ဖုန်းတွေကားတွေမှာ အား လုံးဝပြန်သွင်းစရာ မလိုတဲ့ ဘက်ထရီများ မြင်တွေ့ လာရဖွယ်ရှိနေ

Posted on

ပရိတ်သတ်ကြီးရေ နောင်လာမယ့် အနာဂါတ်မှာ ဘယ်တော့ မှ အားပြန် သွင်းစ ရာမ လိုတဲ့ ဘက်ထရီများ နဲ့ အလုပ်လုပ်တဲ့ မိုဘိုင်းဖုန်း သို့မဟုတ် ကား တို့ ရှိလာတယ်လို့ စဉ်းစားကြ ည့်လိုက်ပါ။

ဒါတွေဟာ စိတ်ကူးယဉ်အိမ်မက် သက်သက် မဟုတ်တော့ပါဘူးနော်။ အမေရိကန် အခြေစိုက် ကုမ္ပဏီတခုဖြစ်တဲ့ NDB Inc ရဲ့ သိသာ ထင်ရှားတဲ့ အိပ်မက်ဆန်ဆန် ပန်းတိုင် တခုပဲ ဖြစ်ပါတယ်။

နောင်လာမည့် နှစ်များမှာ နျူကလီးယား စွမ်းအင် မှ ထွက် ရှိလာတဲ့ ရေဒီယို သတ္တိကြွ စွန့်ပစ်ပစ္စည်း များကို အသုံးပြုပြီး ဆယ်စုနှစ် တခုမှ နှစ် ၂၈,၀၀၀ လောက်အထိ အားပြန်ဖြည့် စရာမလိုသည့် ဘက်ထ ရီများကို ထုတ်လုပ်ဖို့ ဆန္ဒရှိနေ တာပါ။

ဒီစိတ်ကူး အကြံအစဉ်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ကတော့ ၂၀၄၀ ခုနှစ်မှာ ကမ္ဘာကြီးပေါ်တွင် ရုပ်ကြွင်းလောင်စာများ အသုံးပြုခြင်းကို ရပ်တန့်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ယခု နည်းပညာရဲ့ အဓိက လုပ်ဆော င်မည့် ပစ္စည်းကေ တာ့ နျူကလီးယား စွန့်ပစ် ပစ္စည်း အသေးေ လးတခုပဲ ဖြစ်ပါတယ်။

NDB ၏ သုတေ သီများဟာ ဂရပ်ဖိုက် နျူကလီးယား ဓာတ်ေ ပါင်းဖိုများမှ လောင်စာချော င်းများမှ ဓာတ်ရောင်ခြည် စုပ်ယူပြီး ရေဒီယို သတ္တိကြွဓာတ် ရှိလာသည့် အစိတ်အပိုင်းများကို မည်သို့ ပြန်လည် အသုံးပြရမည်ကို လေ့လာနေပါတယ်။

ဂရပ်ဖိုက်ဟာ ရေဒီယို အိုင်ဆိုတုပ် ကာဗွန်-၁၄ (C-14) ကြွယ်ဝပြီး beta decay ဖြစ်စဉ်မှ နိုက်ထရိုဂျ င်အဖြစ် (N-14) အဖြစ် ရောက်စေကာ အီလက်ထရွန်တလုံး ထွက်လာစေပါတယ်။

NDB ဟာ ဒီ ဂရပ်ဖိုက်ကို သန့်စင်ပြီး အလွန် သေးငယ်တဲ့ nanoscale လောက် C-14 စိန်လေးများအဖြစ် ဖန်တီး ဖို့ ရည်ရွယ်ထားပါတယ်။

အဲဒီ့ crystal lattice ဟာ semiconductor အဖြစ်နှင့် အပူစုပ်ယူတဲ့ ပစ္စည်းအဖြစ် လုပ်ဆောင်ပြီး လျှပ်စစ်ဓာတ်ကို စုဆောင်ပြီး အပြင်သို့ သယ်ဆောင်စေမှာ ဖြစ်ပါတယ်။

ရေဒီယို သတ္တိကြွ စိန်ဟာ ဓာတ်ရောင်ခြည် ယိုစိမ့်မှုနှင့် ထိခိုက်မှု ဖြစ်နိုင်ခြေအား ကာကွယ်ရန် အခြား တည်ငြိမ်တဲ့ စိန်အတု နှင့် ဈေးပေါသည့် စိန်များကြားမှာ ထားရှိရမှာ ဖြစ်ပါတယ်။

nano-diamond ဘက်ထရီဆဲလ်တခု ဖန်တီးဖို့ရာ ဒီလို နာနို အရွယ်အစား ပစ္စည်းလေးများကို အလွှာများစွာ ထပ်ထားပြီး လျှပ်စစ်ဓာတ်အား ချက်ချင်း စုဆောင်း၊ သိုလှောင် ဖြန့်စေရန်အတွက် သေးငယ်သည့် super-capacitor လျှပ်သို များတပ်ဆင်ထားသည့် သေးငယ်တဲ့ IC များတွင် တပ်ဆင်ထားရမှာပါ။

အခုတော့ ဒီ စီမံကိန်းဟာ အယူအဆကို သက်သေပြသည့် အဆင့်မှာသာ ရှိသေးပြီး ရှေ့ပြေးပုံစံ မထုတ်ရသေးတဲ့ ဒီဇိုင်း အကြမ်းသာ ရှိပါတယ်။

ကုမ္ပဏီကတော့ နောက်ဆုံး ထုတ်ကုန်ဟာ အဆင့်သင့်ဖြစ်လာမှာ ဖြစ်ပြီး ၅ နှစ်အတွင်း ဈေးကွက်မှာ အများအပြား ရောက်ရှိလာမှာဖြစ်ကာ AA နှင့် AAA အရွယ်များ အပါအဝင် မည်သည့် ပုံစံ သို့မဟုတ် စံနှုန်းနှင့် မဆို ကိုက်ညီလိမ့်မယ်လို့ ဆိုပါတယ်။

၎င်းတို့ အဆိုအရ Lawrence Livermore အမျိုးသား ဓာတ်ခွဲခန်းနှင့် Cambridge တက္ကသိုလ်တွင် စမ်းသပ်နေသည့် nano-diamond ဘက်ထရီဟာ ၄၀ ရာခိုင်နှုန်း အားသွင်းနေပြီလို့ သိရပါတယ်။

ဒီ နိယာမကို ၂၀၁၆ ခုနှစ်က Bristol တက္ကသိုလ်မှ ရူပဗေဒနှင့် ဓာတုဗေဒ ပညာရှင် အုပ်စုတစုက အသုံးပြုပြီး ဖြစ်ကာ ၎င်းတို့ဟာ Nickel-63 ကို ဓာတ်ရောင်ခြည် အရင်းအမြစ်အဖြစ် အသုံးပြုပြီး နျူကလီးယား စွမ်းအင် ဘက်ထရီ၏ ရှေ့ပြေးပုံစံကို ဖန်တီးဖူးပါတယ်။

သိပ္ပံပညာရှ င်များဟာ ဘက်ထရီမှ ထွက်တဲ့ ရေဒီယို သတ္တိြ ကွမှုဟာ လူတွေအတွက် စိတ်ချရပြီး ကား၊ လေယာဉ်၊ ဖုန်း နှင့် နှလုံးခုံစက်များမှာတောင် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ကောင်းကျိုး အနေဖြင့် nano-diamond ဘက်ထရီများဟာ လက်ရှိဈေးကွက်အတွင်းရှိ lithium ဘက်ထရီများထက် သက်တမ်းများစွာ ပိုကြာပြီး အားပြန်သွင်းစရာ လိုမှာမဟုတ်ပါဘူး။

ဒါပေမယ့် ဒီ နည်းပညာရဲ့ အဓိက ပြသနာကတော့ ထုတ်လုပ်မှု ကုန်ကျ စရိတ်နှင့် စွမ်းအင် သိပ်သည်းဆ နည်းပါးတာ ဖြစ်ပါတယ်။

NDB က တရားဝင် အချက်အလက်များကို မထုတ်ပြ န်ပေမယ့် Bristol တက္ကသိုလ်က ယခင်လုပ်ခဲ့တဲ့ ဘက်ထရီကတော့ ကာဗွန်-၁၄ အ လေး ချိန် ၁ ဂရမ်မှ စွမ်းအင် တရက်လျှင် 15 Joules သာ ထုတ်ပေးနိုင်တဲ့အတွက် AA ဓာတ်ခဲ၏ စွမ်းအ င်ထက် နည်းပါတယ်။

ဒါပေမယ့် NDB ဟာလည်း အဆိုပါ သုတေသနကို လေ့လာပြီး ဖြစ်မှာ ဖြစ်တဲ့အတွ က် အနာဂါတ်မှာ တကယ်ပဲ ဒီလို ဘက်ထရီတွေ တွေ့လာရမှာ လားကတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *