မိုးထဲရေထဲ ကားမောင်းရတဲ့ အခါ အန္တရာယ်မဖြစ်ရအောင် သတိပြုရမည့် အချက်လေးများ

Posted on

မိုးရာသီ မှာ ယာဉ်မောင်းသူများ သွားရလာရတာ ခက်ခဲလာတတ်ပါတယ်။ အထူးသဖြင့် ညအချိန် ခရီးဝေးသွား ရလို့ လမ်းမှာ မိုးရွာရင် ပိုအန္တရာ ယ်ရှိပါတယ်။

ဒါကြောင့် မိုးထဲရေထဲမှာ မောင်းနှ င်သွားလာကြ မယ့် ယာဉ်မောင်း သူတွေ အတွက် သတိပြုဖွယ် အချက်ေ လးတွေကို မျှဝေပေးလိုက်ရပါတယ်။

(၁) လက်နှစ်ဖက် ဖြင့် စီယာရင်ကို ကိုင်ပါ။

ရာသီဥ တုသာ ယာနေတဲ့ အချိန်မှာဆို စတိုင်ကျကျ စတီယာရင်ကို လက်လေး တစ်ဖက်တည်းနဲ့ မောင်းနိုင်ပေမယ့် မိုးတွင်းမှာ ဆိုရင်တော့ လက်နှစ်ဖက်နဲ့ သေချာကိုင်ပြီး မောင်းဖို့လို အပ်ပါတယ်။

(၂) စိတ်ပျံလွင့်ေ စမယ့်အ ရာတွေ ခဏ ဖယ်ထားပါ။

မိုးတွင်းမှာ ကားမော င်းတဲ့အခါ ဖုန်းသုံးတာဟာ တက ယ်ကို အန္တရာယ်များပါတယ်။ သာမာန်ရာသီဥတုမှာတောင် ကားမောင်းရင်း ဖုန်းသုံးတာကြောင့် မလိုလားအပ်တာတွေ ဖြစ်တတ်သေးတာ ရာသီဥတု ဆိုးရွားတဲ့ အချိန်ဆို ပိုဆိုးပါတယ်။

လျှပ်စီးကူးမှု အပါအဝင် မဖြစ်သင့်တာေ တွ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ကားမောင်း မယ်ဆိုရင် ဖုန်းကို ခပ်ဝေးဝေးမှာ သာထားပါ။ဖြစ်နိုင်ရင် ရေဒီယိုတောင် မဖွင့်သင့်ပါဘူး။

(၃) ဘေးဘယ်ညာကို မျက်ခြေမပြတ်ပါစေနဲ့

ကားမောင်းရင်းနဲ့ ရှေ့ကိုသာမက နောက်ကြည့်မှန်ကနေရော ဘေးမှန်တွေကပါ ပါတ်ဝန်းကျင်ကို အကဲခတ်နေပါ။

ဒါမှသာ ကိုယ်သွားနေတဲ့ လမ်းပေါ်မှာ ချိုင့်တွေ၊ သစ်ပင်လဲနေတာတွေ၊ ဓါတ်ကြိုးပြတ်ကြတာတွေကို ရှောင်ရှားနိုင်မှာပဲဖြစ်ပါတယ်။

(၄) ရှေ့မီးကြီးကို သုံးပါ

မိုးအရမ်းသ ည်းနေတဲ့အချိန်ပဲဖြစ်ဖြစ်၊ မိုးအတော်အသင့်ရွာနေတဲ့ အချိန်ပဲဖြစ်ဖြစ် ရှေ့မီးကြီးကို ဖွင့်ထားပါ။ဒါမှသာ ကိုယ်တိုင်လည်း ရှေ့ကို သဲသဲကွဲကွဲမြင်နိုင်မှဖြစ်သလို၊ ရှေ့ကလာနေတဲ့ ကားကလည်း ကိုယ့်ကို မြင်နိုင်မှာပါ။

(၅) ကပ်မလိုက်ပါနဲ့

ရှေ့ကားကို အရမ်းကြီး ကပ်လိုက်တာဟာ အန္တရာယ်ရှိ နိုင်ပါတယ်။ လမ်းကြောင့် ဖြစ်စေ၊အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေမတော်တဆ ရှေ့ကကား တစ်ခုခုဖြစ်ပါက ကိုယ့်ကိုလဲ လာရော က်ထိခိုက် နိုင်တာကြောင့် ခပ်ခွာခွာသာလိုက်ပါ။

(၆) အရှိန်မြှင့်မမောင်းပါနဲ့

မိုးရွာထဲမှာကားကို အရှိန်မြင့်မောင်းနှင်တာဟာ ကိုယ့် အန္တရာယ်ကိုယ်ဖိတ်ခေါ်နေတာပါပဲ။

လမ်းကေ ချာ်နေတာေြ ကာင့်ရော၊ မိုးတွင်းဆိုရင် ဘရိတ်ေ တွရဲ့ စွမ်းရည်တွေက ကျနေ တတ်တာကြောင့်ရော ရုတ်တရတ် ဘရိတ်အုပ်လိုက်ရင် အရှိန်မထိန်းနိုင်ဘဲမ လိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

(၇) ရေလျှံနေတဲ့ လမ်းတွေကို ရှောင်ပါ

ကိုယ်သွားချ င်တဲ့နေရာကို တခြားလမ်းက သွားရင်ေ ရာက်နိုင်ရဲ့သားနဲ့ ဖြတ်လမ်းလိုက်ပြီးတော့ ရေကြီးရေလျှံနေတဲ့ လမ်းတွေကို တတ်နိုင်သမျှမမောင်းပါနဲ့။ ကားအင်ဂျင်ထဲေ ရဝင်တာ၊ ရေကြီးနေတဲ့ေ အာက်က အချွန်အတ က်တွေကြောင့် ကားဘော်ဒီ၊တာယာ တစ်ခုခုဖြစ်နိုင်တာ၊ မြေကျွံတာတွေအပြင်

ပါဝါစတီ ယာရင်ဂန်းနဲ့ မော်တာကို ကားအောက်ပိုင် မှာတပ် ဆင်ထားတဲ့ အချို့ မော်ဒယ်မြင့်ကားတွေ (ဥပမာ-Crown,Mark X) ဆို မော်တာထဲကို ရေဝင်ပြီးမလိုအပ်ဘဲ ငွေကုန်ေြ ကးကျများနိုင်ပါတယ်။

(၈) လေကာမှန်တွေကို ရေငွေ့မရိုက်ပါစေနဲ့

ကားတွင်း အပူချိန်ကြောင့် လေကာမှ န်တွေမှာ ရေငွေ့တွေ ရိုက်နေပြီဆိုရင် အဲကွန်းက လေထု တ်လမ်းကြောင်းကို လေကာမှန်ရှိရာသို့ပြောင်းပေးပြီးရေငွေ့ကို ပိုမြန်မြန်ဖယ်ရှားနိုင်ပါတယ်။ အဲကွန်းမနိုင် တဲ့ကားတွေဆို ရေငွေ့သုတ်ဖို့ ကားထဲမှာ သဘက်လို အဝတ်တစ်ခုေ ဆာင်ထားသင့်ပါတယ်။

(၉) မိုးရေမတ င်နိုင်တဲ့ ဆေးရည်ကို မှန်မှာ ဖြန်းထားပေးပါ

Rain Repellent လို့ခေါ်တဲ့ ကားမှန်ပေါ်ကို ရေမတင်အောင်ကာကွယ်နိုင်တဲ့ဆေးရည်လေးကို မှန်ပေါ်မှာ ဖြန်ထားမယ်ဆို ရေစက်တွေ အရမ်းတင်လို့ အပြင်ကို မမြင်ရတဲ့ ပြသနာကို အထိုက်အလျှောက် ပြေလည်စေပါလိမ့်မယ်။

ကားပစ္စည်းရော င်းတဲ့ဆိုင်တော်ေ တာ်များများမှာ Rain Repellent ဆေးရည်ကိုဝယ်ယူလို့ရပါတယ်။

(၁၀) ကြိုတင်ပြင်ဆင်ထားပါ

မိုးရာသီမှာ ညဘက် အနီးအနားဖြစ်စေ၊ ခရီးဝေးဖြစ်စေ မလွှဲမရှောင်သာ သွားရတော့မယ်ဆို ကြိုတင်ပြင်ဆင် မှုတွေလုပ်ထားပါ။ မိုးကာအကျီ၊ လက်နှိပ်ဓါတ်မီး၊ အပိုဘီး၊ ဂျိုက်၊ ဂွ စတာတွေ အစုံအလင် ကားထဲမှာ ထားထားပါ။

ခရီးဝေး သွားရမယ်ဆို လမ်းခုလတ်မှာ မိမိဘာသာ မပြုပြင်နိုင်တဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းတာပဲဖြစ်စေ၊ အရေးပေါ်အခြေ အနေကြုံလာတာပဲဖြ စ်စေအကူအ ညီတောင်းလို့ရအောင် မိမိရဲ့လက်ကိုင်ဖု န်းကို အားပြည့်အော င်သွင်းထားပါ။

Zawgyi Version

မိုးရာသီ မွာ ယာဥ္ေမာင္းသူမ်ား သြားရလာရတာ ခက္ခဲလာတတ္ပါတယ္။ အထူးသျဖင့္ ညအခ်ိန္ ခရီးေဝးသြား ရလို႔ လမ္းမွာ မိုး႐ြာရင္ ပိုအႏၲရာ ယ္ရွိပါတယ္။

ဒါေၾကာင့္ မိုးထဲေရထဲမွာ ေမာင္းႏွ င္သြားလာၾက မယ့္ ယာဥ္ေမာင္း သူေတြ အတြက္ သတိျပဳဖြယ္ အခ်က္ေ လးေတြကို မွ်ေဝေပးလိုက္ရပါတယ္။

(၁) လက္ႏွစ္ဖက္ ျဖင့္ စီယာရင္ကို ကိုင္ပါ။

ရာသီဥ တုသာ ယာေနတဲ့ အခ်ိန္မွာဆို စတိုင္က်က် စတီယာရင္ကို လက္ေလး တစ္ဖက္တည္းနဲ႕ ေမာင္းနိုင္ေပမယ့္ မိုးတြင္းမွာ ဆိုရင္ေတာ့ လက္ႏွစ္ဖက္နဲ႕ ေသခ်ာကိုင္ၿပီး ေမာင္းဖို႔လို အပ္ပါတယ္။

(၂) စိတ္ပ်ံလြင့္ေ စမယ့္အ ရာေတြ ခဏ ဖယ္ထားပါ။

မိုးတြင္းမွာ ကားေမာ င္းတဲ့အခါ ဖုန္းသုံးတာဟာ တက ယ္ကို အႏၲရာယ္မ်ားပါတယ္။ သာမာန္ရာသီဥတုမွာေတာင္ ကားေမာင္းရင္း ဖုန္းသုံးတာေၾကာင့္ မလိုလားအပ္တာေတြ ျဖစ္တတ္ေသးတာ ရာသီဥတု ဆိုး႐ြားတဲ့ အခ်ိန္ဆို ပိုဆိုးပါတယ္။

လွ်ပ္စီးကူးမႈ အပါအဝင္ မျဖစ္သင့္တာေ တြ ျဖစ္နိုင္ပါတယ္။ ဒါေၾကာင့္ မိုးတြင္းမွာ ကားေမာင္း မယ္ဆိုရင္ ဖုန္းကို ခပ္ေဝးေဝးမွာ သာထားပါ။ျဖစ္နိုင္ရင္ ေရဒီယိုေတာင္ မဖြင့္သင့္ပါဘူး။

(၃) ေဘးဘယ္ညာကို မ်က္ေျခမျပတ္ပါေစနဲ႕

ကားေမာင္းရင္းနဲ႕ ေရွ႕ကိုသာမက ေနာက္ၾကည့္မွန္ကေနေရာ ေဘးမွန္ေတြကပါ ပါတ္ဝန္းက်င္ကို အကဲခတ္ေနပါ။

ဒါမွသာ ကိုယ္သြားေနတဲ့ လမ္းေပၚမွာ ခ်ိဳင့္ေတြ၊ သစ္ပင္လဲေနတာေတြ၊ ဓါတ္ႀကိဳးျပတ္ၾကတာေတြကို ေရွာင္ရွားနိုင္မွာပဲျဖစ္ပါတယ္။

(၄) ေရွ႕မီးႀကီးကို သုံးပါ

မိုးအရမ္းသ ည္းေနတဲ့အခ်ိန္ပဲျဖစ္ျဖစ္၊ မိုးအေတာ္အသင့္႐ြာေနတဲ့ အခ်ိန္ပဲျဖစ္ျဖစ္ ေရွ႕မီးႀကီးကို ဖြင့္ထားပါ။ဒါမွသာ ကိုယ္တိုင္လည္း ေရွ႕ကို သဲသဲကြဲကြဲျမင္နိုင္မွျဖစ္သလို၊ ေရွ႕ကလာေနတဲ့ ကားကလည္း ကိုယ့္ကို ျမင္နိုင္မွာပါ။

(၅) ကပ္မလိုက္ပါနဲ႕

ေရွ႕ကားကို အရမ္းႀကီး ကပ္လိုက္တာဟာ အႏၲရာယ္ရွိ နိုင္ပါတယ္။ လမ္းေၾကာင့္ ျဖစ္ေစ၊အျခားအေၾကာင္း တစ္ခုခုေၾကာင့္ျဖစ္ေစမေတာ္တဆ ေရွ႕ကကား တစ္ခုခုျဖစ္ပါက ကိုယ့္ကိုလဲ လာေရာ က္ထိခိုက္ နိုင္တာေၾကာင့္ ခပ္ခြာခြာသာလိုက္ပါ။

(၆) အရွိန္ျမႇင့္မေမာင္းပါနဲ႕

မိုး႐ြာထဲမွာကားကို အရွိန္ျမင့္ေမာင္းႏွင္တာဟာ ကိုယ့္ အႏၲရာယ္ကိုယ္ဖိတ္ေခၚေနတာပါပဲ။

လမ္းကေ ခ်ာ္ေနတာေၾ ကာင့္ေရာ၊ မိုးတြင္းဆိုရင္ ဘရိတ္ေ တြရဲ႕ စြမ္းရည္ေတြက က်ေန တတ္တာေၾကာင့္ေရာ ႐ုတ္တရတ္ ဘရိတ္အုပ္လိုက္ရင္ အရွိန္မထိန္းနိုင္ဘဲမ လိုလားအပ္တဲ့ အႏၲရာယ္ေတြ ျဖစ္ေပၚလာနိုင္ပါတယ္။

(၇) ေရလွ်ံေနတဲ့ လမ္းေတြကို ေရွာင္ပါ

ကိုယ္သြားခ် င္တဲ့ေနရာကို တျခားလမ္းက သြားရင္ေ ရာက္နိုင္ရဲ႕သားနဲ႕ ျဖတ္လမ္းလိုက္ၿပီးေတာ့ ေရႀကီးေရလွ်ံေနတဲ့ လမ္းေတြကို တတ္နိုင္သမွ်မေမာင္းပါနဲ႕။ ကားအင္ဂ်င္ထဲေ ရဝင္တာ၊ ေရႀကီးေနတဲ့ေ အာက္က အခြၽန္အတ က္ေတြေၾကာင့္ ကားေဘာ္ဒီ၊တာယာ တစ္ခုခုျဖစ္နိုင္တာ၊ ေျမကြၽံတာေတြအျပင္

ပါဝါစတီ ယာရင္ဂန္းနဲ႕ ေမာ္တာကို ကားေအာက္ပိုင္ မွာတပ္ ဆင္ထားတဲ့ အခ်ိဳ႕ ေမာ္ဒယ္ျမင့္ကားေတြ (ဥပမာ-Crown,Mark X) ဆို ေမာ္တာထဲကို ေရဝင္ၿပီးမလိုအပ္ဘဲ ေငြကုန္ေၾ ကးက်မ်ားနိုင္ပါတယ္။

(၈) ေလကာမွန္ေတြကို ေရေငြ႕မရိုက္ပါေစနဲ႕

ကားတြင္း အပူခ်ိန္ေၾကာင့္ ေလကာမွ န္ေတြမွာ ေရေငြ႕ေတြ ရိုက္ေနၿပီဆိုရင္ အဲကြန္းက ေလထု တ္လမ္းေၾကာင္းကို ေလကာမွန္ရွိရာသို႔ေျပာင္းေပးၿပီးေရေငြ႕ကို ပိုျမန္ျမန္ဖယ္ရွားနိုင္ပါတယ္။ အဲကြန္းမနိုင္ တဲ့ကားေတြဆို ေရေငြ႕သုတ္ဖို႔ ကားထဲမွာ သဘက္လို အဝတ္တစ္ခုေ ဆာင္ထားသင့္ပါတယ္။

(၉) မိုးေရမတ င္နိုင္တဲ့ ေဆးရည္ကို မွန္မွာ ျဖန္းထားေပးပါ

Rain Repellent လို႔ေခၚတဲ့ ကားမွန္ေပၚကို ေရမတင္ေအာင္ကာကြယ္နိုင္တဲ့ေဆးရည္ေလးကို မွန္ေပၚမွာ ျဖန္ထားမယ္ဆို ေရစက္ေတြ အရမ္းတင္လို႔ အျပင္ကို မျမင္ရတဲ့ ျပသနာကို အထိုက္အေလွ်ာက္ ေျပလည္ေစပါလိမ့္မယ္။

ကားပစၥည္းေရာ င္းတဲ့ဆိုင္ေတာ္ေ တာ္မ်ားမ်ားမွာ Rain Repellent ေဆးရည္ကိုဝယ္ယူလို႔ရပါတယ္။

(၁၀) ႀကိဳတင္ျပင္ဆင္ထားပါ

မိုးရာသီမွာ ညဘက္ အနီးအနားျဖစ္ေစ၊ ခရီးေဝးျဖစ္ေစ မလႊဲမေရွာင္သာ သြားရေတာ့မယ္ဆို ႀကိဳတင္ျပင္ဆင္ မႈေတြလုပ္ထားပါ။ မိုးကာအက်ီ၊ လက္ႏွိပ္ဓါတ္မီး၊ အပိုဘီး၊ ဂ်ိဳက္၊ ဂြ စတာေတြ အစုံအလင္ ကားထဲမွာ ထားထားပါ။

ခရီးေဝး သြားရမယ္ဆို လမ္းခုလတ္မွာ မိမိဘာသာ မျပဳျပင္နိုင္တဲ့ စက္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းတာပဲျဖစ္ေစ၊ အေရးေပၚအေျခ အေနႀကဳံလာတာပဲျဖ စ္ေစအကူအ ညီေတာင္းလို႔ရေအာင္ မိမိရဲ႕လက္ကိုင္ဖု န္းကို အားျပည့္ေအာ င္သြင္းထားပါ။

Leave a Reply

Your email address will not be published. Required fields are marked *