မကြာသေးခင်ကလက်ထပ်ခွင့်တောင်းထားတဲ့ သတို့သားလောင်းနဲ့အတူရိုက်ကူးထားတဲ့ Pre Wedding ပုံရိပ်တွေကိုပြသလာတဲ့ စုလင်းရှိန်

Posted on

မာယာလှည့်ကွက်”၊ “စေတလုံးမောင်ဘုန်း” စတဲ့ ဇာတ်လမ်းတွဲ တွေထဲက သရုပ်ဆောင် စုလင်းရှိန် ကို ပရိသတ်ကြီး ရင်းနှီးပြီးသား ဖြစ်မှာပါ။ စုလင်းရှိန် ဟာ နာမည်ရစပြု နေတဲ့ အချိန်မှာပဲ နိုင်ငံရေး ပြဿနာတွေ ကြောင့် ပရိသတ် တွေရဲ့ဝေဖန်တိုက်ခိုက်ခံခဲ့ ရတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ လ အတော်ကြာ ပရိသတ်တွေ ရှေ့ကနေ ပျောက်ကွယ် သွားခဲ့ပြီး”စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲ ပြသချိန်မှာ လူမှုကွန်ယက် စာမျက်နှာကို ပြန်လည် အသုံးပြု ခဲ့တာ ဖြစ်ပါတယ်။

ချစ်သူရဲ့ လက်ထပ်ခွင့် တောင်းဆိုခြင်းကို လက်ခံခဲ့ ကြောင်း ပရိသတ် တွေကို အသိပေးခဲ့တဲ့ စုလင်းရှိန်ဟာ အခုဆိုရင် သူမရဲ့ မင်္ဂလာပွဲ အတွက် ပြင်ဆင် နေပြီပဲဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ စုလင်းရှိန်က သူမရဲ့ မင်္ဂလာပွဲ အမှတ်တရ ရိုက်ကူးထားတဲ့ Pre Wedding ပုံတွေကို ချပြပြီး သူမရဲ့ ခင်ပွန်းလောင်းကိုလည်း ပရိသတ်တွေဆီ ချပြ ပေးခဲ့ တာကို တွေ့ရ ပါတယ်။

စုလင်းရှိန် ကတော့ ချစ်သူနဲ့ အတူတူ ရိုက်ကူးထားတဲ့ Pre Wedding ပုံတွေတောင် ချပြ နေပြီ ဆိုတော့ သူမတို့ရဲ့ မင်္ဂလာပွဲလေးက မဝေးတော့မယ့် အချိန် တစ်ခုမှာ ကျင်းပတော့ မယ်လို့ ထင်ပါတယ်။ လတ်တလော မှာတော့ စုလင်းရှိန်က အနုပညာ အလုပ်အသစ် တွေကိုလည်း မလုပ်ကိုင် သေးတာကို တွေ့ရ ပါတယ်။

Zawgyi




Leave a Reply

Your email address will not be published.