မိမိပြုတဲ့ ကုသိုလ်တွေ Fb..ပေါ် တင်သင့်ပါသလား? ဖတ်ကြည့်နော်

Posted on

Fb ပေါ် မှတ်တမ်းအဖြစ် တင်သင့်ပါတယ်လို့ပဲ ဖြေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုး ယခင်ကဆို ကုသိုလ်ပြုပြီးတိုင်း ကြေးစည်တီးကြပါတယ်။ ကြေးစည်သံကို ကြားရရင် အိမ်နီးနားချင်းတွေက အမျှပေးဝေတာပဲဆိုတာ သိရှိပြီး သာဓုခေါ်ကြတယ်။

ယခုခေတ်မှာတော့ မိမိကုသိုလ်ပြုပြီးတိုင်း Fbပေါ် တင်ကြတာဟာ… မိမိကုသိုလျကို အမျှပေးဝေကြခြင်းပါပဲ။ သာဓုခေါ်လိုက်ပါ။ မိမိလဲ ကုသိုလ်ရပါတယ်။

ကြွားဝါတာပါဆိုပြီး နှလုံးသွင်း မမှားပါစေနဲ့။ သူတစ်ပါး ကုသိုလ်က သင့်အတွက် အကုသိုလ်ဖြစ်သွားနိုင်လို့ပါ။ ( မိမိရဲ့ ကုသိုလ်တွေကို facebook ပေါ်တင်ရခြင်းရဲ့ အကျိုးကတော့ )

၁။ မလှူခင်က စိတ်ထဲကြံစည်ဖြစ်နေတဲ့ ပုဗ္ဗ စေတနာ၊

၂။လှူနေဆဲ အခိုက်အတန့်မှာ ကြည်နူးနေမိတဲ့ မုဥ္စ စေတနာ၊

၃။ လှူပြီး မိမိကုသိုလ်ကို ပြန်လည်အောက်မေ့တဲ့ အပရ စေတနာဆိုပြီးစေတနာသုံးတန်ရှိတဲ့အထဲကfbပေါ် တင်ထားတာကို ခဏခဏ ပြန်ကြည့်လို့လဲ ရတယ်။

fbကလဲ တစ်နှစ်ပြည့်ရင်ပြန်ပေါ်လာတယ်။အဲဒီအချိန်မှာ မိမိပြုခဲ့တဲ့ကုသိုလ်ကို လူတိုင်းက သတိရကြမှာပါပဲ။အဲဒီလို ပြန်သတိရခြင်းဟာ အပရ စေတနာကိုပိုပြီး အားကောင်းစေပါတယ်🙏 🙏ဒါနထက် သီလက မြတ်တယ်။ 🙏သီလထက် ဘာဝနာက မြတ်တယ်ဆိုတာ လူတိုင်း သိကြပြီးသားပါပဲ။

အနုဿတိ( ၁ဝ )ပါးထဲမှာ စာဂါ နုဿတိဘာဝနာ( မိမိပြုခဲ့ဘူးတဲ့ ကုသိုလ်ကို ပြန်လည်အောက်မေ့ခြင်း ဘာဝနာပေါ့) သေချာပြန်ကြည့်လိုက်ပါ။ လှူခဲ့စဉ်က ရိုးရိုးဒါန အဆင့်ပဲနော်။

အပရ စေတနာ မိမိပြုခဲ့တဲ့ကုသိုလ်ကို ပြန်အမှတ်ရတာက စာဂါ နုဿတိဘာဝနာ ဆိုတော့ ဘာဝနာအဆင့်ထိ ရောက်သွားတယ်။ ပိုပြီး အကျိုးကြီးတယ်ပေါ့။

ပြီးတော့ နေ့စဉ်ပုံမှန်ပြုလုပ်ကြ ကုသိုလ်ကို အာစိဏ္ဏကံ ကုသိုလ်လို့ ခေါ်တယ်။ တစ်ကြိမ်တစ်ခါပဲ ပြုခဲ့ဖူးတဲ့ ကုသိုလ်ကို အကြိမ်ကြိမ် အခါခါ ပြန်သတိရနေပါကလည်း အာစိဏ္ဏကံ ကုသိုလ်ဖြစ်သွားတာပါပဲ။ ဒါနကနေ ဘာဝနာအဆင့် တစ်ခါပဲပြုခဲ့ဖူးတဲ့ ကုသိုလ်ကနေ နေ့စဉ်ပြုလုပ်ရာရောက်တဲ့ အာစိဏ္ဏကံ ကုသိုလ်အဆင့် ဖြစ်တယ်ဆိုတာ အပရ စေတနာကြောင့် ဖြစ်တာပါပဲ။

ဓာတ်ပုံမှတ်တမ်း fbမှာ ကုသိုလ်မှတ်တမ်းတွေဟာ အပရစေတနာကို ဖြစ်စေနိုင်တာမို့ fb ပေါ်တင်နေတဲ့ ကုသိုလ်မြင်ကွင်းတွေ၊ သာဓုခေါ်လိုက်ပါ။ ကိုယ်လဲ ကုသိုလ်ရတာပေါ့။၊

ကြွားဝါနေတယ်လို့ မမြင်ဘဲ သူတို့အခုလို ကုသိုလ်ပြုနိုင်တာတွေဟာ ရှေးဘဝကကုသိုလ်ကံတွေ ကောင်းခဲ့လို့ပါ ဆိုပြီး လူတစ်ယောက်အပေါ် ချစ်ခြင်း မုန်းခြင်းကို ဖယ်ပြီး (ကံ ကံ၏အကျိုးပေးတာကို ဆင်ခြင်လိုက်တော့ ) ယောနိသော မနသိကာရ ဖြစ်သွားတာမို့ ကိုယ့်ရဲ့ ဘဝလေးလဲ ဖြောင့်တန်းသွားတာပေါ့။

🙏ဒါကြောင့် ကုသိုလ်တွေကို နေ့စဉ် ရအောင်ယူကြပါစို့ Photo #Credit ရွှင်လန်း ချမ်းမြေ့ပါစေ မေတ္တာဖြင့် ရွှေလေးဝ ဆရာတော်-

Zawgyi Version

မိမိျပဳတဲ့ ကုသိုလ္ေတြ Fb..ေပၚ တင္သင့္ပါသလား? ဖတ္ၾကည့္ေနာ္

Fb ေပၚ မွတ္တမ္းအျဖစ္ တင္သင့္ပါတယ္လို႔ပဲ ေျဖခ်င္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဟိုး ယခင္ကဆို ကုသိုလ္ျပဳၿပီးတိုင္း ေၾကးစည္တီးၾကပါတယ္။ ေၾကးစည္သံကို ၾကားရရင္ အိမ္နီးနားခ်င္းေတြက အမၽွေပးေဝတာပဲဆိုတာ သိရွိၿပီး သာဓုေခၚၾကတယ္။

ယခုေခတ္မွာေတာ့ မိမိကုသိုလ္ျပဳၿပီးတိုင္း Fbေပၚ တင္ၾကတာဟာ… မိမိကုသိုလ်ကို အမၽွေပးေဝၾကျခင္းပါပဲ။ သာဓုေခၚလိုက္ပါ။ မိမိလဲ ကုသိုလ္ရပါတယ္။

ႂကြားဝါတာပါဆိုၿပီး ႏွလုံးသြင္း မမွားပါေစနဲ႔။ သူတစ္ပါး ကုသိုလ္က သင့္အတြက္ အကုသိုလ္ျဖစ္သြားနိုင္လို႔ပါ။ ( မိမိရဲ့ ကုသိုလ္ေတြကို facebook ေပၚတင္ရျခင္းရဲ့ အက်ိဳးကေတာ့ )

၁။ မလႉခင္က စိတ္ထဲႀကံစည္ျဖစ္ေနတဲ့ ပုဗၺ ေစတနာ၊

၂။လႉေနဆဲ အခိုက္အတန႔္မွာ ၾကည္ႏူးေနမိတဲ့ မုဥၥ ေစတနာ၊

၃။ လႉၿပီး မိမိကုသိုလ္ကို ျပန္လည္ေအာက္ေမ့တဲ့ အပရ ေစတနာဆိုၿပီးေစတနာသုံးတန္ရွိတဲ့အထဲကfbေပၚ တင္ထားတာကို ခဏခဏ ျပန္ၾကည့္လို႔လဲ ရတယ္။

fbကလဲ တစ္ႏွစ္ျပည့္ရင္ျပန္ေပၚလာတယ္။အဲဒီအခ်ိန္မွာ မိမိျပဳခဲ့တဲ့ကုသိုလ္ကို လူတိုင္းက သတိရၾကမွာပါပဲ။အဲဒီလို ျပန္သတိရျခင္းဟာ အပရ ေစတနာကိုပိုၿပီး အားေကာင္းေစပါတယ္🙏 🙏ဒါနထက္ သီလက ျမတ္တယ္။ 🙏သီလထက္ ဘာဝနာက ျမတ္တယ္ဆိုတာ လူတိုင္း သိၾကၿပီးသားပါပဲ။

အႏုႆတိ( ၁ဝ )ပါးထဲမွာ စာဂါ ႏုႆတိဘာဝနာ( မိမိျပဳခဲ့ဘူးတဲ့ ကုသိုလ္ကို ျပန္လည္ေအာက္ေမ့ျခင္း ဘာဝနာေပါ့) ေသခ်ာျပန္ၾကည့္လိုက္ပါ။ လႉခဲ့စဥ္က ရိုးရိုးဒါန အဆင့္ပဲေနာ္။

အပရ ေစတနာ မိမိျပဳခဲ့တဲ့ကုသိုလ္ကို ျပန္အမွတ္ရတာက စာဂါ ႏုႆတိဘာဝနာ ဆိုေတာ့ ဘာဝနာအဆင့္ထိ ေရာက္သြားတယ္။ ပိုၿပီး အက်ိဳးႀကီးတယ္ေပါ့။

ၿပီးေတာ့ ေန႔စဥ္ပုံမွန္ျပဳလုပ္ၾက ကုသိုလ္ကို အာစိဏၰကံ ကုသိုလ္လို႔ ေခၚတယ္။ တစ္ႀကိမ္တစ္ခါပဲ ျပဳခဲ့ဖူးတဲ့ ကုသိုလ္ကို အႀကိမ္ႀကိမ္ အခါခါ ျပန္သတိရေနပါကလည္း အာစိဏၰကံ ကုသိုလ္ျဖစ္သြားတာပါပဲ။ ဒါနကေန ဘာဝနာအဆင့္ တစ္ခါပဲျပဳခဲ့ဖူးတဲ့ ကုသိုလ္ကေန ေန႔စဥ္ျပဳလုပ္ရာေရာက္တဲ့ အာစိဏၰကံ ကုသိုလ္အဆင့္ ျဖစ္တယ္ဆိုတာ အပရ ေစတနာေၾကာင့္ ျဖစ္တာပါပဲ။

ဓာတ္ပုံမွတ္တမ္း fbမွာ ကုသိုလ္မွတ္တမ္းေတြဟာ အပရေစတနာကို ျဖစ္ေစနိုင္တာမို႔ fb ေပၚတင္ေနတဲ့ ကုသိုလ္ျမင္ကြင္းေတြ၊ သာဓုေခၚလိုက္ပါ။ ကိုယ္လဲ ကုသိုလ္ရတာေပါ့။၊

ႂကြားဝါေနတယ္လို႔ မျမင္ဘဲ သူတို႔အခုလို ကုသိုလ္ျပဳနိုင္တာေတြဟာ ေရွးဘဝကကုသိုလ္ကံေတြ ေကာင္းခဲ့လို႔ပါ ဆိုၿပီး လူတစ္ေယာက္အေပၚ ခ်စ္ျခင္း မုန္းျခင္းကို ဖယ္ၿပီး (ကံ ကံ၏အက်ိဳးေပးတာကို ဆင္ျခင္လိုက္ေတာ့ ) ေယာနိေသာ မနသိကာရ ျဖစ္သြားတာမို႔ ကိုယ့္ရဲ့ ဘဝေလးလဲ ေျဖာင့္တန္းသြားတာေပါ့။

🙏ဒါေၾကာင့္ ကုသိုလ္ေတြကို ေန႔စဥ္ ရေအာင္ယူၾကပါစို႔ Photo #Credit ရႊင္လန္း ခ်မ္းေျမ့ပါေစ ေမတၱာျဖင့္ ေရႊေလးဝ ဆရာေတာ္-

Leave a Reply

Your email address will not be published. Required fields are marked *