ဖုန်းအေ ဟာင်းတစ်လုံး ပြန်ဝယ်တော့မယ်ဆိုရင် ဘယ်အချက်တွေကို အဓိကထားစစ်ဆေးသင့်လဲ?????

Posted on

အသစ်စက်စက်ဖု န်းတစ်လုံး မဝယ်နိုင်လို့ တစ်ပ တ်ရစ်ဖုန်းတစ်လုံး ဝယ်တော့ မယ်ဆိုရင် အခုဖော်ပြမယ့် အချက်လေးတွေကို အဓိကထား စစ်ဆေးဖို့ လိုအပ်ပါတယ်။ ရောင်းသူအချို့က သူတို့ဖုန်းရဲ့ ချို့ယွင်းချက်တွေကို လျို့ဝှက်ထားပြီး ရောင်းချတတ်ပါတယ်။

ဘာချို့ယွင်းချက်တွေ ဘာအနာအဆာတွေ ပါသလဲဆိုတာ သေသေချာချာမေးမြန်းပါ။ အားနာပြီး အလျင်အမြန် ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။ တစ်ပတ်ရစ် ဖြစ်တဲ့အတွက် ဖုန်းအသစ်ဝယ်ယူတာထက် ပိုပြီး စစ်ဆေးဖို့ လိုအပ်ပါတယ်။

𝐒𝐞𝐧𝐬𝐨𝐫

ဖုန်းပြောတဲ့အခါ ဖုန်းမျက်နှာပြင် ပိတ် မပိတ် စစ်ဆေးပါ။

𝐅𝐢𝐧𝐠𝐞𝐫

လက်ဗွေစနစ်တွေ မြန်ဆန်မှုရှိ မရှိကို စစ်ဆေးပါ။

𝐓𝐨𝐮𝐜𝐡

𝐭𝐨𝐮𝐜𝐡 ကောင်း မကောင်း စာအနည်းငယ် ရိုက်ကြည့်ပြီး စစ်ဆေးပါ။

𝐒𝐜𝐫𝐞𝐞𝐧

ဖုန်းမျက်နှာပြင်မှာ အလင်းပေါက် ရှိ မရှိကို 𝐰𝐚𝐥𝐥𝐩𝐚𝐩𝐞𝐫 ပြောင်းပြီး သေသေ ချာချာ စစ်ဆေးကြည့်ရှုပါ။

𝐒𝐩𝐞𝐚𝐤𝐞𝐫 & 𝐌𝐢𝐜𝐫𝐨

ဖုန်းနားထောင်တဲ့ 𝐬𝐩𝐞𝐚𝐤𝐞𝐫 နဲ့ စကားပြောတဲ့ 𝐦𝐢𝐜𝐫𝐨 ကို စစ်ဆေးဖို့ ဖုန်းနံပတ်တခုခုကို ဆက်ပြီး စမ်းသပ်ပါ။ ကျောဘက် ဒါမှမဟုတ် အောက်ဘက်မှာပါတဲ့ 𝐬𝐩𝐞𝐚𝐤𝐞𝐫 ကို စစ်ဆေးဖို့အတွက်ကတော့ သီချင်းတစ်ပုဒ်ကို စမ်းသပ်ဖွင့်ကြည့်ပါ။

𝐂𝐚𝐦𝐞𝐫𝐚

𝐜𝐚𝐦𝐞𝐫𝐚 စစ်ဆေးဖို့တော့ အထူးပြောနေစရာ မလိုလောက်ပါဘူး။ အနည်းဆုံး ဓာတ်ပုံတစ်ပုံ ရိုက်ကူးပြီး 𝐜𝐚𝐦𝐞𝐫𝐚 ရဲ့ အရည်အသွေးကို စမ်းသပ်စစ်ဆေးပါ။

𝐒𝐢𝐦 𝐜𝐚𝐫𝐝 & 𝐒𝐝 𝐜𝐚𝐫𝐝

𝐬𝐢𝐦 𝐜𝐚𝐫𝐝 တွေ 𝐬𝐝 𝐜𝐚𝐫𝐝 တွေ အလုပ်လုပ်တယ်ပြောပေမဲ့လည်း လက်တွေ့ထည့်သွင်းပြီး စစ်ဆေးပါ။

𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 𝐂𝐨𝐧𝐭𝐚𝐜𝐭𝐢𝐨𝐧

𝐢𝐧𝐭𝐞𝐫𝐧𝐞𝐭 လိုင်းကို စစ်ဆေးဖို့လည်း မမေ့ပါနဲ့။

𝐁𝐚𝐭𝐭𝐞𝐫𝐲

𝐛𝐚𝐭𝐭𝐞𝐫𝐲 ကိုလည်း‌ သေချာစစ်ဆေးပါ။ ဝယ်လိုက်ပြီးမှ 𝐛𝐚𝐭𝐭𝐞𝐫𝐲 အသုံးမခံဘူးဆိုရင် စိတ်ညစ်စရာတွေ ဖြစ်လာနိုင်ပါတယ်။ ဖြုတ်လို့ရတဲ့ 𝐛𝐚𝐭𝐭𝐞𝐫𝐲 ဆိုရင် ဖြုတ်ကြည့်ပြီး ဘက်ထရီဖောင်းနေလား ဆိုတာ စစ်ဆေးပါ။ ဖြုတ်မရတဲ့ 𝐛𝐚𝐭𝐭𝐞𝐫𝐲 အသေဆိုရင်တော့ ဖုန်းကို စစ်ဆေးနေတုန်း ဖုန်းအားဘယ်လောက်ကျသွားသလဲ ဆိုတာကို သတိထားပြီး ကြည့်ရှုပါ။

မသင်္ကာဘူးဆိုရင်တော့ ဖုန်းကို 𝐫𝐞𝐬𝐞𝐭 ချကြည့်လိုက်ပါ။ 𝐫𝐞𝐬𝐭𝐚𝐫𝐭 ဖုန်းပြန်ပွင့်လာပြီး နဂိုမူလကရှိတဲ့ 𝐛𝐚𝐭𝐭𝐞𝐫𝐲 ပမာဏထက် 𝟓 ရာခိုင်နှုန်းလောက် ကျဆင်းနေတယ်ဆိုရင်တော့ 𝐛𝐚𝐭𝐭𝐞𝐫𝐲 အသုံးမခံတော့တာ သေချာပါတယ်။

𝐂𝐡𝐚𝐫𝐠𝐞

𝐛𝐚𝐭𝐭𝐞𝐫𝐲 ပိုင်း စစ်ဆေးပြီးရင်တော့ အားသွင်းပေါက်နဲ့ အားဝင် မဝင်ကို စစ်ဆေးလိုက်ပါ။ တစ်ပတ်ရစ်ဖုန်း သွားဝယ်တော့မယ်ဆိုရင် 𝐩𝐨𝐰𝐞𝐫 𝐛𝐚𝐧𝐤 တစ်လုံးယူဆောင်သွားပြီး စမ်းသပ်စစ်ဆေးပါ။

𝐎𝐧𝐥𝐢𝐧𝐞 𝐬𝐞𝐥𝐥𝐞𝐫

တစ်ပတ်ရစ် ဖုန်းဝယ်တော့မယ်ဆိုရင် 𝐨𝐧𝐥𝐢𝐧𝐞 ပေါ်ကရောင်းချသူတွေ ဆီကနေ ဝယ်ယူတာထက် သီးသန့်တစ်ပတ်ရစ်ဖုန်း ရောင်းချတဲ့ ဆိုင်တွေက ပိုပြီးစိတ်ချရတဲ့အတွက် အဓိကထားပြီး ရွေးချယ်ဝယ်ယူသင့်ပါတယ်။

𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐔𝐬𝐞

ဖုန်းရဲ့ အသုံးပြုမှုသက်တမ်း (ဘယ်အချိန်က ဝယ်ယူအသုံးပြုခဲ့သလဲ) ဆိုတာ စစ်ဆေးပါ။

𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞

အာမခံ ကျန် မကျန် ရောင်းချသူကို မေးမြန်းပါ။ တကယ်လို့ အာမခံကျန်ရှိနေသးတ ယ်ဆိုရင်တော့ အာမခံကတ်ပြားကို တောင်းယူဖို့ မမေ့ပါနဲ့။

𝐏𝐫𝐨𝐥𝐨𝐧𝐠𝐞𝐝 𝐔𝐬𝐞

အချိန်အတော်အကြာထိ အသုံးပြုပြီးသား ဖုန်းဆိုရင်တော့ ဘယ်လောက်ပဲ ဈေးတန်တန် မဝယ်ယူသင့်တော့ပါဘူး။

𝐏𝐫𝐢𝐜𝐞

ကိုယ်ဝယ်ယူမယ့် ဖုန်းရဲ့ အသစ်ဈေး ဘယ်လော က်ရှိလဲ တစ်ပတ်ရစ်ဈေး ဘယ်လောက်ရှိလဲ ဆိုတာကို မဝယ်ခင် ကြိုတင်စုံစမ်းပါ။

ပါကင်ပိတ် ဖုန်းအသစ် စက်စက်တစ်လုံး ဝယ်ယူအ သုံးပြုခြင်းက တစ်ပတ်ရစ်ဖုန်းတစ်လုံး ဝယ်ယူတာထက် ပိုပြီးစိတ်ချရပါတယ်။ တကယ်လို့ မဖြစ်မနေ တစ်ပတ်ရစ်ဖုန်းတစ်လုံး ဝယ်ယူတော့ မယ်ဆိုရင် အခုဖော်ပြထားတဲ့ အချက်ေ လးတွေကို အချိန်ယူပြီး အဓိကထား စစ်ဆေးသင့်ပါတယ်။

Zawgyi Version



𝐒𝐞𝐧𝐬𝐨𝐫


𝐅𝐢𝐧𝐠𝐞𝐫


𝐓𝐨𝐮𝐜𝐡


𝐒𝐜𝐫𝐞𝐞𝐧


𝐒𝐩𝐞𝐚𝐤𝐞𝐫 & 𝐌𝐢𝐜𝐫𝐨


𝐂𝐚𝐦𝐞𝐫𝐚


𝐒𝐢𝐦 𝐜𝐚𝐫𝐝 & 𝐒𝐝 𝐜𝐚𝐫𝐝


𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 𝐂𝐨𝐧𝐭𝐚𝐜𝐭𝐢𝐨𝐧


𝐁𝐚𝐭𝐭𝐞𝐫𝐲



𝐂𝐡𝐚𝐫𝐠𝐞


𝐎𝐧𝐥𝐢𝐧𝐞 𝐬𝐞𝐥𝐥𝐞𝐫


𝐃𝐮𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐔𝐬𝐞


𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞


𝐏𝐫𝐨𝐥𝐨𝐧𝐠𝐞𝐝 𝐔𝐬𝐞


𝐏𝐫𝐢𝐜𝐞



Leave a Reply

Your email address will not be published. Required fields are marked *