မိခင်ဖြစ်သူရဲ့ဈာပနအခမ်းအနားကို လာရောက်ကြတဲ့ဧည့်သည်တွေကို အားတင်းပြီး နှုတ်ဆက်နေတဲ့ မာသထူးဝါးရဲ့ပုံရိပ်များ

Posted on

အရွယ်နဲ့ မလိုက်အောင် အနုပညာ ပါရမီ ကြီးမားလွန်းသူ အဆိုတော် မလေး မာသထူးဝါး ကတော့ မြန်မာ ပရိသတ် တွေကြားမှာ နာမည်ကျော်သူ တစ်ယောက်ဖြစ်သလို သူမလက်ရှိ နေထိုင် နေတဲ့ တောင်ကိုရီးယား နိုင်ငံမှာလည်း အထိုက်အလျောက် အောင်မြင်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ အသက် (၁၅) နှစ်အရွယ် သာရှိသေးတဲ့ မာသထူးဝါးဟာ လက်ရှိမှာ သူမရဲ့ အခက်ခဲဆုံး အချိန်တစ်ခုကို ဖြတ်သန်း နေရတာပဲ ဖြစ်ပါတယ်။ အကြောင်း ကတော့ ငယ်ငယ် ကတည်းက ဖခင်ကို ဆုံးရှုံးထား ရတဲ့ မာသထူးဝါးဟာ သူမရဲ့ မိခင်ကိုလည်း ထပ်မံဆုံးရှုံး လိုက်ရတာကြောင့်ပဲ ဖြစ်ပါတယ်။

မာသထူးဝါး မေမေရဲ့ ဈာပနကို ဇွန်လ (၃) ရက်နေ့ ကနေ (၅) ရက်နေ့အထိ ကျင်းပဖို့ ရှိရာ မနေ့က ဈာပန ပထမဦးဆုံး နေ့က မြင်ကွင်း တွေကို မာသထူးဝါးက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှ ာမှာ မျှဝေ ပေးထား ပါတယ်။ မာသထူးဝါး ကတော့ အစ်မကြီး အမိရာ ပီပီ မောင်လေးတွေ ရှေ့မှာ မျက်ရည် မကျမိအောင် အားတင်းရင်း လာသမျှ ဧည့်သည်တွေ ကို ဧည့်ခံ ပေးနေတာကို အခုလိုမျိုးပဲ တွေ့ရ ပါတယ်။

မာသထူးဝါး ကတော့ အဖေရော အမေပါ မရှိတော့တဲ့ အတွက် မောင်လေးနှစ်ယောက် အတွက် မားမား မတ်မတ်ရပ် တည်ပေး နေရတော့မယ့် အစ်မကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အရွယ်နဲ့ မလိုက်အောင် နာကျင်မှုတွေ ခံစားရတဲ့ မာသထူးဝါးလေး ရှေ့ဆက် လျှောက်မယ့် ဘဝလမ်းခရီးမှာ ပျော်ရွှင်ခြင်း တွေသာ ဆုံတွေ့နိုင်ပါ စေနော်။

Zawgyi

အ႐ြယ္နဲ႔ မလိုက္ေအာင္ အႏုပညာ ပါရမီ ႀကီးမားလြန္းသူ အဆိုေတာ္ မေလး မာသထူးဝါး ကေတာ့ ျမန္မာ ပရိသတ္ ေတြၾကားမွာ နာမည္ေက်ာ္သူ တစ္ေယာက္ျဖစ္သလို သူမလက္ရွိ ေနထိုင္ ေနတဲ့ ေတာင္ကိုရီးယား ႏိုင္ငံမွာလည္း အထိုက္အေလ်ာက္ ေအာင္ျမင္သူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ အသက္ (၁၅) ႏွစ္အ႐ြယ္ သာရွိေသးတဲ့ မာသထူးဝါးဟာ လက္ရွိမွာ သူမရဲ႕ အခက္ခဲဆုံး အခ်ိန္တစ္ခုကို ျဖတ္သန္း ေနရတာပဲ ျဖစ္ပါတယ္။ အေၾကာင္း ကေတာ့ ငယ္ငယ္ ကတည္းက ဖခင္ကို ဆုံးရႈံးထား ရတဲ့ မာသထူးဝါးဟာ သူမရဲ႕ မိခင္ကိုလည္း ထပ္မံဆုံးရႈံး လိုက္ရတာေၾကာင့္ပဲ ျဖစ္ပါတယ္။

မာသထူးဝါး ေမေမရဲ႕ ဈာပနကို ဇြန္လ (၃) ရက္ေန႔ ကေန (၅) ရက္ေန႔အထိ က်င္းပဖို႔ ရွိရာ မေန႔က ဈာပန ပထမဦးဆုံး ေန႔က ျမင္ကြင္း ေတြကို မာသထူးဝါးက သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွ ာမွာ မွ်ေဝ ေပးထား ပါတယ္။ မာသထူးဝါး ကေတာ့ အစ္မႀကီး အမိရာ ပီပီ ေမာင္ေလးေတြ ေရွ႕မွာ မ်က္ရည္ မက်မိေအာင္ အားတင္းရင္း လာသမွ် ဧည့္သည္ေတြ ကို ဧည့္ခံ ေပးေနတာကို အခုလိုမ်ိဳးပဲ ေတြ႕ရ ပါတယ္။

မာသထူးဝါး ကေတာ့ အေဖေရာ အေမပါ မရွိေတာ့တဲ့ အတြက္ ေမာင္ေလးႏွစ္ေယာက္ အတြက္ မားမား မတ္မတ္ရပ္ တည္ေပး ေနရေတာ့မယ့္ အစ္မႀကီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အ႐ြယ္နဲ႔ မလိုက္ေအာင္ နာက်င္မႈေတြ ခံစားရတဲ့ မာသထူးဝါးေလး ေရွ႕ဆက္ ေလွ်ာက္မယ့္ ဘဝလမ္းခရီးမွာ ေပ်ာ္႐ႊင္ျခင္း ေတြသာ ဆုံေတြ႕ႏိုင္ပါ ေစေနာ္။

Leave a Reply

Your email address will not be published.