မိမိ ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကား နှစ်ချပ်ကို လှူဒါန်းသွားမှာ ဖြစ်တဲ့ ရဲတိုက်…. …

အခုအချိန်မှာတော့   ကိုဗစ်အတွက် ကိုယ်တိုင်   ရေးဆွဲထားတဲ့  ပန်းချီကားချပ်တွေကို အနုပညာရှင်   တော်တော်များများက  လှူဒါန်းခဲ့ကြတာပါ။ ဝယ်ယူအားပေးသူတွေရှိခဲ့ကြပြီး ရရှိခဲ့တဲ့ငွေတွေ   ဟာလည်း ကိုဗစ်အတွက်   လိုအပ်တဲ့နေရာမှာ လှူဒါန်းခဲ့တာပါ။ အခုလည်း ပရိသတ်တွေ    စိတ်ဝင်စားမယ့်   ပန်းချီကား(၂)ချပ်ရှိနေပါတယ်။

အဲ့ဒါကတော့    သရုပ်ဆောင်ရဲ   တိုက်ကိုယ်တိုင်   ရေးဆွဲထားတဲ့ ပန်းချီကားတွေပါ။ ဒီပန်းချီကားတွေရဲ့နာမည်ကတော့ “ သခင့်မျက်လုံး “ “ သူ့သန္ဓေ “ လို့ အမည်ပေးထားတာပါ။ ရဲတိုက်ကိုယ်တိုင်   ရေးဆွဲထားတဲ့ လက်ရာကောင်းတွေကိုတော့ အကြမ်းဖျင်းလေလံဈေး (၃) သိန်းသတ်မှတ်ထားတယ်လို့   သိရပါတယ်။ လေလံပိတ်ရက်   ကတော့ နိုဝင်ဘာ ( ၆) ရက်နေ့ နံနက် (၁၁)နာရီဖြစ်ပါတယ်။

ရဲတိုက်ကတော့ ပရိသတ်  အားပေးမှုများစွာ   ရရှိထားတဲ့ အနုပညာ  အရည်အချင်းအပြည့်ရှိတဲ့ အနုပညာရှင်   တစ်ယောက်ပါ။ ပရိသတ်တွေချစ်တဲ့  ရဲတိုက်ကတော့   သူ့ရဲ့ပန်းချီကားတွေ   ကိုလှူဒါန်းပြီး ကုသိုလ်  ယူဦးမှာဖြစ်ပါတယ်နော်..

Source : Wai Min Maung,Ye Deigh

Add a Comment

Your email address will not be published. Required fields are marked *