မေလ (၂) ရက်နေ့မှာကျရောက်တဲ့ သူမရဲ့မွေးနေ့လေးကို မိဘမဲ့ဂေဟာလေးမှာ အလှူအတန်းတွေလုပ်ရင်း ရိုးရှင်းစွာဖြတ်သန်းခဲ့တဲ့ မေခလာရဲ့ဗီဒီယို

Posted on

ပရိသတ် ကြီးရေ မေခလာ ကတော့ ပရိသတ် တွေရဲ့ ချစ်ခင်မှု ကို အပြည့်အဝ ရရှိ ထားတဲ့ ပရိသတ် အချစ်တော် ဝါရင့် အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ မနေ့က မေလ (၂)ရက်နေ့ လေးကတော့ အဆိုတော် မေခလာရဲ့ မွေးနေ့ ရက်မြတ် ကျရောက်တဲ့ နေ့ရက် မြတ်လေးပဲ ဖြစ်ခဲ့ပါတယ်။

မေခလာ ကတော့ မနေ့က ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ရက်မြတ် လေးမှာတော့ မွေးနေ့ ကောင်းမှု ကုသိုလ် အနေနဲ့ “သင်္ဃန်ကျွန်းကြီး ပုလဲမြို့သစ် ပညာမြေ ဘုန်းတော်ကြီးစာသင်ကျောင်း မိဘမဲ့ခလေးများအတွက် လှုဒါန်းငွေ (၅) သိန်း။ ပဲခူးမြို့ရှိ ရင်ခွင်မဲ့ သူများဆုံစည်းရာ ဘက်စုံလူငယ် ဖွံဖြိုးရေးကျောင်း အတွက် မိုးကြိုးလွှတပ်ဆင်ရန် လှုဒါန်းငွေ (၃) သိန်းကျပ်” ကို သွားရောက် လှုဒါန်းခဲ့ ပါတယ်။

မေခလာ ကတော့ သူရဲ့ မွေးနေ့ အလှူလေး ကတော့ သူ့နဲ့ အတူ ပရိသတ်ကြီးရဲ့ အလှူဒါနလေး ဖြစ်တာကြောင့် အလှူလေးကို ပရိသတ်တွေ သာဓုခေါ်ဆို ပေးကြဖို့ မျှဝေ ထားခဲ့ ပါသေးတယ်။ ပရိသတ်ကြီးရေ မေခလာ ကတော့ အများကြီး လှူချင် ပေမဲ့ ဒီနှစ်တော့ ဒီလောက်ပဲ လှူခွင့် ရခဲ့ ပါတယ်တဲ့။

Zawgyi




Leave a Reply

Your email address will not be published.