မီးဖိုချောင်တိုင်းမှာ အိမ်ရှင်မတိုင်း မရှိမဖြစ်အသုံးပြုနေကြတဲ့ မဆလာ ကိုယ်တိုင်လုပ်နည်းများ

Posted on

အသားဟင်းလျာများ ချက်ပြုတ်ရာတွင် မဆလာသည် မပါမဖြစ်ထည့်ကြသော မီးဖိုချောင်သုံး အိမ်ရှင်မတို့ လက်စွဲတ စ်ခုဖြစ်ပါသည်။ ကြက်ဆီပြန်ဖြစ်စေ၊ အမဲနှပ်ဖြစ်စေ၊ ​ကလီစာဟင်းများတွင်ဖြစ်စေ ဟင်းအိုးချခါနီးမဆလာထည့်အုပ်ပါမှ အနံ့အရသာ ပိုပြည့် စုံသည်မဟု တ်ပေလော။

ယခုကဲ့သို့ ရောဂါများ ထူပြော၍ အစားအသောက်ရှားပါးကာ စျေးဆိုင်များ အလွယ်တကူမဖွ င့်သောကာ လတွင် မီးဖိုချောင်တွင် မရှိမဖြစ်လိုသည့် အိမ်လုပ်မဆ လာလုပ်န ည်းကိုတင်ပြလိုက်ပါသည်။

မဆလာလုပ်ရန်

၁။ ဇီယာစေ့ -လက်ဖက်ရည်ဇွန်း ၃ ဇွန်း

၂။ နံနံစေ့- လက်ဖက်ရည်ဇွန်း ၃ ဇွန်း

၃။ ပဲနံ့သာစေ့-လက်ဖက်ရည်ဇွန်း၁ဇွန်း

၄။ ဖာလာစေ့-လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၅။ ကရဝေးရွက်-၂ ရွက်

၆။ သစ်ဂျပိုးခေါက်-၁ခေါက်

၇။ နာနတ်ပွင့်-၁ ပွင့်

၈။ လေးညှင်း-၂ ပွင့်

၉။ ငရုတ်ကောင်းစေ့ -၅ စေ့ တို့လိုပါသည်။

ထိုအရာများ အားလုံးကို ပထမဦး စွာလှော်ပါ။ မာသော သစ်ဂျပိုးခေါက်၊ ဖာလာ၊ နာနတ်ပွင့်တို့ကို ၃ မိနစ်ခန့် မကပ်အော င်လှော်ပီးနော က် ဖယ်ထားပါ။ ထို့နောက် ကျန်အရာ များအား အကုန်ထည့်၍ ၃ မိနစ်လှော်ပါ။ မတူးစေရန် ဆက်တိုက်မွှေပါ။ ထို့နောက် မီးဖိုေ ပါ်မှချကာ မာသော သစ်ဂျပိုး၊ ဖာလာတို့ကို အရင်ေ ထာင်းပါ။

မညက်တညက်အနေတွင် ကျန်အရာများထည့်ကာ ဆုံထဲတွင် ဖြည်းဖြည်းချ င်းထောင်းပါ။ မိမိနှစ်သက်သ ည့်အနေအထား အတိုင်း မှုန့်ညက်အောင်ေ ထာင်းလည်း ရသကဲ့သို့ ခပ်ကြမ်းကြမ်းေ ထာင်းလည်း ရပါသည်။ ကြိတ်စက်ရှိပါက အားလုံးရောကာ ကြိတ်လည်း ရပါသည်။ သို့သော် ဆုံထဲတွင်ြ ကိတ်ထားသော မဆလာက ပိုအရသာရှိ သည်ဟုထင်ရသောကြောင့် မိမိနှစ်သက် ရာနည်းကိုသုံးနိုင်ပါသည်။ နောက်တနည်းက

ငါးမျိုးစပ်မဆလာ(ဒံပေါက် /အသားနှပ် /အသားကင် များအတွက် မဆလာ လုပ်နည်း လေးကတော့ …..)

၁ ။ ဖာလာ ၂ ကျပ်သား

၂ ။ ဇာပွင့် ၂ ကျပ်သား

၃ ။ နာနတ်ပွင့် ၂ကျပ်သား

၄ ။ ဇီရာ ၅ ကျပ်သား

၅ ။ ဇာရိတ်ဖိုသီး တစ်လုံး

ဒါတွေအားလုံးကို သေချာရေဆေးပြီး အခြောက်ခံပါ ။ ပူနေတဲ့ အိုးအဖုံး တ စ်ခုပေါ်မှာ ခနတင်ထားပြီး အပူပေးပါ (သီးသန ့်လှော်စရာ မလိုပါ ) ။ပြီးရင် အမှု န့်ကြိတ် စက်နှင့် ကြိတ်ပြီးရင် သုံးလို့ ရပါပြီ

အထက်ဖော်ပြပါ အမယ် များသည် ဝယ်ရမခက်ဘဲ ဘယဆေးဆို င်များတွင် အစုံဝယ်နိုင်ပါသည်။ အကယ်၍ အမယ်စုံမရပါက ဇီယာ၊ ပဲနံ့သာ၊ နံနံစေ့ သုံးမျိုးဖြင့်သာ ရော၍ မဆလာ လုပ်နိုင်ပါသည်။ သတိပြုရန်မှာ ပဲနံ့သာများပါက ခါးတတ်သောကြောင့် မများစေရန် သတိပြုရပါမည်။ မိမိတို့အိမ် တွင်ရှိသော အမယ်များဖြင့် ရှာရလွယ်သော အမယ်များထပ်ထည့်ကာ ရောကြိတ်ပြီး အိမ်လုပ် မဆလာကို ကိုယ်တိုင်ပြုလုပ် တတ်စေရန် ရည်ရွယ်၍ရေးသားလိုက်ပါသည်။ #Credit စုမြတ်မြတ်မိုး (Green Way)

မဆလာ ပြုလုပ်နည်း(ဒုတိယနည်း)

မဆလာ လုပ်နည်း ပြောပါဆိုလို့ အခုပြောပါပြီး

အသားငါးမဆလာ

နာနတ်စေ့ ၂ဝသား

ပဲနံ့သာ၊ကရဝေး ၂ကျပ်သားစီ

သစ်ချပိုးခေါက် ၂ကျပ်ခွဲသား

ဇီရာ ၁ဝသား

လေးညှင်း၊ငရုပ်ကောင်း ၂ကျပ်သားစီ

ဇာဒိပိုသီး ၁လုံး

နာနတ်ပွင့်၊ဇာဒိပိုပွင့် ၂ကျပ်သားစီ

ဖာလာစေ့ ၂ကျပ်သား

ဘိန်းစေ့ ၁ဝသား

Methods

ပါဝင်ပစ္စည်း အားလုံးကို တစ်မျိုး မတူးမခြစ်အော င်လှော်ထားပါ။ပြီရင်းရော ၍ထောင်းပါ။ ဇာဒိပိုသီးကိုအားခွဲ၍အဆန်ကို ဓားဖြင့်ပါးပါး လှီးမှလှော်ထောင်းပါ။ Credit Kyaw Linne Thine

ညီအစ် ကိုမောင်နှမတွေ ဗဟုသု တရဖို့အတွက် မဆလာအကြောင်းလေး ပြောပြချင်ပါတယ်။ မဆလာကတော့ လွန်ခဲ့တဲ့နှစ်ေ ပါင်းများစွာကတည်း က အိန္ဒိယလူမျိုးတွေ စတင်သုံး စွဲလာ ခဲ့တာပါ။ ယခုဆိုလျှင် အာရှတိုက် ဟင်းတော်တော်များများမှာ မဆလာပါမှ ပိုမွှေးပြီး စားလို့ကောင်းနေသလိုပဲ။

မဆလာမှာပါတဲ့ ပစ္စည်းတွေ ကလည်း ဆေးဘက်ဝင်ဆိုတော့ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါတယ်။ ယခုမဆလာ ထဲမှာ အခြေခံအကျ ဆုံးလည်းဖြစ် လူသုံး အများဆုံး လည်းဖြစ်တဲ့ #Garam Masala အကြောင်းလေးပြောချင်ပါတယ်။ Garam ရဲ့အဓိပ္ပာ ယ်ကတော့ ပူပူပြင်းပြင်းလို့ အဓိပ္ပာယ် ရပါတယ်။ အသားငါးတွေ၊ အသီးအရွက်တွေ အားလုံးခြုံပြီး သုံးလို့ရပါတယ်။ ပါဝင်ပစ္စည်းလေးတွေကတော့ အောက်ပါအတိုင်းပါ။ ဒါတွေအား လုံး သမအောင် ရောမွှေလိုက်လျှင်ရပါပြီ။

Garam_Masala

Bay Leaf Powder (သစ်ကြံပိုး) – ၂၀ ဂရမ်

Fennel Powder (စမုန်စပါး) – ၅၀ ဂရမ်

Star Anise Powder (ကရဝေး) – ၁၀ ဂရမ်

Cardamon Powder (ဇီရာ) – ၅၀ ဂရမ်

Pepper Powder (နံနံစေ့) – ၂၀ ဂရမ်

Cinnamon Powder (ဖာလာ) – ၁၀ ဂရမ်

Black pepper powder (ငရုတ်ကောင်း) – ၁၀ ဂရမ်

Clove powder (လေးညှင်း) – ၁၀ ဂရမ်

Nutmeg powder (ဇာတိပ်ဖိုလျ) – ၁၀ ဂရမျ

Fenugreek powder (ပဲနံ့သာ) – ၅၀ ဂရမ်

နောက်တစ်ခုကတော့ Biryani Masala ကိုလေ့လာကြရအောင်။ သူ့ကိုတော့ ဒံပေါက်မဆလာလို့လည်း ခေါ်ပါတယ်။ ဒံပေါက် အတွက် ကြက်သား၊ ဆိတ်သား၊ ကြက်သည်းမြစ် စတဲ့အသားတွေအတွက်သာမက အာလူး၊ ခရမ်းသီးအပြင် အခြား အသီး အရွက်တွေ အတွက် လည်းသုံးပါတယ်။ ပါဝင်ပစ္စည်းတွေကိုတော့ အသေ အချာကြိတ်ပြီး ရောမွှေလိုက်ရင်ရပါပြီ။

#Biryani Masala

Bay Leaf Powder (ကရဝေး) – ၅ ဂရမ်

Fennel Powder (စမုန်စပါး) – ၂၀ ဂရမ်

Star Anise Powder (နာနတ်ပွင့်) – ၂၀ ဂရမ်

Cardamon Powder (ဖာလာ) – ၅ ဂရမ်

Pepper Powder (ငရုတ်ကောင်း) – ၁၀ ဂရမ်

Cinnamon Powder (သစ်ကြံပိုး) – ၁၅ ဂရမ်

Clove Powder (လေးညှင်း) – ၁၀ ဂရမ်

Coriander Powder (နံနံစေ့) – ၂၀ ဂရမ်

Mace Powder (ဇာတိပ္ဖိုလ်ပွင့်) – ၅ ဂရမ်

Cumin Powder (ဇီရာ) – ၂၀ ဂရမ်

Dry Ginger Powder (ချင်း) – ၅ ဂရမ်

Dry Onion Powder (ကြက်သွန်နီ) – ၅ ဂရမ်

Dry Garlic Power (ကြက်သွန်ဖြူ) – ၅ ဂရမ်

နောက်တစ်မျိုးကတော့ တရုတ်မဆလာလို့ခေါ်တဲ့ Five Spice powder အကြောင်း လေးလေ့လာကြည့်ရအောင်။ မဆလာကို တရုတ်တွေ ကလည်း ဖန်တီး စားသုံးကြတာ တွေ့ရပါတယ်။ တရုတ်မဆလာကို အသားငါးတွေထဲမှာ အနံ့သက်ေ ကာင်းအောင်ဆိုပြီး သုံးကြတာပါ။

ခေါက်ဆွဲကြော်၊ ကြာဆံကြော်စတဲ့ အကြော်ေ တွမှာလည်း သုံးကြပါတယ်။ အသားတွေကို Marinade အရသာသွင်းတဲ့အခါ သုံးလိုက်ရင် တကယ်ပဲ ရနံ့ကော င်းသွားပြီး ပုံမှန်ထက်ပိုပြီး ကြာကြာခံတာပေါ့။ ကဲပါဝင်ပစ္စည်းတွေ လေ့လာကြည့်ကြရ အောင် ပါဝင်ပစ္စည်းေ တွကတော့ အရမ်းမများပါဘူး။ Five Spice powder ဆိုတဲ့အတိုင်း ၅ မျိုးတည်းပါ။ သူ့ကိုလည်း အသေချာလေး ကြိတ်ပြီးရောသမမွှေလိုက်လျှင် ရပါပြီ။

#Five Spice powder

Cinnamon powder (သစ်ကြံပိုး) – ၅၀ ဂရမ်

Clove powder (လေးညှင်း) – ၃၀ ဂရမ်

Fennel Seed power (စမုန်စပါး) – ၁ဝဝ ဂရမ်

Star Anise powder (နာနတ်ပွင့်) – ၅၀ ဂရမ်

Szechuan pepper power (ဇီချွမ်ငရုတ်ကောင်း) – ၃၀ ဂရမ် ♦Credit Win Zaw @ Mario Win Zaw ♦ Crd. မူရင်း

Leave a Reply

Your email address will not be published. Required fields are marked *