ဖထန်တလန်မြို့ (သို့ ) မြန်မာ့သမိုင်း ထဲက ထန်တလန်မြို့လေး
Posted on
သမိုင်းထဲက ထန်တလန်ကျော်ကြားသော တောင်ပေါ်မြို့လို့ အဓိပ္ပါယ်ရတဲ့ ထန်တလန်မြို့
ထန်တလ န်မြို့ကို AD-၁၄၅၀ ခန့်တွင် “လှောင်ဇန်” အမည်ဖြင့် ရွာတည်ခဲ့သည်။ AD-၁၅၀၀ တွင် လှောင်ဇန်ရွာမှ (၄) မိုင်အကွာ သို့ပြောင်းရွှေ့ခဲ့ပြီး ၄င်းနေ ရာကို “ထလန်တလန်”ဟုအ မည်ခေါ်တွ င်ခဲ့သည်။ အဓိပ္ပါယ်မှာ သွေးချွေးဖြင့် တည်ထောင် ထားသောရွာဟု အဓိပ္ပါယ် ရပါသည်။
ထန်တလန်မြို့ သက်တမ်း နှစ်ပေါင်း ၅၀ ထဲ ရောက်ပါပြီ။ နယ်ချဲ့လက်ထက်မှာ ထန်တလန်ကို ချင်းပြည်နယ်က တခြားဒေသတွေလို နယ်စပ်စော်ဘွား၊ ရွာစားများမှ အုပ်ချုပ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး စော်ဘွား၊ ရွာစားများထံက အာဏာကို ရုပ်သိမ်းပြီး တိုက်သူကြီး၊ သူကြီးတို့က အုပ်ချုပ်ခဲ့ပါတယ်။
ဖလမ်းခရိုင်ထဲက ဟားခါးမြို့မှာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်စုပေါင်း ၇၄ ခုနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၇၂ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာ ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာနက ဟားခါးမြို့ အနောက်ဘက်ခြမ်း ကျေးရွာအုပ်စု ၃၈ ခုကို သီးခြားမြို့နယ် အဖြစ် သတ်မှတ်ပြီးတော့ မြို့မရပ်ကွက် ၁ ခု၊ ကျေးရွာအုပ်စု ၃၇ ခုတို့နဲ့ ထန်တလန်ကို မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ ရပ်ကွက် ၃ ခု၊ကျေးရွာအုပ်စု ၃၇ ခုနဲ့ ထပ်ပြီး တိုးချဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဟားခါးမြို့နယ်နဲ့ ထန်တလန်မြို့နယ်ကို ဖလမ်းခရိုင်မှ ခွဲထုတ်ပြီး ဟားခါးခရိုင်အဖြစ် ဖွဲ့စည်းခဲ့တာပါ။
သပ်ရပ်လှပတဲ့ မြို့ကေ လးဖြစ်လာဖို့ နှစ်ပေါင်းများစွာ အချိန်ယူ ခဲ့ရပါတယ်။ Writter Credit
မြန်မာနိုင်ငံ အနောက်မြောက် ဘက် ချင်းပြည်နယ်၊ဟားခါးခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင် အထက်(၄၉၆၂)ပေအမြင့်တွင် တည်ရှိသည့် ထန်တလန်မြို့ချင်းလူမျိုးအလိုက် အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၁ ရက်အထိ ထန်တ လန်မြို့တွင် ကျင်းပခဲ့သည်။
ထန်တလန်မြို့ သည် ယခင် ဖလမ်းခရိုင်၊ ဟားခါးမြို့နယ်တွင် ပါဝင်ခဲ့သည့် ဒေသအစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အင်္ဂလိပ် လက်ထက်တွင် ချင်းပြ ည်နယ်၏ အခြားဒေသများနည်းတူ နယ်စား၊ စော်ဘွား၊ ရွာစားများထံက အာဏာကို ရုတ်သိမ်းကာ တိုက်သူကြီး၊ ရွာသူကြီးများဖြင့် စီမံအုပ်ချုပ်စေခဲ့သည်။
၁၉၅၆ ခုနှစ် ၊ အောက်တိုဘာလ (၅)
ရက်နေ့တွင် ထန်တလန်မြို့အဖြစ် သတ်မှတ်ခဲ့သော် လည်း လမ်းပန်းဆက်သွ ယ်ရေး အခက်အခဲကြောင့် ၁၉၆၆ ခုနှစ်၊မတ်လ(၂)ရ က်နေ့မှသာ ဟားခါးမြို့ နယ်မှ ခွဲထွက်ပြီး သီးခြားမြို့ပိုင်မှ အုပ်ချုပ်ခဲ့သည်။
ပြည်ထဲရေးဝန် ကြီးဌာန၏ ဇူလိုင်လ ၁ ရက် ၂၀၀၈ ရက်စွဲပါ စာအမှတ်၊၂၀၀/၂၂-၃၇၅/ဦး ၁၊ အမိန့်ကြော်ငြာစာအရ ရပ်ကွက် (၃)ရပ်ကွက်၊ကျေးရွာအု ပ်စု(၃၇)ခု၊ ကျေးရွာပေါင်း(၈၇)ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ထန်တလန်မြို့၏ ရပ်ကွက်(၃)ရ ပ်ကွက်အတွက် စုစုပေါင်းဧရိယာ(၂၀၅၉.၄၄)ဧကဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
၁၉၆၁-၁၉၆၅ခုနှစ်ခန့်တွင် လက်ရှိေ နရာသို့ ပောင်းရွှေ့ခဲ့ပြီး ဒုတိယအကြိမ်ပြ ည်သူ့ကောင်စီသ က်တမ်း ၁၉၈၁ ခုနှစ်၊ ဇူလိုင်လ(၁၅) ရက်တွင် ” ထလန်တလန်”မှ ” ထန်တလန်” ဟုပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ အဓိပ္ပါယ်မှာ ကျော်ကြားသောေ တာင်ပေါ်မြို့ ဖြစ် သည်။
Chin state ချင်း တော်လှန်ရေး page မှ စုစည်းတင်ဆက်သည်
Zawgyi Version
Leave a Reply
Your email address will not be published. Required fields are marked *