်လို ဆက်ပြီး ရှင်သန်သွားရမယ်ဆိုတာ သိလာခဲ့ရပါတယ်…အထူးသဖြင့်တော့ လူဖြစ်လာရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ကုသိုလ်လုပ်ဖို့…မေတ္တာဘာဝနာ ပွားများဖို့ဆိုတာတွေက ၇ရက်အတွင်းဆိုပေမယ့် သိပ်ကို တန်ဖိုးရှိတာပါပဲ 🙏
ဆရာလေးအဖြစ် ၇ရက်အတွင်း ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေနဲ့ ပွားများခဲ့တဲ့ မေတ္တာဘာဝနာတွေကို ချစ်သူခင်သူတွေ ထပ်တူ ထပ်မျှ ရရှိစေဖို့ အမျှပေးဝေပါတယ်…အမျှ…အမျှ…အမျှ 🙏🙏🙏ဆိုပြီး မွန်မြတ်လှတဲ့ သာသနာ့ဘောင်ထဲ ဝင်နိုင် ခဲ့ပြီး ကုသိုလ်လေး တွေကို မျှဝေထား ခဲ့တာ ပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။
Zawgyi
ပရိသတ္ႀကီးေရ ေအးခ်မ္းမိုးကေတာ့ ပရိသတ္ေတြရဲ့ ခ်စ္ခင္မႈကို ရရွိထားတဲ့ ပရိသတ္ အခ်စ္ေတာ္ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ မၾကာေသးခင္က ေအးခ်မ္းမိုး ကေတာ့ သူ႔ရဲ့ဖခင္ႀကီး ကြယ္လြန္ျခင္း (၁)ႏွစ္ျပည့္ အတြက္ ဆြမ္းကပ္ အလႉေလး ျပဳလုပ္ခဲ့ၿပီး ျမတ္နိုးရတဲ့ ဆံပင္ ကိုလည္း ျဖတ္ လႉဒါန္း ခဲ့တဲ့ အလႉေလး ျပဳလုပ္ခဲ့ေၾကာင္း သူ႔ရဲ့လူမႈ ကြန္ရက္ စာမ်က္ႏွာ ကေန မၽွေဝ ေဖာ္ၿပ လာခဲ့ပါတယ္။
အခုလည္း ဆရာေလး ဝဏၰသိဂႌအျဖစ္ ၇ ရက္တာ သာသနာ့ေဘာင္ထဲ ဝင္ေရာက္ျဖစ္ခဲ့ပါတယ္. 🙏ဖခင္ႀကီး ရာသက္ပန္ ထြက္ခြာသြားျခင္း ၁ႏွစ္ျပည့္အလႉလုပ္ၿပီး ေနာက္ရက္မွာ ေမႀကီးနဲ႔အတူ ေကာင္းမႉကုသိုလ္ေတြ ပိုလုပ္နိုင္ဖို႔ စဥ္းစားၿပီး သီလရွင္ ဝတ္ျဖစ္ခဲ့ၾကတယ္ ☺️
၇ရက္အတြင္း ဖတ္ခဲ့ရတဲ့ ဗုဒၶစာေပေတြ…ကုသိုလ္ အကုသိုလ္အက်ိဳးတရားေတြ …ပုထုဇဥ္လူသားပဲ ဒီေလာက္ေတာ့ ရွိမွာေပါ့ဆိုၿပီး ထားခဲ့ဖူးတဲ့ ေလာဘ၊ ေဒါသ၊ ေမာဟေတြ…မေျပာပေလာက္ေပမယ့္ အျပစ္ရွိတယ္ဆိုတာ သိလာရတဲ့အရာေတြက ေရွ႕သံသရာအတြက္ ဘယ္လို ဆက္ၿပီး ရွင္သန္သြားရမယ္ဆိုတာ သိလာခဲ့ရပါတယ္…အထူးသျဖင့္ေတာ့ လူျဖစ္လာရျခင္းရဲ့ အဓိက ရည္ရြယ္ခ်က္ျဖစ္တဲ့ ကုသိုလ္လုပ္ဖို႔…ေမတၱာဘာဝနာ ပြားမ်ားဖို႔ဆိုတာေတြက ၇ရက္အတြင္းဆိုေပမယ့္ သိပ္ကို တန္ဖိုးရွိတာပါပဲ 🙏
ဆရာေလးအျဖစ္ ၇ရက္အတြင္း ျပဳလုပ္ခဲ့တဲ့ ကုသိုလ္ေတြနဲ႔ ပြားမ်ားခဲ့တဲ့ ေမတၱာဘာဝနာေတြကို ခ်စ္သူခင္သူေတြ ထပ္တူ ထပ္မၽွ ရရွိေစဖို႔ အမၽွေပးေဝပါတယ္…
အမၽွ…အမၽွ…အမၽွ 🙏🙏🙏ဆိုၿပီး မြန္ျမတ္လွတဲ့ သာသနာ့ေဘာင္ထဲ ဝင္နိုင္ ခဲ့ၿပီး ကုသိုလ္ေလး ေတြကို မၽွေဝထား ခဲ့တာ ပဲျဖစ္ပါတယ္ ပရိသတ္ႀကီးေရ။