“မကြေးစည်”ဇာတ်လမ်းတွဲမှာ လူမိုက်ကြီးသံလုံးနေရာကသရုပ်ဆောင်ထားတဲ့ မာန်ဟိန်းကို ပုံလေးတစ်ပုံနဲ့ ဆေးထိုးလိုက်တဲ့ အောင်ရေချမ်း

Posted on

လက်ရှိ MRTV 4 ရုပ်သံ လိုင်းမှာ ထုတ်လွှင့် ပြသနေတဲ့ “မကြေးစည်” ဇာတ်လမ်းတွဲ ကတော့ လူကြီး လူငယ်တိုင်း ကြိုက်နှစ် သက်ကြတဲ့ ဇာတ်ကား တစ်ကားပဲ ဖြစ်ပါတယ်။ ပါဝင်ကြတဲ့ သရုပ်ဆောင် တစ်ယောက်ချင်းစီ တိုင်းကလည်း မိမိ တို့ရဲ့ ဇာတ်ကောင် ကာရိုက်တာကို အကောင်းဆုံး သရုပ်ဆောင် နိုင်တာကြောင့် ပရိသတ်တွေက သရုပ်ဆောင် တစ်ဦးချင်းစီကို မှတ်မိ နေကြတာပဲ ဖြစ်ပါတယ်။

“မကြေးစည်” ဇာတ်ကားထဲက လူမိုက် သံလုံး အဖြစ် သရုပ်ဆောင် ထားတဲ့ မာန်ဟိန်းကလည်း သူ့ရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက် တွေကြောင့် ပရိသတ် တွေရဲ့ အားပေးမှုကို ရရှိ နေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် လူမိုက်ကြီး အဖြစ် နာမည်ကြီးနေတဲ့ မာန်ဟိန်းကို သရုပ်ဆောင် အောင်ရေချမ်းက ရေခဲချောင်း စုပ်နေတဲ့ ဓာတ်ပုံနဲ့ “သံလုံးရာ မဆိုးနဲ့ကွာ 😝” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ ဆေးကြီးကြီးထိုး စနောက်ခဲ့ပါတယ်။

မာန်ဟိန်း ကတော့ လူမိုက်ကြီးသံလုံးအဖြစ် ပရိသတ် တွေလန့်နေရာမှ အခုလို ဓာတ်ပုံတစ်ပုံနဲ့ ဆေးကြီးကြီး ထိုးခံခဲ့ ရတာပဲဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း လူမိုက်ကြီး သံလုံးရဲ့ ပကာသနကင်း လွန်းတဲ့ ဓာတ်ပုံကို ကြည့်ပြီး သဘောကျ နေကြမယ် ထင်ပါတယ်နော်။

Zawgyi




Leave a Reply

Your email address will not be published.