မိသားစုနဲ့အတူ ဟာဝိုင်အီကမ်းခြေမှာ အပန်းဖြေနေကြတဲ့ ပုံလေးတွေကို ပရိတ်သတ်တွေအတွက် မျှဝေလာတဲ့ သရုပ်ဆောင် စမိုင်းလ်…

Posted on

ပရိသတ် ကြီးရေ သရုပ်ဆောင် မင်းသမီးကြီး စမိုင်းလ် ကတော့ ဆယ်စုနှစ်ကျော် လောက်အထိ ပရိသတ် အားပေးမှုကို တစ်ခဲနက် ရရှိခဲ့ပြီး အောင်မြင် နေတဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ စမိုင်းလ်က သရုပ်ဆောင် မင်းသမီးကြီး ဒေါ်ခင်လေးဆွေရဲ့ မြေး ဖြစ်လို့ အနုပညာ အမွေကို ဆက်ခံထားသူလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် တော်ရုံ သာမကပဲ စမိုင်းလ်က အဆိုပိုင်း မှာလည်း ပိုင်ပိုင် နိုင်နိုင် သီဆို ထားနိုင် သူပါနော်။

တစ်ကိုယ်တော် အယ်ဘမ်လ်တွေ ထွက်ရှိ ထားတဲ့ စမိုင်းလ်က မကြာသေးတဲ့ အချိန်ကမှ ရုပ်ရှင် ဇာတ်ကားကြီး တွေလည်း ရိုက်ကူးထွက်ရှိ ထားတာကို တွေ့ရပါတယ်။ အနုပညာ လမ်းကြောင်း ထက်မှာ အောင်မြင်မှု တွေ တစ်ခဲနက် ရရှိထားတဲ့ သူမက သာယာ ပျော်ရွင်ပြီး အများက အားကျရတဲ့ မိသားစု ဘဝလေးကိုလည်း ပိုင်ဆိုင် ထားတာ ဖြစ်ပါတယ်။ စမိုင်းလ်က အမြဲ လိုလို သူမရဲ့ လူနေမှု ဘဝနဲ့ လှုပ်ရှားမှု လေးတွေကို ချပြလေ့ ရှိတာ ဖြစ်လို့ ပရိသတ် တွေကလည်း စိတ်ဝင် တစား အားပေး ကြပါတယ်နော်။

စမိုင်းလ် ကတော့ mini mart တွေဖွင့်ထားတဲ့ အပြင် ပြင်ဦးလွင် မှာလည်း ဟိုတယ်ကြီးနဲ့ ကော်ဖီဆိုင်ကြီး ဖွင့်ထားတာလည်း ဖြစ်ပါတယ်။ စမိုင်းလ်တို့ မိသားစုလေးကတော့ ပျော်ပျော် နေတတ် ကြပြီး မိသားစုလိုက် နာမည်ကြီး ရှိုးပွဲတွေလည်း မကြာခဏ သွားကြည့်ပြီး ပုံလေးတွေ တင်ပေး တတ်တာ ဖြစ်ပါတယ်..။ ဒီနေ့ မှာတော့ သရုပ်ဆောင် စမိုင်းလ်က လေယာဉ် စင်းလုံးငှားပြီး မိသားစုနဲ့ အတူ ဟာဝိုင်ရီ ကမ်းခြေကို ပျော်ပျော်ပါးပါး ခရီးတွေ ထွက်နေတဲ့ အမှတ်တရပုံလေးတွေကို ပရိသတ်ကြီး အတွက် တင်လာတာလည်း ဖြစ်ပါတယ်။ ဖတ်ရှူ့ပေးကြတဲ့ ပရိတ်သတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက် ပါတယ်နော်..။

Zawgyi




Leave a Reply

Your email address will not be published.