မပျော်ရွှင်ရတဲ့ သူ့မွေးနေ့ကိုအချစ်ရဆုံးသောအမျိုးသမီးဆောင်းနဲ့ မောင်လေးပိုင်တံခွန်တို့က မထင်မှတ်ဘဲ ပျော်အောင်လုပ်ပေးခဲ့လို့ ကျေးဇူးတင်စကားဆိုလိုက်တဲ့ မေချစ်သွေး
Posted on
ပိုင်တံခွန်ရဲ့ အစ်မ ဖြစ်သူ မေချစ်သွေး ကတော့ ယောကျာ်းလေး ဆန်ဆန် နေထိုင်တတ် သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ မေချစ်သွေး ဟာ ပိုင်တံခွန်ရဲ့ အစ်မ အဖြစ် ပရိသတ်တွေ သိကြ သလို သရုပ်ဆောင် ဆောင်းယွန်းစံရဲ့ ချစ်သူ အဖြစ်လည်း လူသိ များသူ တစ်ယောက် ဖြစ်ပါတယ်။ မနေ့က မတ်လ (၉) ရက်နေ့ ကတော့ မေချစ်သွေးရဲ့ မွေးနေ့ လေးပဲ ဖြစ်ပြီး မေချစ်သွေး က သူမ ရဲ့ မွေးနေ့မှာ ပျော်ရွှင်အောင် လုပ်ပေးကြ တဲ့ လူတွေ ကို ကျေးဇူးတင် စကား ပြောလာ တာကို တွေ့ရပါတယ်။
မေချစ်သွေးက “မပျော်ရွှင် နေတဲ့ မွေးနေ့မှာ ပျော်အောင် လုပ်ပေး ကြလို့ အားလုံးကို ကျေးဇူးများကြီး တင်ပါတယ်ဗျာ။ Cb၊ sms၊ ဖုန်း၊ post တွေကနေ ဆုတောင်း ပေးကြသူ တစ်ဦးတစ်ယောက် ချင်းစီကို ကျေးဇူးများ ကြီးတင်ပါတယ်ဗျာ။ တစ်ယောက်ချင်း စီကို စာမပြန် နိုင်တဲ့ အတွက် လည်း တောင်းပန် ပါတယ်ဗျာ။ ။ 🙏🖤🐼” ဆိုပြီး မွေးနေ့ အတွက် အထူးလက်ဆောင် ပိုင်တံခွန်နဲ့ မွေးနေ့မှာ ပျော်ရွှင်အောင် ဖန်တီးပေးတဲ့ ချစ်သူ ဆောင်းယွန်းစံ တို့ကိုလည်းကျေးဇူးတင် ထားပါတယ်။
ဆောင်းယွန်းစံ ကတော့ မေချစ်သွေး အပေါ် အရမ်း ချစ်ပြီး ဂရုစိုက် လွန်းသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း လိုက်ဖက် လွန်းတဲ့ ဆောင်းယွန်းစံနဲ့ မေချစ်သွေးတို့ အတွဲလေးကို ချစ်ပေး ကြတာပဲ ဖြစ်ပါတယ်။
Zawgyi
Leave a Reply
Your email address will not be published.