မကြာသေးမီကလက်ထပ်ထားတဲ့ မင်းသားကတော့ သန်လျင်မှာစီးပွားရေးလုပ်ငန်းအသစ်တစ်ခုနဲ့ ပရိသတ်တွေကိုမိတ်ဆက်ပေးလိုက်တဲ့ ဝေဠုကျော်

Posted on

ပရိသတ် အချစ်တော် မင်းသားကြီး ဝေဠုကျော် ကတော့ တစ်ခေတ် တစ်ချိန် ကတည်းက အနုပညာ လောကမှာ ဗီဒီယို ရော ရုပ်ရှင် ဘက်မှာပါ အောင်မြင်ခဲ့ သူ ဖြစ်ပါတယ်။ ဝေဠုကျော်က သဘာဝ ကျ ပီပြင်လွန်းတဲ့ သရုပ်ဆောင် ချက်တွေနဲ့ အတူ ဇာတ်ရုပ် တိုင်းကို အသက် ဝင်လာအောင် ဖန်တီး နိုင်စွမ်းရှိ သူလည်း ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဝေဠုကျော်က အနုပညာအလုပ် တွေနဲ့ ဝေးကွာခဲ့ တာ အချိန် အတော်ကြာ ရှိနေပြီ ဖြစ်ပြီး ပရဟိတ လုပ်ငန်းတွေကို သာ ဦးစားပေး လုပ်ကိုင် နေတာ ဖြစ်ပါတယ်။ ဝေဠုကျော်က “ဝေဠုကျော် ဖောင်ဒေးရှင်း” ကိုတည်ထောာင် ထားပြီး အများကောင်းကျိုး သယ်ပိုးတဲ့ ပရဟိ အလုပ် တွေကို သူ ကိုယ်တိုင် ဦးစီး လုပ်ကိုင် နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ဝေဠုကျော်ကို အခုချိန် အထိတိုင် အောင် အားပေး ချစ်ခင် နေကြဆဲ ဖြစ်ပါတယ်။

မကြာ သေးမီက မင်းသား ဝေဠုကျော်က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာ ထက်မှာ ချစ်ရတဲ့ သူလေးနဲ့ လက်ထပ် လိုက်ပြီဆိုတဲ့ အကြောင်းကို ပရိတ်သတ် ကြီးအား ရုတ်တရက် အသိပေး လာခဲ့တာပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲ ကိုလည်း ရင်းနှီး ချစ်ခင်ရ သူတွေနဲ့သာ ကျင်းပခဲ့ပြီး ငယ်ရွယ် ချောမောတဲ့ ချစ်သူ လေးရထားတာ ကြောင့်လည်း ပရိသတ်တွေ ရဲ့ ပိုမို စိတ်ဝင်စားမှု ကို ခံခဲ့ရသူ လည်းဖြစ်ပါတယ်။ ဒီနေ့မှာ လည်း မင်းသား ဝေဠုကျော်က လက်ထပ်ပြီး ကာစ ပူပူနွေးနွေး ချစ်ဇနီးလေးနဲ့ သူရဲ့ သန်လျင် မှာရှိတဲ့ ဝေဠုကျော် ရုပ်ရှင်ခြံမှာ အချိန် အတူ ကုန်ဆုံး ခဲ့ပြီး စီးပွားရေး လုပ်ငန်းအတွက် ဘာတွေ လုပ်နေတယ် ဆိုတာ ပရိသတ်ကြီးကို အသိပေး လာတာ ဖြစ်လို့ ပြန်လည် ဖော်ပြ ပေးလိုက် ပါတယ်။

“ဝါး”ကို တွယ်တာ “ဝါး”ကို မြတ်နိုး “ဝါး”ကို တန်ဖိုးထား “ဝါး”ကို ချစ်တဲ့သူတွေ အတွက် “ဝါးကို ပိုးမထိုး အောင် နှစ်ပေါင်း ဆယ်ချီ အသုံးပြု ခံအောင် ဆေးနှင့် ပြုတ်ထား ပေါင်းထားတဲ့ ဝါး မျိုးစုံ ဆိုက်စုံကို လိုသလောက် ရောင်းချ‌ ပေးနေသည့် အပြင် ဝါး လက်မှု့ပညာ၊ ဝါး အသုံးဆောင်၊ ဝါး ပရိဘောဂ နှင့် ဝါး အဆောက်ဦးများ ကိုပါ ထုတ်လုပ်ခြင်း လိုက်လံ ဆောက်လုပ်ပေးခြင်း များကို တာဝန်ယူ လုပ်ဆောင် ပေးနေပါတယ် ခင်ဗျာ။ ဝေဠုကျော် ရုပ်ရှင်ခြံ သံလျင်မြို့ အောင်ချမ်းသာ ရပ်ကွက် အကျော် ၁၈ ကုန်းကား မှတ်တိုင်အနီး သဲဖြူချောင်းကျေးရွာ။ ဒီနေ့မှာလည်း မင်းသား ဝေဠုကျော်က လက်ထပ် ပြီးကာစ ပူပူနွေးနွေး ချစ်ဇနီးလေးနဲ့ သူရဲ့ သန်လျင်မှ ာရှိတဲ့ ဝေဠုကျော် ရုပ်ရှင်ခြံမှာ အချိန်အတူ ကုန်ဆုံး ခဲ့ပြီး စီးပွားရေး လုပ်ငန်း အတွက် ဘာတွေ လုပ်နေတယ် ဆိုတာ ပရိသတ်ကြိးကို အသိပေး လာတာ ဖြစ်လို့ ပြန်လည် ဖော်ပြ ပေးလိုက် ပါတယ်။

Zawgyi




Leave a Reply

Your email address will not be published.