မိုးလေဝသပညာရှင် ဆရာကြီး ဦးထွန်းလွင်၏ အတ္ထုပ္ပတ္တိ

Posted on

ဦးထွန်းလွင်အား ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင်စစ် ကိုင်းတိုင်း ငါန်းဇွန် မြို့နယ် ကုလကျေးရွာာ၌ အဖ ဦးသိန်းမောင် အမိ ဒေါ်အေးကြီးတို့ကေ မွးဖွားခဲ့သည်။မွေးချင်းနှ စ်ဦးအနက်အကြီးဖြစ်သည်။

၁၉၆၄ ခုနှစ်တွင်မန္တလေးတိုင်း လဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်းမှ အခြေခံပညာအထက်တန်း အောင်မြင်ခြဲ့ ပီးမြန်မာနိုင်ငံလုံး ဆိုင် ရာသင်္ချာလူရ ည်ချွန် (ရွှေတံဆိပ်ဆု) ကိုရရှိခဲ့သည်။ ပညာမင်းကြီး ဦးဘိုးသုန်ပေးသောပညာမင်းကြီး ဆုတံဆိပ်ကို ရရှိသည်။

၁၉၆၅-ခုနှစ်တွင် မန္တလေးမြို့ အ.ထ.က(၁၄)ကျောင်း (ယခင်- ဖာသာလဖုန်းကျောင်း)တွင်ဆယ်တန်းအောင်မြင်သည်။ ၁၉၆၅-ခု၊ မေလ(၃)ရက်တွင် မန္တလေး မြို့ရှိ မိုးလေဝသဌာန၌ အောက်တန်းစာေ ရးအဖြစ်အ သက်(၁၇)နှစ်(၄)လအရွ ယ်မှစတင်တာ ဝန်ထမ်း ဆော င်ခဲ့သ ည်။ အမှုထမ်းဘဝဖြင့် မန္တလေး၊ဝိဇ္ဖာနှ င့်သိပ္ပံတက္ကသိုလ် ၊တိုးချဲ့ညေ နသင်တန်းမှသိပ ္ပံဘွဲ့(ရူပဗေဒဘာသာအဓိက)ကို ဘာသာစုံဂုဏ်ထူး၊ အထူးအောင်ဖြင့်အောင်မြင်ခဲ့သည်။

၁၉၇၁-ခုနှစ်တွင် B.Sc (ရူပဗေဒ)ဘွဲ့ ရရှိခဲ့သည်။ ဘာသာစုံ ဂုဏ်ထူးဖြင့် အထူးအောင်မြင်ခဲ့သည်။ ထို့ကြောင့် တက္ကသိုလ်တွင် သရုပ်ပြ တိုက်ရိုက်ခန့်သည်။ သို့သော် ဝင်ရောက်လု ပ်ကိုင်ခြင်းမရှိဘဲ မိုးလေဝသ ဌာနတွင်သာ ဆက်လက်အမှုထမ်းခဲ့၏။ ၁၉၇၃-ခုနှစ်တွင် အမေရိကန်ပြည် ဖလောရီဒါတ က္ကသိုလ်သို့ပညာ သင်လွှတ်ြ ခင်းခံရသည်။ နှစ်နှစ်တက်ပြီး ၁၉၇၅-ခုနှစ်တွင် B.Sc(မိုးလေဝသ) ဘွဲ့ရခဲ့သည်။ ၁၉၈၇- ခုနှစ်တွင် လည်းမ ဟာသိပ္ပံဘွဲ့အတွက် ဒုတိယအကြိမ်အမေရိကန် ဖလောရီဒါတက္ကသို လ်ကိုပညာသင် သွားရပြန်သည်။

၁၉၈၉ ခုနှစ်တွင်ယ င်းတက္ကသို လ်မှပင် မဟာသိပ္ပံဘွဲ့ (မိုးလေဝသ) ကို လည်းကောင်းအောင်မြင်ရရှိခဲ့ကာပါရဂူဘွဲ့ သင်တန်းတက်ေ ရာက် ခွင့်သုံးနှစ်ပ ညာသင်ဆုကို အမေရိကန်ပြည်ေ ထာင်စုအမျိုး သားအဏ္ဏဝါနှင့် လေထုအုပ်ချု ပ်ရေးအဖွဲ့ကချီးမြှင့်ခြင်း ခံခဲ့ရသည်။ သို့သော် မတ က်ရောက်ဖြစ်ခဲ့ပေ။ ယခုအခါယင်း ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ကျမ်းပြုစုပြီးြ ဖစ်သည်။ ၂၀၀၃ ခုနှစ်တွင် စက်မှုထူးချွန်ဒု တိယဆု ကိုရရှိခဲ့သည်။

Ph.D ဘွဲ့ကို ရန်ကုန်တက္က သိုလ်တွင်လေးနှ စ်တက်ပြီး ၂၀၀၈-ခုနှစ်၊ ဇူလိုင်လတွင်ဒေါ က်တာဘွဲ့ရရှိခဲ့သည်။ ၂၀၀၉-ခုနှစ်၊ မတ်လ(၂၀)ရက်နေ့၌ ရန်ကုန်တက္ကသို လ်ရူပဗေဒဌာနတွ င်ပေးအပ်သော ပ ထမဆုံးဆရာခရူ ပဗေဒဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။

၂၀၀၆ တွင် နိုင် ငံတကာမိုးေ လဝသနှင့် ဇလဗေဒအ သင်းကြီး၏အမြဲ တန်းအသင်းဝင်၊ ၂၀၀၇ တွင် အာရှဒေသသဘာ ဝဘေးဒဏ် ကာကွယ် ရေး နှင့်ပြင်ဆင်ေ ရးကောင်စီမြ န်မာနိုင်ငံ၏ဥက္ကဋ္ဌအြ ဖစ်တာဝန်ယူလု ပ်ဆောင်ခဲ့သည်။ ဒေါက်တာ ထွန်းလွင်မှာ ၁၉၈ဝ ခုနှစ်ခန့်မှ သည်ညွှန် ကြားရေးမှူး တာဝန်ယူ ထားသည့်တိုင် မိုးလေဝ သသတင်းကြေညာ သူအဖြစ် လုပ်ဆောင်ခဲ့သူဖြ စ်သည်။

နာဂစ်မုန်တိုင်း မတိုင်မီအချိ န်ထိမိုးလေဝ သသတင်း အတွက် အားထားရသူ တဦး ဖြစ်ခဲ့ပြီး သတင်းလော ကတွင်လည်း သတင်း ထုတ်ပြန်ရန် ပွင့်လင်းသူအဖြ စ်ကျော်ကြားခဲ့သည်။ ၂၀၀၈ ခုနှစ် မေလနာဂစ် မုန်တိုင်းနှင့်ပ တ်သက်၍ အငြင်းပွားဖွယ် ရာ ဖြစ်ခဲ့ပြီး မီဒီယာများတွင် မိုးလေဝ သဌာနက သတင်းထုတ်ြ ပန်ရန်ပျက် ကွက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးထွန်းလွင်မှာ လူထုစိတ်ဝင် စားမှုခံရေ သာပုဂ္ဂိုလ်တစ်ဦးဖြစ် လာခဲ့သည်။

တကယ်တော့ ဦးထွန်းလွ င်သည်နာဂစ်မု န်တိုင်းနှင့််ပတ် သတ်သော အရေးကြီးသတင်းကို ပေးပို့ တင်ပြခဲ့ပြီးဖြစ်သည်။ သို့သော် ကြားခံ ဌာနများ၏ သတင်းထိ န်ချန်ခဲ့မှု နှင့် နှောင့်နှေးကြန့်ကြာ မှုများကြော င့်ဆရာကြီး၏တင်ြ ပချက်သတင်းသည်ပြ ည်သူများကြား သို့ ကျယ်ကျ ယ်ပြန့်ပြန ့်ရောက်ရှိခွင့် မရခဲ့ပါချေ။

၁၉၆၅ ခုနှစ်၊ မေလ ၃ ရက်နေ့၌ မိုးလေ ဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတွင် တိုင်းထွာရေးမှူး အဖြစ် စတင် တာဝန် ထမ်းဆော င်ခဲ့ပြီး ညွှန်ကြားေ ရးမှူးချုပ်အဖြစ် အဆင့်ဆင့် တိုးမြှင့် တာဝန်ထမ်းေ ဆာင်ခဲ့သည်။ မြန်မာ့ရုပ်မြင်သြံ ကားသတင်း အစီအစဉ်တွင် လပတ်မိုးလေဝ သသတ င်းကြေညာသူအဖြစ် ၁၉၈ဝပြည့်နှစ် အောက်တို ဘာလမှစ၍ ယနေ့ အထိ ၂၆ နှစ်ကျော် ဆောင်ရွက်ခဲ့။

လုပ်ငန်း တာဝန်ဖြင့် အမေရိကန်၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ တရုတ်၊ ဆွစ်ဇာလန်၊ ထိုင်း၊ ဩစတြေးလျ၊ ဘရူနိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဂျာမနီ၊ ကိုရီးယား၊ အိန္ဒိယ၊ ပြင်သစ်၊ ကင်ညာ၊ ကနေဒါ စသည့် နိုင်ငံများတွင် မိုးလေဝ သနှင့် ဇလဗေဒ ဆိုင်ရာ သင်တန်းများ၊ အစည်းအဝေးများ၊ စာတမ်း ဖတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ ကွန်ဖရင့်များ တက်ရောက် တင်ပြခဲ့။

သုတေသန စာတမ်းေ ပါင်း ၆ဝ ကျော်၊ ဆောင်း ပါးပေါင်း ၉ဝ ကျော် ရေးသား ပြုစု ပုံနှိပ်ခဲ့ပြီး ပြည်ပတွင် (၂၁) ကြိမ်၊ ပြည်တွင်း တွင် အကြိမ် (၁၅၀) ကျော် ဟောပြော ပို့ချခဲ့။ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နအဖ စစ်အစိုးရက စက်မှု စီးပွား ထူးချွန်ဆု (ဒုတိယ အဆင့်) ကို ချီးမြှင့်ခံခဲ့ရ။

သင်္ချာ ပုံစံသုံး မိုးလေဝသ ခန့်မှန်းနည်း၊ ကမ်းရိုးတန်း ဒေသများအတွက် မုန်တိုင်း ဒီရေ ခန့်မှန်းခြင်း ဆိုင်ရာ လက်တွေ့ သုံးနည်း စနစ်၊ မိုးလေဝသ ရက်ရှည် ခန့်မှန်းခြင်း အတွက် တာဝေးဆက်နွယ်မှု နည်းစနစ် စသည့်တို့ကို ပထမ ဦးဆုံး တီထွင် အသုံးပြု နိုင်ခဲ့သူ ဖြစ်။

မိုးလေဝသနှင့် ဇလ ဗေဒ ညွှန်ကြားမှု ဦးစီး ဌာနတွင်ညွှန် ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၆ ခုနှစ် မှာပင် လုပ်ငန်းပိုင်း ဆိုင်ရာ အောင်မြင်မှု တရပ် အနေဖြင့် အာရှ သဘာ ဝဘေးေ စာင့်ကြည့် ပြင်ဆင်ရေး ဗဟို ဌာန (Asian Disaster Preparedness Centre, ADPC) မှ ပထမဆုံး ဖွဲ့စည်းသည့် ငါးနှစ်တာ လုပ်ငန်း စီမံချက်၏ ဦးဆောင်မှု ကော်မတီတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

အမှုထမ်းသက် နှစ် ၄ဝ ကျော်အတွင်းလုပ်ငန်း ပိုင်းဆိုင်ရာစွမ်းေ ဆာင်မှုများ အနေဖြင့် မုန်တိုင်း ဒီရေ ခန့်မှန်းနည်း ဖော်ထုတ်ခြင်း၊ အယ်လ်နီညို၊ လာနီညာဖြစ်စဉ်များနှင့် တာဝေးဆက်နွယ် မှုအားဌာနတွင်း ပထမဆုံးလေ့လာတင်ပြခြင်း၊ မြန်မာနိုင် ငံ၏ ရာသီဥတု ပြောင်းလဲပုံ များကို ၁၉၇၇ ခုနှစ်မှ စတင်၍ နှစ် ၅ဝ ကြာ မှတ်တမ်းပြုကာ သုတေသနပြုနို င်ခဲ့ခြင်းစသ ည်တို့ကိုဆော င်ရွက်ခဲ့သည်။

နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်မှု၏ အားကို ရယူ၍ မြန်မာနိုင်ငံ အတွ က်ရာသီဥတုနှင့်သ ဘာဝဘေးအန္တရာယ် ဆိုင်ရာလုပ်ငန်းများ အပေါ် အကျိုး ရှိစေရန် ၂၀၀၆ ခုနှစ် အတွင်းဌာန၏ ဦးဆောင် သူအနေဖြင့် ပါဝင်ခဲ့သည်။ ရလဒ်များအနေဖြင့် UNESCO အကူအညီဖြင့် ပင်လယ် ရေမျ က်နှာပြင် တိုင်းတာရေးစခန်းဖွင့်လှစ်မှုများ၊ ADPC ၏ နည်းပညာပိုင်း၊ ပစ္စည်းကိရိယာပိုင်း ထောက်ပံ့မှု များစသည်တို့ကို ရရှိခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ၏ အငြိမ်းစား ဥပဒေအရ အသက် ၆၅နှစ်ထိ တာဝန်ထမ်းေ ဆာင်နိုင်သော် လည်း ၂၀၀၉ ခုနှစ်၊ ဇွန် ၁ ရက်နေ့တွင် အသက် ၆၁ နှစ် အရွယ်တွင် ကျန်းမာရေးအရ အငြိမ်းစား ယူခဲ့ရခြင်းဖြစ်သည်။ သို့သော် မိုးလေဝသနှင့် ဇလဗေဒလု ပ်ငန်းများတွင် သုတေသီအြ ဖစ် ဆက်လက်လုပ်ကိုင် သွားခဲ့သည်။

၂ဝဝ၉ ခုနှစ်၊မေလ(၂၉)ရက်နေ့တွင် ညွှန်ကြားေ ရးမှူးချုပ်(အကြံပေးအရာရှိ)ရာထူးဖြင့်အငြိမ်းစားယူခဲ့ရာ၊ နိုင်ငံတော်ဝန် ထမ်းအဖြစ် (၄၅)နှစ်ခန့်တာ ဝန်ထမ်းဆောင်ခဲ့ သည်။ ဒေါက်တာထွန်းလွင် သည်ယနေ့အ ထိဘာသာ ရပ်ဆိုင်ရာ သုတေသနစာမ်း မြန်မာ/အင်္ဂလိပ် နှစ်ရပ်ပေါင်း (၈၀)ကျော်၊ဆောင်းပါးပေါင်း(၁၂၀)ကျော်နှင့်ဟောပြောပွဲပြည်တွင်း(၃ဝဝ)ခန့်၊ ပြည်ပ(၄၀)ခန့် ပြုလုပ် ခဲ့ပြီးဖြစ်သည်။

ဘာသာရပ်ဆိုင်ရာ စာအုပ်(၃) အုပ်ရေးသားခဲ့ရာ လာနီညာဆိုသော မိန်းကလေးနှင့် အခြားသဘာဝဘေး အန္တရာယ် ဆိုင်ရာစာ အုပ်များ သုတစွယ်စုံ သိပ္ပံစာပေဆု ဆွတ်ခူးရရှိခဲ့သည်။ အမှုထမ်းဘ ဝတွင် စက်မှုစီးပွား ဒုတိယဆင့်အပါအဝင် နိုင်ငံတော် မှဆုတံဆိပ်(၅)ခု ချီးမြှင့်ခြင်းခံခဲ့ရသည်။

ဒေါက်တာထွန်းလွင်သည် လက်ရှိတွင်ထိုင်းနိုင်ငံ၊ AIT တွင်ဖွင့်လှစ်ထားသော RIMES(Regional Integrated Multi-hazard Early Warning System)၏ Technical Advisor အဖြစ်လည်းကောင်း၊ Consultant အဖြစ် MRCS, CARE Myanmar. Actionaid Myanmar, EcoDev, NAG တို့တွင် လည်း ကောင်း၊ Resouce Person အဖြစ် ICHARM(Japan), EGRESS, World Vision Myanmar, Global Green အပါအ ဝင်အခြားသော LNGOs, INGOs များတွင်ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တ ရာယ်ဆုံးရှုံး နစ်နာနိုင်မှုလျော့ ပါးရေးလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

ဒေါက်တာထွန်းလွင် သည် ၂၀၁၁-ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့တွင် ထွန်းလွင်ဖောင်ဒေးရှ င်းကို ထူထောင်သည်။ အစိုးရဝန် ထမ်းဘဝမှ အငြိမ်း စားယူခဲ့ေ သာ်လည်း ပြည့်သူ့ဝန်ထမ်းဘ ဝကိုမှု တသက်လုံးထမ်းေ ဆာင်သွားခဲ့သည်။ မိုးလေဝသနှင့် ပတ်သတ်လျှင် တစ်နိုင်လုံး၏ အားကိုး ရာလည်း ဖြစ်ခဲ့သည်။

အသက်ကြီးလာ၍ မကျန်းမာသည့် တိုင်အောင်အခ က်အခဲများကြားမှပြည်သူများအတွ က်မိုးလေဝနှင့်ပတ် သက်သည် များကို မနားမနေ ထုတ်ပြန်ပေးခဲ့သည်။

ဆရာကြီး ဒေါက်တာဦးထွ န်းလွင်သည်အသ က် ၇၁နှစ်အရွယ် ယနေ့ (နိုဝင်ဘာ ၄ ရက်) ညနေ ၆ နာရီ ၅၇ မိနစ်အချိန်တွင် ကွယ်လွန် သွားခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံသူ၊သား တို့အတွက်အစား ထိုးမရသော ဆုံးရှုံးမှုပင်ဖြ စ်သည်။ “ကျန်းမာတော် မူကြပါစခင်ဗျာ” ဟူသော နှုတ်ခွန်းဆ က်သံနှင့်အတူ ဆရာကြီး၏ ပြောမည့်စကားများကိုေ နာက်ထပ်ြ ကားခွင့်ရှိနိုင်တော့မည် မဟုတ်ပါချေ။ #CRDသုတဇုန် #နော်ဂဲလယ်ထူး(စာပေပရဟိတ)

Leave a Reply

Your email address will not be published. Required fields are marked *