ဖမ်းဆီးခံထားရတဲ့ ဖခင်ရဲ့ မျက်နှာကို မထောက်ထားဘဲသူ့ရဲ့ဆိုးရွားတဲ့ လုပ်ရပ်ကြောင့်စိတ်ဆိုးနေကြတဲ့ ပရိသတ်တွေကို ပြန်လည်တောင်းပန်လိုက်တဲ့ စောဖိုးခွားရဲ့သားZiG

Posted on

ပရိတ်သတ်ကြီးရေ…အဆိုတော် စောဖိုးခွား ဟာဆိုရင် လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက စကစရဲ့ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ ရတာ ဆိုရင်ခုချိန်ထိပါပဲနော်.။ စောဖိုးခွား အကျဉ်းကျ နေပေမယ့်လည်း သူ့ရဲ့ သားဖြစ်သူ ZiG ကတော့ စကစနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ သူတွေရဲ့ ပါတီပွဲတွေကို တက်ရောက် နေတာကြောင့် ပရိတ်သတ် တွေရဲ့ ဝေဖန်မှု တွေကို ပြင်းပြင်းထန်ထန် ခံနေရတာလည်း ဖြစ်ပါတယ်နော်။ ဒီကနေ့မှာ ဆိုရင်တော့ စောဖိုးခွားရဲ့ သားဖြစ်သူ ZiG က သူ့ရဲ့အမှားကို သူသိပြီး ပရိတ်သတ်တွေ ကို တောင်းပန်စကားဆို လာခဲ့တာပဲ ဖြစ်ပါတယ်နော်။

ZiG က ” ကျွန်တော့ အနေနဲ့ အားလုံးကို လေးလေးနက်နက် တောင်းပန်ပါတယ်။ စိတ်ဆိုးဒေါသထွက်ကြတဲ့ ကျွန်တော့်ရဲ့ ညီကို မောင်နှမအယောက်စီတိုင်းကို နောက်ထပ်ဆင်တူ အမှားမျိုးထပ် မဖြစ်စေရဘူးလို့ ကတိပေးပါတယ်။ကျွန်တော် အလုပ်လုပ်လာတဲ့ တစ်လျှောက်လုံး မှာဘယ်သူ့အပေါ်မှာမှမယုတ်မာခဲ့ပါဖူးပါဘူး။ အားလုံး ဆုံးရှုံး မှု့တွေကြုံခဲ့ကြသလို ကျွန်တော့်မှာ အခုထိ ထပ်ပြီး ဆုံးရှုံးနေရတာတွေ အများကြီးပါ ။ ကျွန်တော် အမှားလုပ်ခဲ့တာ ရှိရင် အမှားကို အချိန်မရွေးထောက်ပြပါ ၊ ပြောပါ ဆဲချင်ရင်လဲ ဆဲလို့ရပါတယ်။ အခုအဖြစ်အပျက်ကြောင့် စိတ်ဆိုးဒေါသထွက်ကြတဲ့ ကျွန်တော့်ရဲ့ ညီကို မောင်နှမအယောက်စီတိုင်းကို နောက်ထပ်ဆင်တူ အမှားမျိုးထပ်မဖြစ်စေရဘူးလို့ ကျွန်တော် ကတိပေးပါတယ်။

ကျွန်တော် လုပ်ရပ် တွေမှာ အမှားလို့ မြင်ကြတဲ့ အခါတိုင်း တိုက်ရိုက် ကျွန်တော့ကို မင်းလမ်းလွဲနေပြီ လို့ ပြောနိုင်ပါတယ်။ လမ်းလွဲရကောင်းလားလို့ ဒေါသထွက် ဆဲဆိုလို့ ရပါတယ်။ အရင်ထဲက ကျွန်တော့်အပေါ် အမြင်မကြည်တဲ့ သူတွေ ၊ မုန်းတဲ့သူတွေကတော့ အမှားကိုရှာပြီးဆဲနေဦးမှာပဲမို့ ကျွန်တော့ ကြောင့် စိတ် အနှောက်ယှက်ဖြစ်သွားရတဲ့ ကျွန်တော်ချစ်တဲ့သူတွေ ၊ ကျွန်တော့် ကိုချစ်တဲ့သူတွေ အတွက်ကိုပဲ အဓိကပိုပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ဒဲရေ ကျွန်တော် အဆဲခံနေရပြီ လို့သွားပြောလို့ Ziggy မင်းမှားတာဆို ခံလိုက်ပေါ့ကွာလို့ ပြောပြီး ရယ်နေမယ့် အဖေ အတူတူရှိရင် ဒီအခြေအနေကို ဒီထပ်ပိုပြီး ကျွန်တော် တောင့်ခံနိုင်မယ်ထင်ပါတယ်။

အဖေ့အတွက် အဖေ့ရဲ့လိုအပ်တာအချို့အတွက် အတတ်နိုင်ဆုံး ကြိုးစားလုပ်ပေးတာကလွဲပြီး ဘာမှ မလုပ်ပေးနိုင်ပဲ ဒီတိုင်း အခြေအနေကြီး တစ်ခုကို လက်ခံပြီးနေနေရတဲ့ သား တစ်ယောက်အနေနဲ့ အဖေနဲ့ ပါတ်သတ်ပြီး လှောင်တာ ၊ ဆဲတာ၊ ပြက်ရယ်ပြုတာတွေ ကို ဘယ်လို ခံစားရလဲ ဆိုတာ ကတော့ ကျွန်တော့နေရာမှာ ကိုယ်တိုင် ကြုံမှပဲ သိကြပါလိမ့်မယ်။ ကျွန်တော် ဘယ်လို အခြေအနေတွေ ဖြတ်သန်းနေရလဲ ၊ ဘယ်လောက် အထိ ဆုံးရှုံးရလဲ ၊ ခုချိန်ထိ ဘာတွေပေးဆပ်နေရလဲ သိတဲ့ သူတွေက အခု ပြောချင်တဲ့ message လေးကို နားလည်အောင် ဖြည့်ဆည်းပြောပေးကြ၊ ပြန်ပြီး shareပေးကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ကျေးဇူးတင်ပါတယ် ” ဆိုပြီးသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတောင်းပန်လာခဲ့တာပဲဖြစ်ပါတယ်နော်။

Zawgyi

ပရိတ္သတ္ႀကီးေရ…အဆိုေတာ္ ေစာဖိုးခြား ဟာဆိုရင္ လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္ ကတည္းက စကစရဲ့ မတရား ဖမ္းဆီး ထိန္းသိမ္းျခင္းကို ခံခဲ့ ရတာ ဆိုရင္ခုခ်ိန္ထိပါပဲေနာ္.။ ေစာဖိုးခြား အက်ဥ္းက် ေနေပမယ့္လည္း သူ႔ရဲ့ သားျဖစ္သူ ZiG ကေတာ့ စကစနဲ႔ ပတ္သက္ ဆက္ႏြယ္ေနတဲ့ သူေတြရဲ့ ပါတီပြဲေတြကို တက္ေရာက္ ေနတာေၾကာင့္ ပရိတ္သတ္ ေတြရဲ့ ေဝဖန္မႈ ေတြကို ျပင္းျပင္းထန္ထန္ ခံေနရတာလည္း ျဖစ္ပါတယ္ေနာ္။ ဒီကေန႔မွာ ဆိုရင္ေတာ့ ေစာဖိုးခြားရဲ့ သားျဖစ္သူ ZiG က သူ႔ရဲ့အမွားကို သူသိၿပီး ပရိတ္သတ္ေတြ ကို ေတာင္းပန္စကားဆို လာခဲ့တာပဲ ျဖစ္ပါတယ္ေနာ္။

ZiG က ” ကၽြန္ေတာ့ အေနနဲ႔ အားလုံးကို ေလးေလးနက္နက္ ေတာင္းပန္ပါတယ္။ စိတ္ဆိုးေဒါသထြက္ၾကတဲ့ ကၽြန္ေတာ့္ရဲ့ ညီကို ေမာင္ႏွမအေယာက္စီတိုင္းကို ေနာက္ထပ္ဆင္တူ အမွားမ်ိဳးထပ္ မျဖစ္ေစရဘူးလို႔ ကတိေပးပါတယ္။ကၽြန္ေတာ္ အလုပ္လုပ္လာတဲ့ တစ္ေလၽွာက္လုံး မွာဘယ္သူ႔အေပၚမွာမွမယုတ္မာခဲ့ပါဖူးပါဘူး။ အားလုံး ဆုံးရႈံး မႈ႔ေတြၾကဳံခဲ့ၾကသလို ကၽြန္ေတာ့္မွာ အခုထိ ထပ္ၿပီး ဆုံးရႈံးေနရတာေတြ အမ်ားႀကီးပါ ။ ကၽြန္ေတာ္ အမွားလုပ္ခဲ့တာ ရွိရင္ အမွားကို အခ်ိန္မေရြးေထာက္ျပပါ ၊ ေျပာပါ ဆဲခ်င္ရင္လဲ ဆဲလို႔ရပါတယ္။ အခုအျဖစ္အပ်က္ေၾကာင့္ စိတ္ဆိုးေဒါသထြက္ၾကတဲ့ ကၽြန္ေတာ့္ရဲ့ ညီကို ေမာင္ႏွမအေယာက္စီတိုင္းကို ေနာက္ထပ္ဆင္တူ အမွားမ်ိဳးထပ္မျဖစ္ေစရဘူးလို႔ ကၽြန္ေတာ္ ကတိေပးပါတယ္။

ကၽြန္ေတာ္ လုပ္ရပ္ ေတြမွာ အမွားလို႔ ျမင္ၾကတဲ့ အခါတိုင္း တိုက္ရိုက္ ကၽြန္ေတာ့ကို မင္းလမ္းလြဲေနၿပီ လို႔ ေျပာနိုင္ပါတယ္။ လမ္းလြဲရေကာင္းလားလို႔ ေဒါသထြက္ ဆဲဆိုလို႔ ရပါတယ္။ အရင္ထဲက ကၽြန္ေတာ့္အေပၚ အျမင္မၾကည္တဲ့ သူေတြ ၊ မုန္းတဲ့သူေတြကေတာ့ အမွားကိုရွာၿပီးဆဲေနဦးမွာပဲမို႔ ကၽြန္ေတာ့ ေၾကာင့္ စိတ္ အေႏွာက္ယွက္ျဖစ္သြားရတဲ့ ကၽြန္ေတာ္ခ်စ္တဲ့သူေတြ ၊ ကၽြန္ေတာ့္ ကိုခ်စ္တဲ့သူေတြ အတြက္ကိုပဲ အဓိကပိုၿပီး စိတ္မေကာင္းျဖစ္မိပါတယ္။ ဒဲေရ ကၽြန္ေတာ္ အဆဲခံေနရၿပီ လို႔သြားေျပာလို႔ Ziggy မင္းမွားတာဆို ခံလိုက္ေပါ့ကြာလို႔ ေျပာၿပီး ရယ္ေနမယ့္ အေဖ အတူတူရွိရင္ ဒီအေျခအေနကို ဒီထပ္ပိုၿပီး ကၽြန္ေတာ္ ေတာင့္ခံနိုင္မယ္ထင္ပါတယ္။

အေဖ့အတြက္ အေဖ့ရဲ့လိုအပ္တာအခ်ိဳ႕အတြက္ အတတ္နိုင္ဆုံး ႀကိဳးစားလုပ္ေပးတာကလြဲၿပီး ဘာမွ မလုပ္ေပးနိုင္ပဲ ဒီတိုင္း အေျခအေနႀကီး တစ္ခုကို လက္ခံၿပီးေနေနရတဲ့ သား တစ္ေယာက္အေနနဲ႔ အေဖနဲ႔ ပါတ္သတ္ၿပီး ေလွာင္တာ ၊ ဆဲတာ၊ ျပက္ရယ္ျပဳတာေတြ ကို ဘယ္လို ခံစားရလဲ ဆိုတာ ကေတာ့ ကၽြန္ေတာ့ေနရာမွာ ကိုယ္တိုင္ ၾကဳံမွပဲ သိၾကပါလိမ့္မယ္။ ကၽြန္ေတာ္ ဘယ္လို အေျခအေနေတြ ျဖတ္သန္းေနရလဲ ၊ ဘယ္ေလာက္ အထိ ဆုံးရႈံးရလဲ ၊ ခုခ်ိန္ထိ ဘာေတြေပးဆပ္ေနရလဲ သိတဲ့ သူေတြက အခု ေျပာခ်င္တဲ့ message ေလးကို နားလည္ေအာင္ ျဖည့္ဆည္းေျပာေပးၾက၊ ျပန္ၿပီး shareေပးၾကမယ္လို႔ ကၽြန္ေတာ္ ယုံၾကည္ပါတယ္ ။ ေက်းဇူးတင္ပါတယ္ ” ဆိုၿပီးသူ႔ရဲ့လူမႈကြန္ယက္စာမ်က္ႏွာကေနေတာင္းပန္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္။

Leave a Reply

Your email address will not be published.